← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

201

အစည်းအဝေးခန်းမအတွင်းရှိ K2 အဖွဲ့ဝင်များမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားကြ၏။

အမှန်စင်စစ် K2 အဖွဲ့အစည်းအနေဖြင့် ယခင်က တရုတ်နိုင်ငံတွင် ကျင်းပသည့် လူငယ်အားကစားပြိုင်ပွဲ၌ လုပ်ကြံမှုများစွာကို ကြံစည်ခဲ့ဖူးသော်လည်း အကြီးအကျယ် ကျရှုံးခဲ့ရသည်။

ထိုသို့ ကျရှုံးပြီးနောက်ပိုင်း ပါရှားဒေသရှိ K2 အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများသည် အလွန်ပင် ခက်ခဲကျပ်တည်းလာခဲ့ပြီး စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရ၏။

သို့သော် ဤကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းမျိုးမှာ အလွယ်တကူ လက်လျှော့မည့်သူများ မဟုတ်ချေ။

ယခုအခါ သူတို့ထံသို့ လျှို့ဝှက်သတင်းစကားတစ်ခု ရောက်ရှိလာခဲ့၏။

၎င်းမှာ အမှတ် (၁) ဇီဝဗေဒဓာတ်ခွဲခန်းမှ ကြောက်မက်ဖွယ် ဗိုင်းရပ်စ်တစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဟူသော သတင်းပင်။

အကယ်၍ ထိုဗိုင်းရပ်စ်ကိုသာ တရုတ်နိုင်ငံတော်အတွင်း၌ ပထမဦးဆုံး အသုံးပြုနိုင်မည်ဆိုလျှင် အကျိုးဆက်မှာ တွေးတောရခက်လောက်အောင်ပင် ဖြစ်ပေလိမ့်မည်။

"အမှတ် (၁) ဇီဝဗေဒဓာတ်ခွဲခန်းဆိုတာ A-နိုင်ငံမှာ ရှိတာမဟုတ်လား"

အဖွဲ့ခေါင်းဆောင်တစ်ဦးက မနေနိုင်ဘဲ ဝင်ရောက်မေးမြန်းသည်။

"စိတ်မပူပါနဲ့၊ A-နိုင်ငံဘက်မှာ ငါတို့ကို ကူညီမယ့်သူတွေ ရှိပြီးသားမို့လို့ အခု ငါတို့ လုပ်ရမှာက လူတစ်ယောက်ကို ရှာဖို့ပဲ"

K2 အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူမှာ လေသံကို နှိမ့်ချကာ ဆက်ပြော၏။

"အဲ့ဒီလူကို ဘာလို့ လိုက်ရှာနေရတာလဲဆိုရင် သူ့ဆီမှာ အဲ့ဒီဗိုင်းရပ်စ်ကို ဖွင့်နိုင်မယ့် သော့ချက် ရှိနေလို့ပဲ၊ ဗိုင်းရပ်စ်ကို နေရာတစ်ခုမှာ ပိတ်လှောင်ထားတဲ့အတွက် သတ်မှတ်ထားတဲ့ လျှို့ဝှက်နံပါတ် မရှိရင် ဖွင့်လို့မရဘူး၊ ဒါကြောင့် လျှို့ဝှက်နံပါတ် ရှိတဲ့ အဲ့ဒီလူကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မယ်"

"ပြီးတော့ အဲ့ဒီ လျှို့ဝှက်နံပါတ်ကို ထိန်းချုပ်ထားတဲ့သူ ငါးယောက် ရှိတယ်၊ တခြား လေးယောက်ရဲ့ လုံခြုံရေးက အလွန်တင်းကျပ်တဲ့အတွက် ငါတို့အနေနဲ့ ထိုးဖောက်ဖို့ အတော်လေး ခက်ခဲလိမ့်မယ် ဒါပေမဲ့ အဲ့ဒီသူတွေထဲက တစ်ယောက်ကိုတော့ ငါတို့ လှုပ်ရှားလို့ရတယ်"

"ဘယ်သူလဲ"

အခြား K2 အဖွဲ့ဝင်တစ်ယောက်က မေးလိုက်၏။

"သူ့နာမည်က ကျောက်ဟိုင်ရှန့် လို့ ခေါ်တယ်၊ သူက မကြာခင် တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ 'ချစ်သူများကျွန်း' ကို တိတ်တဆိတ် သွားလိမ့်မယ်၊ ငါတို့ဘက်က လူလွှတ်ပြီး သူ့ထက်အရင် ကြိုရောက်နေမှပဲ ပြန်ပေးဆွဲလို့ရမှာ"

အဖွဲ့အစည်း၏ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။

“ဒါဆိုရင်လည်း အခုချက်ချင်းပဲ လူလွှတ်ပြီး ပြန်ပေးဆွဲခိုင်းလိုက်ကြတာပေါ့”

အစည်းအဝေးတက်ရောက်လာကြသည့် အခြားခေါင်းဆောင်များက ခေါင်းညိတ်ထောက်ခံကြ၏။

သူတို့သည် တရုတ်နိုင်ငံအပေါ် အငြိုးအတေးကြီးမားစွာ ထားရှိကြသဖြင့် ကြီးမားသော အထိနာမှုတစ်ခုကို ပေးချင်နေကြခြင်း ဖြစ်သည်။

“ငါတို့ဘက်က လူလွှတ်လို့ရတယ် ဒါပေမဲ့ ရည်ရွယ်ချက်ကိုတော့ လျှို့ဝှက်ထားရမယ်၊ ချစ်သူများကျွန်းကို နိုင်ငံအနှံ့ကလူတွေ အများကြီး သွားကြတာဆိုတော့ သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ပုံစံမျိုး ဟန်ပြလုပ်ရင်း၊ နောက်ကွယ်မှာတော့ ကျောက်ဟိုင်ရှန့်ကို တိတ်တဆိတ် ရှာပြီး ဗိုင်းရပ်စ်ကို ဖွင့်နိုင်မယ့် လျှို့ဝှက်နံပါတ်ကို အတင်းတောင်းရမယ်"

အဖွဲ့ထဲရှိ အကြီးအကဲတစ်ယောက်က တစ်ခုချင်းစီကို စနစ်တကျ ရှင်းပြလိုက်သည်။

သူသည် အစီအစဉ်ကို အလွန်သေချာကျနစွာ စဉ်းစားထားခြင်း ဖြစ်၏။

အကယ်၍ တရုတ်နိုင်ငံဘက်က ထိုကိစ္စကို ကြိုတင်ရိပ်မိသွားပါက တုံ့ပြန်မှုမှာ အလွန်ပြင်းထန်လိမ့်မည်ဖြစ်သဖြင့် ခြေရာလက်ရာမပြဘဲ တိတ်တဆိတ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးတွင် မည်သူ့ကို တာဝန်ပေးအပ်မည် အပါအဝင် အသေးစိတ်အချက်အလက်များကို ဆွေးနွေးခဲ့ကြပြီးနောက် တစ်နာရီကြာ မြေအောက်အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြတော့သည်။

တစ်ဖက်တွင်မူ ချစ်သူနှစ်ဦးမှာ ပျော်ရွှင်နေကြ၏။

ချင်ရန်နှင့် ရှကျဲတို့သည် တစ်နေ့တာလုံး လေယာဉ်စီးပြီးနောက် ချစ်သူများကျွန်းနှင့် အနီးဆုံး လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြသည်။

သူတို့နှစ်ဦးသည် လေဆိပ်မှ ထွက်ခွာလာပြီးနောက် ဆိပ်ကမ်းသို့ သွားရောက်ရန် တက္ကစီတစ်စီးကို ငှားရမ်းလိုက်ကြ၏။

ချစ်သူများကျွန်းသို့ သွားရောက်ရန် သင်္ဘောစီးခြင်းမှတစ်ပါး အခြားလမ်းမရှိသလောက်ပင်။

ကြွယ်ဝသည့် သူဌေးကြီးများကမူ ကိုယ်ပိုင်ရဟတ်ယာဉ်များဖြင့် ကျွန်းပေါ်သို့ တိုက်ရိုက် ပျံသန်းသွားနိုင်ကြပေသည်။

ချင်ရန်နှင့် ရှကျဲတို့သည် သင်္ဘောပေါ်သို့ တက်ရောက်ခဲ့ကြသည်။

အတိုင်းအဆမဲ့ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို လှမ်းကြည့်ရင်း ချင်ရန်သည် စိတ်လက်ပေါ့ပါးလန်းဆန်းမှုကို ခံစားရသဖြင့် ချစ်ရသည့် ရှကျဲအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်တော့၏။

ဤကဲ့သို့ အေးအေးလူလူရှိလှသော အချိန်မျိုးကို ရရှိရန်မှာ သူတို့အတွက် အလွန်ခဲယဉ်းလှသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမှုပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်ခဲ့ရပြီး၊ အရှိန်အဟုန်ပြင်းပြင်းဖြင့် လှည့်ကင်းတာဝန်များ ထမ်းဆောင်ခဲ့ရသောကြောင့် စွမ်းအင်ပြည့်ဝလှသော ချင်ရန်ပင် မောပန်းမှုကို ခံစားခဲ့ရရှာ၏။

ထို့ကြောင့် ဤအားလပ်ရက်သည် သူအတွက် အမှန်တကယ် လိုအပ်နေသည့်အရာပင်။

တောင်ပိုင်းဒေသသို့ ရောက်ရှိလာသည်နှင့် ရာသီဥတုမှာ ရုတ်တရက် နွေးထွေးလာသဖြင့် ချင်ရန်မှာ လက်တိုအင်္ကျီသို့ လဲလှယ်ဝတ်ဆင်လိုက်ပြီး ရှကျဲလည်း ထို့အတူပင် ဖြစ်သည်။

ရှကျဲသည် နုပျိုလှပပြီး ခေတ်မီသောအဝတ်အစားများကို ဝတ်ဆင်ထားရာ သူမ၏ ကောက်ကြောင်းအလှများ ပေါ်လွင်နေသဖြင့် ချင်ရန်မှာ စိတ်ထဲမှ တိတ်တဆိတ် ကျေနပ်မိသည်။

‘ငါကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ပျိုးထောင်ပေးခဲ့ရတာ အခုတော့ တော်တော်လေးကို ထွားကျိုင်းဖွံ့ဖြိုးလာခဲ့ပြီပဲ’

သူတို့နှစ်ဦးသည် သင်္ဘောပေါ်တွင် ထိုင်လျက် နွေးထွေးသောလေညင်းကို ခံစားရင်း လွတ်လပ်ပေါ့ပါးသောအရသာကို အပြည့်အဝ ခံစားနေကြသည်။

မကြာမီတွင် သင်္ဘောသည် ချစ်သူများကျွန်းဆိပ်ကမ်းသို့ ဆိုက်ရောက်သွား၏။

မျက်စိရှေ့တွင် သာယာလှပသော ချစ်သူများကျွန်းကို မြင်တွေ့နေရသည်။

ကျွန်း၏ကောင်းကင်ယံထက်တွင် သူဌေးကြီးများ၏ ကိုယ်ပိုင်ရဟတ်ယာဉ်မျိုးစုံ ပျံသန်းမောင်းနှင်နေသည်ကို မကြာခဏ မြင်တွေ့ရတတ်၏။

ချင်ရန်နှင့် ရှကျဲတို့သည် ကျွန်းပေါ်သို့ ခြေချမိသည်နှင့် ကြိုတင်ဘွတ်ကင်လုပ်ထားသော ဟိုတယ်သို့ တိုက်ရိုက် ဦးတည်သွားခဲ့ကြသည်။

ဤနေရာရှိ ဟိုတယ်များမှာ အလွန်ပင် ကြီးမားကျယ်ဝန်းပြီး ခမ်းနာသည့်အပြင် သားနားထည်ဝါလှ၏။

ယခုအခါ ချင်ရန်နှင့် ရှကျဲတို့သည် ဟိုတယ်ဧည့်ကြိုကောင်တာတွင် ရောက်ရှိနေပြီး သူတို့၏ ကိုယ်ပိုင် သက်သေခံအထောက်အထား အချက်အလက်များကို စာရင်းသွင်းနေကြသည်။

ထိုစဉ်မှာပင် အသံတစ်ခု လွင့်ပျံလာခဲ့၏။

"ချင်ရန်၊ နင် ဘာလို့ ဒီကို ရောက်နေတာလဲ"

ယခုလိုနေရာမျိုးမှာပင် အသိနှင့် လာတိုးရသည့်အဖြစ်ကြောင့် ချင်ရန်နှင့် ရှကျဲတို့ နှစ်ဦးစလုံး ဆွံ့အသွားကြသည်။

သူတို့နှစ်ဦး လှည့်ကြည့်လိုက်သောအခါ ကျန်းယွင်ဖျင်၏ သမီးဖြစ်သူ ကျန်းရှောင်ရှောင် ဖြစ်နေ၏။

ကျန်းရှောင်ရှောင်သည် ဘီကီနီရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ရင်သားအစုံမှာ ရှကျဲထက် နှစ်ဆခန့် ပိုမိုထွားကျိုင်းလှသည်။

ထိုအခိုက်အတန့်တွင် ရှကျဲသည် မိမိကိုယ်မိမိ အရပ်ပုသွားသလို ခံစားလိုက်ရပြီး သိမ်ငယ်စိတ်များ ဝင်ရောက်လာခဲ့၏။

ထို့အပြင် ထိုမိန်းကလေးက ချင်ရန်အား သိကျွမ်းနေသဖြင့် ရှကျဲ၏ မျက်ဝန်းများမှာ ချက်ချင်းပင် သတိကြီးစွာဖြင့် စူးစိုက်ကြည့်မိသွားသည်။

‘ဒီမြေခွေးမက ဘယ်ကနေ ပေါ်လာတာလဲ’

"အော်ဟော် နင့်ရဲ့ ချစ်သူကောင်မလေးကို အပန်းဖြေခရီး ခေါ်လာတာပေါ့ ဟုတ်လား"

ကျန်းရှောင်ရှောင် အကြည့်များမှာ ရှကျဲ၏ ခန္ဓာကိုယ်၊ အထူးသဖြင့် လည်ပင်းအောက်ပိုင်းဆီသို့ ခေတ္တမျှ စူးစိုက်ကျရောက်သွားသည်။

ထို့နောက် ရှကျဲတစ်ဦးတည်းသာ မြင်နိုင်သည့် အဓိပ္ပာယ်ပါပါ အကြည့်နှင့် လူကိုနှိမ်ချသော အရိပ်အယောင်များဖြင့် ကြည့်နေသည်။

၎င်းမှာ ‘နင်က ငါ့ကို မယှဉ်နိုင်ပါဘူး’ ဟု လှောင်ပြောင်နေသကဲ့သို့ပင် ခံစားလိုက်ရ၏။

ရှကျဲသည် ဒေါသများ အလိပ်လိုက်ထွက်သွားခဲ့သော်လည်း မည်သည်မျှ ပြန်မပြောဘဲ မိမိ၏ ပိုင်ဆိုင်မှုကို ပြသသည့်အနေဖြင့် ချင်ရန် လက်မောင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။

အဆိုပါလုပ်ရပ်သည် ‘ပိုင်ရှင်ရှိသည် မကျူးကျော်ရ’ ဟူသည့် အဓိပ္ပာယ် သက်ရောက်နေ၏။

"တိုက်ဆိုင်လှချည်လား"

ချင်ရန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

ကျန်းရှောင်ရှောင်နှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ချေ။

ဒါဆို ကျန်းယွင်ဖျင်၏ လူများလည်း ဤကျွန်းပေါ်တွင် ရှိနေကြသည်လား။

ရုတ်တရက် ကျန်းရှောင်ရှောင် အနောက်ဘက်မှ ဘီကီနီဝတ်ဆင်ထားသော လှပဆွဲဆောင်မှုရှိသည့် မိန်းကလေး အများအပြား ထွက်ပေါ်လာခဲ့ကြပြီး သူတို့အားလုံးမှာ တစ်ဖွဲ့တည်း ဖြစ်ပုံရသည်။

အဓိကအချက်မှာ ထိုမိန်းကလေးများ၏ ရင်သားအချိုးအစားမှာလည်း ကျန်းရှောင်ရှောင်ကဲ့သို့ပင် အဆမတန် ထွားကျိုင်းကာ လှပနေကြခြင်းပင်။

ထိုအခါ ကျန်းရှောင်ရှောင်က ပြုံးလျက်ဖြင့် ပြောလိုက်သည်။

"ချင်ရန် နင့်ကို မိတ်ဆက်ပေးရဦးမယ်၊ သူတို့တွေက ငါတို့ကလပ်ရဲ့ အဖွဲ့ဝင်တွေလေ"

"ကလပ် ဟုတ်လား"

ချင်ရန်သည် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး ၎င်းမှာ မည်သို့သော ကလပ်မျိုး ဖြစ်သည်ကို တွေးမရချေ။

"ဒါနဲ့ ငါတို့နဲ့အတူ ကမ်းခြေမှာသွားပြီး ဘောလုံးသွားကစားကြမလား"

ကျန်းရှောင်ရှောင်က ချင်ရန်အား ဖိတ်ခေါ်လိုက်၏။

ချင်ရန်မှာ စကားမဆိုရသေးမီမှာပင် ရှကျဲက ကြားဖြတ်၍ ပြတ်ပြတ်သားသား ဝင်ပြောလိုက်သည်။

"မသွားတော့ပါဘူး၊ ကျွန်မတို့ ခုမှရောက်ကာစဆိုတော့ အခန်းထဲမှာ အရင်နားရဦးမယ်၊ ရှင်တို့ဘာသာ ရှင်တို့ပဲ သွားကစားကြပါ ပြီးတော့ ချင်ရန်က အရင်လို လူပျိုလည်း မဟုတ်တော့ဘူးလေ"

"ဟုတ်လို့လား"

ထိုစကားကို ကြားသောအခါ ကျန်းရှောင်ရှောင်သည် ရှကျဲကို အထက်အောက် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ချင်ရန်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ထို့နောက် သူမက ချင်ရန်အား အဓိပ္ပာယ်ပါပါဖြင့် ညှို့ငင်ကြည့်ကာ သူမ သူငယ်ချင်းများနှင့်အတူ ထွက်ခွာသွားခဲ့၏။

ရှကျဲသည် ထွက်ခွာသွားသော ကျန်းရှောင်ရှောင်၏ အနောက်ကျောကို ကြည့်ရင်း မနာလိုဝန်တိုစိတ်များက ပိုမိုပြင်းထန်စွာ ခံစားနေရသည်။

သူမ၏ ရင်သားအရွယ်အစားမှာ D-Cup အဆင့် ရှိသော်လည်း ကျန်းရှောင်ရှောင်မှာမူ F-Cup ဖြစ်ကာ G-Cup အဆင့်သို့ပင် နီးကပ်နေသကဲ့သို့ ခံစားရသဖြင့် တကယ့်ကို ထိတ်လန့်စရာပင် ဖြစ်သည်။

ဤကဲ့သို့ ကွာခြားချက်ကြီးမားလှသော အခြေအနေကို လက်ခံရန်မှာ မိန်းကလေးတစ်ဦးအဖို့ မလွယ်ကူလှချေ။

"မင်္ဂလာပါ၊ လူကြီးမင်းတို့ရဲ့ အချက်အလက်တွေကို အောင်မြင်စွာ မှတ်ပုံတင်ပြီးပါပြီ၊ ပျော်ရွှင်စရာနေ့ရက်လေးတွေ ဖြစ်ပါစေရှင်"

ဧည့်ကြိုအမျိုးသမီးလေးက ချိုသာသောအသံဖြင့် ဆိုကာ ချင်ရန်အား ပြုံး၍ နှုတ်ဆက်လိုက်ရာ ချင်ရန် ခေါင်းညိတ်ပြလိုက်ပြီး ရှကျဲနှင့်အတူ ခရီးဆောင်အိတ်များကို အခန်းထဲသို့ သွားရောက်သိမ်းဆည်းရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ဟိုတယ်ဝင်ပေါက်ဝဆီမှ အာမေဍိတ် အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"အမလေးလေး၊ ပစ်ရက်စရာတောင်မရှိဘူး၊ ဝိုး ရိုးရိုးချောတာမဟုတ်ဘူး၊ အရမ်းကို ခန့်ညားတဲ့ ကိုကိုတွေပဲ"

ထိုအခါ ချင်ရန်သည် အနည်းငယ် ဝေခွဲမရဖြစ်သွားကာ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ အရပ်အမောင်းမှာ ၁၇၅ စင်တီမီတာမှ ၁၈၀ စင်တီမီတာခန့် ရှိကာ အားကစားဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်စုကို တွေ့လိုက်ရသည်။

အရေအတွက်အားဖြင့် သုံးဆယ်ကျော်ခန့် ရှိပြီး ခရီးဆောင်အိတ် အမြောက်အမြားကို ကိုယ်စီသယ်ကာ ဝင်ရောက်လာကြခြင်းပင်။

သူတို့သည် ပုံမှန်လေ့ကျင့်ခန်း လုပ်ထားသူများပီပီ တောင့်တင်းထွားကျိုင်းလှသော ခန္ဓာကိုယ်ကိုယ်စီ ရှိကြသော်လည်း သူတို့၏ မျက်ဝန်းများမှာမူ အလွန်ပင် အေးစက်ခက်ထန်လှသည်။

ချင်ရန်၏ အာရုံခံစားချက်အရ ပြောရလျှင်မူ ဤလူများသည် သာမန်ရိုးရှင်းသောသူများ မဖြစ်နိုင်ကြောင်းကို သူ ချက်ချင်း သိလိုက်၏။

ကျန်းရှောင်ရှောင်နှင့် သူမ သူငယ်ချင်းများမှာမူ ထိုလူအုပ်ကြီးကို စွဲမက်တမ်းတသော မျက်ဝန်းများဖြင့် ညှို့အားပြင်းပြင်းဖြင့် ကြည့်နေကြသည်။

ဤကဲ့သို့သော သူဌေးသမီးလေးများ၏ အကြိုက်ဆုံးအရာမှာ အခုလို ခန္ဓာကိုယ်တောင့်တင်းကာ သန်မာလှသော ဆွဲဆောင်မှုရှိသည့် အမျိုးသားများပင် မဟုတ်ပါလား။

သူတို့သည် ကြည့်ရုံနှင့်ပင် စွမ်းဆောင်ရည် ပြည့်ဝပုံရသဖြင့် မည်သည့်အမျိုးသမီးက မနှစ်သက်ဘဲ နေနိုင်ပါမည်နည်း။

"ငါ့ရှေ့ကနေ ဖယ်စမ်း"

ကျန်းရှောင်ရှောင်သည် ထိုလူများကို သေသေချာချာ စူးစိုက်ကြည့်နေပြီး ထိုလူများအနီးသို့ သွားကာ မိန်းမမာယာဖြင့် စကားစမြည်ပြောရန်ပင် ကြံစည်နေဆဲပင် ရှိသေးသည်။

သို့သော် ထိုအမျိုးသားများထဲမှ တစ်ဦးက ရှေ့သို့ တစ်လှမ်းတိုးလာပြီး အလွန်ပင် အေးစက်ခက်ထန်လှကာ လူသတ်ငွေ့များ ရောယှက်နေသည့် လေသံဖြင့် ခပ်မာမာ ဟောက်လွှတ်လိုက်၏။

All Chapters