← Chapters

လတ်စသက်တော့ တော်ဝင်မြေးတော်က လျှောက်ပြောနေရုံ သက်သက်ပဲကိုး (၁)

Vol. 4 Ch. 59

လတ်စသက်တော့ တော်ဝင်မြေးတော်က လျှောက်ပြောနေရုံ သက်သက်ပဲကိုး (၁)

Vol. 4 Ch. 59

ဧကရာဇ်အိုကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နန်းတွင်းကိုယ်ရံတော်တပ်မှူးကို မိန့်ကြားလိုက်သည်။

“သွား… အိမ်ရှေ့စံမင်းသားကို ဆင့်ခေါ်ခဲ့စမ်း”

“ခမည်းတော်က ငါ့ကို လာခေါ်ခိုင်းတာ ဟုတ်လား”

အိမ်ရှေ့စံမင်းသားသည် သူ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော 'နန်းတော်ကို ပုန်ကန်ခြားနားမယ်၊ အိမ်ရှေ့စံမြေးတော် ရာထူးကို စွန့်ပစ်မယ်' ဟူသော စကားလုံးများကို မေ့ပျောက်သွားစေရန် ခေါင်းကို ခါယမ်း လိုက်တော့သည်။ သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး အမတ်မင်းများ၏ တန်းစီရာ နှစ်ဖက်ကြားရှိ အလယ်ဗဟိုနေရာတွင် အထင်အရှား မားမားမတ်မတ် ရပ်လိုက်၏။

ပုံမှန်အားဖြင့်တော့ ဤသို့ရပ်ခြင်းက ဘာပြဿနာမှ မရှိသော်လည်း ယခုကဲ့သို့ အချိန်အခါမျိုးတွင်မူ…

အိမ်ရှေ့စံမင်းသား၏ ရင်ထဲ၌ မကောင်းသော နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ထိတ်ခနဲ ဖြစ်သွားရသည်။

“ငါတို့ တခြားတစ်ဖက်ကနေပဲ ပတ်ပြီး ထွက်သွားကြစို့…”

သူသည် တိတ်တဆိတ် လစ်ထွက်ရန် ရည်ရွယ်ချက်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သို့သော်လည်း သူ၏အမိန့်ကို မဆုံးသတ်နိုင်သေးမီမှာပင်၊ ရှုရန်မြောင်၏ စိတ်တွင်းရေရွတ်သံကို ကွက်တိ ကြားလိုက်ရပြန်တော့သည်။

[ဟင်၊ အိမ်ရှေ့စံမင်းသားက ဘာလို့ ရှေ့ကို တိုးထွက်လာတာလဲ]

[ဧကရာဇ်အိုကြီးက လှမ်းခေါ်လိုက်တာ ဖြစ်ရမယ်၊ သနားစရာကောင်းလှတဲ့ အိမ်ရှေ့စံမင်းသားကြီး၊ သူက သူ့ရဲ့ မြေးအကြီးဆုံးလေးကို ဆုံးရှုံးသွားရပြီဆိုတာကို အခုထိ ကြိုပြီး မသိရှာသေးဘူး၊ သူက သူ့ရဲ့ သမီးတော်လေးတွေကို အတော် ချစ်တာ၊ မနေ့ကတင် သူတို့အတွက် မျက်နှာချေမှုန့်တွေ၊ နှုတ်ခမ်းနီတွေကို အများကြီး ဝယ်ပေးခဲ့သေးတာ၊ သူက သူ၏ သားသမီးတွေကို ဘယ်လောက်အထိ တန်ဖိုးထား ကြင်နာတတ်လဲဆိုတာ အထင်အရှားပဲ၊ တကယ်လို့သာ သူ ဒါကို သိသွားခဲ့ရင်]

[နေပါဦး၊ ဒါက ဘာကြီးလဲ]

အိမ်ရှေ့စံမင်းသားသည် မိမိ၏ မျက်နှာကို ဖုံးကွယ်ရန်အတွက် လက်မောင်းကို ကမန်းကတန်း မြှောက်လိုက် တော့သည်။

*သွားပါပြီ၊ ခမည်းတော်၊ အဲဒီကိစ္စကတော့ သေချာပေါက်…*

[တကယ်လို့ အိမ်ရှေ့စံမင်းသားက သူ၏ သားသမီးတွေကို ဒီလောက်အထိ ချစ်တတ်တယ်ဆိုရင် ဘာဖြစ်လို့ သူ့ရဲ့ သားတော် ထောင်ကျနေတဲ့ တလျှောက်လုံးမှာ အာမခံပေးဖို့ ဒါမှမဟုတ် သွားပြီး ကယ်တင်ဖို့ တစ်ခါမှ မကြိုးစားခဲ့ ရတာလဲ၊ အဲဒီအစား သူ၏ ယောက်ဖဖြစ်သူကပဲ ကိစ္စရပ်တိုင်းကို အသည်းအသန် လိုက်လံဖြေရှင်းပေးနေခဲ့တာ မဟုတ်ဘူးလား]

[ငါ ကြည့်ကြည့်လိုက်ဦးမယ်]

[ဘာကြီးလဲ၊ အိမ်ရှေ့စံမင်းသားရဲ့ သားအကြီးက အိမ်ရှေ့စံ မင်းသမီး ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ သားအရင်း မဟုတ်ဘူး ဟုတ်လား၊ သူက ကိုယ်လုပ်တော် တစ်ယောက်ရဲ့ သားဖြစ်ပြီးတော့ အိမ်ရှေ့စံ မင်းသမီးရဲ့ နာမည်အောက်မှာပဲ တရားဝင် သားအဖြစ် အမည်ခံပြီး မွေးထားခဲ့တာတဲ့လား၊ အိမ်ရှေ့စံ မင်းသမီးမှာ တကယ်တမ်းက သမီး လေးယောက်ပဲ ရှိတာလား]

ရှုရန်မြောင်၏ မျက်လုံးများသည် အံ့ဩလွန်းသဖြင့် အစွမ်းကုန် ပြူးကျယ်သွားတော့သည်။

*အိမ်ရှေ့စံမင်းသားတစ်ယောက် မကြာသေးခင်က သူရဲ့ သားကြီး ကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေကို လုံးဝ ဂရုမစိုက်ဘဲ နေနိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ သူက တစ်နေကုန် လျှောက်သွားပြီး အတင်းအဖျင်းတွေပဲ လိုက်စုနေတာကိုး*

*ဒါဆိုရင်တော့ အိမ်ရှေ့စံမင်းသားကလဲ သူ့ခမည်းတော်လိုပဲ ကိုယ့်ရဲ့ တရားဝင်ဇနီးက မွေးဖွားပေးတဲ့ သားသမီး တွေကိုသာ အပြည့်အဝ တန်ဖိုးထားတတ်တဲ့ စရိုက်မျိုး ဖြစ်နေတာပေါ့*

မှူးမတ်အပေါင်းတို့မှာမူ လုံးဝ မှင်တက် ဆွံ့အသွားကြရတော့သည်။

ညီလာခံ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ဧကရာဇ်ကိုယ်တိုင် လူအများရှေ့တွင် အိမ်ရှေ့စံ မင်းသား၌ သားတော်တစ်ပါး ထွန်းကားခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ဖူးပြီး၊ ၎င်းကို အိမ်ရှေ့စံမင်းသမီး၏ သားအရင်းဟူ၍ အတိအကျ မိန့်ကြားခဲ့ဖူးသည် မဟုတ်ပါလား။

ဧကရာဇ်အိုကြီး: “…”

“ဖြန်း”

ဧကရာဇ်အိုကြီးသည်လည်း အိမ်ရှေ့စံမင်းသား၏ အမူအရာအတိုင်း ကွက်တိလိုက်လုပ်ရင်း မိမိ၏ မျက်နှာကို ဖုံးကွယ်ရန်အတွက် လက်မောင်းတစ်ဖက်ကို ကမန်းကတန်း မြှောက်လိုက်မိတော့သည်။

*ငါ တကယ်ပဲ … ငါ တကယ်ပဲ အခုလို အချိန်မျိုးကျမှ အိမ်ရှေ့စံမင်းသားကို လာပြီး မခေါ်ခဲ့သင့်ဘူး*

အိမ်ရှေ့စံ မင်းသားသည် အခြေအနေများ တစတစ ပိုမိုရုတ်ရုတ်သဲသဲ ဖြစ်လာသည်ကို ရိပ်မိသွားသဖြင့် အလျ င်အမြန် ဆုတ်ခွာရန် ကြိုးစားတော့သည်။ သူသည် ခြေလှမ်းများကို ကမန်းကတန်း လှမ်းလိုက်ရင်း တီးတိုး ပြောလိုက်သည်။

“တိတ်တိတ်လေး ထွက်သွားကြတာပေါ့”

သို့သော်လည်း ဝန်ကြီးချုပ်သော်က သူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။

“အိမ်ရှေ့စံမင်းသား”

သူသည် အသံကိုနှိမ့်ကာ မည်သို့မျှ ဖော်ပြ၍မရသော မျက်နှာပေးဖြင့် မေးမြန်းလိုက်တော့သည်။

“အိမ်ရှေ့စံ မြေးတော်ရဲ့ အမှန်တရားက ဘာပါလဲ”

သူ၏ အဖိုးတန်လှသော မြေးမလေးသည် တစ်ချိန်က အိမ်ရှေ့စံမြေးတော်၏ တရားဝင် ကြင်ယာတော်အဖြစ် လက်ထပ် ထိမ်းမြားရန် သတ်မှတ်ခြင်းခံထားရသူ မဟုတ်ပါလား။

ဝန်ကြီးချုပ်အနေဖြင့် သွေးသားစစ်မှန်မှုနှင့် ပတ်သက်၍ အထူးတလည် ဂရုမစိုက်လှသော်လည်း၊ အိမ်ရှေ့စံ မြေးတော်ကို အိမ်ရှေ့စံမင်းသမီး၏ နာမည်အောက်တွင် တရားဝင် အသိအမှတ်ပြုထားခဲ့ပြီး ဖြစ်၍ ၎င်းကိုသာ တရားဝင် ထီးနန်းဆက်ခံသူအဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း…

အိမ်ရှေ့စံမင်းသမီးက ယခုမှ အသက် လေးဆယ်သာ ရှိသေးသည်။ သူမ ကလေး မွေးဖွားနိုင်ဆဲ ဖြစ်၏။ အကယ္၍ သူမက နောင်အနာဂတ်၌ တရားဝင် သားအရင်း တစ်ယောက်ကို မွေးဖွားပြီး ဧကရာဇ်ကလည်း ထိုသားအသစ် ကိုသာ ထီးနန်းဆက်ခံသူအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါက သူ့မြေးမလေးက မည်သို့ ဖြစ်သွားမည်နည်း။

အိမ်ရှေ့စံမင်းသားသည် အနေခက်စွာဖြင့် ဟန်ဆောင်ပြုံးလိုက်ရသည်။

“ဦးရီးတော်… တကယ်တော့ အဲဒါက …”

သူ ဆက်လက်၍ မရှင်းပြနိုင်သေးမီမှာပင် အိမ်ရှေ့စံ မြေးတော်၏ အုပ်စုဘက်မှ မှူးမတ်အဖွဲ့တစ်စုက သူ့ကို ဝိုင်းရံ ပိတ်ဆို့လိုက်ကြတော့သည်။

အိမ်ရှေ့စံမင်းသား: “…”

အိမ်ရှေ့စံမင်းသား: “သွားပါပြီ။”

ထိုအမတ်မင်းများသည် ဗြောင်ကျကျ ရန်လိုသည့်အမူအရာမျိုး မပြဝံ့ကြသော်လည်း သူတို့၏ မျက်လုံးများတွင်မူ မျက်ရည်များ ဝဲလျက်ဖြင့် တောင်းပန်တိုးလျှိုးသည့် အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေကြတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အနေဖြင့် အိမ်ရှေ့စံမြေးတော်၏ ဘက်တော်သား ဖြစ်ခဲ့ကြခြင်းမှာ သစ္စာစောင့် သိမှုကြောင့် မဟုတ်ဘဲ လက်တွေ့ကျကျ အကျိုးမြော်မြင်မှုကြောင့်သာ ဖြစ်၏။ အိမ်ရှေ့စံမြေးတော်၏ တည်ငြိမ် လှသော ရာထူးအခြေအနေ၊ ပထမဆုံးသော တရားဝင်သားအဖြစ် မည်သူမျှ အစားထိုး၍ မရနိုင်လောက်အောင် ဖြစ်နေခြင်းကသာ သူတို့ နောက်လိုက်လုပ်ခဲ့ကြသည့် အခြေခံအချက် ဖြစ်သည် မဟုတ်ပါလား။

သို့သော်လည်း ယခုကဲ့သို့ ဖော်ထုတ်ချက်ကြီး ထွက်ပေါ်လာပြီးနောက်တွင်မူ…

သူတို့သည် အတိတ် ချူမင်းဆက်တုန်းက ဖြစ်ပွားခဲ့ဖူးသော အလားတူ အခြေအနေတစ်ခုကို ပြန်လည် သတိရ သွားကြမိသည်။

ထိုအချိန်က ချူမင်းဆက်ရဲ့ ကျန်းကျုန်း ဧကရာဇ်တွင် သားတော် မထွန်းကားသဖြင့် ဆွေမျိုးတစ်ဦး၏ သားကို မွေးစားကာ အိမ်ရှေ့စံအဖြစ် သတ်မှတ်ခဲ့ရသည်။ ထိုသူကား နောင်တွင် ကျုံးကျုန်း ဧကရာဇ် ဖြစ်လာမည့်သူပင်။ သို့သော်လည်း ငါးနှစ်အကြာတွင် ကျန်းကျုန်း ဧကရာဇ်တွင် သွေးသားအရင်း ဖြစ်သော သားတော်တစ်ပါး မွေးဖွား လာခဲ့သဖြင့် ကျုံးကျုန်းကို မိမိ၏ မိခင်ရင်း မိသားစုထံသို့ ချက်ချင်း ပြန်လည် နှင်လွှတ်ခဲ့တော့သည်။ ကံဆိုးစွာဖြင့် ထိုမင်းသားငယ်လေး ကွယ်လွန်သွားခဲ့ရသဖြင့် ကျန်းကျုန်းဧကရာဇ်သည် ကျုံးကျုန်းကို နန်းတော်ထဲသို့ တခါပြန်၍ ခေါ်ယူခဲ့ပြန်သည်။ နှစ်အနည်းငယ် ကြာသောအခါ ကျန်းကျုန်းတွင် နောက်ထပ် သားတော် တစ်ပါး ထပ်မံ ထွန်းကား ပြန်သဖြင့် ကျုံးကျုန်းကို နောက်တစ်ကြိမ် ထပ်မံ နှင်ထုတ်ခဲ့ပြန်သည်။ ထိုသားတော်လေးပါ ထပ်မံ ကွယ်လွန် သွားခဲ့ရပြန်သောအခါမှသာ ကျုံးကျုန်းကို နန်းတော်ထဲသို့ နောက်ဆုံး တစ်ကြိမ် ပြန်လည် ခေါ်ယူခဲ့ခြင်း ဖြစ်ပေသည်။

ဤကဲ့သို့ ထီးနန်း ဆက်ခံမှု အပြောင်းအလဲ သံသရာကြီးကြောင့်ပင် ရှေးလူကြီးများက “သုံးကြိမ်သွင်း၊ နှစ်ကြိမ်ထုတ်” ဟူ၍ ဇွတ်အတင်း ဆုံးဖြတ်ချက် ချတတ်ခြင်းကို သတိပေးစကားအဖြစ် ပြောစမှတ် ပြုခဲ့ကြခြင်း ဖြစ်၏။

ထိုအမတ်မင်းများသည် ဤအချက်ကို တွေးမိလိုက်ရုံဖြင့် မျက်နှာများ ပြာနှမ်းကုန်ကြတော့သည်။

*တကယ်လို့သာ အိမ်ရှေ့စံမင်းသမီးက သားတစ်ယောက် မွေးဖွားလာခဲ့ရင် ဧကရာဇ်အိုကြီးက အခုရှိနေတဲ့ အိမ်ရှေ့စံ မြေးတော်ကို သူ့ရဲ့ မိခင်ရင်းဆီ ပြန်ပို့ပစ်လိုက်မှာ သေချာတယ်။ ဒါဆိုရင် ငါတို့ရဲ့ဘဝက ဘာဖြ စ်သွားမှာလဲ၊ ငါတို့က အိမ်ရှေ့စံ မြေးတော်ရဲ့ အုပ်စုနဲ့ အသက်ပေးပြီး ပတ်သက်ထားခဲ့ကြတာ*

အိမ်ရှေ့စံမင်းသားသည် သူ၏ နားထင်မှ ချွေးများကို သုတ်ချင်စိတ် ပေါက်သွားတော့သည်။

သူသည် စိတ်ထဲကနေ ရှုရန်မြောင်ကို အကြိမ်ကြိမ် အခါခါ ကျိန်ဆဲနေမိသော်လည်း မျက်နှာပြင်တွင်မူ သူ၏ ထုံးစံအတိုင်း ပေါ့ပျက်ပျက် အမူအရာကို ဆက်လက် ထိန်းသိမ်းထားရင်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင် လိုက်သည်။

“မင်းတို့ စိုးရိမ်တာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ စဉ်းစားကြည့်ပါဦး၊ တကယ်လို့ ငါနဲ့ ငါ့ဇနီးသာ နောက်ထပ် ကလေးတွေ ထပ်မွေးနိုင်ဦးမယ်ဆိုရင် အခုထိ မမွေးဘဲ နေပါ့မလား၊ ဒါတင်မကသေးဘူး၊ အရှင်မင်းကြီး ကိုယ်တိုင်လည်း ကျန်းကျုန်း ဧကရာဇ်တုန်းကလို အမှားမျိုးကို နောက်ထပ် ဘယ်တော့မှ ထပ်ပြီး မကျူးလွန် စေရဘူးလို့ ကတိပြုထားပြီးသား၊ နောက်ထပ် သားတစ်ယောက် မွေးလာခဲ့ရင်တောင်မှ အခုရှိနေတဲ့ အိမ်ရှေ့စံ မြေးတော်သာ စည်းကမ်းရှိရှိ ကျင့်ဝတ်သိက္ခာရှိရှိ ပြုမူနေသရွေ့တော့ သူ့ရဲ့ ထီးနန်းဆက်ခံသူ နေရာက လုံးဝ ယိုင်နဲ့ သွားမှာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက နန်းတွင်း အမိန့်တော်အဖြစ်ပါ ကတိစကား ပေးထားပြီးသား၊ တကယ်လို့ မင်းတို့ ငါ့စကားကို သံသယဝင်နေတယ်ဆိုရင် အရှင်မင်းကြီးကို ကိုယ်တိုင် သွားပြီး လျှောက်မေးကြည့်လို့ ရတယ်”

“အရှင်မင်းကြီး ဘယ်မှာလဲ”

“သူက အခုတင်ပဲ…”

အိမ်ရှေ့စံမင်းသား လှည့်ကြည့်လိုက်ရာ ဧကရာဇ်၏ နန်းတွင်းဝေါယာဉ်ကြီးမှာ စင်္ကြံလမ်းအတိုင်း ဝေးရာသို့ လစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်ကို မြင်တွေ့လိုက်ရတော့သည်။

အိမ်ရှေ့စံမင်းသား: “…”

ဆဲရေးတိုင်းထွာချင်သည့် စကားလုံးများစွာမှာလည်း သူ၏ နှုတ်ခမ်းဝအထိပင် ဆောင့်တက်လာခဲ့တော့သည်။

--------------------------------------------------------

“ဟူး… ကပ်သီးလေးပဲ”

မိဖုရားခေါင်ကြီး၏ အဆောင်တော်သို့ သွားရာလမ်းတွင် ဧကရာဇ်အိုကြီးသည် ညီလာခံခန်းမရှိ မှူးမတ်များ၏ တုံ့ပြန်မှုများကို ပြန်လည် တွေးတောမိရင်း မိမိ၏ လျှင်မြန်လှသော မဟာဗျူဟာမြောက် လစ်ထွက်မှုကြီးအတွက် ရင်ထဲကနေ ကျေးဇူးတင်နေမိတော့သည်။

“အိမ်ရှေ့စံမင်းသားက ဒီကိစ္စကို သေချာပေါက် ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ၊ ငါ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိတယ်”

*ဟုတ်တယ်၊ အဲဒါပဲ*

မိမိကိုယ်မိမိ ကျိုးကြောင်းဆင်ခြင်ကာ စိတ်အေးသွားပြီးနောက် ဧကရာဇ်အိုကြီးသည် မိဖုရားခေါင်ကြီး၏ အဆောင်တော်ထဲသို့ လှမ်းဝင်လိုက်သည်။ လေထုထဲတွင် ရရှိလိုက်သော ညှီစို့စို့ သွေးနံ့ကြောင့် သူ၏ မျက်နှာ အမူအရာမှာ ချက်ချင်းပင် တည်တံ့ ခက်ထန်သွားခဲ့၏။ သူသည် မိဖုရားခေါင်ကြီးသော်ထံသို့ အမြန်ဆုံး လှမ်းသွားလိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

“မိဖုရား… မင်း ဘာမှမဖြစ်ဘူးမလား”

“ကျွန်တော်မျိုးမ ဘာမှမဖြစ်ပါဘူး၊ သူမရဲ့ အခြေအနေကတော့ အခု စိတ်ချရတဲ့ အခြေအနေကို ရောက်သွားပါပြီ၊ အစပိုင်းတုန်းကတော့ သူမက သေဖို့ပဲ ဇွတ်ကြိုးစားနေတာ၊ ဒါပေမဲ့ ကျွန်တော်မျိုးမကပဲ သူမ စိတ်သက်သာရာ ရအောင် ဖျောင်းဖျနားချပေးလိုက်ရတယ် ဘုရား”

“ကိုယ်တော်က သူမအကြောင်းကို မေးနေတာ မဟုတ်ဘူး၊ မိဖုရား၊ မင်းအကြောင်းကို မေးနေတာပါ၊ မင်းမှာ ဘာမှ ထိခိုက်ဒဏ်ရာမှ မရခဲ့ဘူးမလား”

မိဖုရားခေါင်ကြီးသော်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ကျွန်တော်မျိုးမ ဘာမှမဖြစ်ပါဘူး”

ဧကရာဇ်အိုကြီးသည် သူမ၏ ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ လက်ကို တွဲကိုင်ထားရင်း ယနေ့ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို အစအဆုံး အသေးစိတ် ပြန်လည်ပြောပြလေတော့သည်။ သူ ဘာဖြစ်လို့ သူမဆီကို အပြေးအလွှား လာခဲ့ရတာလဲဆိုတဲ့ အကြောင်းကနေစလို့ အိမ်ရှေ့စံမြေးတော်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ထိတ်လန့်စရာ အမှန်တရားတွေ အထိပင်။

အိမ်ရှေ့စံ မြေးတော်အနေဖြင့် ကြင်ယာတော်ချင်နှင့် အတူတူရှိနေခွင့်ရရန်အတွက် သူ၏ ရာထူးဂုဏ်ဒြပ်တွေကိုပါ စွန့်ပစ်ဖို့ လိုလိုလားလား ရှိနေတယ်ဆိုတာကို ကြားလိုက်ရသောအခါ ၎င်းမှာ ရင်ထဲကလာတဲ့ စကားစစ်စစ် ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒေါသအရှိန်ကြောင့် ခပ်ရမ်းရမ်း အော်ဟစ်လိုက်တာပဲဖြစ်ဖြစ် မိဖုရားခေါင်ကြီး၏ မျက်မှောင်မှာမူ ပြင်းထန်စွာ ကုပ်သွားခဲ့ရတော့သည်။

“ကျွန်တော်မျိုးမ ဒါကို ကြိုပြီး သံသယဝင်နေခဲ့တာ အမှန်ပဲ”

သူမက ဆိုသည်။

“ဟုတ်လား”

“ဒါကလဲ ကျွန်တော်မျိုးမအနေနဲ့ ကြင်ယာတော်ချင်ကို ဒီအဆောင်တော်မှာပဲ ဇွတ်အတင်း ဆွဲထားပြီး စောင့်ရှောက် ပေးခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပေါ့၊ သူမရဲ့ သနားစရာ ကောင်းလှတဲ့ ဘဝအခြေအနေကို စာနာမိတာ အပြင် အိမ်ရှေ့စံ မြေးတော်အနေနဲ့ သူ ထမ်းဆောင်ရမယ့် ရာထူးတာဝန်ရဲ့ ကြီးလေးမှုကို တကယ်ပဲ ထမ်းပိုးနိုင်စွမ်း ရှိ၊ မရှိဆိုတာကိုပါ ကျွန်တော်မျိုးမ စမ်းသပ်ကြည့်ချင်ခဲ့တာ၊ ကြင်ယာတော်ချင်နဲ့ မတွေ့ဆုံခင်တုန်းကတော့ သူက အရည်အချင်း အဖက်ဖက်က ပြည့်စုံတဲ့ ပါရမီရှင်တစ်ယောက်ပဲလေ၊ စာပေပိုင်းမှာကော၊ စစ်ရေးပိုင်းမှာကော ကျွမ်းကျင် နှံ့စပ်တယ်၊ ဉာဏ်ပညာလည်း ထက်မြက်ပြီး ပြုမူဆောင်ရွက်သမျှကလည်း တည်ငြိမ် ရင့်ကျက်လှတယ်၊ ကျွန်တော်မျိုးမတို့အားလုံး သူ့ကို မိသားစုရဲ့ တတိယမျိုးဆက်ကို ဦးဆောင်မယ့် ကြီးမြတ်တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်လာလိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ထားခဲ့ကြတာ မဟုတ်လား ဘုရား”

All Chapters