← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

203

၎င်းမှာ သူတို့ခေါင်းဆောင်ဖြစ်သူက လေးနက်စွာ မှာကြားလာသည့် သတိပေးစကား ဖြစ်၏။

သို့သော်လည်း နောက်လိုက်အဖွဲ့ဝင် အများစုကမူ ထိုစကားကို သဘောမတူဘဲ စိတ်ထဲမှ ကန့်ကွက်ငြင်းပယ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် မိမိတို့ခေါင်းဆောင်သည်သာ ဤလောက၌ နတ်ဘုရားကဲ့သို့ စွမ်းဆောင်ရည် အမြင့်မားဆုံးသူဖြစ်ပြီး သူနှင့် ယှဉ်ပြိုင်နိုင်မည့်သူ ဤလောကတွင် မရှိသလောက်ပင်ဟု ခိုင်ခိုင်မာမာ လက်ခံယုံကြည်ထားကြခြင်းကြောင့် ဖြစ်ပေသည်။

သူတို့ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်သည့် မည်သည့်မစ်ရှင်မဆို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်ချည်းသာ ဖြစ်၏။

ယခုအခါတွင် ခေါင်းဆောင်ဖြစ်သူက ထိုသူ(ချင်ရန်) ကို အထူးသတိထားရန် ပြောဆိုနေခြင်းအပေါ် အားလုံးက အထင်သေးစွာဖြင့်သာ တုံ့ပြန်လိုက်ကြသည်။

“ခေါင်းဆောင်၊ ကျွန်တော့်အထင်တော့ အဲဒီလူက တော်တော်လေး စွမ်းပုံရပေမယ့် သူက တစ်ယောက်တည်းလေ၊ ကျွန်တော်တို့ဘက်မှာ လူအင်အားလည်း အများကြီးရှိတာအပြင် ခေါင်းဆောင်ကိုယ်တိုင်လည်း ပါနေတာပဲ၊ ဘာပူစရာရှိလို့လဲ”

အဖွဲ့ဝင်တစ်ဦးက အေးစက်လှောင်ပြောင်သော လေသံဖြင့် ဝင်ပြောလိုက်၏။

“မဟုတ်ဘူး၊ သူက မင်းတို့ထင်သလို အဲဒီလောက် မရိုးရှင်းဘူး”

ခေါင်းဆောင်က အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက် သူက ဆက်စပ်ပြီး အမိန့်ပေး မှာကြားလိုက်၏။

“ဒီနေရာမှာ ငါ့ကို ခေါင်းဆောင်လို့ မခေါ်ကြနဲ့တော့၊ ငါ့ရဲ့ လျှို့ဝှက်ကုဒ်နာမည်နဲ့ပဲ ခေါ်စမ်း”

“ဟုတ်ကဲ့ပါ ခွေးရူး”

ကျန်ရှိနေသော အဖွဲ့ဝင်များက ချက်ချင်းပင် နာခံလိုက်ကြ၏။

‘ခွေးရူး’ ဟု အမည်ရသော ထိုခေါင်းဆောင်သည် K2 အဖွဲ့အစည်းက အရင်းအမြစ် အမြောက်အမြား အကုန်အကျခံကာ နှစ်ပေါင်းများစွာ လျှို့ဝှက်ပျိုးထောင်လာခဲ့သည့် ထိပ်တန်းဝှက်ဖဲ (Ace) တစ်ဦး ဖြစ်ပြီး၊ သူ၏ ပုဂ္ဂလိက စွမ်းဆောင်ရည်မှာ မယုံနိုင်လောက်အောင် သန်မာထက်မြက်လှပေသည်။

K2 အဖွဲ့အစည်းအတွင်း သူ့ရာထူးအဆင့်အတန်းမှာ အလယ်အလတ်အထက်ပိုင်းတွင် ရှိသဖြင့်၊ အဖွဲ့၏ အဆင့်မြင့်ဆုံး ထိပ်သီးခေါင်းဆောင်ပိုင်းများနှင့် တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်ခွင့်ရှိသူ ဖြစ်၏။

K2 အဖွဲ့တွင် ကြီးမားသောအကျပ်အတည်း ကြုံတွေ့ရတိုင်း သူတို့သည် ဤ ခွေးရူးကိုသာ စေလွှတ်၍ ကိုင်တွယ်ဖြေရှင်းစေလေ့ ရှိသည်။

ယခုအကြိမ်တွင်လည်း K2 အဖွဲ့အစည်းသည် ထိုဗိုင်းရပ်စ်ကို မဖြစ်မနေ လက်ဝယ်ပိုင်ဆိုင်နိုင်ရန် သန္နိဋ္ဌာန်ချထားသဖြင့် ခွေးရူး နှင့်အတူ အသက်စွန့်လွှတ်ဝံ့သည့် တိုက်ခိုက်ရေးသမား အမြောက်အမြားကိုပါ ထည့်သွင်းစေလွှတ်ခဲ့ခြင်းပင်။

ဤလူများမှာ ငယ်စဉ်ကလေးဘဝကတည်းက သတ်ဖြတ်ခြင်းများကြား၌ သွေးစွန်းကာ ကြီးပြင်းလာကြသည့် စစ်မှန်သော စွမ်းအားရှင်များ ဖြစ်ကြ၏။

သူတို့သည် သတ်ဖြတ်ရမည်ကို မကြောက်သလို၊ သေဆုံးရမည်ကိုလည်း လုံးဝ ထိတ်လန့်တုန်လှုပ်ခြင်း မရှိကြချေ။

“ပထမဆုံး မင်းတို့ရဲ့ ပစ္စည်းတွေကို အရင်သိမ်းဆည်းလိုက်ကြ၊ ပြီးရင် ဒီနေရာရဲ့ မြေပြင်အနေအထားနဲ့ လမ်းကြောင်းတွေကို စုံစမ်းဖို့ လူအချို့ သွားလိုက်ကြ”

“ငါကိုယ်တိုင်ကတော့ အဲဒီ ကျောက်ဟိုင်ရှန့်ကို သွားရှာမယ်”

ခွေးရူး၏ မျက်လုံးထဲတွင် အေးစက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။

“ဟုတ်ကဲ့”

ကျန်ရှိနေသော အဖွဲ့ဝင်များက ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။

အခြားတစ်ဖက်တွင်မူ ချင်ရန်နှင့် ရှကျဲတို့၏ အခန်းအတွင်း၌ ခရီးဆောင်အိတ်များကို ချလိုက်သည်နှင့် ရှကျဲသည် ချင်ရန် ကိုယ်ပေါ်သို့ လွှားခနဲ ခုန်တက်ကာ အငမ်းမရ နမ်းရှိုက်တော့သည်။

သူမသည် အမျိုးသမီးတစ်ဦး၏ အရှက်အကြောက်များကို လုံးဝ ခဝါချလိုက်ပြီ ဖြစ်၏။

“စိတ်ပျက်စရာကြီး ဘာလို့ အဲဒီမိန်းမနဲ့ အမြဲတမ်း လာတိုးနေရတာလဲ မသိဘူး၊ ကျွန်မဖြင့် တကယ်ကို စိတ်ပျက်ရတယ်”

“သူက ရှင့်ကို သဘောကျနေတဲ့ ပုံပဲ၊ ဒါပေမယ့် ကျွန်မရဲ့ ယောက်ျားက ကျွန်မတစ်ယောက်တည်းကိုပဲ အချစ်ဆုံးဆိုတာ ကျွန်မသိတယ်၊ ဟုတ်တယ်မလား ကောကော”

ရှကျဲက ချွဲနွဲ့စွာ ဆိုလိုက်ရင်း ချင်ရန်အား စတင်၍ ဆွဲဆောင်ညို့ငင်လာခဲ့သည်။

တခဏချင်းမှာပင် ချင်ရန်သည်လည်း မိမိ၏ စိတ်ရိုင်းများကို ထိန်းချုပ်ရန် ခက်ခဲလာခဲ့သော်လည်း ယခုအခါတွင် ဖြေရှင်းရမည့် ကြီးမားလှသော အန္တရာယ်ကြီး ရှိနေသဖြင့် ဤနေရာတွင် ယခုလို အချိန်ဖြုန်းနေရမည့် အချိန်မဟုတ်ချေ။

“ကျွန်မ အဝတ်အစားတွေ အများကြီး ယူလာတယ်သိလား၊ ရှေးဟောင်း ဟန်တရုတ်ဝတ်စုံ ရော၊ ရုံးဝန်ထမ်းဝတ်စုံ ရော၊ လော်လီတာ၊ ဂျေကေ ပြီးတော့ ကျောင်းသူဝတ်စုံနဲ့ သူနာပြုဝတ်စုံလေးတွေပါ ပါတယ်”

ရှကျဲက မျက်နှာလေး ရဲခနဲဖြစ်သွားရင်း ခပ်တိုးတိုး ဆိုရှာ၏။

သူမသည် ချင်ရန်နှင့်အတူ အလွန်ပင် ရိုမန်တစ်ဆန်ပြီး ပူပြင်းလှသော အချိန်များကို ကုန်လွန်ချင်နေခြင်း ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် အချိန်ကိုက်မှုက အနည်းငယ် လွဲချော်သွားခဲ့ရသည်။

ချင်ရန်သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း လေးနက်သော မျက်နှာအမူအရာဖြင့် စကားဆိုလာ၏။

“ရှကျဲ အခုက စိတ်ကူးယဉ်ပြီး သာယာနေရမယ့် အချိန်မဟုတ်သေးဘူး”

“ဟင် ဘာလို့လဲ”

ရှကျဲမှာ ဆွံ့အသွားရပြီးနောက် နှုတ်ခမ်းလေး စူလျက် စိတ်ကောက်သွားတော့သည်။

“ဘာလဲ၊ ရှင်က အဲဒီ ကျန်းရှောင်ရှောင်နဲ့ တွေ့ပြီးသွားတော့ ကျွန်မကို အဖက်မလုပ်ချင်တော့ဘူးပေါ့လေ၊ ဟုတ်လား”

ချင်ရန်က လေသံကို နှိမ့်ကာ လေးနက်စွာဖြင့် ရှင်းပြလိုက်၏။

“စောစောက ကိုယ်တို့ ဆုံခဲ့တဲ့ လူတစ်စုကို မှတ်မိလား”

“အင်း မှတ်မိတယ်၊ ဘာလို့လဲ ”

ရှကျဲက ခေါင်းညိတ်ပြလိုက်သည်။

ထိုလူများထံမှ ထွက်ပေါ်နေသော ရက်စက်ခက်ထန်လှသည့် အငွေ့အသက်များက ပြင်းထန်လှသဖြင့် သူမအား အမှတ်ရသွားစေခဲ့ခြင်း ဖြစ်ပေသည်။

“သူတို့ သယ်လာတဲ့ အိတ်တွေထဲမှာ သေနတ်တွေ ပါတယ်”

ချင်ရန်က လိုရင်းကို ပြောချလိုက်ရာ ရှကျဲမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရ၏။

သေနတ်ပါလာသည်ဟူသော ကိစ္စက သေးငယ်သည့် ကိစ္စမဟုတ်တော့ချေ။

သို့သော် မိမိချစ်သူက ထိုအရာကို မည်သို့ သိရှိသွားရပါသနည်း။

“ရှင် တကယ်ပြောနေတာလား ချင်ရန်”

ရှကျဲက စိုးရိမ်ပူပန်စွာဖြင့် ပြန်မေးလိုက်သည်။

အကယ်၍ ဤမျှများပြားလှသော လူအုပ်ကြီးတွင် လက်နက်ခဲယမ်းများ ပါလာသည်ဆိုပါက ၎င်းသည် အလွန်အမင်း အန္တရာယ်များလှသည့် အခြေအနေပင်။

သူတို့ ဘာလုပ်ဖို့ ကြံစည်နေကြသနည်း၊ ချစ်သူများကျွန်းပေါ်မှာ လူသတ်ပွဲကြီး ဆင်နွှဲကြမလို့လား။

“ဟုတ်တယ်၊ ရာနှုန်းပြည့် သေချာတယ်”

ချင်ရန်က ဆက်လက်ပြောလိုက်သည်။

“အဲဒီလူတွေက ဒီကျွန်းကို အပန်းဖြေဖို့ လာကြတာ မဖြစ်နိုင်ဘူး၊ ဘယ်သူက အပန်းဖြေခရီးကို သေနတ်တွေနဲ့ လာမှာလဲ၊ သူတို့ နောက်ကွယ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခု ရှိကိုရှိရမယ်”

“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ”

ရှကျဲက တုန်လှုပ်စွာဖြင့် မေးလိုက်၏။

အားလပ်ရက်ခရီးထွက်လာရာမှ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကိစ္စရပ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့သဖြင့် တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်ရပေသည်။

သို့သော် ဤကဲ့သို့သော အချိန်အခါတွင် အရေးကြီးဆုံးမှာ မည်သို့ကိုင်တွယ် ဖြေရှင်းမည်ဟူသော အချက်ပင်။

ချင်ရန်သည် သူ့ဖုန်းကို ထုတ်ယူကာ မြေပုံကို ကြည့်လိုက်၏။

“ဒီကျွန်းနဲ့ အနီးဆုံးနေရာက ရဲစခန်းကနေ ဒီကို လာဖို့ဆိုရင် အနည်းဆုံး တစ်နာရီကျော် ကြာလိမ့်မယ်”

“ကိုယ်ထင်တာတော့ သူတို့တွေ နောက်ထပ် တစ်နာရီအတွင်းမှာတင် လှုပ်ရှားကြတော့မယ် ထင်တယ်"

ချင်ရန်သည် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ရေခဲကဲ့သို့ အေးစက်သွားတော့သည်။

“သူတို့ မလှုပ်ရှားခင် ကိုယ်တို့ အရင်ဦးအောင် လှုပ်ရှားရမယ်၊ ဦးသူစားစနစ်နဲ့ စစ်ဆင်ရေးကို စရမယ်”

ရှကျဲသည် ထွက်ခွာရန် ပြင်ဆင်နေသော ချင်ရန်၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် ကြောက်ရွံ့မှုများ စိမ့်ဝင်လာခဲ့၏။

အမှန်အတိုင်း ပြောရလျှင် မည်သည့်အမျိုးသားမဆို ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ထိတ်လန့်သွားကြမည်မှာ အသေအချာပင် ဖြစ်သည်။

တစ်ဖက်တွင်မူ လက်နက်အပြည့်အစုံရှိသော လူပေါင်းများစွာ ရှိနေပြီး၊ မိမိတို့ဘက်တွင်မူ လက်နက်ဗလာသာ ရှိနေသဖြင့် မည်သူက မကြောက်ဘဲ နေပါမည်နည်း။

သို့သော်လည်း မိမိချစ်သူ ချင်ရန်သည် နောက်မဆုတ်ဘဲ ပြဿနာကို ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းရန် ဆုံးဖြတ်ခဲ့၏။

ရှကျဲသည် ချင်ရန်၏ ကျောပြင်ကြီးကို ကြည့်ရင်း သူသည် သာမန်လူသားတစ်ဦး မဟုတ်ဘဲ သူရဲကောင်းကြီးတစ်ဦး၏ ကျောပြင်ကဲ့သို့ပင် ခမ်းနားထည်ဝါလှသည်ဟု ခံစားလိုက်ရပေသည်။

“ချင်ရန် ကျွန်မ နားလည်ပါပြီ၊ သွားပါ စိတ်မပူပါနဲ့၊ ကျွန်မ ကိုယ့်ဘာသာကိုယ် သေသေချာချာ ပုန်းနေပါ့မယ်၊ သူတို့ ကျွန်မကို လုံးဝ ရှာတွေ့မှာ မဟုတ်ဘူး"

ရှကျဲက ပြတ်သားစွာ ဆိုလိုက်၏။

ချင်ရန်သည် ရှကျဲအား ပြန်လှည့်ကြည့်လိုက်ရင်း စိတ်ထဲတွင် တစ်မျိုးလေး ခံစားလိုက်ရသည်။

အမှန်တကယ်လည်း ရှကျဲသည် သူ့အတွက် စိုးရိမ်စရာ အကောင်းဆုံး အချက်ပင်။

အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့်လူမဆို ချင်ရန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပြီး ရှကျဲမှာ မိန်းကလေးတစ်ဦး ဖြစ်သဖြင့် ပို၍ပင် အန္တရာယ်များလှပေသည်။

သို့သော် ရှကျဲသည် အလွန်ပင် အလိုက်သိတတ်လှပြီး ချင်ရန်၏ စိုးရိမ်ပူပန်မှုများကို သိရှိသဖြင့် သူမသည် ချင်ရန်အား မိမိအတွက် စိုးရိမ်ပူပန်မနေဘဲ လုပ်စရာရှိသည်ကိုသာ ရဲရဲဝံ့ဝံ့ သွားရောက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ခြင်းပင်။

ထိုအခိုက်အတန့်တွင် ချင်ရန်သည် စကားလုံးများစွာ ပြောရန် ပြင်လိုက်သော်လည်း ရှကျဲက ရှေ့သို့တိုးကာ ချင်ရန်၏ နှုတ်ခမ်းကို လှိုက်လှိုက်လှဲလှဲဖြင့် စတင်၍ နမ်းရှိုက်လိုက်တော့သည်။

“ကောကော ပြန်လာတာကို ကျွန်မ စောင့်နေပါ့မယ်၊ ကော ပြန်လာမှ ကျွန်မတို့ အဲဒီအလုပ်တွေကို ဆက်လုပ်ကြတာပေါ့”

ရှကျဲက ခပ်တိုးတိုးလေး ကတိပေးလိုက်၏။

ချင်ရန်၏ မျက်နှာထားမှာ လေးနက်သွားပြီးနောက် ချက်ချင်းပင် သဘောကျစွာ ရယ်မောလိုက်သည်။

သူ့ခန္ဓာကိုယ်အတွင်း၌ အကန့်အသတ်မရှိသော စွမ်းအင်များနှင့် လှုံ့ဆော်မှုများ ရုတ်တရက် ကြွတက်လာခဲ့ပုံရပေသည်။

သူသည် အခြေအနေကို လေးနက်စွာ တွေးတောနေမိသော်လည်း စိတ်ဓာတ်ကျနေ၍ မဖြစ်ချေ။

ယခင်ကလည်း သူသည် စစ်ဆင်ရေးပေါင်းစုံကို ဆင်နွှဲခဲ့ဖူးပြီး ထိတ်လန့်စရာကောင်းလှသော အခြေအနေ မျိုးစုံကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သည်။

အနောက်တောင်ဘက် နယ်စပ်ဒေသတွင် ကြေးစားစစ်သားများနှင့် တိုက်ခိုက်ခဲ့စဉ်ကလည်း ယခုထက်မက အန္တရာယ်များခဲ့သော်လည်း သူ ဘေးကင်းစွာ ရှင်သန်နိုင်ခဲ့သည် မဟုတ်ပါလား။

ယခုအကြိမ်တွင်လည်း သူသည် မစ်ရှင်ကို ဘေးကင်းစွာဖြင့် အောင်မြင်အောင် ပြီးမြောက်နိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

“ကိုယ် သွားတော့မယ်၊ မင်း သေသေချာချာ ပုန်းနေနော်”

ချင်ရန်သည် နောက်ဆုံး စကားတစ်ခွန်းကို မှာကြားခဲ့ပြီးနောက် ရှကျဲ၏ နဖူးလေးကို နမ်းရှိုက်ကာ အခန်းထဲမှ အမြန် ထွက်ခွာသွားခဲ့တော့သည်။

ရှကျဲသည် ထွက်ခွာသွားသော ချင်ရန်ကို ကြည့်ရင်း အခန်းအတွင်း၌ ကျန်ရစ်ခဲ့ပြီးနောက် မိမိ ပုန်းကွယ်ရန် အကောင်းဆုံးနေရာကို လိုက်လံရှာဖွေနေခဲ့၏။

အခြားတစ်ဖက်တွင် ခွေးရူး ဦးဆောင်သော K2 အဖွဲ့ဝင်များသည် ဟိုတယ်တစ်ခုလုံး၏ မြေပြင်အနေအထားနှင့် လမ်းကြောင်းအားလုံးကို စုံစမ်းသိရှိသွားကြပြီ ဖြစ်သည်။

ဤဟိုတယ်သည် ချစ်သူများကျွန်းပေါ်ရှိ ဟိုတယ်ပေါင်း ၂၀ ကျော်ထဲတွင် အကြီးမားဆုံးနှင့် အတိတ်ဆိတ်ဆုံး ဟိုတယ်တစ်ခု ဖြစ်၏။

၎င်းသည် လူပေါင်း ၅၀၀ ခန့်အထိ လက်ခံထားရှိနိုင်သဖြင့် အလွန်ပင် ကြီးမားကျယ်ဝန်းလှပေသည်။

သို့သော် ခွေးရူး ၏ ပစ်မှတ်မှာ ကျောက်ဟိုင်ရှန့် တစ်ဦးတည်းသာ ဖြစ်ပြီး အခြားသူများကို ဂရုစိုက်နေခြင်း မရှိချေ။

သို့သော်ငြားလည်း သူတို့၏ လှုပ်ရှားမှုများကို သေသပ်စွာဖြင့် ဖျောက်ဖျက်ရန်အတွက် သူတို့သည် ဟန်ပြ ပြဇာတ်တစ်ခုကို ကပြရဦးမည် ဖြစ်သည်။

၎င်းမှာ ဟိုတယ်ရှိ လူအုပ်ကြီးကို ပြန်ပေးဆွဲပြီး ငွေညှစ်သည့်ပုံစံမျိုး လုပ်ဆောင်ရင်း နောက်ကွယ်တွင်မူ ကျောက်ဟိုင်ရှန့်ကို ရှာဖွေကာ လျှို့ဝှက်နံပါတ်ကို အတင်းအဓမ္မ ဖျစ်ညှစ်တောင်းခံရန်ပင်။

ဟိုတယ်၏ လမ်းကြောင်းများကို သေချာနားလည်သွားပြီးနောက် ခွေးရူးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်၊ ငါတို့ ဒီဟိုတယ်တစ်ခုလုံးရဲ့ လမ်းကြောင်းတွေကို အသေးစိတ် စုံစမ်းပြီးပြီပဲ”

ထိုစဉ်မှာပင် အဖွဲ့ဝင်တစ်ဦး အနားသို့ လျှောက်လာပြီး အေးစက်စက် လေသံဖြင့် သတင်းပို့လိုက်၏။

“ခွေးရူး၊ ကျွန်တော်တို့ ကျောက်ဟိုင်ရှန့် တည်းခိုနေတဲ့ အခန်းနံပါတ်ကို စုံစမ်းသိရှိရပါပြီ”

“ဟုတ်လား၊ ကောင်းတာပေါ့၊ ဒါဆိုရင်တော့ ငါကိုယ်တိုင် သွားစရာ မလိုတော့ဘူးပဲ”

ခွေးရူးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါဆိုရင် ခေါင်းဆောင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

ထိုအဖွဲ့ဝင်က ဇဝေဇဝါဖြင့် မေးမြန်း၏။

“လူသတ်ပွဲကို စတင်လိုက်ကြရအောင်၊ ပထမဆုံး လူတစ်စုကို သတ်ပစ်မယ်၊ ဒါဆိုရင် ကျန်တဲ့လူတွေက အရေအတွက် နည်းသွားတဲ့အတွက် ထိန်းချုပ်ရတာ ပိုလွယ်ကူသွားလိမ့်မယ် ပြီးတော့ အဲဒီကျန်တဲ့လူတွေကို ဟိုတယ်ဧည့်ခန်းမရဲ့ အောက်ထပ်ဆီကို ခေါ်ဆောင်သွားပြီး အကုန်လုံးကို ကြမ်းပြင်ပေါ်မှာ မှောက်ခိုင်းထားလိုက်၊ အဲဒီနောက်ပိုင်းကျရင်တော့ ငါတို့ဘက်က ပြန်ပေးငွေတောင်းတဲ့ ဖုန်းခေါ်ဆိုမှုကို စတင်ရမယ့်အချိန်ပဲ”

ခွေးရူးသည် သူ၏ ဖြူဆွတ်လှသော သွားများကို ဖြဲပြလျက် ရက်စက်ကြောက်မက်ဖွယ်ကောင်းသော အပြုံးကြီးကို ပြုံးလိုက်သည်။

All Chapters