← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

230

အမှန်တရားဆိုရလျှင်ပင် ဤဒုစရိုက်သမားများသည် နှစ်သစ်ကူးပွဲတော်ကို ပျော်ပျော်ပါးပါးဖြတ်သန်းခွင့်ရရှိတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကံကြမ္မာဆိုးများမှာ ကြိုတင်သတ်မှတ်ခံထားရပြီးဖြစ်သောကြောင့် ဖြစ်သည်။

ချင်ရန့်လက်များမှာ ဤသူခိုးများကို ဖမ်းဆီးနှိမ်နင်းရန်အတွက် အလွန့်ကို ယားယံနေခဲ့ပြီဖြစ်ရာ သူသည် ထိုသူခိုးများပေါ်ပေါက်လာမည့်အချိန်ကိုသာ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပေသည်။

အတိအကျပင် ဤသို့ဖြင့်နေ့ရက်များသည် နွေဦးခရီးသွားရာသီ၏ ပထမဦးဆုံးသောနေ့ရက်အား တရားဝင်စတင်ခဲ့‌လေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နှစ်သစ်ကူးပွဲတော်ကြီး ရောက်ရှိရန်အတွက် ခုနစ်ရက်မျှသာ လိုအပ်တော့သောကြောင့်ဖြစ်သည်။

ရထားဘူတာရုံများ၊ အဝေးပြေးကားဂိတ်များနှင့် လေဆိပ်များအားလုံးတွင် နေရပ်သို့ပြန်မည့်ခရီးသွားများသည် အများအပြားရှိနေကြပြီး လူပင်လယ်ကြီးသဖွယ် အတိုင်းအဆမရှိ စည်ကားသိုက်မြိုက်နေခဲ့၏။

ဖိန်လင်မြို့ရဲဌာနသည် သံသယရှိဖွယ်ရာ လူမှန်သမျှကို ချက်ချင်းဖမ်းဆီးထိန်းသိမ်းနိုင်ရန်အတွက် ကားဂိတ်နှင့် ရထားဘူတာရုံများသို့ ရဲအရာရှိ အမြောက်အမြားကို အရေးပေါ် စေလွှတ်၍ အင်အားဖြန့်ကြက်ထားခဲ့သည်။

ချင်ရန်မှာမူ ဖိန်လင်မြို့၏အကြီးမားဆုံးသော ရထားဘူတာရုံကြီးဖြစ်သည့် 'ဖိန်လင်တောင်ပိုင်းဘူတာရုံ' သို့ ရောက်ရှိနေခဲ့သည်။ ၎င်းဘူတာရုံကြီးသည် သာမန်ဖိန်လင်ဘူတာရုံထက် သုံးဆမျှပိုမိုကျယ်ဝန်းလှသဖြင့် သဘာဝအတိုင်းပင် ခရီးသွားလာသူလူဦးရေမှာလည်း သုံးဆမျှ ပိုမိုများပြားလှပေသည်။

ချင်ရန် ဤနေရာသို့ရောက်ရှိလာသည်နှင့် တပြိုင်တည်း စူးရှထက်မြက်လှသော သူ့မျက်ဝန်းများဖြင့် လူအုပ်ကြီးကို စေ့စေ့စပ်စပ်ဖြင့် လိုက်လံစစ်ဆေးကြည့်ရှုလိုက်တော့သည်။

လင်းကုဝေသည် ထိုအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး သူတို့အဖွဲ့တွင် ရဲအရာရှိ စုစုပေါင်း ငါးဆယ်ခန့်ပါဝင်သဖြင့် အရေအတွက်အားဖြင့် မနည်းလှသော်လည်း ဤမျှကျယ်ဝန်းလှသော ဘူတာရုံကြီးတစ်ခုလုံးကို အနီးကပ် လုံခြုံရေးယူစောင့်ကြပ်ရန်အတွက်မူ အနည်းငယ် အင်အားလိုနေသေးသည်ဟု ခံစားရပေသည်။

"ကဲ အားလုံးပဲ၊ ငါတို့တွေရဲ့အဓိကတာဝန်ကို စတင်ကြစို့"

သူတို့ထဲမှ ထက်ဝက်ခန့်မှာ အရပ်ဝတ်များ ဝတ်ဆင်ထားကြပြီး ကျန်ရှိသော ထက်ဝက်မှာမူ ရဲယူနီဖောင်းများကို စနစ်တကျဝတ်ဆင်ထားကြသည်။

ဤအရပ်ဝတ်ရဲအရာရှိများသည် ဒုစရိုက်သမားများရိပ်မိသွားခြင်းမရှိစေရန်အတွက် လူအုပ်ကြီးအတွင်းသို့ တိတ်တဆိတ် ရောနှောဝင်ရောက်သွားခဲ့ကြသည်။

ချင်ရန်သည်လည်း လင်းကုဝေအား ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်စုကြီး အတွင်းသို့ ရောနှောဝင်ရောက်သွားခဲ့သည်။

ကင်းလှည့်ခြင်းစတင်ချိန်တွင်မူ ချင်ရန်အနေဖြင့် ပုံမှန်မဟုတ်သော မည်သည့် သဲလွန်စကိုမျှ မတွေ့ရှိရသေးချေ။ ကြည့်ရသည်မှာ လူအများစုမှာ မိမိတို့ခရီးစဉ်အတွက် အလေးအနက်ထား အလုပ်ရှုပ်နေကြခြင်းဖြစ်သည်။

မိမိစနစ်၏ ရာဇဝတ်ကောင်ရှာဖွေရေးရေဒါ’မှလည်း မည်သည့် တုံ့ပြန်မှုမျှမပြသသေးချေ။ ချင်ရန်တို့သည် ဘူတာရုံထဲရှိလူအုပ်စုကြီးအတွင်း၌ နောက်ထပ် ဆယ်မိနစ်ခန့် ဆက်လက်စုံစမ်းစစ်ဆေးနေကြသည်။

ရုတ်တရက်ဆိုသလို ချင်ရန့်မျက်လုံးထဲသို့ ထူးဆန်းစွာပြုမူနေသော လူတစ်ဦး၏ပုံရိပ်သည် တိုးဝင်လာခဲ့သည်။ ထိုသူသည် ပစ္စည်းများအားခိုးယူသော သူခိုးတစ်ယောက် မဟုတ်ချေ။ သို့သော်လည်း သူသည် အမျိုးသမီးများကို အခွင့်ကောင်းယူ၍ ကာမဣန္ဒြေဖျက်ဆီးတတ်သောနှာဘူးတစ်ကောင်ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ချင်ရန့်အမြင်အာရုံထဲတွင် ထိုသူသည် အသက်သုံးဆယ်ကျော်အရွယ် ထိပ်ပြောင်ပြောင်နှင့် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့မျက်ဝန်းများနှင့် မျက်နှာအမူအရာတစ်ခုလုံးတွင် ရာဂစိတ်များအလွန်အကြူးလွှမ်းမိုးနေခဲ့သည်။

ထိုသူသည် လူစည်ကားရာနေရာများသို့ ကုန်းကုန်းကွကွဖြင့် လျှို့ဝှက်တိုးဝှေ့ဝင်ရောက်သွားခဲ့ပြီးနောက် ယုတ်မာလှသော သူ့လက်များက စတင်လှုပ်ရှားတော့သည်။

ဤသူသည် မိမိရှေ့မှောက်တွင် တွေ့ရှိသောမည်သည့် အမျိုးသမီးငယ်ကိုမဆို လက်ဖြင့် အတင်းအဓမ္မ မသိမသာ လိုက်လံ ပွတ်သပ်အခွင့်ကောင်းယူနေခဲ့ခြင်း ဖြစ်သည်။

ထိုသူသည် ဤကဲ့သို့သောယုတ်မာမှုများကိုပြုလုပ်နေကျ ဝါရင့်အ‌တွေ့အကြုံရှိ လူတစ်ဦးဖြစ်ပုံရပြီး မိမိလုပ်ရပ်ကို မည်သို့ ဖုံးကွယ်ရမည်အား ကောင်းကောင်းကြီး သိရှိထားသည်။ သူလက်ဆော့ခြင်းကိုခံလိုက်ရရှာသော အမျိုးသမီးငယ်လေးများသည် မျက်နှာများရဲတွတ်သွားကြရပြီး အလန့်တကြားအော်ဟစ်လိုက်မိကြသော်လည်း အနောက်သို့လှည့်ကြည့်သည့်အခါ မည်သူက ဤသို့ပြုလုပ်သွားသည်ကို သေသေချာချာခွဲခြား၍မရနိုင်ကြပေ။

ချင်ရန်သည် ထိုလူအားကြည့်၍ နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ ဤနှာဘူးကောင်၏အတတ်ပညာမှာ အတော်လေး ကျွမ်းကျင်ကာ ရဲတင်းလှပေသည်။ သူသည် သူခိုးမဟုတ်သော်လည်း ခရီးသည်များ အထူးသဖြင့် အမျိုးသမီးများကို အသားယူနေသော စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ရာဇဝတ်ကောင်တစ်ဦးဖြစ်ပေ၏။

"တောက် ခွေးမသား၊ ငါ့မျက်စိရှေ့မှောက်မှာတင် အမျိုးသမီးတွေကို လာစော်ကားရဲတယ်ပေါ့‌လေ၊ မင်း သေချင်နေတာပဲ”

ချင်ရန်သည် အေးစက်စက်ဖြင့်ပြုံးလိုက်မိပြီး ထိုနှာဘူးကောင်၏လက်ဆော့နေသောနေရာဆီသို့ တန်းတန်းမတ်မတ်ဦးတည်လိုက်တော့သည်။

ထိုထိပ်ပြောင်နှာဘူးကောင်၏လက်ညစ်ပက်ကြီးသည် အသက် ၂၀ခန့်အရွယ်ရှိ အလွန်လှပသော အမျိုးသမီးငယ်တစ်ဦးဆီသို့ ဖြည်းည်းချင်းတိုးကပ်သွားနေခဲ့၏။

အဆိုပါ အမျိုးသမီးငယ်သည် အမည်းရောင်ကိုယ်ကျပ်အဝတ်အစား၊ စကတ်တိုနှင့် ဒေါက်ဖိနပ်များကို စမတ်ကျစွာ ဝတ်ဆင်ထားပြီး အရပ်အမောင်းမှာ ၁.၇ မီတာခန့် ရှိကာ ဆံနွယ်ရှည်ကြီးများမှာလည်း ကျောပြင်ထက်တွင် လှပစွာဝဲဖြာနေခဲ့သည်။

မိမိအနောက်မှ ယုတ်မာလှသော လက်ကြီးတစ်ဖက်သည် သူမတင်ပါးဆီသို့ ဖြည်းဖြည်းချင်းတိုးကပ်လာနေသည်ကို ထိုအမျိုးသမီးငယ်ခမျာ လုံးဝမသိရှိရှာချေ။

အဆိုးရွားဆုံးမှာ ထိုနှာဘူးကောင်သည် လက်ညှိုးတစ်ချောင်းတည်းကိုသာ ဆန့်ထုတ်ထားခြင်းဖြစ်ပြီး သူဘာလုပ်ရန် ကြံစည်နေသည်ကိုမူ မတွေးဝံ့စရာပင် ဖြစ်သည်။

သို့သော်လည်း ထိုယုတ်မာညစ်ပက်သော လက်ညှိုးသည် အမျိုးသမီးငယ်ခန္ဓာကိုယ်သို့ထိတွေ့ရန် မီလီမီတာမျှသာ လိုတော့သည့်အခိုက်အတန့်၌ပင် ချင်ရန်သည် ထိုလက်ကိုဘေးမှနေ၍ လျှပ်စီးလက်သွားသည့်အလား ကြားဖြတ်၍ ဝင်ရောက်ဖမ်းဆုပ်လိုက်တော့သည်။

မျှော်လင့်ထားသလိုဖြစ်မလာပဲ လမ်းခုလတ်၌ မိမိလက်အားကြားဖြတ်ကာ ရပ်တန့်လိုက်စေသည့် အခြားလက်တစ်ဖက်ကိုကြည့်ကာ ထိုနှားဘူးထိပ်ပြောင်သည် ကြောင်အလို့သွားရသည်။ ချင်ရန်သည် မိမိဖမ်းဆုပ်ထားသော လက်ပိုင်ရှင်ထိပ်ပြောင်နှာဘူးကောင်ကို မျက်နှာအမူအရာမရှိဘဲ စိုက်ကြည့်လိုက်၏။

"ငါက ဒီနေရာမှာ သူခိုးတွေနဲ့ပဲပြည့်နေတယ် ထင်ထားတာ၊ မင်းလိုမျိုး အမျိုးသမီးတွေကို လိုက်စော်ကားတဲ့ နှာဘူးကောင်ကိုပါ တွေ့ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး”

ချင်ရန် အေးစက်စွာဖြင့် ပြောလိုက်သည်။

ထိုထိပ်ပြောင်အမျိုးသားမှာ ချက်ချင်းပင် လန့်ဖြပ်သွားခဲ့ရသည်။ အလွန်အမင်း ကျွမ်းကျင်ပါးနပ်လှသော မိမိ၏လက်ဆော့မှုအတတ်ပညာကို ဤလူငယ်က မည်သို့သောနည်းဖြင့် လက်ပူးလက်ကြပ်မိအောင် ဖမ်းဆီးနိုင်ခဲ့ရပါသနည်း။

"ကောင်လေး မင်းနဲ့မဆိုင်တဲ့ကိစ္စထဲကို ဝင်မပါနဲ့”

ထိပ်ပြောင်အမျိုးသားက ချင်ရန်အား ခက်ထန်ဟန်ဖြင့်ခြိမ်းခြောက်လိုက်၏။

ထိုအချိန်၌ သူတို့ရှေ့မှမိန်းမလှလေးသည်လည်း အနောက်မှအသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

ထိုအခါ အမျိုးသားတစ်ဦး၏လက်သည် မိမိတင်ပါးကို ထိတွေ့ရန်ပြင်ဆင်နေသည့် အနေအထားဖြင့် အဖမ်းခံထားရသည်ကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားရာ သူမသည် အနောက်သို့ခြေလှမ်းအမြောက်အမြားဆုတ်ကာ ထိုနေရာမှ ဝေးရာသို့ ကပျာကယာဖြင့်ထွက်ခွာသွားခဲ့တော့သည်။

"မင်းက သူများကိစ္စထဲကို ဝင်စွက်ဖက်ရတာကို ဝါသနာပါတယ်နဲ့တူတယ် ဟုတ်လား”

ထိုအခါ ထိပ်ပြောင်အမျိုးသားက ဒေါသတကြီးဖြင့်အော်ဟစ်လိုက်၏။ ဤမျှ ပြည့်စုံလှပသော ကောင်မလေးအား အခွင့်ကောင်းယူရန်အတွက် မိမိမှာ ပြင်ဆင်နေခြင်းဖြစ်သော်လည်း ဤခွေးမသားလူငယ်ကြောင့် အရာအားလုံး ပျက်စီးသွားခဲ့ရပြီပင်။

သူသည် ထိုသို့ထူးခြားလှပသော အမျိုးသမီးမျိုးကို တစ်နှစ်ပတ်လုံးနေမှ ကံကောင်း၍ တစ်ယောက်ခန့်သာ ကြုံတွေ့နိုင်ခြင်းဖြစ်သည်။

"မဆိုင်တဲ့ကိစ္စထဲ ဝင်ပါတယ်ဟုတ်လား”

ချင်ရန်ပြုံးလိုက်မိရင်း သူ့ခါးကြားမှငွေရောင်လက်ထိပ်ကို ဂျောက်ခနဲမြည်အောင် ထုတ်ယူလိုက်တော့သည်။

ထိုအခါမှ ထိပ်ပြောင်အမျိုးသားသည် အံ့ဩမှင်သက်သွားခဲ့ရသည်။

သူသည် လက်ထိပ်ကိုမြင်တွေ့လိုက်ရပြီဖြစ်ရာ ထိုသူသည် အခြားသူမဟုတ်ဘဲ အစိုးရရဲအရာရှိတစ်ဦးပင်ဖြစ်နေ၏။

‘သွားပြီ သွားပြီ၊ ငါက အမျိုးသမီးတွေကို လိုက်နှိုက်ရုံပဲ နှိုက်တာလေ၊ ရဲတွေက ဘာဖြစ်လို့ ငါ့ကိုလာဖမ်းရတာလဲ'

ထိုထိပ်ပြောင်အမျိုးသားပင်လျှင် နှစ်သစ်ကူးကာလအတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၏အဓိကတာဝန်မှာ သူခိုးများကို လိုက်လံဖမ်းဆီးရန်ဖြစ်ကြောင်းကိုပင် ကောင်းကောင်းကြီးသိရှိထား၏။

သို့သော် မိမိသည် ပစ္စည်းခိုးယူခြင်းမရှိဘဲ အမျိုးသမီးများကိုသာ အခွင့်ကောင်းယူခဲ့ခြင်းဖြစ်ရာ ရဲများ၏အဓိကပစ်မှတ်အဖြစ်သတ်မှတ်ခြင်းခံလိုက်ရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။

"အရာရှိကြီး အရာရှိကြီး”

ထိုအခါမှ ထိပ်ပြောင်အမျိုးသားသည် ငိုမဲ့မဲ့ဖြစ်သွားခဲ့ရပြီး စောစောကတင် ထောင်လွှားနေခဲ့သော အမူအရာများမှာ ချက်ချင်းကွယ်ပျောက်သွားခဲ့ရတော့သည်။

"ငါ့ကို အရာရှိကြီးလို့လာခေါ်နေလည်း ဘာမှထူးလာမှာမဟုတ်ဘူး၊ မင်းဘာမင်း အေးအေးဆေးဆေးပဲ ထိန်းသိမ်းရေးအခန်းထဲကို လိုက်ခဲ့တော့”

ချင်ရန် ပြတ်သားစွာအမိန့်ပေးလိုက်၏။

ထိပ်ပြောင်အမျိုးသားသည်လည်း ဘာမှမတတ်နိုင်တော့ချေ။ ထို့အပြင် မိမိသည် ပြန်လည်ခုခံရန်လည်းမဝံ့သဖြင့် ချင်ရန့်အမိန့်အတိုင်းသာ ခေါင်းငိုက်စိုက်ချလျက် နာခံစွာလိုက်ပါလာခဲ့ရရှာသည်။

ထို့နောက် ချင်ရန်သည် ထိုနှာဘူးကောင်အား ဘူတာရုံအတွင်းရှိ ယာယီထိန်းသိမ်းရေးအခန်းသို့ ခေါ်ဆောင်သွားရန်အတွက် သူ့အနောက်မှ လိုက်ပါလာသော ဝါရင့်ရဲအရာရှိကြီးတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။ ထို့‌ကြောင့် သိသိသာသာပင် ယနေ့တွင် ဖိန်လင်တောင်ပိုင်းဘူတာရုံ၏ယာယီထိန်းသိမ်းရေးစခန်းများအတွင်း၌ ဖမ်းဆီးခံရသူများဖြင့် ပြည့်နှက်ညှက်သိပ်နေတော့သည်။

ထိုထိပ်ပြောင်အမျိုးသားကို လွှဲပြောင်း ပို့ဆောင်ပြီးနောက် ချင်ရန်သည် လူအုပ်ကြီးဆီသို့ ပြန်လည်ကြည့်ရှုစစ်ဆေး

လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ချင်ရန်သည် ဤနေရာ၌ မိမိရှိနေသရွေ့ မည်သည့် ဒုစရိုက်သမားတစ်ဦးတစ်ယောက်ကိုမျှ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးမည်မဟုတ်သောကြောင့်ဖြစ်သည်။

ချင်ရန်သည် လူအုပ်ကြီးအတွင်းသို့ ဆက်လက်လျှောက်ဝင်လာခဲ့သည်။

သူသည် ပတ်ဝန်းကျင်တစ်ခုလုံးကို စေ့စေ့စပ်စပ် ရှာဖွေခဲ့သည်။ တကယ့်ရဲအရာရှိတစ်ဦးကဲ့သို့ လူတိုင်း၏အမူအရာနှင့် လှုပ်ရှားမှုမှန်သမျှကို အသေးစိတ် စောင့်ကြည့်နေခဲ့ပြီး မမှန်ကန်သော အပြုအမူမှန်သမျှကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်သွားခဲ့သည်။ လင်းကုဝေနှင့် အခြားသော ဝါရင့်ရဲအရာရှိကြီးများသည် ဘူတာရုံ၏နေရာအနှံ့အပြားတွင် ပင်ပန်းကြီးစွာဖြင့် ကင်းပုန်းဝပ်ကာ ရှာဖွေနေကြသော်လည်း မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာသေးပေ။

ထိုအချိန်တွင် အခြားတစ်ဖက်ရှိ ချင်ရန်မှာမူ သူခိုးဂိုဏ်းများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက်ဆိုသလို လက်ဝယ်ဖမ်းဆီးနှိမ်နင်းနေခဲ့ပြီဖြစ်သည်။

အလားတူပင် ဖိန်လင်မြို့ရဲစခန်းထံသို့လည်း ခရီးသည်များထံမှ

ခိုးမှုတိုင်ကြားချက်အမြောက်အများမှာ ဆက်တိုက်ဆိုသလို ရောက်ရှိလာနေခဲ့သည်။

ထိုအခါ လင်းကုဝေသည် အတော်လေးကို စိတ်ပျက်လက်ပျက်ဖြစ်နေမိ၏။ ယင်းဖြစ်ရပ်များသည် နှစ်စဉ်နှစ်တိုင်း ဤသို့ပင် ဖြစ်ပျက်နေကျဖြစ်သည်။ မိမိတို့ ရဲတပ်ဖွဲ့အနေဖြင့် အလွန်အမင်း ကြိုးစားပမ်းစားရှာဖွေ နှိမ်နှင်းနေကြသော်လည်း ဝါရင့်သူခိုးများသည် အတော်‌လေးကိုပါးနပ်လွန်းသဖြင့် မိမိတို့ အနေနှင့် မည်သည့်သဲလွန်စကိုမျှ ရှာဖွေနိုင်ခြင်းမရှိကြချေ။

သို့သော်လည်း ချင်ရန်သည် အဆိုပါ သူခိုးအုပ်စုများကို တစ်သုတ်ပြီးတစ်သုတ် ယာယီထိန်းသိမ်းရေးစခန်းဆီသို့ စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးလာခဲ့သည့်အခါတွင်မူ လင်းကုဝေတစ်ယောက် အံ့ဩကာဆွံ့အမှင်သက်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတော့သည်။

မိမိတို့ စတင်ရှာဖွေခဲ့သည်မှာ မိနစ်ပိုင်းမျှသာရှိသေးသော်လည်း ချင်ရန်မှာမူ သူခိုးပေါင်းဆယ်ယောက်ကျော်ကို အမိအရ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီဖြစ်၏။

ဤမျှအထိ ထူးခြားဆန်းပြားလှသည့် အမှုစုံစမ်းစစ်ဆေးနိုင်စွမ်းကြောင့် လင်းကုဝေကိုယ်တိုင်ပင် ချင်ရန်တစ်ယောက် လူများမှားဖမ်းလာခြင်းဟုပင် သံသယဝင်မိသွားခဲ့ရသည်။

သို့သော်လည်း ဖမ်းဆီးခြင်းခံထားရသော သူခိုးများ၏အရှက်ရကာ ခေါင်းငိုက်စိုက်ကျနေသော မျက်နှာအမူအရာများကို ကြည့်ရှုလိုက်ရသည့်အခါမှသာ သူတို့အားလုံးမှာ တကယ့်ရာဇဝတ်ကောင်အစစ်အမှန်များဖြစ်ကြောင်းကို လင်းကု‌ဝေတစ်ယောက်

အကြွင်းမဲ့ အတည်ပြုလိုက်နိုင်သည်။

ထိုအခါ လင်းကုဝေ၏နှုတ်ခမ်းများ တစ်ချက် တွန့်ကွေးသွားခဲ့ရပြီးနောက် သူသည် မိမိဘေးနားရှိ ဝါရင့်ရဲအရာရှိကြီးများကိုလှည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

"မင်းတို့တွေ ကိုယ့်ကိုကိုယ်ပြန်ကြည့်ကြစမ်းပါဦး၊ ပြီးရင် ဟိုကောင်လေးကိုလည်း ကြည့်လိုက်ကြဦး၊ မင်းတို့လည်း ထမင်းစားတာပဲ၊ သူလည်း ထမင်းစားတာပဲ၊ ဘာဖြစ်လို့ မင်းတို့ရဲ့အလုပ်လုပ်နိုင်စွမ်းက သူနဲ့ ဒီလောက်အထိ ကွာခြားနေရတာလဲ”

"အခု ဘူတာရုံထဲမှာ ခိုးမှုတိုင်ကြားချက်တွေ အများကြီးထပ်တက်လာပြီကွ၊ သူခိုးတွေ ဒီဘူတာရုံထဲကနေထွက်သွားကြဦးမှာ မဟုတ်သေးဘူး၊ မင်းတို့တွေလည်း အရှိန်မြှင့်တင်ပြီး ကြိုးစားပြီး ဖမ်းဆီးကြစမ်း၊ ငါပြောတာနားလည်ကြလား”

"ဟုတ်ကဲ့ပါ"

ရဲအရာရှိအုပ်စုလိုက်ကြီးသည် ဘူတာရုံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြပြန်သည်။ ထိုရဲအရာရှိများထဲတွင် ဝါရင့်အရာရှိကြီးများသာမက ချင်ရန်၏လုပ်ဖော်ကိုင်ဖက်ဟောင်းများဖြစ်ကြသော ယန်ရှူနှင့် လီတာ့ဝေတို့ပါ ပါဝင်နေခဲ့ကြသည်။

သူတို့နှစ်ဦးသည် လင်းကုဝေ၏ဒေါသကြောင့် နီမြန်းနေသောမျက်နှာကြီးကို ကြည့်ရှုလိုက်ရသည့်အခါ စိတ်ထဲကနေ အသာရယ်မောလိုက်မိကြသည်။

ဟိုးယခင်တုန်းကဆိုလျှင်မူ သူတို့ကိုယ်တိုင်လည်း ရထားဘူတာရုံများသို့ သူခိုးများအားဖမ်းရန် သူတို့ကိုယ်တိုင်ပါဝင်ခဲ့ကြသေးသည်။

သို့သော်လည်း ထိုစဉ်က မိမိတို့နှစ်ဦးစလုံးမှာ ချင်ရန်၏ပါရမီကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ဒဏ်ရာများ အကြီးအကျယ် ရရှိခဲ့ဖူးကြပြီးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ချင်ရန်သည် သက်ရှိရာဇဝတ်ကောင် အလိုအလျောက်ရှာဖွေရေးအာရုံခံစနစ်ကဲ့သို့ ဖြစ်နေပြီး ရာဇဝတ်ကောင်များ မည်သည့်နေရာတွင် ရှိနေပါစေ သူတို့အား ချက်ချင်းပင်လက်ပူးလက်ကြပ်မိအောင် ဖမ်းဆီးနိုင်သောကြောင့်ဖြစ်သည်။

ဤကဲ့သို့သော ပါရမီစွမ်းရည်မျိုးမှာ အခြားသော သာမန်လူသားများအနေဖြင့် မည်သို့မျှ လိုက်မမီနိုင်သည့်ပါရမီမျိုး ဖြစ်ပေသည်။

"ငါ့ကိုယုံစမ်းပါ လီတာ့ဝေရာ၊ ဒီတစ်ကြိမ် သူခိုးဖမ်းတဲ့ စီမံချက်သာပြီးဆုံးသွားရင် အစ်ကိုချင်ရန်တစ်ယောက်တည်း ဖမ်းမိတဲ့သူခိုးအရေအတွက်က ငါတို့ရဲတပ်ဖွဲ့တစ်ခုလုံးပူးပေါင်းဖမ်းဆီးတာထက်တောင် ပိုပြီးတော့များလိမ့်မယ်လို့ ငါ လောင်းရဲတယ်”

ယန်ရှူက လီတာ့ဝေကို အသာကပ်ပြောလိုက်သည်။ထိုအခါ လီတာ့ဝေကလည်း မချိတင်ကဲဖြင့် သက်ပြင်းတစ်ချက်ကြိတ်ချလိုက်၏။

"ချင်ရန်က သာမန်လူသားမှမဟုတ်တာ လူထူးလူဆန်းကြီးပဲလေ၊ ငါတို့ဘယ်တတ်နိုင်ပါ့မလဲ"

ယန်ရှူနှင့် လီတာ့ဝေတို့မှ လူထူးလူဆန်းကြီးဟု တင်စားခေါ်ဝေါ်နေကြသော ချင်ရန်မှာမူ ယခုအချိန်အထိ ဘူတာရုံ၏နေရာအနှံ့အပြားတွင်ရှိသော

ဒုစရိုက်သမားများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင်မူ မိမိတို့သည် လူအုပ်ကြီး၏အခြားသော ဘက်ခြမ်းဆီမှနေ၍ ကျယ်လောင်လှသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာအော်ဟစ်သံများနှင့်အတူ အသက်ဘေးမှကယ်တင်ရန် တောင်းခံနေသော အသံနက်ကြီးတစ်သံကို ရုတ်တရက် အတိုင်းသား ကြားလိုက်ကြရ၏။

All Chapters