← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

219

လင်းကု‌ဝေ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချင်ရန်ကို ချက်ချင်းမြင်တွေ့လိုက်ရသည်။ ချင်ရန်သည် အမူအရာမပြောင်းပဲ မျက်နှာသေဖြင့် အနီရောင်ဝတ်စုံနှင့် လူတစ်ဦးကို လက်တစ်ဖက်တည်းဖြင့် မြှောက်ကိုင်ထားဆဲ ဖြစ်သည်။

*ဝုန်း ဝုန်း ဝုန်း.*

လင်းကုဝေ၏နောက်လိုက် ရဲအရာရှိများလည်း အခန်းတွင်းသို့ အတင်းတိုးဝင်လာကြတော့သည်။ ထိုအခါ သူတို့အားလုံးသည် အရှေ့မှမြင်ကွင်းကိုမြင်လိုက်ရုံမျှဖြင့် ဤနေရာသည် မကောင်းဆိုးဝါးဂိုဏ်း၏ဌာနချုပ်အစစ်အမှန်ဖြစ်ကြောင်း အတပ်သိလိုက်ကြပြီဖြစ်သည်။

"နောက်ဆုံးတော့ ရှာတွေ့ပြီဟေ့”

လင်းကုဝေ၏မျက်နှာတွင် အတိုင်းမသိ ဝမ်းသာစိတ်လှုပ်ရှားမှုများ ထင်ဟပ်လာ၏။ ဒီလောက်အကြာကြီး ပင်ပင်ပန်းပန်း ရှာဖွေခဲ့ရသမျှ ယခုတော့ အဖတ်တင်ခဲ့ပြီ မဟုတ်ပါလား။

ထိုအခါ လင်းကုဝေသည် ချက်ချင်းပင် မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်လှသောအသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

"အားလုံး အောက်မှာဆောင့်ကြောင့်ထိုင်ကြစမ်း၊ လက်တွေကို ခေါင်းပေါ်တင်ထားကြ၊ ဘယ်သူမှ လှုပ်ရှားဖို့မကြိုးစားနဲ့”

လင်းကုဝေ၏ဟိန်းဟောက်သံကြီးကြောင့် လူအုပ်စုကြီးမှာ ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားကြ၏။ တစ်ချိန်တည်းမှာပင် သူကရဲဌာနချုပ်ထံသို့ အကြောင်းကြားပြီး စစ်ကူအင်အား ထပ်မံလွှတ်ပေးရန် ချက်ချင်းတောင်းခံလိုက်တော့သည်။

ဤနေရာတွင်မကောင်းဆိုးဝါးဂိုဏ်းအဖွဲ့ဝင်ပေါင်း အနည်းဆုံးနှစ်ရာ၊ သုံးရာခန့်ရှိနေသဖြင့် လက်ရှိပါလာသောရဲအင်အား အနည်းငယ်မျှနှင့် အားလုံးကို ဖမ်းဆီးရန်မှာ လုံးဝမဖြစ်နိုင်ချေ။သို့သော် ဤဂိုဏ်းအဖွဲ့ဝင်သုံးရာကျော်ထဲတွင် ရဲများရောက်လာသည်ကို မြင်‌နေရသော်လည်း ကြောက်ရွံ့တုန်လှုပ်သွားသူမှာ အလွန်နည်းပါးလှ၏။

ထိုသို့ကြောက်ရွံ့ရမည့်အစား သူတို့က ရဲများကို ဒေါသတကြီးဖြင့် စတင်စူးစိုက်ကြည့်နေကြသည်။

"ဒီလိုမြင့်မြတ်တဲ့နေရာကို ညစ်နွမ်းအောင်လုပ်တဲ့ မင်းတို့လိုအကုသိုလ်ကောင်တွေက ဘယ်လိုတောင်သတ္တိရှိလို့ ဒီကိုလာရဲတာလဲ”

"ရဲတွေ ဟုတ်လား၊ သန့်စင်ခြင်းဘုန်းတော်ကြီးက ငါတို့ကိုအစောကြီးကတည်းက ပြောဖူးတယ်၊ မင်းတို့က ဒီလောကရဲ့ မကောင်းဆိုးဝါးအနိဋ္ဌာရုံတွေပဲတဲ့၊ ကဲ အားလုံးအတူတူတိုက်ခိုက်ပြီး သူတို့ကို အမြစ်ပြတ်သုတ်သင်ပစ်လိုက်ကြစမ်း”

ဤဘုန်း‌တော်ကြီးအား ကိုးကွယ်ယုံကြည်သူသုံးရာကျော်ထဲတွင် အစွန်းရောက်နေသောလူအချို့ကတော့ မဖြစ်မနေပါဝင်နေစမြဲပင်ဖြစ်သည်။

အမှန်တကယ်ပင် အချို့သူများသည် ဘာကိုမျှမကြောက်ရွံ့တော့ဟန်ဖြင့် လင်းကုဝေထံသို့ ဇွတ်အတင်း တိုးဝှေ့ဝင်ရောက် တိုက်ခိုက်ရန် ပြင်ကြတော့သည်။

ထိုအခါ လင်းကုဝေ၏မျက်နှာထားအမူအရာမှာပျက်သွားခဲ့ရသည်။ ဤနေရာတွင် လူပေါင်း ၃၀၀ကျော်ရှိနေသဖြင့် အခြေအနေကို ထိန်းချုပ်ရန် မလွယ်ကူလှချေ။

လင်းကုဝေက ချင်ရန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ ချင်ရန်က သန့်စင်ခြင်း ဘုန်းတော်ကြီးကိုဆွဲကိုင်လျက် ရင်ပြင် အလယ်ဗဟိုရှိ ကျောက်ရုပ်တုကြီးပေါ်သို့ တိုက်ရိုက်ခုန်တက်သွားသည်ကို မြင်လိုက်ရသည်။

ဤသန့်စင်ခြင်းဘုန်း‌တော်ကြီးသည် ချင်ရန်၏ဆွဲခေါ်ခြင်းကိုခံရပြီး ထိုကဲ့သို့ မြင့်မားသောနေရာသို့ ရောက်ရှိသွားသည့်အခါ သူ့စိတ်ထဲမှ အကြောက်တရားများအား ဆက်မဖုံးကွယ်နိုင်တော့ချေ။

ဤမျှမြင့်မားသောနေရာမှ အောက်သို့ ပြုတ်ကျပါက သေရင်သေ မသေပါက အနည်းဆုံးတော့ အရိုးအဆစ်များကျိုးပဲ့ကာ ပြင်းထန်စွာဒဏ်ရာရရှိမည်မှာ အသေအချာပင် ဖြစ်သည်။

ကျောက်ရုပ်တုကြီး၏ထိပ်ဖျားတွင် ရပ်နေရင်းဖြင့် ချင်ရန်က အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“မင်းတို့ရဲ့ ခေါင်းဆောင်သန့်စင်ခြင်းဘုန်း‌တော်ကြီးက အခုငါ့လက်ထဲမှာရှိတယ်၊ ဘယ်သူ လှုပ်ရဲသေးလဲ၊ လှုပ်တဲ့ကောင်ရှိရင် ငါလည်း ဒီဘုန်းတောိကြီးကို ပစ်ချဖို့ လက်မနှေးဘူးနော်”

သူ့အသံမှာ လင်းကုဝေ၏အော်သံထက်ပင် ပိုမိုကျယ်လောင်လှသဖြင့် မကောင်းဆိုးဝါးဂိုဏ်းအဖွဲ့ဝင်သုံးရာကျော်လုံးသည် ကျောက်ရုပ်ထုကြီး အပေါ်သို့ ခေါင်းမော့ကြည့်လာကြသည်။

မိမိတို့သည် ဘုရားသခင်ကဲ့သို့ရိုသေကိုးကွယ်ရသော သန့်စင်ခြင်းဘုန်း‌တော်ကြီးမှာ ထိုရဲလက်ထဲ၌ ဓားစာခံဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ ဂိုဏ်းဝင်အများစုများမှာ ပျာယာခတ်ကာစိုးရိမ်ပူပန်သွားကြတော့သည်။

"အခုချက်ချင်း ငြိမ်ငြိမ်သက်သက်နေကြ၊ အောက်မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်တွေကို ခေါင်းပေါ်တင်ထားစမ်း”

ချင်ရန်က အေးစက်စွာအော်ဟစ်လိုက်၏။ ထိုစကားကို ကြားလိုက်ရသည့်အခါ ဂိုဏ်းဝင်အုပ်စုကြီးမှာ ခေတ္တမျှ ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်သွားကြသည်။ သူတို့အနေဖြင့် သန့်စင်ခြင်းဘုန်း‌တော်ကြီး၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း လိုချင်သလို၊ တစ်ဖက်တွင်လည်း ရဲများကို အပြတ်ရှင်းပစ်ချင်နေကြသည်။

ချင်ရန်က မိမိလက်ထဲမှ မကောင်းဆိုးဝါး ဂိုဏ်း၏ဂိုဏ်းချုပ်ကိုကြည့်ကာ ချက်ချင်းပင် လေသံမာမာဖြင့်ပြောလိုက်သည်။

“မင်းရဲ့နောက်လိုက်တွေကို အခုချက်ချင်း ဆောင့်ကြောင့်ထိုင်ခိုင်းစမ်း မဟုတ်ရင် ငါ့လက်က ချော်သွားလိမ့်မယ်"

"မင်း မင်းက ရဲအရာရှိတစ်ယောက်ပဲ၊ တရားခံဖြစ်တဲ့ ငါ့ကိုအသေခံခိုင်းရဲမှာ မဟုတ်ပါဘူး”

ဤကဲ့သို့ သန့်စင်ခြင်းဘုန်းတော်ကြီးက တုန်တုန်ရီရီဖြင့် အော်ပြောလိုက်ရာ

ချင်ရန်က နှာခေါင်းရှုံ့လိုက်၏။

"အင်း ငါကတော့ မင်းကိုသတ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းရဲ့လူတွေက ငါ့ဆီ ဇွတ်တိုးလာရင်တော့ ငါ့လက်က အလိုလို ပြေလျော့သွားပြီး အောက်ကို

ပြုတ်ကျသွားနိုင်တယ် အဲဒီတော့"

လက်ရှိတွင် သန့်စင်ခြင်းဘုန်းတော်ကြီးသည် မြေပြင်မှ ၄ မီတာ၊ ၅ မီတာခန့် မြင့်သောနေရာ၌ ရောက်ရှိနေပြီး ချင်ရန်က သူ့ကိုမျက်နှာအောက်စိုက်လျက် အပေါ်သို့ မြှောက်ကိုင်ထားခြင်း ဖြစ်သည်။ အကယ်၍ အောက်သို့ပြုတ်ကျသွားပါက ခါးရိုးကျိုးကာ ဒဏ်ရာရရှိမည်မှာ သေချာလှသည်။

နောက်ဆုံးတွင်မူ

သန့်စင်ခြင်းဘုန်း‌တော်ကြီး တစ်ယောက် ကြောက်ချီးပါသွားခဲ့ရပြီဖြစ်သည်။ သူသည် မိမိအသက်ဖြင့် လောင်းကြေးမထပ်ရဲတော့သဖြင့် ချက်ချင်းပင်အော်ပြောတော့သည်။

"မင်းတို့ မင်းတို့အားလုံး အခုချက်ချင်း မြေပြင်မှာ ဆောင့်ကြောင့်ထိုင်လိုက်ကြစမ်း၊ ငါ့စကားကို နားထောင်ကြစမ်းပါ"

သန့်စင်ခြင်းဘုန်း‌တော်ကြီး၏စကားလုံးများက ချင်ရန်တို့အမိန့်ထက် ပိုမိုထိရောက်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းအဖွဲ့ဝင်များသည် ဘုန်းတော်ကြီးအား ကောင်းကင်ပေါ်မှ ဘုရားသခင်၏ကိုယ်စားလှယ်တော်တမာန်တော်အဖြစ် သတ်မှတ်ထားကြသောကြောင့်ဖြစ်သည်။

ထိုနောက် လူပေါင်းမြောက်မြားစွာတို့သည် မကျေမနပ်ဖြင့် မြေပြင်တွင် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ချလိုက်ကြပြီး လက်များကို ခေါင်းပေါ်တင်လိုက်ကြတော့သည်။

သို့သော်လည်း အချို့သောအဖွဲ့ဝင်များမှာမူ အမိန့်ကိုမနာခံဘဲ ဇွတ်ထရန် ကြိုးစားနေဆဲဖြစ်ရာ။ချင်ရန်က ဘုန်းတော်ကြီးအားကိုင်ထားသည့် သူ့လက်ကို အနည်းငယ် ဖြေလျော့လိုက်ပြီး ဘုန်းတော်ကြီးကိုအောက်သို့ ပစ်ချတော့မည့်ဟန် ပြုလုပ်လိုက်၏။

ထိုအခါ သန့်စင်ခြင်းဆရာတော်ကြီးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

"အခုချက်ချင်း ဒူးထောက်ကြစမ်း၊ ဒူးမထောက်တဲ့ကောင်တွေအားလုံး ငရဲပြည်ကို လားကြပါစေ”

ဤကျိန်ဆဲသံက အလွန်အမင်းထိရောက်လှပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဟိုးယခင်ကတည်းက ဤကဲ့သို့သော ကြောက်မက်ဖွယ်ကျိန်ဆဲသံများကို အသုံးပြု၍ ကိုးကွယ်ယုံကြည်သူများအပေါ် မိမိအာဏာစက်ကို တည်ဆောက်ထားခဲ့သောကြောင့်ဖြစ်သည်။

ထိုလူများသည် ဤစကားအား ကြားလိုက်ရုံနှင့်ပင် စကားနားမထောင်ပဲ ပေတိပေကပ်လုပ်နေသည့် ကျန်ရှိနေသော လူများအားလုံး ကြောက်လန့်တကြားဖြင့် မြေပြင်တွင် ဆောင့်ကြောင့် ထိုင်ချလိုက်ကြတော့သည်။

ချင်ရန်သည် သန့်စင်ခြင်းဘုန်းတော်ကြီးအား ပြန်မလွှတ်ပဲ ထိုအတိုင်းကြီးမြှောက်ကိုင်ထားလျက် ကျောက်ရုပ်တုကြီးပေါ်တွင် ဆယ်မိနစ်တိုင်တိုင် မတ်တတ်ရပ်ကာ အခြေအနေအား အကဲခက်နေ၏။ဤကဲ့သို့ထိန်းချုပ်ထားသော အခြေအနေမှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။

ထိုအချိန်တွင် လင်းကုဝေခေါ်ဆိုထားသော အင်အားဖြည့်ရဲများ ရောက်ရှိလာခဲ့ပြီဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းများနှင့် နံပါတ်တုတ်များကို ကိုင်ဆောင်ထားသည့် ရဲအရာရှိတစ်ရာကျော် ဘုရားကျောင်းအတွင်းသို့ အလုံးအရင်းနှင့်ဝင်ရောက်လာခဲ့ကြသည်။

သူတို့သည် လက်ထိပ်အမြောက်အမြားကိုလည်း တစ်ပါတည်းယူဆောင်လာခဲ့ကြသည်။ စစ်ကူများ ရောက်ရှိလာသည်ကိုမြင်လိုက်ရသည့်အခါ လင်းကုဝေက ဝမ်းသာအားရဖြင့် ချက်ချင်းညွှန်ကြားလိုက်သည်။

"မြန်မြန်လုပ်ကြ၊ မြန်မြန်လုပ်ကြဟေ့ မြေကြီးမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ အပြာရောင်ဝတ်စုံဝတ်လူတွေအားလုံးက မကောင်းဆိုးဝါးဂိုဏ်းဝင်တွေပဲ၊ သူတို့ အကုန်လုံးကို လက်ထိပ်ခတ်လိုက်ကြစမ်း တစ်ယောက်မှ မကျန်စေနဲ့”

"ဟုတ်ကဲ့ပါ”

အင်အားဖြည့်တပ်အကူဖြစ်ရောက်ရှိလာသော ရဲအရာရှိများသည် လင်းကုဝေ၏ညွှန်ကြားချက်အတိုင်း မြေပြင်ရှိ လူပေါင်းသုံးရာကျော်ကို တစ်ယောက်ပြီးတစ်ယောက် စနစ်တကျ လက်ထိပ်ခတ်လိုက်ကြတော့သည်။

ထိုအခါမှ လင်းကုဝေသည် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်မိပြီး ကျောက်ရုပ်တုပေါ်ရှိ ချင်ရန်ကိုလှမ်းကြည့်လိုက်သည်။ အကယ်၍ ချင်ရန်သာ ဤသန့်စင်ခြင်းဘုန်း‌တော်ကြီးကို ဓားစာခံအဖြစ် ဖမ်းဆီးမထားခဲ့ပါက အခုအခြေအနေမှာ တကယ့်ကိုကြောက်စရာကောင်းသော ရုန်းရင်းဆန်ခတ်မှုကြီး တစ်ခု ဖြစ်သွားနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် လူပေါင်း ၃၀၀ ကျော်၏ အလုံးအရင်းနှင့် တိုးဝှေ့တိုက်ခိုက်မှုဒဏ်က လက်နက်မပါလျှင်ပင် အလွန်အမင်းအန္တရာယ်ကြီးမားလှပေ၏။

"ချင်ရန် ဒီလူတွေကို လက်ထိပ်ခတ်လို့ ပြီးတော့မယ်၊ မင်း အောက်ကိုဆင်းလာလို့ရပြီ"

လင်းကုဝေက ချင်ရန်အားလှမ်းပြောလိုက်သည်။ ခေတ္တမျှကြာပြီးနောက်တွင်

မကောင်းဆိုးဝါးဂိုဏ်းအဖွဲ့ဝင်များ အားလုံးကိုလက်ထိပ်ခတ်ပြီးနောက် ရဲအရာရှိများက သေချာစောင့်ကြပ်ကြည့်ရှုထားလိုက်ကြသည်။

ချင်ရန်သည် ထိုအခြေအနေကိုမြင်သောအခါ စိတ်အေးသွားပြီးသန့်စင်ခြင်းဘုန်းတော်ကြီးကို ဆွဲကိုင်လျက် ကျောက်ရုပ်ထု၏အပေါ်မှ အောက်သို့ အသာခုန်ဆင်းလာခဲ့သည်။

သန့်စင်ခြင်းဘုန်းတော်ကြီးမှာမူ အမြင့်ကြောက်တတ်သူပီပီ သူ့တစ်ကိုယ်လုံးမှာ တုန်ရီလို့နေခဲ့သည်။ မြေပြင်သို့ ရောက်ရှိပြီးနောက် ချင်ရန်က ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ မိမိကယ်တင်ခဲ့သော မိန်းကလေးငယ်ကို အဝေးတစ်နေရာ၌ တွေ့ရှိလိုက်ရသည်။

ယခုအချိန်တွင် ထိုမိန်းကလေး၏ မျက်နှာအသွင်အပြင်မှာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်၏။

သို့သော် ရှေ့မှမြင်ကွင်းကိုကြည့်ရင်း သူမ ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်နေပုံရနေသည်။

ဤနေရာမှာ ဘာတွေများဖြစ်ပျက်နေတာလဲ။ ဘာဖြစ်လို့ ရဲတွေ ဒီလောက်တောင် များနေရတာလဲ။ ပြီးတော့ အပြာရောင်ဝတ်စုံဝတ်ထားတဲ့လူတွေကရော ဘာတွေလဲ။ နေပါဦး မိမိကိုယ်တိုင်လည်း အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားမိနေသည်ကို မိန်းကလေးမှသတိထားမိလိုက်၏။

ထို့အပြင် မိန်းကလေးသည် လူအုပ်ကြီးထဲတွင် မိမိမိခင်ဖြစ်သူကိုရှာဖွေတွေ့ရှိခဲ့သော်လည်း မိမိမိခင်မှာမူ လက်ထိပ်ခတ်ခံထားရသည်ကို မြင်လိုက်ရသည်။

"ဒါ ဒါတွေက တကယ်ပဲဘာတွေဖြစ်ပျက်နေတာလဲ”

မိန်းကလေးမှာ မယုံနိုင်ခြင်းများစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ထိုအချိန်တွင် သူမအနားသို့ ရဲအရာရှိတစ်ဦးက လျှောက်လှမ်းလာခဲ့ပြီး အလေးနက်ထားကာ ရှင်းပြ‌လေသည်။

"မင်းရဲ့မိခင်က ဒီမကောင်းဆိုးဝါးဂိုဏ်းရဲ့ ပကတိယုံကြည်သူတစ်ယောက်ပဲ၊ သူက မင်းကိုဆေးခတ်ပြီး ဒီနေရာကိုခေါ်ဆောင်လာခဲ့တာ"

ထိုအခါတွင် မိန်းကလေးသည် ချက်ချင်းပင် ခေါင်းမှာထိုးကိုက်လာခဲ့ပြီး ပြင်းထန်လွန်းလှသည့်ဝေဒနာကို ခံစားလိုက်ရပြီး သူမစိတ်ထဲတွင် မှတ်ဉာဏ်အပိုင်းအစအချို့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

သူမမှတ်ဉာဏ်သည် စောစောက

ဖြစ်ပျက်ခဲ့သော အချိန်အခိုက်အတန့်တွင် ရပ်တန့်နေခဲ့၏။ ထိုမှတ်ဉာဏ်မှ တစ်ဆင့်မြင်လိုက်ရသည့် မြင်ကွင်းမှာ သန့်စင်ခြင်းဘုန်းတော်ကြီးက သူမအဝတ်အစားများကိုချွတ်ပစ်ကာ အဓမ္မကျင့်စော်ကားဖျက်ဆီးရန် ပြင်ဆင်နေချိန်ဖြစ်ပြီး အကယ်၍ သူမအရှေ့က ရဲအရာရှိသာ ရုတ်တရက်ကြီးရောက်မလာခဲ့ပါက သူမဘဝတစ်ခုလုံး တွေးဝံ့စရာပင် မရှိတော့ချေ။

ထိုအခါ မိန်းကလေးသည် မျက်ရည်များ တသွင်သွင်စီးကျကာ ချင်ရန်အား ကျေးဇူးတင်စကားဆိုလေတော့သည်။

"ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မရဲ့ အရှက်ကိုကာကွယ်‌ပေးလို့ ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီးရယ်၊ တကယ်ပဲ ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး၊ ဒါ ငါတို့ရဲ့တာဝန်နဲ့ ဝတ္တရားတွေပါ ကျေးဇူးတင်ဖို့မလိုပါဘူး၊ ကဲ ဒီက ရဲအရာရှိတွေနဲ့အတူ ရဲစခန်းကိုလိုက်သွားပြီး မင်း ထွက်ဆိုချက်ပေးရလိမ့်မယ်"

ထိုအခါ မိန်းကလေးက ခေါင်းညိမ့်ကာ လက်ခံလိုက်၏။ ထို့နောက် လင်းကုဝေသည် ဖုန်းထပ်မံခေါ်ဆိုလိုက်ပြီး ဤလူပေါင်း ၃၀၀ ကျော်အားလုံးကို ဖမ်းဆီးသယ်ဆောင်ရန်အတွက် ကုန်တင်ကားကြီး အမြောက်အမြားကိုလည်း ဆင့်ခေါ်လိုက်တော့သည်။

မကြာမီအချိန်မှာပင် ကုန်တင်ကားကြီးများရောက်ရှိလာခဲ့ပြီး မကောင်းဆိုးဝါးဂိုဏ်းအဖွဲ့ဝင်များအားလုံးကို ခေါင်းစွပ်အမည်းများစွပ်ကာ ကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တင်ဆောင်သွားကြတော့သည်။

သန့်စင်ခြင်းဘုန်းတော်ကြီးသည် မိမိ၏နောက်လိုက်များ ကားပေါ်သို့ တစ်ဦးပြီးတစ်ဦး ဆွဲတင်ခြင်းခံရသည်ကိုကြည့်ရင်း တစ်ကိုယ်လုံးတုန်ရီနေခဲ့ရသည်။

*ဒါပဲလား ငါသွေးချွေးမြောက်မြားစွာနဲ့ ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့ရတဲ့ အင်ပါယာကြီးကတော့ ဒီလိုပဲပျက်စီးသွားခဲ့ရပြီ အားး*

ပြီးခဲ့တဲ့သည့်ရက်တွေတုန်းက မိမိသည် ဤလူများ၏ဘုရားသခင်တစ်ဦးသဖွယ်အဖြစ် နေထိုင်ခဲ့ရသည်မှာ မည်မျှကောင်းမြတ်သောအရာဖြစ်ခဲ့သနည်း။ အထူးသဖြင့် အမျိုးသမီးများနှင့် ပတ်သက်လာလျှင် သူက 'ခန္ဓာကိုယ်ကို သန့်စင်ပေးရမယ်'ဟု စကားတစ်ခွန်း ပြောလိုက်ရုံမျှဖြင့် သူတို့အားလုံးက သူ့ရင်ခွင်ထဲသို့ အလုအယက်တိုးဝင်လာခဲ့ကြသည်။

သို့သော် ယခုတော့ ထိုအရာအားလုံးပြာပုံအတိ ဖြစ်သွားခဲ့ရပြီဖြစ်၏။

ချင်ရန်သည် သူကိုယ်တိုင် သန့်စင်ခြင်းဘုန်းတော်ကြီးကို လက်ထိပ်ခတ်လိုက်ရင်း အေးစက်စွာပြောလိုက်သည်။

"ငြိမ်ငြိမ်သက်သက်သာ နေစမ်း၊ မင်းက ဒီအမှုရဲ့အဓိကတရားခံဖြစ်တဲ့အတွက် အခုချက်ချင်း ရဲစခန်းကိုလိုက်ခဲ့ပြီး အမှုမှန်ကို သေသေချာချာ ရှင်းလင်းထွက်ဆိုရလိမ့်မယ် သန့်စင်ခြင်းဘုန်းတော်ကြီး"

ထို့နောက် ချင်ရန်ကသန့်စင်ခြင်းဘုန်းတော်ကြီးကို ရဲကားပေါ်သို့ တွန်းတင်လိုက်တော့သည်။ အခြားတစ်ဖက်တွင်ရှိသော ဖိန်လင်မြို့တော်၏ ရဲဌာနချုပ်အတွင်း၌မူ မှုခင်းစုံစမ်းစစ်ဆေးရေး ကျွမ်းကျင်ပညာရှင်လီချန်ရှုန်သည် ဒေါသအလိပ်လိပ်ထွက်လျက် ရဲချုပ်ကြီး ရှီကျင်းစုန့်၏ရုံးခန်းအတွင်းသို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာခဲ့သည်။

"ရဲချုပ်ကြီးရှီ ခင်ဗျားရဲ့ လက်အောက်ငယ်သားက ဘယ်လိုရလဒ်မျိုးထွက်လာအောင် လုပ်နိုင်လဲဆိုတာကို ကျွန်တော် မသိဘူး၊ ဒါပေမယ့် သူကစုံစမ်းစစ်ဆေးမှုတွေကို ကြန့်ကြာအောင်လုပ်ပြီး ရှိတဲ့လူတွေအားလုံးကို တခြားနေရာခေါ်ထုတ်သွားခဲ့တယ်၊ အဲဒီ အကျိုးဆက်ကို ဘယ်သူတာဝန်ယူမှာလဲ၊ ဟမ်”

လီချန်ရှုန်း နှာခေါင်းရှုံ့လျက် ရဲချုပ်ကြီး၏စားပွဲရှေ့တွင် လက်နောက်ပစ်လျက် ဒေါသတကြီးအော်ဟစ်‌ပြောဆိုလိုက်တော့သည်။

All Chapters