အခန်း ၁၉၂
Vol. 20 Ch. 192
192
ချင်ရန် ပြောလိုက်သည့် စကားများကြောင့် အချုပ်ခန်းထဲမှ ဘားပိုင်ရှင် လူထွားကြီးမှာ မယုံကြည်နိုင်လောက်အောင်ပင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ထို့နောက် လူထွားကြီးသည် ရူးသွပ်သွားလုမတတ် ဒေါသတကြီးဖြင့် အော်ဟစ်လေတော့၏။
“မင်း ဘာတွေ လာလျှောက်ပြောနေတာလဲ၊ ငါက လူတစ်ယောက်ကို ရိုက်ရုံတင် ရိုက်မိတာလေ၊ လျော်ကြေးပေးလိုက်ရင် ရပြီ မဟုတ်လား၊ မသကာ ငါ ထောင်ထဲမှာ တစ်လလောက် နေပေးရင် ရပြီလေ၊ အခု မင်းပြောတဲ့စကားက ဘာသဘောလဲ၊ မသိရင်ပဲ ငါက တစ်သက်တစ်ကျွန်း ကျခံရတော့မယ့် ပုံစံနဲ့ မင်း စကားကို ပြင်ပြောစမ်း”
လူထွားကြီးမှာ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားရသည်။
သို့သော် ချင်ရန်ကလည်း အပျော်သဘော နောက်ပြောင်နေခြင်း မဟုတ်ချေ။
သူသည် သာမန် ရန်ပွဲလေးတစ်ခုမှတစ်ဆင့် ထိုလူထွားကြီး၏ နောက်ကြောင်းအားလုံးကို အမြစ်ပါမကျန် လှန်လှောစုံစမ်းခဲ့ပြီး ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုပါ ကွင်းဆက်လိုက် ရှာဖွေဖော်ထုတ်နိုင်ခဲ့၏။
ထို့ကြောင့်ပင် ချင်ရန်မှာ ထိုလူထွားကြီးကို ဥပဒေအရ ပြစ်ဒဏ် ကြီးကြီးမားမား ချမှတ်နိုင်ရန်အတွက် အထောက်အထား အပြည့်အစုံဖြင့် ပြင်ဆင်နေခြင်းပင်။
ချင်ရန်မှာမူ လူထွားကြီး၏ အော်ဟစ်နေသည့် အသံများကို အဖက်မလုပ်ဘဲ လှည့်ထွက်ခဲ့တော့သည်။
နောက်ဆက်တွဲ ကိစ္စရပ်များမှာ သူနှင့် မဆိုင်တော့ဘဲ အခြား တာဝန်ရှိသူများက ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်၏။
မည်သို့ပင် ဖြစ်စေကာမူ ထိုဘားပိုင်ရှင်မှာ သူကျူးလွန်ခဲ့သော ပြစ်မှုပေါင်းစုံ၏ အဓိက ကြိုးကိုင်သူ ဖြစ်သည့်အတွက် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ထက်မနည်း ကျခံရဖွယ် ရှိနေပြီး လွတ်မြောက်ရန် လမ်းစ မရှိတော့ချေ။
၎င်းအပြင် သူ၏ မတရားသဖြင့် သိမ်းပိုက်ထားသော ပိုင်ဆိုင်မှုများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ နစ်နာသူများထံ နစ်နာကြေး ထောက်ပံ့ငွေ ပြန်လည် ပေးလျော်စေမည် ဖြစ်သည်။
ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချင်ရန်သည် နေ့စဉ်ရက်ဆက် ဆိုသလို တိုင်ကြားချက်များကို လက်ခံဖြေရှင်းပေးနေခဲ့ရသည်။
သို့သော် သူ ဖြေရှင်းခဲ့ရသည့် ဘားပိုင်ရှင်ကဲ့သို့သော လူမိုက်ခေါင်းဆောင်ကြီးမျိုးမှာမူ အလွန်ပင် ရှားပါးလှ၏။
အများစုမှာ လမ်းဘေးတွင် သုံးယောက်တစ်တွဲ၊ ငါးယောက်တစ်အုပ်ဖြင့် လျှောက်သွားကာ မိန်းကလေးငယ်များနှင့် စုံတွဲများကို လိုက်လံနှောင့်ယှက်ခြင်း၊ သို့မဟုတ် သန်းခေါင်ယံအချိန် လမ်းဘေးအကင်ဆိုင်များတွင် အရက်မူးပြီး ရမ်းကားခြင်း စသည့် အမှုကြီးအကျယ် မဟုတ်သော ကိစ္စရပ်လေးများကိုသာ ဖြေရှင်းခဲ့ရခြင်း ဖြစ်သည်။
ဤကဲ့သို့သော ဖြစ်စဉ်မျိုးစုံအတွက် ချင်ရန်သည် ရဲအင်အားအပြည့်ဖြင့် နှစ်ရက်အတွင်း တိုင်ကြားချက်ပေါင်း ၅၀ ကျော်ကို လိုက်လံဖြေရှင်းခဲ့၏။
အကြိမ်တိုင်းတွင် လူအမြောက်အမြားကို ဖမ်းဆီးနိုင်ခဲ့ပြီး အချို့သော အခြေအနေများတွင် မျက်စိမမြင်သော အရက်သမားအချို့က ချင်ရန်ကိုပင် ဝင်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြသေးသည်။
သို့သော် ရလဒ်မှာမူ တွေးကြည့်ရုံနှင့် သိနိုင်၏။
ချင်ရန်၏ ခွန်အားမှာ ထိုအရက်မူးသမားများကို အသာအယာ ဖိနှိပ်နိုင်စွမ်း ရှိရာ လက်သီးအနည်းငယ် ကျွေးလိုက်ရုံမျှဖြင့် အရက်ရှိန်များ ချက်ချင်း ပြယ်သွားကြရသည်။
ယနေ့တွင်မူ ချင်ရန်သည် အမှုသစ်တစ်ခုကို လက်ခံရရှိခဲ့၏။
၎င်းမှာ လူမသိသူမသိ လျှို့ဝှက်စွာ ဖွင့်လှစ်ထားသော မြေအောက် လောင်းကစားဒိုင်တစ်ခုအကြောင်းပင်။
တိုင်ကြားခဲ့သည့်သူမှာ အခြားသူမဟုတ်ဘဲ ထိုဝိုင်းထဲတွင် ကစားနေသည့် လောင်းကစားသမားတစ်ဦးပင် ဖြစ်သည်။
ထိုလောင်းကစားဝိုင်းတွင် ဒိုင်သည် လောင်းကစားသမားများထံမှ ငွေကြေးများကို မတရား လိမ်လည်လှည့်ဖြားရန်အတွက် သူတို့ဘက်မှ အကွက်ဆင်သူများ ကို စနစ်တကျ ထည့်သွင်းထားကြောင်း တိုင်ကြားလာခြင်းပင်။
ရဲတိုင်ခဲ့သော ထိုလောင်းကစားသမားမှာ ဒိုင်၏ လိမ်လည်လှည့်ဖြားမှုကို ရိပ်မိသွားပြီးနောက် ရက်စက်ကြမ်းကြုတ်လှသော အကျိုးဆက်ကို ခံစားခဲ့ရသည်။
သူ့လက်ညှိုးများမှာ အဖြတ်ခံခဲ့ရပြီး အကယ်၍ ရဲတိုင်ပါက တစ်မိသားစုလုံးကို အစပျောက် သတ်ပစ်မည်ဟု သွေးအေးအေးဖြင့် ခြိမ်းခြောက်ခြင်း ခံခဲ့ရ၏။
သို့သော် ခံပြင်းနာကျည်းချက်က အဆမတန် ကြီးမားပြင်းထန်လှသဖြင့် ထိုလောင်းကစားသမားသည် မတတ်သာသည့်အဆုံး မိမိဘဝနှင့် မိသားစု လုံခြုံရေးကိုပါ ပုံအောလောင်းကြေးထပ်ကာ ရဲတပ်ဖွဲ့ထံ လာရောက် အကြောင်းကြားခဲ့ခြင်းပင်။
တိုင်ကြားစာကို ရရှိသည်နှင့် တစ်ပြိုင်နက် ချင်ရန်သည် ရဲအရာရှိ ၁၀ ဦးကို ချက်ချင်းပင် စုစည်းကာ ထိုမြေအောက် လောင်းကစားဒိုင်ကို အမြစ်ပြတ် ဝင်ရောက်စီးနင်းရန် ပြင်ဆင်လိုက်တော့သည်။
နိုင်ငံတော်၏ ဥပဒေအရ လောင်းကစားဝိုင်းများကို တရားဝင် ဖွင့်လှစ်ခွင့် မရှိသည့်အပြင် သူတို့က လူတစ်ယောက်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်သည့် လက်ညှိုးကိုပင် ဖြတ်တောက်ရဲသည်အထိ ထိုမျှလောက် မောက်မာရိုင်းစိုင်း အတင့်ရဲနေလိမ့်မည်ဟု ချင်ရန် လုံးဝ မထင်ထားခဲ့ချေ။
*ဝူး*
ရဲကားမှာ ဌာနချုပ်မှ ချက်ချင်းပင် စတင်ထွက်ခွာခဲ့ပြီး ချင်ရန်အပါအဝင် ရဲအရာရှိ ၁၁ ဦးကို တင်ဆောင်ကာ မြေအောက် လောင်းကစားဒိုင် ရှိရာသို့ တရှိန်ထိုး မောင်းနှင်သွားတော့သည်။
ထိုလောင်းကစားဝိုင်းမှာ ဘီလီယက်ခုံ ဆိုင်ခန်းတစ်ခု၏ တတိယထပ်တွင် အလွန်လျှို့ဝှက်စွာ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး မည်သူမျှ မသိသည့် လျှို့ဝှက်ထွက်ပေါက်တစ်ခုပင် ရှိနေသေး၏။
ချင်ရန်နှင့် ရဲအရာရှိများသည် လူမိုက်များ အလစ်အငိုက် ဖမ်းဆီးမိသွားစေရန်အတွက် အရပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။
မကြာမီတွင် သူတို့ လိုက်ပါစီးနင်းလာသည့် ရဲကားမှာ လျှို့ဝှက်စွာ ဖွင့်ထားသော လောင်းကစားဝိုင်း ရှိရာသို့ ရောက်ရှိလာခဲ့၏။
ထို့နောက် ချင်ရန်နှင့် အခြားသူများသည် ကားပေါ်မှ အသာအယာ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်တွင် လူသူကင်းရှင်းနေသည်ကို မြင်လိုက်ရသောအခါတွင် ခြေသံကို အသာဖွဖွနင်းလျက် လောင်းကစားဒိုင် ရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်တက်လာခဲ့ကြသည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော လောင်းကစားဒိုင်များသည် အရေးကြီးသော အချိန်များတွင် ရဲများ၏ အလစ်ဝင်ရောက် စီးနင်းမှုကို ရှောင်တိမ်းကာ ထွက်ပြေးနိုင်ရန် လျှို့ဝှက်တံခါးများကို ပြင်ဆင်ထားတတ်ကြ၏။
ချင်ရန်သည် တံခါးအသေးလေးတစ်ခု ရှေ့သို့ တိတ်တဆိတ် ရောက်ရှိလာပြီး စိတ်ကို တည်ငြိမ်သွားအောင် ပြုလုပ်လိုက်သည်။
ထိုစဉ် အခန်းထဲမှ ထွက်ပေါ်နေသော အော်ဟစ်သံများနှင့် ညည်းတွားတောင်းပန်သံ တိုးတိုးလေးကို ကြားလိုက်ရ၏။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်မိန်းမကိုတော့ ဘာမှမလုပ်ပါနဲ့ဗျာ၊ တောင်းပန်ပါတယ်ဗျာ”
၎င်းမှာ အမျိုးသားတစ်ဦး၏ ဝမ်းပန်းတကြီး ငိုယိုတောင်းပန်သံပင် ဖြစ်သည်။
“တောက် ခွေးမသား၊ မင်း စောစောက ကစားတုန်းက ပိုက်ဆံမရှိလို့ မင်းမိန်းမကို ပေါင်ပြီး ကစားမယ်လို့ ပြောခဲ့တာလေ မဟုတ်ဘူးလား၊ မေ့သွားပြီလား အခု ရှုံးသွားတော့မှ ဘာလို့ ကတိလာဖျက်ချင်နေရတာလဲ”
“ခင်ဗျားတို့ ကျွန်တော့်လက်ညှိုးတွေကို အကုန်ဖြတ်ချင်လည်း ဖြတ်ပါ ဒါပေမဲ့ ကျွန်တော့်မိန်းမကိုတော့ မထိပါနဲ့ဗျာ တောင်းပန်ပါတယ်ဗျာ”
ထိုအမျိုးသားမှာ အသိတရား ပြန်ဝင်လာသည့်အလား အထပ်ထပ်အခါခါ ငိုယိုပြီး တောင်းပန်ကာ အော်ဟစ်နေသည်။
လောင်းကစား၏ ဆွဲဆောင်မှုမှာ အလွန်ပြင်းထန်လှပြီး အရာအားလုံးကို ဆုံးရှုံးသွားသည့် အခိုက်အတန့်တွင်မှ အသိတရားမှာ ရုတ်တရက် ပြန်လည်ပွင့်လင်းလာတတ်စမြဲပင်။
“မင်းရဲ့ အစုတ်ပလုတ် လက်ညှိုးတွေကို ဘယ်သူက လိုချင်နေလို့လဲ၊ မင်းမိန်းမက မင်းလက်ညှိုးတွေထက် အများကြီး ပိုပြီး တန်ဖိုးရှိတယ်ကွ ဟဲဟဲ”
လူမိုက်တစ်ဦးက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်၏။
*ရှပ်*
ထိုအခိုက် အဝတ်အစားများ ဆုတ်ဖြဲခံလိုက်ရသည့် အသံကို ချင်ရန် နားနှင့် ဆက်ဆက် ကြားလိုက်ရ၏။
ချင်ရန် အထဲသို့ဝင်ရန် ညွှန်ကြားချက် ပေးလိုက်သည်။
“အခုပဲ ဝင်စီးကြစို့”
*ဒုန်း*
ချင်ရန် ရှေ့မှဦးဆောင်ကာ ပိတ်ထားသော တံခါးကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင့်ကန်ချလိုက်ရာ တံခါးချပ်ကြီးတစ်ခုလုံး ဝုန်းခနဲ လွင့်ထွက်သွားတော့၏။
လောင်းကစားကွင်းအတွင်းရှိ လူအများအပြားမှာ ထိုရုတ်တရက် ပေါက်ကွဲထွက်လာသည့် အသံကျယ်ကြီးကြောင့် လန့်ဖျတ်သွားကြပြီး တံခါးဝဆီသို့ ပြိုင်တူ လှည့်ကြည့်မိကြသည်။
ထိုအခါ အရပ်ဝတ်များဖြင့် အသွင်ယူကာ သေနတ်များကိုယ်စီဖြင့် စီးနင်းဝင်ရောက်လာသော ချင်ရန်နှင့် သူ၏ရဲအဖွဲ့ကို ကြက်သေသေလျက် မြင်တွေ့လိုက်ကြရ၏။
အခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ချင်ရန်သည် အသက် ၃၀ ခန့်ရှိသော အမျိုးသားတစ်ဦးကို မြင်လိုက်ရပြီး ထိုသူသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ဖြင့် မျက်လုံးများ နီမြန်းကာ မျက်ရည်များ တဖြိုင်ဖြိုင် စီးကျနေပြီး အထပ်ထပ်အခါခါ ခေါင်းငုံ့ဦးချ၍ တောင်းပန်နေသည်ကို တွေ့လိုက်ရသည်။
ထိုအနီးအနားတွင် အသက် ၃၀ ခန့်ရှိသော နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ရှိနေပြီး သူမသည် လှပသော မျက်နှာနှင့် အချိုးအစားကျနသော ကိုယ်လုံးကိုယ်ထည်ရှိသူ ဖြစ်၏။
သို့သော် ယခုအခါတွင်မူ လူမိုက်အမျိုးသားနှစ်ဦးက သူမ လက်မောင်းများကို ဘေးတစ်ဖက်တစ်ချက်မှ အတင်းအဓမ္မ ချုပ်ကိုင်ထားသဖြင့် ရုန်းမထွက်နိုင်ဘဲ အရှက်တကွဲ ဖြစ်နေရရှာသည်။
သူ့ရှေ့တွင်မူ မျက်နှာတွင် ဓားဒဏ်ရာ အမာရွတ်ကြီးရှိသော လူမိုက်တစ်ဦးက ဆုတ်ဖြဲထားသော အဝတ်စများကို ကိုင်ဆောင်ကာ မောက်မာစွာ ရပ်နေပြီး အမျိုးသမီး၏ ကိုယ်ခန္ဓာပေါ်ရှိ မမြင်အပ်သည့် အစိတ်အပိုင်းအချို့မှာလည်း ပေါ်နေ၏။
“မင်းတို့က ဘယ်သူတွေလဲ”
အမာရွတ်နှင့် လူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရဲတွေပဲ၊ အားလုံး ဝပ်နေကြစမ်း၊ နေရာက တစ်လက်မမှ မရွေ့နဲ့”
ချင်ရန်က အေးစက်စွာဖြင့် အော်ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ အမာရွတ်နှင့်လူ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း သူ့ဘေးပတ်ပတ်လည်ရှိ လူမိုက်များကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
“သူ ဘာပြောလိုက်တာလဲ မင်းတို့ ကြားလိုက်လား”
“ကျွန်တော် မကြားဘူး”
“ဘယ်သူ ကြားလိုက်လဲ”
“ကျွန်တော် ထင်တာတော့ ဒီကောင်တွေက ဒီကို သက်သက်လာပြီး ပြဿနာရှာနေတာ ထင်တယ်၊ နည်းနည်းပါးပါးလေး ပေးကမ်းလိုက်ပါ အစ်ကိုကြီးရယ် ဒါမှ အမြှီးလေး နှံ့ပြီး ပြန်သွားမှာ ဟားဟား”
လောင်းကစားကွင်းအတွင်းရှိ ဆော့နေကြသည့် လူအများစုမှာ လျှို့ဝှက်တံခါးမှတစ်ဆင့် လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားကြပြီ ဖြစ်သော်လည်း ကျန်ရှိနေသော လူမိုက်အများစုမှာမူ တဟားဟား ရယ်မောကာ သူတို့၏ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နေကြပြီး ရဲများကို အရေးမစိုက်သည့်အလား ပြုမူနေကြသည်။
သူတို့သည် ချင်ရန်၏ စကားကို မကြားချင်ယောင် ဆောင်နေကြခြင်းပင်။
“ပြဿနာ လာရှာနေမှတော့ ဘာစောင့်နေဦးမှာလဲ၊ ဝိုင်းချပစ်ကြ”
အမာရွတ်နှင့် လူကြီးက အော်ဟစ်လိုက်သည်။
သူသည် အကောင်းဆုံး အစားအစာကို စားသုံးနေစဉ်တွင်မှ တစ်စုံတစ်ဦးက ဝင်ရောက်နှောင့်ယှက်လိုက်သဖြင့် အဆမတန် ဒေါသထွက်နေခြင်း ဖြစ်၏။
အမာရွတ်နှင့်လူသည် ဤလူများမှာ ရဲများ ဖြစ်နိုင်ကြောင်း ရိပ်မိသော်လည်း လုံးဝ ဂရုမစိုက်ဟန်ဖြင့် မောက်မာနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူတို့က ရဲယူနီဖောင်း ဝတ်ဆင်ထားကြသည်လည်း မဟုတ်ချေ။
နောက်ပိုင်း ကိစ္စအေးသွားသည့်အခါကျမှ ရဲစခန်းတွင် သက်သက်မဲ့ စွပ်စွဲခြင်းဖြစ်ကြောင်း လုံးဝ ငြင်းဆိုပစ်လိုက်ရုံသာ ရှိသည်။
'ငါတို့ဘာမှ မလုပ်ဘူး၊ ဘာမှလည်း မကြားလိုက်ရဘူး' ဟု ဆင်ခြေပေးရန် အလွန်လွယ်ကူလှပြီး သူ့လက်အောက်ငယ်သားများကလည်း စကားချင်းညှိကာ ဝိုင်းဝန်းလိမ်လည်ပေးကြမည်မှာ သေချာနေသောကြောင့် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သူ့လက်အောက်ငယ်သားတွေကို အသုံးချပြီး ဒီအရပ်ဝတ်ရဲတွေကို အရင်ဆုံး ရိုက်နှက်နှိမ်နင်းခိုင်းဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။
ထို့နောက် သူက ဘေးမှ လူမိုက်နှစ်ဦးကို ရက်စက်စွာ အမိန့်ပေးလိုက်ပြီး ထိုအသက် ၃၀ အရွယ် အမျိုးသမီးအား သဲလွန်စဖျောက်ရန်နှင့် သူ၏ ယုတ်မာသော ဆန္ဒကို ဖြည့်ဆည်းရန်အတွက် သန့်စင်ခန်းအတွင်းသို့ အတင်းအဓမ္မ ဆွဲခေါ်သွားစေ၏။
ထိုယုတ်မာရိုင်းစိုင်းလှသော မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ ချင်ရန်၏ မျက်ဝန်းများမှာ စူးရှစွာ ကျဉ်းမြောင်းသွားပြီး တစ်ကိုယ်လုံးမှ သွေးအေးအေးဖြင့် သတ်ဖြတ်လိုသော အေးစက်လှသည့် အငွေ့အသက်များ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
ဤမြေအောက် လောင်းကစားဒိုင်ပိုင်ရှင်များနှင့် လူမိုက်များသည် တကယ့်ကို ဥပဒေအပေါ် အကြောက်တရား ကင်းမဲ့လွန်းလှပေသည်။
ရဲတပ်ဖွဲ့က မိမိတို့၏ အဆင့်အတန်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတိအလင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါလျက်နှင့် သူတို့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်း လုံးဝမရှိသည့်အပြင် ရဲများ၏ ရှေ့မှောက်မျက်စိအောက်တွင်ပင် ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်ဝံ့ကြသည်အထိ ရဲတင်းလွန်းလှပေ၏။
“ချပစ်”
“သူ့အမေကို လာရှာတဲ့ကောင်တွေကို ချပစ်ကြစမ်း”
ထိုမျှတင်မကသေးဘဲ သူ့လက်အောက်ငယ်သား လူမိုက်အမြောက်အမြားမှာ ချင်ရန်နှင့် သူ့အဖွဲ့ထံသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
ချင်ရန် အနောက်မှ ရဲအရာရှိမှာ မျက်နှာအနည်းငယ် ပျက်သွား၏။
“ဒုက္ခပဲ ကျွန်တော်တို့ လူစုခွဲတဲ့ ဒိုင်းတွေ ယူမလာခဲ့ဘူး၊ ခေါင်းဆောင်ချင် ကျွန်တော်တို့ အနောက်ကို နည်းနည်း ဆုတ်ကြမလားဗျာ”
“အနောက်ဆုတ်ရမယ် ဟုတ်လား၊ ဘာလို့ ဆုတ်ရမှာလဲ လမ်းဘေးလူမိုက် ဒါဇင်အနည်းငယ်လောက်ကို ငါတို့က ဘာလို့ ကြောက်နေရမှာလဲ”
တစ်ဖက်တွင်မူ အသက် ၃၀ အရွယ် အမျိုးသမီးမှာ သန့်စင်ခန်းထဲသို့ အတင်းအဓမ္မ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး သူ့ခင်ပွန်းဖြစ်သူမှာ ဇနီးသည်ကို ကယ်တင်ရန်အတွက် ရူးသွပ်မတတ် ကြိုးပမ်းသော်လည်း လူမိုက်များ၏ ဝိုင်းဝန်းချုပ်နှောင်ခြင်းကို ခံထားရရှာသည်။
သန့်စင်ခန်းအတွင်းမှ ဇနီးသည်၏ ငြင်းဆန်အော်ဟစ်သံများကို အတိုင်းသား ကြားနေရသဖြင့် ထိုအမျိုးသားသည် နာကျည်းလွန်းလှသဖြင့် သွားများကို တင်းတင်းကြိတ်ကာ ပြင်းထန်စွာ ခံစားနေရရှာ၏။
ဤသည်မှာ ယောက်ျားတစ်ယောက်၏ အရှက်ရဆုံးနှင့် အခါးသီးဆုံး အခြေအနေပင် မဟုတ်လား။
သူ့ဇနီးသည်မှာ လောင်းကစားလုပ်ရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ သူ့အား အိမ်သို့ ထမင်းပြန်စားရန် လာရောက်ခေါ်ယူခြင်းသာ ဖြစ်သည်။
သို့သော် သူသည် ထိုကစားပွဲတွင် စိတ်ရူးပေါက်ကာ မိမိဇနီးသည်ကိုပင် လောင်းကြေးအဖြစ် ပုံအောခဲ့မိခြင်း ဖြစ်၏။
ထိုအရူးလုပ်ရပ်ကြောင့်ပင် ဤကဲ့သို့သော အနိဋ္ဌာရုံများ ဖြစ်ပွားလာရခြင်းပင်။
*ဘုန်း*
ယောက်ျားဖြစ်သူသည် နောင်တတရားများဖြင့် ရင်ထုမနာ ဖြစ်နေစဉ်မှာပင် လူမိုက်တစ်ဦးသည် သူ့ရှေ့တည့်တည့်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်လာပြီး နံရံကို အရှိန်ပြင်းထန်စွာဖြင့် ဆောင့်မိသွားသဖြင့် ထိုယောက်ျားဖြစ်သူမှာ အံ့ဩမှင်သက်သွားရတော့သည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့၏။
*ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ*