← Chapters

အခန်း ၉၅၈

Vol. 48 Ch. 958

အခန်း ၉၅၈

Vol. 48 Ch. 958

အပိုင်း(၉၅၈) ကျွန်းပေါ်သို့ ဝင်ရောက်ခြင်း

ညအမှောင်ကို အကာအကွယ်ယူပြီး လင်းယွမ်တို့အဖွဲ့သည် ထင်းကော်ကျွန်းပေါ်သို့ ရောက်ရှိလာကြသည်။

ထင်းကော်ကျွန်းပေါ်တွင် ကျန်းဝမ်ပင်၊ လုယွမ်ဆန်းနှင့် အခြားအဖွဲ့အစည်းများမှ သူလျှိုများ မရှိဟု မပြောနိုင်ပေ။ ထို့ကြောင့် လူအုပ်ကြီးသည် ယာဉ်ပျံပေါ်မှ မဆင်းမီမှာပင် လင်းယွမ်၏ အရိပ်အစွမ်းဖြင့် အသွင်ဖျောက်ကာ လျှို့ဝှက်စခန်းတစ်ခုဆီသို့ ရွှေ့ပြောင်းသွားကြသည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ အသံတိတ်ဖြစ်ပြီး မည်သူကမျှ ရိပ်မိသွားခြင်း မရှိပေ။

ထို့နောက် ဟုန်ထျန်ရီက လင်းယွမ်ကို ကိုယ်တိုင်ဦးဆောင်ခေါ်သွားပြီး စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးကို တစ်ခေါက် လိုက်လံစစ်ဆေးကာ နောက်ဆုံးအကြိမ် လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လင်းယွမ်တို့လူစုသည် နားနေရန် ပြန်သွားကြပြီး မိုးလင်းမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဟုန်ထျန်ရီက လုယွမ်ဆန်းနှင့် ကျန်းဝမ်ပင်တို့ နှစ်ယောက်ကို သွားခေါ်ရန် လူလွှတ်လိုက်သည်။

ထိုအချိန်၌ အစည်းအဝေးတက်ရန် အကြောင်းကြားစာ ရရှိထားသော လုယွမ်ဆန်းနှင့် ကျန်းဝမ်ပင်တို့သည် ခဏတာ စဉ်းစားတွေးတောလိုက်ကြပြီး ထင်းကော်ကျွန်းဆီသို့ ချက်ချင်း ထွက်မလာကြပေ။ လုယွမ်ဆန်းက သူ့လူများကို ခေါ်ကာ ကျန်းဝမ်ပင်၏ ကျွန်းပေါ်သို့ အရင် ရောက်လာခဲ့သည်။

"အစ်ကိုပင်... ဟုန်ထျန်ရီဆီက သတင်းရပြီလား" လုယွမ်ဆန်းက ရောက်ရောက်ချင်းပင် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

ကျန်းဝမ်ပင်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လေးနက်သော အသံဖြင့် "မနေ့ညကတည်းက သူ ဒီနေ့ တစ်ခုခု လှုပ်ရှားလိမ့်မယ်လို့ ငါ ကြိုသိနေတယ်"

"ဘာ... မနေ့ညကတည်းက" လုယွမ်ဆန်းက အံ့သြသွားပြီး မေးလိုက်သည်။ "မင်းက ဘယ်လိုလုပ် သိနေတာလဲ"

"ငါ့လူတွေက ဝမ်ကျစ်ယွမ် တစ်ယောက်တည်း ဟုန်ထျန်ရီရဲ့ ထင်းကော်ကျွန်းပေါ်ကို ဝင်သွားတာကို တွေ့လိုက်ရလို့လေ"

"ဝမ်ကျစ်ယွမ်က ဟုန်ထျန်ရီကို တစ်ယောက်တည်း သွားတွေ့တာလား... သူတို့ တစ်ခုခု ကြံစည်နေကြတာများလား... ငါတို့နှစ်ယောက်အတွက် အန္တရာယ်ရှိနိုင်မလား"

ကျန်းဝမ်ပင်က ခေါင်းခါယမ်းလိုက်ပြီး "အဲဒီလောက်တော့ မဖြစ်နိုင်ပါဘူး... ဝမ်ကျစ်ယွမ်က ဟုန်ထျန်ရီနဲ့ အမြဲတမ်း ရင်းနှီးနေတာပဲ... သူတို့ ကြိုပြီး တွေ့ကြတာလည်း သာမန်ပါပဲ"

"ဒါပေမဲ့ ဒီတစ်ခါ အစည်းအဝေးမှာ သူတို့က နတ်ဘုရားနိုင်ငံတော်ကို တိုက်ခိုက်ဖို့ အစီအစဉ်တချို့ ရေးဆွဲနေတာများလားလို့ ငါ သံသယဝင်မိတယ်... အဲဒီအခါကျရင် ကိုက်ရခက်တဲ့ အရိုးမာတွေကို ငါတို့ဆီ ပစ်ချပေးလာနိုင်တယ်"

"မင်းပြောတာက သူတို့ ကြိုတင်တိုင်ပင်ထားပြီးတော့ စစ်ဆင်ရေး အစီအစဉ်တွေမှာ ငါတို့ကို အသေခံတပ်သားတွေ လုပ်ခိုင်းနိုင်တယ်လို့ ဆိုလိုတာလား" လုယွမ်ဆန်းက ဉာဏ်မနည်းလှသဖြင့် ဤအချက်ကို ချက်ချင်း ရိပ်မိသွားသည်။

ကျန်းဝမ်ပင်က ခေါင်းညိတ်လိုက်ပြီး "ဒီနည်းလမ်းကို ငါတို့လည်း အရင်တစ်ခေါက်က သုံးခဲ့တာပဲလေ... မဟုတ်ရင် ဟော်ကျန့်ကျွင်းကို ခိုက်ရီနည်းပညာကုမ္ပဏီနဲ့ ဘယ်လိုလုပ် သွားရင်ဆိုင်ခိုင်းလို့ရမှာလဲ"

"ငါတို့ လုပ်နိုင်ရင် တစ်ဖက်လူကလည်း သေချာပေါက် လုပ်နိုင်မှာပေါ့"

"ကြိုတင် အကြောင်းကြားထားပြီး အစည်းအဝေးကျရင် မဲပေးရုံပဲလေ"

"အဲဒီလိုသာဆိုရင် အခြေအနေက ငါတို့အတွက် တော်တော်ဆိုးသွားပြီ" လုယွမ်ဆန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ကျန်းဝမ်ပင်က လှောင်ပြုံးပြုံးလိုက်ပြီး "စိတ်မပူပါနဲ့... အခြေအနေကြည့်ပြီး ဖြေရှင်းရုံပဲ... ဟုန်ထျန်ရီက ငါတို့ကို တကယ်ဒုက္ခပေးချင်လို့ နတ်ဘုရားနိုင်ငံတော်က ကိုင်တွယ်ရအကျပ်ဆုံး ရန်သူတွေကို ငါတို့ဆီ လွှဲပေးလာရင်တောင်... ငါတို့က တကယ်ပဲ အသေခံတိုက်ပေးရမှာတဲ့လား"

လုယွမ်ဆန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်း သဘောပေါက်သွားပြီး မျက်လုံးများ အရောင်လက်သွားသည်။ "မင်းပြောတာက အရင်တစ်ခေါက်ကလိုပဲ ဟန်ဆောင်ပြီး လျှော့တိုက်ပေးရမယ် ဆိုတဲ့သဘောလား"

ကျန်းဝမ်ပင်က ပြုံးလိုက်ပြီး "ဟုတ်ပြီ... သိရင်ပြီးရော... အပြင်ထုတ်မပြောနဲ့... သွားကြမယ်... သူတို့ ဒီတစ်ခါ ဘာလှည့်ကွက်တွေ ထုတ်သုံးမလဲဆိုတာ ထင်းကော်ကျွန်းကို သွားကြည့်ကြတာပေါ့"

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်သည် လူအင်အားများကို ခေါ်ဆောင်ကာ ထင်းကော်ကျွန်းဆီသို့ တိုက်ရိုက် ထွက်ခွာသွားကြသည်။

အရင်တစ်ခေါက်က နတ်ဘုရားနိုင်ငံတော်ကို တိုက်ခိုက်စဉ်က ဟုန်ထျန်ရီသည် သူတို့နှစ်ဖွဲ့ကို နတ်ဘုရားနိုင်ငံတော်၏ တမန်တော်ဆယ့်နှစ်ပါးအနက် ခြောက်ပါးကို ထိန်းချုပ်ထားရန် တာဝန်ပေးခဲ့သည်။

ထိုနတ်ဘုရားနိုင်ငံတော်မှ တမန်တော်ခြောက်ပါးစလုံးမှာ သာမန်မဟုတ်ကြပေ။ သူတို့၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ သူတို့လောက် မမြင့်မားသော်လည်း စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးနှင့် ပေါင်းစပ်လိုက်ပါက လူနည်းစုဖြင့် လူအများအပြားကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

သို့သော် ကျန်းဝမ်ပင်နှင့် လုယွမ်ဆန်းတို့က မနိုင်ချင်ယောင်ဆောင်ကာ အင်အားချန်ထားခဲ့ကြသဖြင့် ထိုတမန်တော်ခြောက်ပါးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ရှန်းတိနှင့် သွားရောက်ပူးပေါင်းကာ ဟုန်ထျန်ရီကို ဝိုင်းဝန်းတိုက်ခိုက်နိုင်ခဲ့ကြသည်။

ထို့ကြောင့်ပင် ဟုန်ထျန်ရီ ဒဏ်ရာရရှိသွားခဲ့ပြီး အရင်တစ်ခေါက် နတ်ဘုရားနိုင်ငံတော် အဖွဲ့အစည်းကို ဝိုင်းဝန်းချေမှုန်းသည့် စစ်ဆင်ရေး ကျရှုံးခဲ့ရခြင်း ဖြစ်သည်။

ထိုကိစ္စပြီးနောက် ဟုန်ထျန်ရီက သူတို့နှစ်ယောက်ကို မေးခွန်းထုတ်ခဲ့သော်လည်း သူတို့က လျှော့တိုက်ခဲ့ကြောင်း ဝန်မခံခဲ့ကြသဖြင့် ဟုန်ထျန်ရီလည်း ဘာမှမတတ်နိုင်ခဲ့ပေ။

ဒီတစ်ခါ ဟုန်ထျန်ရီက သူတို့ကို ကလဲ့စားပြန်ချေချင်၍ မနိုင်ဝန်တွေ ထမ်းခိုင်းလာခဲ့လျှင် သူတို့ကလည်း နောက်တစ်ကြိမ် ထပ်ပြီး ဟန်ဆောင်တိုက်ခိုက်ပေးဖို့ ဝန်လေးနေမည် မဟုတ်ပေ။

သူတို့နှစ်ယောက်လုံး စိတ်ထဲတွင် ကိုယ်စီတွေးတောလျက် ထင်းကော်ကျွန်းသို့ မကြာမီ ရောက်ရှိသွားကြသည်။

သို့သော် ထင်းကော်ကျွန်းပေါ်သို့ မဝင်မီမှာပင် အပြင်ဘက်တွင် စောင့်နေကြသော ဟော်ကျန့်ကျွင်းနှင့် ဝမ်ကျစ်ယွမ်တို့ကို တွေ့လိုက်ရသည်။

ကျန်းဝမ်ပင်က ဟော်ကျန့်ကျွင်းကို မြင်လိုက်ရသောအခါ ရင်ထဲတွင် တစ်ခုခုကို တွေးမိသွားပြီး လုယွမ်ဆန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

ကျန်းဝမ်ပင်က ချက်ချင်းပင် လှို့ဝှက်အသံလွှင့်ကာ "ဒီတစ်ခါ ဟော်ကျန့်ကျွင်းကို ငါတို့ဘက် ပါလာအောင် ဆွဲဆောင်လို့ရမလား စမ်းကြည့်ရအောင်"

လုယွမ်ဆန်းက ပြန်လည် အသံလွှင့်လာသည်။ "ခက်လောက်တယ်... အရင်တစ်ခေါက်က ငါတို့ ချောက်ချလိုက်လို့ သူ တောင်ဘက်က ခိုက်ရီနည်းပညာကုမ္ပဏီကို သွားရင်ဆိုင်ခဲ့ရတာလေ"

ကျန်းဝမ်ပင်က "အခြေအနေက အချိန်နဲ့အမျှ ပြောင်းလဲတတ်တာပဲ... အနည်းဆုံးတော့ ဒီအဘိုးကြီးက ဟုန်ထျန်ရီဘက်ကို အပြည့်အဝ ပါမသွားသေးပါဘူး"

လုယွမ်ဆန်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "စမ်းကြည့်ကြတာပေါ့"

ထိုအချိန်တွင် သူတို့နှစ်ယောက်လုံး၏ သတိထားမှုအားလုံးမှာ နောက်ဆက်တွဲ ပြုလုပ်မည့် အစည်းအဝေးအပေါ်၌သာ အာရုံရောက်နေကြပြီး ယခုတစ်ခေါက် ကျွန်းပေါ်သို့ တက်ရောက်ခြင်းက တိုက်ရိုက်ရင်ဆိုင်ရမည့် အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်ကို လုံးဝ ထည့်မတွေးထားခဲ့ကြပေ။

အင်အားစုကြီး လေးခုသည် နောက်ဆုံးတွင် ဆုံတွေ့သွားကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေကာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။

သို့သော် အမှန်တကယ်တွင်မူ ကိုယ်စီရင်ထဲ၌ တစ်ဖက်လူကို ဘယ်လို ချောက်ချရမလဲ ဆိုသည်ကိုသာ တွေးတောကြံစည်နေကြခြင်း ဖြစ်သည်။

ဟော်ကျန့်ကျွင်း၏ မျက်နှာပေါ်တွင် သိပ်ပြီး အမူအရာ ပြောင်းလဲမှု မရှိသော်လည်း ရင်ထဲတွင်တော့ ညည်းတွားနေမိသည်။ ကျင်းကျိုးစစ်တပ်လိုမျိုး အနေအထားနဲ့များ ဒီကပ်ဘေးကြီးထဲမှာ ကြီးစိုးနိုင်မယ်ဆိုရင် တကယ်ပဲ အံ့သြစရာ ကောင်းနေလိမ့်မည်။

ဝမ်ကျစ်ယွမ်ကမူ ရင်ထဲတွင် တိတ်ဆိတ်စွာ လှောင်ပြုံးပြုံးနေသည်။ ဒီ မျိုးဆက်သစ် လူငယ်နှစ်ယောက် ထင်းကော်ကျွန်းပေါ်ကို ခြေချလိုက်တာနဲ့ အသက်ရှင်လျက် ပြန်မထွက်နိုင်အောင် လုပ်ပစ်ရမည်။

"ခင်ဗျားတို့နှစ်ယောက် လာတာ စောလှချည်လား" ကျန်းဝမ်ပင်က ပြုံးလျက် ပြောလိုက်သည်။

ဝမ်ကျစ်ယွမ်က ခပ်အေးအေးပင် "အထက်တန်းလွှာက သခင်လေး နှစ်ယောက်နဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ... ကျွန်တော်တို့ကတော့ အစောကြီးထပြီး အလုပ်ကြမ်းလုပ်ရတဲ့ ဘဝကို ကျင့်သားရနေပါပြီ"

လုယွမ်ဆန်းကလည်း ဝမ်ကျစ်ယွမ်ကို လှမ်းကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာကာ "မင်းက ပင်ပန်းရမယ့်ကံ ပါလာတာကိုး... ဘာလို့ မနေ့ညကတည်းက ဒီ ထင်းကော်ကျွန်း အပြင်ဘက်မှာ လာမစောင့်နေတာလဲ"

ဝမ်ကျစ်ယွမ်က ချက်ချင်း မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။ "လု ဆိုတဲ့ကောင်... မင်းက ရန်ဖြစ်ချင်နေတာလား"

"မင်းကို ကြောက်ရမှာလား... ငါ့ရဲ့ မီးဓာတ်အစွမ်းက မင်းရဲ့ မိုးကြိုးဓာတ်အစွမ်းကို နည်းနည်းလေးမှ မကြောက်ဘူးကွ"

"သေလိုက်စမ်း... ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့"

သူတို့နှစ်ယောက် အသံကျယ်ကျယ်ဖြင့် ဆဲဆိုရန်ဖြစ်ကြရာ ကျန်းဝမ်ပင်နှင့် ဟော်ကျန့်ကျွင်းတို့က အလျင်အမြန် ဝင်ရောက်ဖျန်ဖြေပေးကြရသည်။

ဤကဲ့သို့သော ကိစ္စမျိုးမှာ သူတို့အတွက် ရိုးအီနေပြီ ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက် တွေ့ဆုံချိန်တွင် ရန်မဖြစ်ကြပါက ကျန်းဝမ်ပင်က ပို၍ပင် သံသယဝင်နေမိလိမ့်မည်။

ထို့ကြောင့် အမှန်တကယ်တွင် ဝမ်ကျစ်ယွမ်က သူ၏ ယခင်လုပ်ရပ်များနှင့် စရိုက်လက္ခဏာကို ပီပြင်စေရန် တမင်တကာ ရန်စနေခြင်းသာ ဖြစ်သည်။

တကယ်ပင် ဤသို့ ရန်ဖြစ်လိုက်ခြင်းက တစ်ဖက်လူ၏ သံသယကို မဖြစ်ပေါ်စေခဲ့သည့်အပြင် သူတို့၏ သတိထားမှုကိုပင် များစွာ လျော့ကျသွားစေခဲ့သည်။

ဟော်ကျန့်ကျွင်းက စကားစလိုက်သည်။ "အားလုံးပဲ... အချိန်လည်း မစောတော့ဘူး... ဗိုလ်ချုပ်ဟုန်က ငါတို့ကို စောင့်နေပြီ... သွားကြရအောင်"

ထိုသို့ပြောရင်း သူက ဝမ်ကျစ်ယွမ်ကို ဆွဲခေါ်ကာ ထင်းကော်ကျွန်းဆီသို့ ပျံသန်းသွားလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းဝမ်ပင်က လုယွမ်ဆန်းကို လှမ်းပြောလိုက်သည်။ "ငါတို့လည်း သွားကြတာပေါ့"

လုယွမ်ဆန်းက ဝမ်ကျစ်ယွမ်၏ ကျောပြင်ကို ကြည့်ကာ လှောင်ပြုံးပြုံးရင်း ဆဲရေးလိုက်သည်။ "ခွေးကောင်... သန္ဓေပြောင်းအစွမ်း နိုးထလာတာနဲ့ပဲ ငါ့ခေါင်းပေါ် တက်ပြီး ဗိုလ်ကျလို့ရပြီ ထင်နေတာလား... သူ့ရုပ်သူ့ရည်က ဟုန်ထျန်ရီ အိမ်ရှေ့က အစောင့်ခွေးနဲ့ ဘာကွာလို့လဲ"

ကျန်းဝမ်ပင်က ပြုံးလိုက်ပြီး "သူ့လိုလူမျိုးနဲ့ စကားများနေလို့ ဘာထူးမှာလဲ... သွားမယ်"

သူတို့နှစ်ယောက်သည်လည်း အရှေ့ဘက်ရှိ ထင်းကော်ကျွန်းပေါ်သို့ ချက်ချင်း လိုက်ပါဝင်ရောက်သွားကြသည်။

အရှေ့မှ သွားနေကြသော ဟော်ကျန့်ကျွင်းနှင့် ဝမ်ကျစ်ယွမ်တို့က သူတို့ကို မျက်လုံးထောင့်မှနေ၍ တိတ်တဆိတ် အကဲခတ်နေကြသည်ကို သူတို့ လုံးဝ သတိမထားမိလိုက်ကြပေ။

သူတို့ ထင်းကော်ကျွန်းပေါ်သို့ ခြေချလိုက်သည်ကို မြင်လိုက်ရသောအခါ ဟော်ကျန့်ကျွင်းနှင့် ဝမ်ကျစ်ယွမ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် နားလည်မှုရှိသော အပြုံးများ ပေါ်လာသည်။

ထိုခဏတွင် သူတို့နှစ်ယောက်က အရှိန်ကို လျင်မြန်စွာ မြှင့်တင်လိုက်ကြရာ အနောက်မှ ကျန်းဝမ်ပင်နှင့် လုယွမ်ဆန်းတို့လည်း အခြေအနေကို ကြည့်ပြီး အလိုအလျောက် အရှိန်မြှင့်ကာ ကျွန်းအတွင်းသို့ ဝင်ရောက်လာကြသည်။

သူတို့သည် ထင်းကော်ကျွန်းပေါ်သို့ အကြိမ်အတော်များများ ရောက်ဖူးကြသဖြင့် ဤနေရာ၏ ယေဘုယျ အခြေအနေများကိုတော့ အတန်အသင့် နားလည်ထားကြသည်။

ကျန်းဝမ်ပင်က ကျွန်းပေါ်ရှိ အခြေအနေများကို မသိမသာ ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာကိုမျှ မတွေ့ရပေ။

သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်သည်။

ဘေးနားရှိ လုယွမ်ဆန်းက ထိုအမူအရာကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။ "အစ်ကိုပင်... ဘာတွေ စဉ်းစားနေတာလဲ"

"ဘာလို့မှန်းတော့ မသိဘူး... ငါ့စိတ်ထဲမှာ တစ်ခုခုကို ဘဝင်မကျ ဖြစ်နေသလို ခံစားနေရတယ်"

ကျန်းဝမ်ပင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်ဆန်းက အနည်းငယ် အံ့သြသွားပြီး "ဘာဖြစ်လို့လဲ"

ကျန်းဝမ်ပင်က ခေါင်းခါလိုက်ပြီး "ငါလည်း အတိအကျတော့ မပြောတတ်ဘူး"

"ထားလိုက်ပါတော့... ဆက်မတွေးတော့ဘူး... အရင် ဝင်သွားကြည့်ကြတာပေါ့"

"ကောင်းပြီ"

သူတို့နှစ်ယောက်သည် လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ အစည်းအဝေးခန်းမအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။

အထဲသို့ ဝင်ဝင်ချင်းပင် ကျန်းဝမ်ပင်က အရှေ့ဘက်ကို မော့ကြည့်လိုက်ရာ ဟုန်ထျန်ရီကို တွေ့လိုက်ရသည်။

ထို့နောက် သူ အကြည့်ကို ဝေ့ဝဲလိုက်ရာ ဝမ်ကျစ်ယွမ်က ဘယ်ဘက်နေရာတွင် ရပ်နေပြီ ဖြစ်ကြောင်း မြင်လိုက်ရသည်။

ဟော်ကျန့်ကျွင်းကမူ တံခါးဝနှင့် နီးသော နေရာတွင် ရပ်နေသည်။

ဤနေရာယူထားမှု သုံးခုစလုံးကို ကြည့်ရသည်မှာ ပြဿနာမရှိလှပေ။ ဝမ်ကျစ်ယွမ်က ဟုန်ထျန်ရီနှင့် ရင်းနှီးသဖြင့် သူတို့နှစ်ယောက် နီးနီးကပ်ကပ် ရှိနေခြင်းမှာလည်း ယုတ္တိတန်ပေသည်။

ဟော်ကျန့်ကျွင်းကမူ အနည်းငယ် သီးခြားဆန်သဖြင့် တံခါးဝတွင် ရပ်နေခြင်းမှာလည်း သဘာဝကျသည်။

သို့သော် ကျန်းဝမ်ပင်၏ စိတ်ထဲတွင်တော့ တစ်နေရာရာ မှားယွင်းနေသလို အမြဲ ခံစားနေရသည်။

လုယွမ်ဆန်းတို့ လူစု အားလုံး အထဲသို့ ဝင်လာပြီးနောက် အခန်းတစ်ခုလုံးမှာ ရုတ်တရက် ကျပ်ညပ်သွားတော့သည်။

ကျန်းဝမ်ပင်က အကြမ်းဖျင်း ဝေ့ကြည့်လိုက်ရာ အခန်းထဲတွင် လူပေါင်း တစ်ရာကျော်ခန့် ရှိနေကြောင်း တွေ့လိုက်ရသည်။

သူ လန့်ဖျပ်သွားပြီး မည်သည့်နေရာက မှားယွင်းနေသလဲဆိုတာကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

ဒီနေ့ အစည်းအဝေးလာတက်တဲ့ လူတွေ အရမ်းများလွန်းနေတယ်။

အစည်းအဝေးလုပ်သည့် အကြိမ်တိုင်းတွင် စုစုပေါင်း လူဦးရေမှာ ငါးဆယ်၊ ခြောက်ဆယ်ခန့်သာ ရှိတတ်သည်ကို သူ ကောင်းကောင်း သိထားသည်။

ဒီတစ်ခါက ပုံမှန်ထက်ကို နှစ်ဆကျော်လောက် များပြားနေသည်။

ထို့အပြင် ဤလူအုပ်ကြီးထဲတွင် သူ မရင်းနှီးသော မျက်နှာစိမ်းများစွာ ပါဝင်နေသည်။

ကျန်းဝမ်ပင်၏ ရင်ထဲတွင် အန္တရာယ် အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းသွားပြီး သူ၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားလေသည်။

သူ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် ဝမ်ကျစ်ယွမ်က သူ့ကို အေးစက်စက် လှောင်ပြုံးပြုံးပြလိုက်သည်ကို ရုတ်တရက် မြင်လိုက်ရသည်။

နောက်တစ်ခဏတွင် ဟုန်ထျန်ရီက လက်တစ်ချက် ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ "အစီအရင်ကို ဖွင့်လိုက်"

ဆက်ရန်...

All Chapters