← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

229

ဂုဏ်သိက္ခာရှိပြီး ဩဇာညောင်းလှသော အစိုးရအာဏာပိုင်သတင်းမီဒီယာများနှင့် ရုပ်မြင်သံကြားဌာနများသည် ၎င်းဖြစ်စဉ်ကြီးနှင့် ပတ်သက်၍ အထူးသတင်းများအဖြစ် အကျယ်တဝံ့ထုတ်လွှင့်ဖော်ပြခဲ့ကြသည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်တိုင် လူသားမဆန်စွာဖြင့် ပိတ်လှောင်ကျွန်ပြုခံခဲ့ရရှာသော သနားစရာဒုက္ခသည်ပြည်သူအများစုသည် နောက်ဆုံးတွင်တော့ မိမိတို့နေရပ်ဇာတိမြေသို့ ပြန်လည်ရောက်ရှိနိုင်ခဲ့ကြပြီ ဖြစ်သည်။

ပြင်ပကမ္ဘာနှင့် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် လုံးဝအဆက်အသွယ်ပြတ်တောက်နေခဲ့ရသဖြင့် သူတို့သည် လူ့အဖွဲ့အစည်းအတွင်းသို့ ပထမဦးဆုံးအကြိမ်ပြန်လည်ခြေချရသည့်အခါတွင်မူ အရာရာကို အလွန်အမင်းစိမ်းသက်နေခဲ့ကြရပြီး အသားကျရန်ရုန်းကန်နေရဆဲ ဖြစ်သည်။

ထိုနောက်ဆက်တွဲ ကိစ္စရပ်များမှာ ချင်ရန်နှင့် အခြားသူတို့ထံ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတော့ချေ။

မိမိတို့ ရဲတပ်ဖွဲ့၏ အဓိကတာဝန်မှာ ယင်းအမှုကြီးကို အမြစ်ပြတ်နှိမ်နင်းရှာဖွေ

ဖော်ထုတ်ပေးရန်နှင့် ဒုက္ခသည်များကို ကယ်တင်ခေါ်ဆောင်လာပေးရန်သာဖြစ်ပေသည်။

အဆိုပါဖြစ်စဉ်များ၏ နောက်ဆက်တွဲ လူမှုရေးဆိုင်ရာများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ရဲတပ်ဖွဲ့အနေဖြင့် ပါဝင်ပတ်သက်မှု နည်းပါးလှပြီး အလွန်ဆုံးရှိလှမှ နောက်ကွယ်က ကွင်းဆက်ဆက်နွှယ်မှုများကိုသာ ကူညီစုံစမ်းပေးရခြင်း ဖြစ်သည်။

သို့သော်လည်း နှစ်သစ်ကူးအချိန်ကာလကြီးသို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်ရာ ဖိန်လင်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များအားလုံးသည် တစ်ကျော့ပြန်လှုပ်ရှားတက်ကြွလာခဲ့ကြပြန်သည်။

ယခုအချိန်တွင်မူ

ဖိန်လင်မြို့ ရဲဌာနချုပ်ကြီးအတွင်း၌ ရဲအရာရှိ ရာပေါင်းများစွာတို့ တက်ရောက်ကြရသော အထွေထွေညီလာခံ အစည်းအဝေးကြီးတစ်ခုကို ကျင်းပနေလျက်ရှိသည်။

ရဲချုပ်ကြီး ရှီကျင်းစုန့်သည် အစည်းအဝေးခန်းမကြီး၏ စင်မြင့်ထက်တွင်ရပ်လျက် ပြီးဆုံးသွားခဲ့သော တစ်နှစ်တာအတွင်း ရဲတပ်ဖွဲ့ဝင်များ၏စွမ်းဆောင်ရည်များကို အသေးစိတ် ခြုံငုံသုံးသပ်ကာ မိန့်ခွန်းပြောကြားနေခဲ့သည်။

ရုံးသုံးလုပ်ရိုးလုပ်စဉ် အဖွင့်မှာစကားအချို့ပြောကြားပြီးနောက် ရှီကျင်းစုန့်သည် လေးနက်သောအသွင်သို့ ကူးပြောင်းသွားခဲ့သည်။

"အခုဆိုရင် ခရီးသွားလာမှုကို အရှိန်အဟုန်နဲ့ စတင်နေပြီဖြစ်တယ်၊ အားလုံးသိကြတဲ့အတိုင်းပဲ ဒီလိုခရီးသွားရာသီအချိန်အခါမျိုးမှာ ရထားဘူတာရုံတွေနဲ့ ကားဂိတ်တွေမှာ ခိုးမှု၊ ခါးပိုက်နှိုက်မှုတွေ အရမ်းစိပ်လာတတ်တယ်”

"ဒါကြောင့် နှစ်စဉ်နှစ်တိုင်းဒီလိုနှစ်သစ်ကူး ခရီးသွားရာသီအတွင်းမှာဖြစ်ပွားတဲ့ ခိုးမှုအရေအတွက်က သာမန်အချိန်တွေထက် ဆယ်ဆကနေ အဆပေါင်းရာချီအထိ မြင့်တက်သွားလေ့ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နှစ်သစ်ကူးကာလဖြစ်လို့ လူတိုင်းရဲ့အိတ်ကပ်ထဲမှာ ငွေအနည်းနဲ့အများပါလာကြလို့ပဲ"

"အထူးသဖြင့် ကာယလုပ်သား သာမန်ပြည်သူအများစုဆိုရင် သူတို့အပင်ပန်းခံရှာဖွေထားတဲ့ လုပ်ခလစာတွေကို လက်ငင်းငွေသားအနေနဲ့ ခန္ဓာကိုယ်မှာ ဆောင်ယူပြီး နေရပ်ပြန်လေ့ရှိကြတယ်”

"ဒါကြောင့်မလို့ နှစ်သစ်မကူးခင်မှာ ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့အရေးအကြီးဆုံး တာဝန်ကတော့ ရထားဘူတာရုံတွေ၊ အဝေးပြေးကားဂိတ်တွေလိုမျိုး လူစည်ကားရာနေရာတွေမှာ လုံခြုံရေးအစီအမံတွေကို အသေအချာချမှတ်ပြီး အင်အားဖြန့်ကြက်ထားဖို့ပဲဖြစ်ပါတယ်”

ထို့နောက်တွင်တော့ ရှီကျင်းစုန့်သည် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းစဉ်များကို တစ်ခုပြီးတစ်ခု စတင်တာဝန်ခွဲဝေပေးတော့သည်။

စင်အောက်တွင်ထိုင်နေသော ချင်ရန်သည်လည်း ထိုညွှန်ကြားချက်များကို တည်ငြိမ်စွာဖြင့် အသေအချာနားထောင်နေခဲ့သည်။ သူ့စိတ်ထဲကနေ အနည်းငယ် အံ့ဩမိသွားခဲ့သေးသည်။ နှစ်သစ်ကူးကာလသို့ နီးကပ်လာသည့် ယခုလိုအချိန်မျိုးတွင် ဤမျှအထိကြီးမားကျယ်ပြန့်လှသောလှုပ်ရှားမှုကြီးကို ပြုလုပ်ရလိမ့်မည်ဟု သူကြိုတင်မတွေးမိခဲ့ချေ။

မိမိအတွက်မူ သူခိုးဖမ်းရသည်မှာ အလွန်အမင်း ရိုးရှင်းလွယ်ကူလှသော ကိစ္စရပ်တစ်ခုသာဖြစ်ပေသည်။

သို့သော်လည်း ချင်ရန့်ဘေးနားတွင် ထိုင်နေကြသော ဝါရင့်ရဲအရာရှိကြီးအချို့မှာမူ အချင်းချင်းတီးတိုးပြောဆိုနေကြ၏။

"ဒီအချိန်ကို ပြန်ရောက်လာပြန်ပြီကွာ၊ နှစ်တိုင်း နွေဦးခရီးသွားရာသီရောက်ပြီဆိုရင် ငါတို့တွေ သူခိုးဖမ်းတဲ့ အကြီးစားစီမံချက်တွေကို လုပ်ကြတာပဲ၊ ဒါပေမဲ့ သူခိုးတွေက နေရာအနှံ့မှာ ဒီလောက်ထိ များပြားလွန်းနေတာကို

ဘယ်လိုလုပ်ပြီး အကုန်လုံးကို ပိုက်စိတ်တိုက် ဖမ်းလို့ရမှာလဲ”

"အမှန်ပဲ”

“အကုန်မဖမ်းနိုင်ရုံတင်မကဘူး၊ သူတို့က ဂိုဏ်းအလိုက် အုပ်စုဖွဲ့လှုပ်ရှားကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုက အတော်လေး အချိတ်အဆက်မိလွန်းတော့ ဘေးကကြည့်ရင် သူခိုးမှန်းတောင် လုံးဝခွဲခြားလို့မရဘူး"

"ငါမှတ်မိသေးတယ်၊ မနှစ်တုန်းကလည်း အကြီးအကဲက ဒီလိုပဲအားတက်သရော ပြောခဲ့တာပဲ၊ ဒါပေမဲ့ ရလဒ်ကတော့ စိတ်ပျက်စရာပဲ၊ ခိုးမှုပေါင်းထောင်နဲ့ချီ ဖြစ်ခဲ့ပေမဲ့ အမှုမှန်ပေါ်ပေါက်တာက တစ်ဆယ်ပုံတစ်ပုံတောင်မပြည့်ခဲ့ဘူး"

ထိုဝါရင့်ရဲအရာရှိနှစ်ဦး၏တီးတိုးစကားများကြောင့် ချင်ရန့်နားရွက်များ တစ်ချက် လှုပ်ခတ်သွားခဲ့ရသည်။

‘ဩော် အခြေအနေက ဒီလိုကိုး’

ထိုကြောင့်လည်း ယခုနှစ်တွင် ရှီကျင်းစုန့်က ဤမျှအထိပြတ်ပြတ်သားသား စကားဆိုခဲ့ပြီး ရဲအရာရှိများအားလုံးကို မျက်စိဖွင့် နားစွင့်လျက် ဖိန်လင်မြို့အတွင်းရှိ သူခိုးမှန်သမျှကို အမိအရဖမ်းဆီးရန် အလေးအနက် အမိန့်ပေးခဲ့ခြင်းဖြစ်မည်။

သို့သော်လည်း ဤသည်မှာ နှစ်သစ်ကူးကာလဖြစ်သောကြောင့် ထိုသူခိုးများထဲမှ အချို့မှာ ဒေသခံများမဟုတ်ကြဘဲ မိမိတို့နေရပ်သို့ပြန်မည့်သူများက ခရီးသည်အယောင်ဆောင်ကာ လမ်းခရီးတွင် ခိုးယူ၊ နှိုက်ယူကြသူများလည်းဖြစ်နိုင်သည်။

ထိုအချိန်တွင် ရှီကျင်းစုန့်က နေရာမှထရပ်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။

"ဒီနေရာမှာရှိတဲ့ ရဲအရာရှိတိုင်း မိမိတို့ရဲ့တာဝန်ကို သစ္စာရှိရှိနဲ့ အစွမ်းကုန်ထမ်းဆောင်ကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ ကားဂိတ်တွေနဲ့ ရထားဘူတာရုံတွေမှာရှိနေတဲ့ သူခိုး၊ ခါးပိုက်နှိုက်သမားမှန်သမျှကို အမြစ်ပြတ်တိုက်ဖျက်ပစ်ရမယ်”

"ဟုတ်ကဲ့ပါ”

ရဲအရာရှိရာပေါင်းများစွာသည် တစ်ပြိုင်တည်း မတ်တတ်ရပ်လိုက်ကြပြီး ညီညီညာညာဖြင့် ကျယ်လောင်စွာ သဘောတူလိုက်ကြသော်လည်း လက်တွေ့တွင်မူ အများစုမှာ စိတ်ထဲမှနေ ကြီးမားသော မျှော်လင့်ချက်များ ထားရှိခြင်းမရှိကြချေ။

အဘယ်ကြောင့်ဆိုသော် သူတို့ရဲအင်အားမှာ ကန့်သတ်ချက်ရှိနေကြ‌သောကြောင့်ဖြစ်သည်။ အကြောင်းမှာ

နွေဦးခရီးသွားရာသီ၏ခရီးသွားနှုန်းလူပမာဏမှာမူ ပမာဏကြီးဖြစ်သောကြောင့်ပင်။

ဤမျှများပြားလှသော ကားဂိတ်နှင့် ဘူတာရုံများတွင် အခြေခံအေးချမ်းသာယာမှုနှင့် စနစ်တကျရှိမှုကို ထိန်းသိမ်းပေးနိုင်လျှင်ပင် ကြီးမားသော အောင်မြင်မှု ဖြစ်နေပြီဖြစ်၏။

သူခိုးများအားလုံးကို ဖမ်းဆီးနိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။ ထို သူခိုးများဖမ်းမိသည်ဆိုလျှင်ပင် အတွေ့အကြုံမရှိသေးသော လက်သစ်ခိုးသူများကိုသာ အများဆုံး ဖမ်းမိတက်ကြသောကြောင့်ဖြစ်သည်။

အစည်းအဝေးပြီးဆုံးသွားသည်နှင့်

လင်းကုသည် ချင်ရန်ရှိရာသို့ တကူးတကကြီး တိုးကပ်လာခဲ့သည်။

"ချင်ရန်"

လင်းကုဝေ ပြုံးလျက်ဖြင့်ခေါ်လိုက်၏။ချင်ရန် ထင်မှတ်လိုက်သည်မှာ အဖွဲ့မှူးလင်းတစ်ယောက် သူ့ကိုသူခိုးဖမ်းမည့် အစီစဉ်သစ်များအကြောင်း လာရောက်ဆွေးနွေးမည်ဟု ထင်မှတ်လိုက်မိသည်။

"မင်း ဒီနှစ်သစ်ကူးပွဲတော်ကာလကို ဘယ်လိုဖြတ်သန်းဖို့ စိတ်ကူးထားလဲ”

လင်းကုဝေ နွေးထွေးစွာဖြင့်မေးမြန်းလိုက်သည်။ထိုအခါ ချင်ရန်တစ်ချက် ဆွံ့အသွားခဲ့ရသည်။ ဟုတ်ပေ၏။ မိမိကိုယ်တိုင်သည်လည်း ဤပိတ်ရက်ကာလကို မည်သို့ဖြတ်သန်းရမည်ဆိုသည်ကို သေသေချာချာ မစဉ်းစားရသေးချေ။ သို့သော်လည်း ဤသည်မှာ ကိစ္စကြီးမဟုတ်ပါချေ။ ရဲဝန်ထမ်းတစ်ဦး အနေဖြင့် ရက်အနည်းငယ်မျှသာခွင့်ရရှိမည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ သူ့အတွက်က အဆင်ပြေလှပေသည်။

"ဒီနှစ်သစ်ကူးကိုတော့ ငါတို့အိမ်မှာပဲနှစ်သစ်ကူးပါလား၊ ရှောင်ကျဲနဲ့အတူတူ အားလုံးစုံစုံလင်လင် ဖြတ်သန်းကြတာပေါ့"

လင်းကုဝေက သူ့အားဖိတ်ခေါ်လိုက်သည်။ လင်းကုဝေ၏လှိုက်လှိုက်လှဲလှဲသော ဖိတ်ခေါ်မှုကိုကြားလိုက်ရသည့်အခါ ချင်ရန့်စိတ်ထဲတွင် နွေးထွေးမှု တစ်ရပ် ခံစားလိုက်ရသည်။ အဖွဲ့မှူးလင်းသည် သူ့အား မိသားစုဝင်တစ်ဦးကဲ့သို့ အမှန်တကယ် သဘောထားနေခဲ့ခြင်းဖြစ်သည်။

"ကောင်းပါပြီ ကျွန်တော်လာခဲ့ပါ့မယ်”

လင်းကုဝေ လေသံကို ရုတ်တရက်နှိမ့်ချလိုက်ရင်း ဆက်ပြောလာ၏။

"ဒါနဲ့ နောက်လာမယ့် သူခိုးဖမ်းတဲ့စီမံချက်အပေါ်မှာတော့ ငါတို့တွေသိပ်ပြီး မျှော်လင့်ချက်အကြီးကြီးထားလို့မရဘူး၊ ဘာလို့ဆို အရင်နှစ်‌တွေကတည်းက

ရထားဘူတာတွေနဲ့ ကားဂိတ်တွေမှာ နေ့စဉ်ခိုးမှုတွေ အမြောက်အမြားဖြစ်ပွားခဲ့တာ”

“ဟင်း ဒါကိုတားဆီးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ငါတို့အနေနဲ့ သူခိုး‌တွေအကုန်လုံးကို လိုက်ဖမ်းဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူးလေ၊ နေရပ်ပြန်မယ့်ခရီးသည်တွေကိုပဲ သူတို့ရဲ့အဖိုးတန်ပစ္စည်းတွေကို သေသေချာချာ သိမ်းဆည်းစောင့်ရှောက်ကြဖို့ပဲသတိပေးနှိုးဆော်နိုင်တာပေါ့"

ဤစကားကို ကြားလိုက်ရသည့်အခါ

ချင်ရန်ပြုံးလိုက်၏။

“အဖွဲ့မှူးလင်း အရင်နှစ်တွေတုန်းက‌

အကုန်မဖမ်းနိုင်ခဲ့တာမှန်ပေမဲ့ ဒီနှစ်မှာတော့အခြေအနေက ပြောင်းသွားနိုင်လောက်တယ်”

ချင်ရန်၏ထီမထင်သည့် စကားကြောင့်

လင်းကုဝေ တစ်ချက်အံ့ဩသွားခဲ့ရသည်။ သူသည် နှုတ်ခမ်းကိုလျှာဖြင့်သပ်ရင်း နှစ်ချက်မျှ စုပ်သပ်လိုက်မိသည်။

"ကြည့်ရတာ မင်းကတော့ တော်တော်လေးကို ယုံကြည်မှုရှိနေပုံပဲနော်”

ထိုအခါမှသာ လင်းကုဝေသည် ချင်ရန့်အား မိမိအိမ်သို့ ပထမဦးဆုံးအကြိမ် ထမင်းဖိတ်‌ကျွေးစဥ်က လမ်းဘေးသူခိုးဂိုဏ်းကြီးတစ်ခုကို သူတစ်ယောက်တည်း၏စွမ်းဆောင်ရည်ဖြင့် ဖော်ထုတ်ဖမ်းဆီးပေးခဲ့ဖူးသည်ကို ပြန်လည်သတိရသွားခဲ့သည်။

ထိုစဉ်က လင်းကုဝေအနေဖြင့် ဤသည်ကို ကိစ္စသေးသေးလေးတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ပြန်လည်စဉ်းစားကြည့်လိုက်သည့်အခါတွင် ဝါရင့်သူခိုးဂိုဏ်းကြီးကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ခြင်းကပင် ချင်ရန်သည် ထူးခြားလှသော သူ့စွမ်းဆောင်ရည်ကို သက်သေပြနေခဲ့ခြင်းပင် ဖြစ်ပေသည်။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း ဒီတစ်ကြိမ် သူခိုးဖမ်းတဲ့စီမံချက်မှာ မင်း ဘယ်လိုမျိုးစွမ်းဆောင်ပြမလဲဆိုတာကို ငါ မျှော်လင့်‌နေမယ်နော်”

ထိုအခါ ချင်ရန် ခေါင်းညိတ်ပြလိုက်သည်။ ရဲဌာနချုပ်တွင် လစဉ်အစည်းအဝေးကြီး ပြီးဆုံးသွားခဲ့သည့်နှင့် တပြိုင်တည်း ဖိန်လင်မြို့၏ဝေးလံခေါင်သီလှသော ကျေးလက်‌နေ ဆင်ခြေဖုံး ရပ်ကွက်များ၊ သီးခြားပုဂ္ဂလိကအိမ်ရာများနှင့် ယင်ကောင်များ တဝီဝီမြည်နေခဲ့သော အဆင့်နိမ့်မိုတယ်ငယ်လေးများအတွင်းသို့ ရုတ်တရက်ဆိုသလို တခြားနယ်မြေမှ လူအမြောက်အမြားသည် တိုးဝှေ့ကာ စုပြုံဝင်ရောက်လာခဲ့ကြသည်။

သူတို့သည် လက်ထဲတွင်အိတ်ကြီးအိတ်ငယ်များကို ကိုယ်စီကိုင်ဆောင်ထားကြ၏။ ထိုအချင်းအရာအားကြည့်ရသည်မှာ နေရပ်ဇာတိသို့ပြန်ရန် ပြင်ဆင်နေကြသော သာမန်လက်လုပ်လက်စားများနှင့် အလားသဏ္ဌာန်တူလှသည်။

သို့သော်လည်း အဆိုပါလူများသည် အလုပ်သမားများ လုံးဝမဟုတ်ကြဘဲ စနစ်တကျ ဖွဲ့စည်းထားကြသော ပရော်ဖက်ရှင်နယ် သူခိုးဂိုဏ်းအဖွဲ့အစည်းများ ဖြစ်နေကြခြင်းပင်ဖြစ်သည်။

ဖိန်လင်မြို့သည် စီးပွားရေးအလွန်တရာဖွံ့ဖြိုးတိုးတက်လှသော မြို့ကြီးတစ်မြို့ဖြစ်သည့်အားလျော်စွာ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုရလျှင် အကောင်းဆုံး ထိပ်သီးအဆင့်တစ်ဆယ်စာရင်းဝင်ဖြစ်သည်။

ထို့ကြောင့် ဤသူခိုးဂိုဏ်းများအတွက်မူ ဤကဲ့သို့သော ချမ်းသာကြွယ်ဝသည့်မြို့ကြီးများသည် တကယ့်ကို သူတို့အတွက် အားထားရသည့် ပျော်စံရာနတ်ဘုံနတ်နန်းကြီးတစ်ခုဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း နွေဦးခရီးသွားရာသီ ရောက်လာတိုင်း လူပင်လယ်ကြီး ခရီးသွားလာကြသည့် အချိန်အခါမျိုးတွင် သူတို့သည် ဤဧရာမလူစီးဆင်းမှုကြီးကို အသုံးချ၍ အကြီးအကျယ်ခိုးယူနှိုက်ယူရင်း စီးပွားရှာလေ့ရှိကြသည်။

အခြားနေရာနစ်ခုရှိ အဆင့်နိမ့်မိုတယ်အိုလေးတစ်ခု၏အခန်းကျဉ်းလေးအတွင်း၌မူ သာမန်လက်လုပ်လက်စား ကာယအလုပ်သမားများကဲ့သို့ ဝတ်ဆင်ထားကြသော လူခုနစ်ဦးသည် စုဝေးကာ ခေါင်းချင်းဆိုင်ထိုင်လျက် တိုင်ပင်နေကြသည်။

"မနက်ဖြန်ဆိုရင် နွေဦးခရီးသွားရာသီက တရားဝင်စတင်ပြီ၊ ဒါကြောင့် ငါတို့တွေ ချက်ချင်းလှုပ်ရှားချင်ရင် လှုပ်ရှားလို့ရပြီ”

"ဒီတစ်ကြိမ်သာ ငါတို့တွေကောင်းကောင်းကြီးရှာနိုင်ခဲ့ရင် တစ်နှစ်ပတ်လုံး အလုပ်လုပ်စရာမလိုဘဲ အေးဆေးထိုင်စားလို့ရပြီကွ၊ ဒီနှစ်မှာ ငါတို့ နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့အတွက် အကြီးဆုံးသားကောင်ကို အမိအရဖမ်းရမယ်”

ခေါင်းဆောင်ဖြစ်သူမှ ဆိုလိုက်သည်။

သို့သော်လည်း ထိုသူများထဲမှတစ်ဦးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြောလာသည်။

"အစ်ကိုတို့ ကျွန်တော်မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ လပိုင်းတုန်းက ဖိန်လင်မြို့မှာ နာမည်ကြီးသူခိုးတချို့ဖမ်းခံလိုက်ရတယ်လို့ ကြားလ်ိုက်တယ်၊ အဲဒီလူတွေက တောင်ပိုင်းတစ်ခွင်မှာ နာမည်ကြီးတဲ့၊ ချန်ရှန့်ကုမ္ပဏီကတဲ့၊ ပြီးတော့ သူတို့ကုမ္ပဏီကို ရဲတွေဝင်စီးတာ လက်သွက်တဲ့ ဝါရင့်တွေ ထက်ဝက်လောက် အဖမ်းခံလိုက်ရတယ်ဆိုပဲ၊ အစ်ကိုတို့ အဲဒီလူတွေကို မှတ်မိကြသေးရဲ့လား”

"ချန်ရှန့်ကုမ္ပဏီရဲ့လူတွေလား၊ ကြားရသလောက်တော့ သူတို့အဖွဲ့တစ်ခုလုံး ဖိန်လင်မြို့မှာ အကုန်ဖမ်းခံလိုက်ရတယ်လို့ ကြားတယ်”

ဤစကားကိုကြားလိုက်ရသည့်အခါ အခန်းတွင်းရှိ လူခုနှစ်ဦးစလုံး၏ မျက်နှာများမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားခဲ့သည်။

ချန်ရှန့်ကုမ္ပဏီဆိုသည်မှာ သူခိုးလောကတွင် အလွန်အမင်းနာမည်ကြီးလှသော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။ ၎င်းတို့တွင်အဖွဲ့ဝင်များ အမြောက်အမြားမရှိကြသော်လည်း၊ အဖွဲ့ဝင်တိုင်းမှာမူ အလွန်မြင့်မားလှသောခိုးယူမှုအတတ်ပညာနှင့် ဝါရင့်အတွေ့အကြုံများရှိကြသည့် အထူးချွန်ဆုံးလူများသာ ဖြစ်ကြသည်။

သူတို့သည် ရဲများမျက်စိရှေ့မှောက်တွင်ပင် ပါးပါးနပ်နပ် ခိုးယူဝံ့ကြသူများ ဖြစ်၏။ သို့သော်လည်း ထိုမျှအစွမ်းထက်လှသောဂိုဏ်းကြီးပင် ဖိန်လင်မြို့၌ အစအနမကျန်‌အောင် အဖမ်းခံခဲ့ရသည်။

ထို့ကြောင့် အာဏာပိုင်ရဲများ၏ စွမ်းဆောင်ရည်များကို သံသယမဝင်သင့်ချေ။

"အဲဒီကိစ္စအတွက် စိုးရိမ်မနေစမ်းပါနဲ့၊ မင်းက ဘာကိုကြောက်နေတာလဲ၊ ငါလောင်းကြေးထပ်ရဲတယ်၊ ချန်ရှန့်ကုမ္ပဏီရဲ့ကောင်တွေက သူတို့ကိုယ်သူတို့ တော်လှပြီဆိုပြီး ဇောင်းကြွခဲ့ကြလို့သာ အဖမ်းခံလိုက်ရတာနေမှာပါ"

ထိုအုပ်စုထဲမှလူတစ်ဦးက မထီမဲ့မြင် ပြုမူကာ အေးဆေးပြောလိုက်သည်။

“ငါတို့က ငါတို့အလုပ်ကို စနစ်တကျလုပ်ကြရုံပဲ၊ အဓိကကတော့ကွာ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးပုံကို ကောင်းကောင်းကြီး နားလည်ထားဖို့ပဲ ၊ ဒီတော့

မင်းတို့အားလုံး နားလည်ကြရဲ့လား”

ထိုသူက ထပ်မံမေးမြန်းလိုက်သည့်အခါ ကျန်လူအားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ထိုအုပ်စုကဲ့သို့သော အခြားဒုစရိုက်သူခိုးအဖွဲ့ပေါင်းမြောက်မြားစွာတို့သည် မြို့ပြ၏အင်တာနက်ကဖေးများ၊ ဝေးလံသော ဆင်ခြေဖုံးလူနေအိမ်ရာများနှင့် လျှို့ဝှက်နေရာများတွင် အသီးသီး စုရုံးလို့ လာနေခဲ့ကြပြီဖြစ်သည်။

သူတို့သည် များသောအားဖြင့် ခုနစ်ဦး (သို့မဟုတ်) ရှစ်ဦးခန့် အုပ်စုများဖွဲ့ထားကြပြီး အချို့အဖွဲ့များတွင် လူတစ်ဆယ်ကျော်ရှိကာ အနည်းဆုံးအဖွဲ့များတွင်ပင် လူဦးရေငါးဦးခန့် ပါဝင်ကြသည်။

သူတို့၏ အဓိကရည်မှန်းချက်မှာ အလွန်အမင်း ရိုးရှင်းလှပေသည်။

သူတို့သည် နွေဦးခရီးသွားရာသီစတင်မည့် ထိုနေ့ရက်တွင် ဖိန်လင်မြို့ကြီး၌ အကြီးအကျယ် မွှေနှောက်ခိုးယူကာ ကြီးမားလှသောငွေကြေးအမြတ်အစွန်းများဖြင့် နှစ်သစ်ကူးပွဲတော်ကိုပျော်ပျော်ပါးပါးဖြင့် အပူအပင်မဲ့ဖြတ်သန်းကြရန်ပင်ဖြစ်သည်။

All Chapters