← Chapters

အခန်း ၂၂၀၁

Vol. 221 Ch. 2201

အခန်း ၂၂၀၁

Vol. 221 Ch. 2201

အခန်း (၂၂၀၁) မင်းမှာ နောင်တရတဲ့စိတ် တစ်စက်လေးတောင် မရှိဘူးလား

ကောင်းကင်​ငါးပါး စစ်မြေပြင် ပြီးဆုံးသွားပြီ။

​လူအများမှာ ကောင်းကင်ငါးပါး နန်းတော် ထဲမှ တစ်ဦးပြီးတစ်ဦး ထွက်လာကြပြီး ကောင်းကင်ယံမှ ကျဆင်းလာသည့် ကြီးမားသော မျက်နှာပြင်ကြီးကို လှည့်ကြည့်လိုက်ကြသည်။

​မီးခိုးရောင် ပြောင်းသွားသည့် နာမည်စာရင်း တစ်ကြောင်းချင်းစီမှာ ကောင်းကင် ငါးပါး စစ်မြေပြင်တွင် ကျဆုံးသွားသော ကျောင်းသား တစ်ဦးချင်းစီကို ကိုယ်စားပြုနေသည်။

​ပြီးခဲ့သည့် အကြိမ်မှစ၍ ရွှမ်ထျန်တောင်၏ သူတော်စင်များ သေဆုံးနှုန်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

​ဤတစ်ကြိမ်တွင်လည်း သေဆုံးနှုန်းမှာ ပုံမှန်အခြေအနေအတွင်း၌သာ ရှိသည်။

​ရွှမ်ထျန်တောင်ကို ပစ်မှတ်ထားနေသည့် ထိုအကြီးအကဲမှာ ဒေါသပြေသွားပြီ ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် ဆက်လက်၍ ရက်စက်စွာ မလုပ်ဆောင်တော့ခြင်း ဖြစ်ကြောင်း လူအများ နားလည်ထားကြသည်။

​“အို၊ မေဒေါင်ကွမ်း သေသွားပြီလား”

​ချိုင်စစ်ရှို က အနည်းငယ် အံ့ဩသွားကာ ထူးဆန်းသော အမူအရာဖြင့် လုကျိုးဝမ် ကို ကြည့်လိုက်သည်။

​လုကျိုးဝမ်က စိတ်မကောင်းဟန်ဖြင့် -

​“သူ ဒီတစ်ခေါက် (၁၀) ပွဲဆက် ရှုံးခဲ့တယ်၊ ရှီး မျိုးနွယ်စုဘက်က ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံလိုက်ရတာလို့ ငါ ထင်တယ်” ဟု ဆိုသည်။

​အချို့က မေဒေါင်ကွမ်း၏ တိုက်ပွဲမှတ်တမ်းကို စစ်ဆေးကြည့်ရာ သူ၏ တိုက်ပွဲ (၁၀) ပွဲတွင် ရှစ်ပွဲမှာ ရှီး မျိုးနွယ်စုနှင့် တည့်တည့်တိုးနေကြောင်း တွေ့ရှိရသည်။

​ဆိုလိုသည်မှာ နောက်ကွယ်မှ အားထုတ်သူ တစ်ဦးဦး ရှိနေပြီး၊ ထိုအကြီးအကဲက ရွှမ်ထျန်တောင် ကိုပစ်မှတ်ထားသကဲ့သို့ပင် မေဒေါင်ကွမ်းကို ပစ်မှတ်ထား တိုက်ခိုက်စေခြင်း ဖြစ်သည်။

​“အစတုန်းက ထိုက်ဟောက်ဝေ သေဆုံးခဲ့ရတာမှာ မေဒေါင်ကွမ်းလည်း တာဝန် အနည်းငယ် ရှိခဲ့တယ်၊ အဲဒီတုန်းကတည်းက ရှီး မျိုးနွယ်စုက သူ့ကို မှတ်မိနေတာ ဖြစ်ရမယ်...”

​“သေသွားတာကပဲ ကောင်းပါတယ်။ သူ တစ်နေကုန် ရူးသွပ်နေတဲ့ ပုံစံကို မြင်ရတာလည်း စိတ်ညစ်ဖို့ ကောင်းတယ်”

​“မင်း ဘယ်လိုလုပ်ပြီး ဒီလို စကားမျိုး ပြောရတာလဲ ဘာပဲပြောပြော မေဒေါင်ကွမ်းက ငါတို့နဲ့ အဆင့်တူ သူတော်စင် တစ်ဦးပဲ။

ဒီနှစ်တွေအတွင်း ငါတို့နဲ့ အတူဝင်ခဲ့တဲ့ သူတွေလည်း အများကြီး သေဆုံးသွားပြီ၊ တစ်သုတ်လည်း ပယ်ထုတ်ခံလိုက်ရပြီ၊ အခု ကျန်နေတဲ့သူတွေက အများကြီး မရှိတော့ပါဘူး”

​သူတော်စင် တစ်ဦးက သက်ပြင်းချကာ ပြောသည်။ ထို့နောက် လူတိုင်းသည် ကောင်းကင် ငါးပါး နန်းတော်မှ ထွက်လာသည့် ဖန့်ချန်ကို ကြည့်လိုက်ကြပြီး အားလုံးက ရှေ့တိုးလာကာ နှုတ်ဆက်ကြသည်။

​ထိုအထဲတွင် ယခင်က မေဒေါင်ကွမ်းနှင့်အတူ ဖန့်ချန်ကို ပူးပေါင်းတိုက်ခိုက်ဖူးသည့် ကျောင်းသားများလည်း ပါဝင်သည်။

​နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်၊ ဤသူတို့က အလျှော့ပေးကာ ဖန့်ချန်ကို ဖားယားရန် ကြိုးစားလာကြသဖြင့် ဖန့်ချန်မှာလည်း သူတို့နှင့် ရယ်မောစကားပြောနိုင်ခဲ့သည်။

​နှစ်ဖက်စလုံးမှာ ကလေးကစားစရာကဲ့သို့ ယခင်က ရန်ငြိုးများကို စွန့်ပယ်ခဲ့ကြပြီး ဖြစ်သည်။

​“ဖန့်ချန် မေအစ်ကို သေဆုံးသွားပြီ” ဟု တစ်ဦးက ရုတ်တရက် ပြောသည်။

​ချိုင်စစ်ရှိုက ကြားလိုက်သည့်အခါ ချက်ချင်းပင် ဆူပူလိုက်သည်။

​“မပြောသင့်တဲ့ စကားကို လျှောက်ပြောနေပြန်ပြီ”

​စကားပြောပြီးနောက် ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ -

​“ဖန့်ချန် ၊ စိတ်မရှိပါနဲ့နော်” ဟု ဆိုသည်။

​ဖန့်ချန်က ပြုံးလျက် -

​“မေဒေါင်ကွမ်း သေဆုံးသွားတာက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ သူက ထူးခြားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြိုးစားခဲ့တာဆိုတော့၊ အဲဒီလမ်းကြောင်းမှာ ပေါ်ပေါက်လာမယ့် ဆူးငြောင့်ခလုတ်တွေကို ရင်ဆိုင်ရမှာပဲ” ဟု ပြောသည်။

​“...”

​လူတိုင်း အံ့အားသင့်သွားကြသည်။ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာကာ မေဒေါင်ကွမ်းက နှစ်ပေါင်းများစွာအတွင်း လူအာရုံစိုက်မှု ရရှိစေရန် လုပ်ဆောင်ခဲ့သော အပြုအမူများကို ပြန်တွေးမိပြီး ဖန့်ချန်၏ စကားအဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာကြသည်။

​“အဲဒီစကားက မှန်တယ်၊ ကိုယ်နဲ့ မဆိုင်တာကို မလုပ်သင့်ဘူး...”

​သူတော်စင် တစ်ဦးက သက်ပြင်းချသည်။

​အကယ်၍ မေဒေါင်ကွမ်းသာ မိမိ၏ အရည်အချင်းမှာ ပုံမှန်သာ ရှိကြောင်း ဝန်ခံပြီး လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းခဲ့လျှင်၊ မရည်ရွယ်ဘဲ လူအများအပြားကို ရန်သူအဖြစ် သတ်မှတ်မိမည် မဟုတ်သလို၊ ယခုကဲ့သို့ ရှီး မျိုးနွယ်စု၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကိုလည်း ခံရမည် မဟုတ်ပေ။

​ဟုတ်ပါတယ်...

​သူတို့ထဲမှ အချို့မှာ ဖန့်ချန်ကို ခိုးကြည့်မိကြသည်။ မေဒေါင်ကွမ်း သေဆုံးရခြင်းမှာ ဖန့်ချန်နှင့်လည်း ပတ်သက်မှု အလွန်များကြောင်း သူတို့ ခံစားမိသည်။

​အကယ်၍သာ ဖန့်ချန်သာ မရှိခဲ့လျှင် မေဒေါင်ကွမ်း နောက်ပိုင်းတွင် ဤမျှလောက်အထိ အစွန်းရောက်သွားမည် မဟုတ်ပေ။

​ထိုအချိန်တွင် အတွင်းကမ္ဘာနယ်မြေကို စီးနင်းကာ ပုံရိပ်တစ်ခုမှာ လေကိုဖြတ်၍ ဖန့်ချန်ရှေ့သို့ ရောက်ရှိလာသည်။

​ရောက်လာသူမှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေပြီး၊ နေရာတွင် ရှိနေသူများထက် အများကြီး ပိုမိုအားကောင်းနေသည်။

​သူသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန့်ချန်အပေါ်တွင် အကြည့်ရပ်သွားသည်။ တစ်ဖက်လူ မပြောခင်မှာပင် ချိုင်စစ်ရှိုက အလျင်အမြန် ရှေ့တိုးလာသည်။

​“ဝေရွှင် အစ်ကိုကြီး၊ မေ အတန်းဖော် သေဆုံးတာက ဖန့် အတန်းဖော်နဲ့ မသက်ဆိုင်ပါဘူး၊ ခင်ဗျား ဒေါသထွက်မနေပါနဲ့...”

​ဝေရွှင် က ချိုင်စစ်ရှို ကိုစိုက်ဘဲ ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

​“ငါ့ ဝမ်းကွဲညီလေး သေဆုံးသွားတာ၊ မင်းမှာ နောင်တရတဲ့စိတ် တစ်စက်လေးတောင် မရှိဘူးလား”

​“ငါက ဘာလို့ နောင်တရရမှာလဲ”

​ဖန့်ချန်က အေးဆေးစွာ ပြုံး၍ ပြောသည်။

​ဝေရွှင်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားသည်။

​“မင်းကြောင့်သာ မဟုတ်ရင်၊ သူ ဒီနှစ်တွေအတွင်း ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွန်းရောက်သွားမှာလဲ”

​“သူ အစွန်းရောက်တာက ငါနဲ့ ဘာဆိုင်လို့လဲ”

​ဖန့်ချန်က ရယ်မော၍ -

​“ပြီးခဲ့တဲ့ နှစ်တွေကတည်းက သူ ငါ့ကို အကြိမ်ကြိမ် ဒုက္ခပေးနေတာ၊ မင်းက သူ့ ဝမ်းကွဲအစ်ကို ဖြစ်ပါလျက်နဲ့ ဘာလို့ မဆုံးမခဲ့တာလဲ ”

ဟု ပြန်မေးသည်။

​“ငါ...”

​ဝေရွှင် စကားဆွံ့အသွားသည်။

​ထိုအချိန်တွင် ထိုက်ရှီးဝမ်ကျန်း က အတွင်းကမ္ဘာနယ်မြေကို စီးနင်းလျက် သူတို့နှစ်ဦးထံ ရောက်လာသည်။

​“ဖန့် ညီငယ်၊ ဒီတစ်ခေါက် (၁၀) ပွဲဆက် အနိုင်ရပြီး စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင် အဆင့် (၇၀) ဖြစ်လာတာ ဂုဏ်ယူပါတယ်။

ဒီလို ရလဒ်မျိုးက ငါတို့ လူသားမျိုးနွယ်စု ကျောင်းမှာ နှစ်ပေါင်းများစွာ မပေါ်ပေါက်ခဲ့တာ ကြာပြီ”

​ထိုက်ရှီးဝမ်ကျန်းက ပြုံးရွှင်စွာဖြင့် လက်ယှက် ဂါရဝပြုသည်။

​“ထိုက်ရှီး အစ်ကိုကြီး”

​လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လျှင် အားလုံး လက်ယှက်၍ ဂါရဝပြုကြသည်။

​ဖန့်ချန်က လက်ပြန်ယှက်လျက် -

​“ထိုက်ရှီး အစ်ကိုကြီးရဲ့ ဒီတစ်ခေါက် ရလဒ်ကလည်း မဆိုးပါဘူး”

ဟု ပြောသည်။

​“ငါကတော့ မင်းနဲ့ ယှဉ်ရင် အများကြီး နောက်ကျနေပါသေးတယ်၊ ဒါပေမဲ့ ငါ့ကိုယ်ငါတော့ တိုးတက်လာတယ်လို့ ထင်ပါတယ်”

ဟု ထိုက်ရှီးဝမ်ကျန်းက ရယ်မောကာ ဝေရွှင်ကို ကြည့်လိုက်သည်။

​“ထိုက်ရှီး အစ်ကိုကြီး...”

​ဝေရွှင်က တိုးတိုးလေး ပြောသည်။

​“မေဒေါင်ကွမ်း သေဆုံးရတာက သူ့အပြစ်ပဲ။ သူက အရင်က တိုက်ပွဲကို ကြည့်နေတဲ့အချိန်မှာ စကားအရမ်းများပြီး ရှီး မျိုးနွယ်စုရဲ့ အမျက်ဒေါသကို ခံလိုက်ရတာ။

ဒီတစ်ခေါက်မှာ ဘယ်လိုလုပ်ပြီး ကောင်းကင် ငါးပါးစစ်မြေပြင်မှာ မသေဘဲ နေနိုင်ပါ့မလဲ ”

​ထိုက်ရှီးဝမ်ကျန်းက အေးဆေးစွာ ပြောသည်။

​“မင်းက ဒီကိစ္စကို ဖန့် ညီငယ်ဆီကို လွှဲချလို့ မရဘူး”

​“အစ်ကိုကြီး၊ ဒါပေမဲ့...”

​ဝေရွှင်က သွားကိုကြိတ်လျက် -

​“ကျွန်တော့် ဝမ်းကွဲညီလေးက ဒီနှစ်တွေမှာ ဒုက္ခရောက်ခဲ့ရတာ၊ အခုလည်း...”

ဟု ဆိုသည်။

​“အဲဒါကလည်း သူ့ပြဿနာပဲ”

​ထိုက်ရှီးဝမ်ကျန်းက တည်ငြိမ်စွာ ပြောသည်။

​“ကျွန်တော် နားလည်ပါပြီ”

​ဝေရွှင်က ခေါင်းညိတ်ပြီး ဘာမှ ထပ်မပြောတော့ပေ။

​“ဒါပေမဲ့ မင်း စိုးရိမ်စရာ မလိုပါဘူး၊ သူက ရွှေဟွေး ကျောင်းတော်ကပဲလေ။

ဝိညာဉ်မျိုးနွယ်စု က ဒီကိစ္စအတွက် သူ့ကို ရွေးချယ်စရာ နှစ်ခု ပေးပါလိမ့်မယ်။

ဝိညာဉ်မျိုးနွယ်စု ဖြစ်လာတာမျိုး၊ ဒါမှမဟုတ် ပိုကောင်းတဲ့ ဘဝသစ် တစ်ခုနဲ့ ပြန်ဝင်စားတာမျိုးပေါ့”

​ထိုက်ရှီးဝမ်ကျန်းက ဆက်ပြောသည်။

​“မင်းမှာ ဒီလောက် အချိန်ပိုနေရင်၊ သူ့မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး မေဒေါင်ကွမ်း ဘယ်လမ်းကြောင်းကို ရွေးချယ်မလဲဆိုတာ ဆုံးဖြတ်လိုက်ပါ”

​အနီးအနားရှိ လူသား သူတော်စင်များမှာ စိတ်လှုပ်ရှားသွားကြပြီး မျက်ဝန်းထဲတွင် အရောင်လက်သွားသည်။

​ဝိညာဉ်မျိုးနွယ်စုမှာ ကောင်းကင် ငါးပါး ထဲတွင် အထူးခြားဆုံးဖြစ်သည်။

​ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့တွင်သာမက ကျန်သည့် မဟာမိတ်အဖွဲ့ လေးခုစလုံးတွင်လည်း ဝိညာဉ်မျိုးနွယ်စု ရှိကြသည်။

​ထို့ပြင် ဝိညာဉ်မျိုးနွယ်စု၏ ဖြစ်တည်မှုမှာ ကောင်းကင် ငါးပါး အောက်ရှိ မျိုးနွယ်စုများနှင့် အလွန်နီးကပ်စွာ ဆက်စပ်နေသည်။

​အကယ်၍ မေဒေါင်ကွမ်းသာ ဝိညာဉ်မျိုးနွယ်စု ဖြစ်လာရန် ရွေးချယ်ပါက၊ နှစ်ပေါင်းများစွာ ကြာပြီးနောက် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ ပြန်လည်ရောက်ရှိရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။ အနာဂတ် လမ်းကြောင်းမှာလည်း ယခုဘဝထက် ပိုကောင်းလာနိုင်သည်။

​တစ်ခုတည်းသော အားနည်းချက်မှာ ဝိညာဉ်မျိုးနွယ်စုမှာ ကောင်းကင် ငါးပါး အောက်တွင် လွယ်လွယ်ကူကူ မလျှောက်လှမ်းနိုင်ဘဲ၊ အချိန်အများစုကို ယင်လောက တွင်သာ ကုန်ဆုံးရမည် ဖြစ်သည်။

​ဤအချက်မှာ လူအများအတွက် လက်ခံရန် ခက်ခဲသော အရာဖြစ်သည်။

​“အစ်ကိုကြီး သတိပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခုပဲ ဝမ်းကွဲညီလေးရဲ့ မိသားစုနဲ့ တိုင်ပင်လိုက်ပါဦးမယ် ”

​ဝေရွှင် ပြောပြီးနောက် ဖန့်ချန်ကို တစ်ချက် စူးစိုက်ကြည့်ကာ လှည့်ထွက်သွားသည်။

​“ဝေရွှင် ညီငယ်က ခဏတာ ဒေါသထွက်သွားတာပါ၊ ဖန့် ညီငယ် စိတ်မရှိပါနဲ့”

​ထိုက်ရှီးဝမ်ကျန်းသည် ဝေရွှင် ထွက်သွားသည်ကို ကြည့်ပြီးနောက် ဖန့်ချန်အတွက် ရှင်းပြပေးလိုက်သည်။

​“ထိုက်ရှီး အစ်ကိုကြီး စိတ်ချပါ၊ အစ်ကို့မျက်နှာကို ထောက်ထားတဲ့အတွက် ကျွန်တော် သူ့ကို ဒုက္ခမပေးပါဘူး”

​ဖန့်ချန်က ပြုံး၍ ပြောသည်။

​“ညီငယ်ဆီက ဒီစကား ကြားရတာ စိတ်ချရပါပြီ။

ညီငယ်ရဲ့ အနာဂတ် လမ်းကြောင်းမှာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်။

နေမင်းခုနစ်ပါး ခန်းမ မှာ အောင်မြင်မှုတွေ ရပါစေ။ငါတို့ လူသားမျိုးနွယ်စုရဲ့ ဂုဏ်ကို မြှင့်တင်ပေးပါ ”

​ထိုက်ရှီးဝမ်ကျန်းက လက်ယှက် ဂါရဝပြုပြီးနောက် အတွင်းကမ္ဘာနယ်မြေကို စီးနင်း၍ ထွက်ခွာသွားသည်။

​“ဖန့် အစ်ကိုကြီး”

​ဖန့်ကျစ်ရွှယ် က ကောင်းကင် ငါးပါး နန်းတော်ထဲမှ ထွက်လာပြီး ပျော်ရွှင်စွာဖြင့် ပြေးလာသည်။

​ချိုင်စစ်ရှိုတို့ အုပ်စုမှာ ထိုမြင်ကွင်းကို မြင်သော်လည်း အသိအမှတ်ပြုကာ နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။

​သူတို့မှာလည်း ဖန့်ကျစ်ရွှယ်နှင့် သိကျွမ်းချင်သော်လည်း ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ်တို့၏ ဆက်ဆံရေးကို မသေချာသဖြင့် မိမိတို့၏ အပြုအမူကြောင့် ဖန့်ချန် မကျေမနပ် ဖြစ်မည်ကို စိုးရိမ်နေကြသည်။

​“ဖန့် ညီမလေး၊ ဒီတစ်ခေါက် မင်းလည်း (၁၀) ပွဲဆက် အနိုင်ရတာပဲ၊ ရလဒ်က မဆိုးဘူး”

​ဖန့်ချန်က ပြုံး၍ ပြောသည်။

​ဖန့်ကျစ်ရွှယ်သည် ဖန့်ချန်၏ ချီးမွမ်းခြင်းကို ခံလိုက်ရသဖြင့် အလွန် ပျော်ရွှင်သွားကာ ပါးစပ်ပင် မပိတ်နိုင်အောင် ပြုံးနေတော့သည်။

All Chapters