အခန်း ၂၃၄
Vol. 24 Ch. 234
234
အမှန်အတိုင်းဆိုရလျှင်မူ မည်သူတစ်ဦးတစ်ယောက်မျှသည် နွေးထွေးပြည့်စုံလှသောဘဝကို စွန့်လွှတ်ကာ ထောင်တွင်းသို့ မသက်ဆင်းလိုကြချေ။
ထို့ကြောင့်ပင် ယခုနှစ်တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလအတွင်း ဖိန်လင်မြို့ရှိ စက်ရုံအလုပ်ရုံများစွာတွင် နေ့စားယာယီသာမန်အလုပ်သမားများ ရုတ်တရက် အဆမတန်တိုးပွားလာခဲ့တော့သည်။
ထိုသို့တိုးပွားလာသည့်သူများမှာ အခြားသူများမဟုတ်ဘဲ ဒုစရိုက်သူခိုးလောကမှ ဝါရင့်သူခိုးများဖြစ်ကြပြီး သူတို့သည် ချင်ရန်၏ပါရမီစွမ်းရည်ကြောင့် နောက်ထပ်မခိုးဝံ့ကြတော့ဘဲ မိမိတို့နေရပ်ဇာတိသို့ ပြန်နိုင်ရန်အတွက် လမ်းစရိတ်များစုဆောင်းနိုင်ရန် မည်သည့်စက်ရုံတွင်မဆို ပင်ပန်းကြီးစွာဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ဒုစရိုက်သူခိုးလောကတွင် အစွမ်းအထက်ဆုံးသက်တမ်းအရင့်ဆုံးဟု သတ်မှတ်ထားကြသော 'လက်တစ်ထောင်
ဂိုဏ်း'၏ထိပ်သီးသူခိုးကြီးလေးဦးပင် အမိအရဖမ်းဆီးခြင်း ခံလိုက်ရပြီဖြစ်ရာ မိမိတို့ကဲ့သို့သာမန်သူခိုးငယ်လေးများအနေဖြင့် မည်သို့လွတ်မြောက်နိုင်ပါတော့မည်နည်း။
ဤနွေဦးခရီးသွားရာသီ ပြီးဆုံးသွားခဲ့ပြီးနောက်တွင်မူ ဖိန်လင်မြို့ကြီးသည် တစ်နိုင်ငံလုံးရှိ သူခိုးများအားလုံး အသိအမှတ်ပြုလက်ခံထားကြသော 'သူခိုးများ၏ကျိန်စာသင့် တားမြစ်မြေပြင်'အဖြစ်သို့ တရားဝင်ပြောင်းလဲသွားခဲ့တော့သည်။
ဤသည်မှာ မည်သူမျှမငြင်းဆန်နိုင်သော အမှန်တရားတစ်ခုပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤတားမြစ်မြေပြင်ကြီးသည် သူခိုးလောက၏ ထိပ်သီးဂိုဏ်းကြီးဖြစ်သော 'ချန်ရှန့်ကုမ္ပဏီ' မှ ခေါင်းဆောင်ကြီးများနှင့် ရာစုနှစ်ဝက်နီးပါးသက်တမ်းရှိပြီဖြစ်သော 'လက်တစ်ထောင်ဂိုဏ်း' ကဲ့သို့သော သက်တမ်းရင့်ဂိုဏ်းကြီးတစ်ခုလုံး အစအနမကျန်အောင် ဖမ်းဆီးချေမှုန်းခြင်းခံလိုက်ရသည့် နေရာဖြစ်သောကြောင့်ဖြစ်ပေသည်။
ထို့နောက် နွေဦးခရီးသွားရာသီစတင်ခဲ့သည့် နေ့ရက်မှစ၍ ဖိန်လင်မြို့အတွင်း၌ ဖြစ်ပွားလေ့ရှိသော ခိုးမှုအရေအတွက်မှာ ယခင်အတိတ်ကာလများနှင့် နှိုင်းယှဉ်လျှင် ဆယ်ပုံတစ်ပုံခန့်အထိသိသိသာသာ ထိုးဆင်းသွားခဲ့သည်။
ယခုအခါ ဖိန်လင်မြို့ကြီးတွင် တစ်လလုံးမှခိုးမှုသည် ဆယ်ဂဏန်းအနည်းငယ်ခန့်သာ ဖြစ်ပွားတော့သည်။ လူဦးရေဆယ်သန်းကျော်နေထိုင်သောဧရာမမြို့ပြကြီးတစ်ခုအတွက် ဤမျှအထိနည်းပါးလှသော ခိုးမှုပမာဏမှာ ပြင်ပလူများအဖို့ ရဲတပ်ဖွဲ့များသည် လစဉ်အစီရင်ခံစာဒေတာများကို လိမ်လည်အတုပြုလုပ်ထားသည်ဟု ထင်မှတ်မှားရလောက်သည့် အခြေအနေထိဖြစ်ပေသည်။
သို့သော်လည်း လက်တွေ့တွင်မူ ဤသည်မှာ တကယ့်အမှန်တရားအစစ်အမှန် ဖြစ်နေခဲ့သည်။ နွေဦးခရီးသွားရာသီ၏ နောက်ဆုံးနှစ်ရက်၊ သုံးရက်အတွင်း၌မူ ချင်ရန်သည် ဘူတာရုံကြီးတစ်ခုလုံး၏ နေရာအနှံ့အပြားကို အစအနမကျန်အောင် စေ့စေ့စပ်စပ်လိုက်လံရှာဖွေခဲ့သော်လည်း မည်သည့်သူခိုးတစ်ဦးတစ်ယောက်ကိုမျှ ထပ်မံတွေ့ရှိရခြင်းမရှိတော့ချေ။
ကြည့်ရသည်မှာ သူသည်မြို့တွင်းရှိ သူခိုးမှန်သမျှကို အကုန်အစင်ဖမ်းဆီးနှိမ်နင်းပြီးသွားခဲ့ပြီဖြစ်ရာ ဤနေရာ၌ ဆက်စောင့်နေရန်မှာ အဓိပ္ပာယ်မရှိတော့ချေ။
ဖိန်လင်တောင်ပိုင်းဘူတာရုံကြီး၏ ခိုးမှုဖြစ်ပွားနှုန်းမှာ စံချိန်တင် 'သုည'အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ မြို့တော်ရှိရဲချုပ်ကြီးရှီကျင်းစုန့်သည် ကင်းလှည့်နေကြသော ရဲအရာရှိများအားလုံးကို သတ်မှတ်ရက်ထက်စော၍ နှစ်သစ်ကူး အားလပ်ရက်ကို အစောကြီးပေးလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ခိုးမှုတိုင်ကြားချက် တစ်ခုမျှပင်မရှိတော့သည့် အခြေအနေတွင် ရဲအင်အားအမြောက်အမြားဖြင့် အဆိုပါနေရာကို ဆက်လက်စောင့်ကြပ်နေရန် မလိုအပ်တော့သောကြောင့်ဖြစ်သည်။
ယခုနှစ်၏ တရုတ်နှစ်သစ်ကူးနွေဦးရာသီပွဲတော်ကာလအတွင်း ရှကျဲနှင့် လင်းကုဝေတို့ တူဝရီးနှစ်ယောက်သည် ချင်ရန်အား မိမိတို့အိမ်သို့လာရောက်ဆင်နွှဲရန်အတွက် လှိုက်လှိုက်လှဲလှဲဖိတ်ကြားခဲ့ကြသည်။ ချင်ရန်အနေဖြင့်လည်း ငြင်းပယ်ရန် ခဲယဉ်းလှသဖြင့် ဝမ်းမြောက်စွာဖြင့် သဘောတူလက်ခံလိုက်ရတော့သည်။
နှစ်သစ်ကူးနွေဦးပွဲတော်၏ စည်ကားသိုက်မြိုက်လှသော ပတ်ဝန်းကျင်၏လက်ဆတ်သည့် အငွေ့အသက်များကြောင့် ချင်ရန်အနေဖြင့် ကာလအတန်ကြာပျောက်ဆုံးနေခဲ့သော မိသားစု၏နွေးထွေးမှုမေတ္တာတရားများကို တစ်ဖန်ပြန်လည်ခံစားလိုက်ရရှာသည်။
ပတ်ဝန်းကျင် တစ်ခွင်လုံးတွင်လည်း မီးရှူးမီးပန်းများနှင့် ဗြောက်အိုးသံများ အဆက်မပြတ် ကျယ်လောင်စွာထွက်ပေါ်နေခဲ့ပြီး ကလေးငယ်များ၏ပျော်ရွှင်စရာ ရယ်မောသံများဖြင့် နှစ်သစ်ကူးကာလကြီးမှာ အလွန်အမင်းကို သက်ဝင်လှုပ်ရှားနေခဲ့သည်။
သို့သော်လည်း ဤနှစ်သစ်ကူးနွေဦးပွဲတော်ကာလအတွင်း၌ အချို့သောသူများမှာ ပျော်ရွှင်စရာဘဝကို ဖြတ်သန်းနေကြရသော်လည်း အချို့သောသူများမှာမူ အလွန်ကိုဆိုးရွားလှသော အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေကြရသည်။
ယနေ့သည် တရုတ်နှစ်သစ်ကူး၏ အကြိုနေ့ညဖြစ်၏။ ဖိန်လင်မြို့ရှိ အမျိုးသမီးအကျဉ်းထောင်အတွင်း၌မူ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများမှာ အမျိုးသမီး အကျဉ်းသူများသာဖြစ်ကြပြီး စုစုပေါင်းလူဦးရေ ရာဂဏန်းအနည်းငယ်မျှရှိ၏။
အတိတ်ကာလများတွင် စီးပွားရေးလိမ်လည်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသော ယုချန်ဟု အမည်ရသည့် အမျိုးသမီးလည်း အဆိုပါအကျဉ်းထောင်ထဲတွင်ရှိနေခဲ့သည်။
သူမထောင်အတွင်းထဲသို့ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ ယုချန်သည် နေ့စဉ်ရက်ဆက်ဆိုသလို စာပေများကို အပတ်တကုတ်ကြိုးစားလေ့လာခဲ့သည်။ သူမသည် အလွန်တရာထက်မြက်ပြီး အလုပ်ကြိုးစားကာ စိတ်သဘောထား ဖြူစင်ရိုးသားသူတစ်ဦးဖြစ်သဖြင့် ထောင်တွင်းရှိ အကျဉ်းသူများအကြားတွင် လူချစ်လူခင်ပေါများကာ အဆင်ပြေလှသည်။
သူမအနေဖြင့် ထောင်မှပြန်လည်လွတ်မြောက်ရန်အတွက် သုံးလခန့်သာ လိုအပ်တော့သဖြင့် ဤအချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားမည့်အရာသာ ဖြစ်သည်။
သို့သော်လည်း ဤနှစ်သစ်ကူးအကြိုနေ့ည၌ ယုချန့်မျက်နှာထက်တွင်မူ ကြီးမားလှသော သောကရိပ်များနှင့် ညှိုးငယ်မှုများဖြင့်ပြည့်နှက်နေခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် အကျဉ်းထောင်ကြီးအတွင်း၌ တကယ့်ကိုအံ့ဩတုန်လှုပ်ဖွယ်ရာကောင်းလှသော ကိစ္စရပ်ကြီးတစ်ခု မကြာမီအချိန်အတွင်းဖြစ်ပွားတော့မည်ကို သူမကြိုတင်လျှို့ဝှက်စွာဖြင့် သိရှိထားခဲ့သောကြောင့်ဖြစ်သည်။
အကျဉ်းထောင်အတွင်း၌မူ ပြင်ပလောကတွင် အလွန်အမင်းသြဇာအာဏာကြီးမားပြီး အင်အားတောင့်တင်းလှသော အမျိုးသမီးကြီးတစ်ဦးလည်း ပြစ်ဒဏ်ကျခံနေရ၏။
ထိုအမျိုးသမီးကြီးသည် အသက် ၄၀ခန့်အရွယ်ရှိပြီး အလွန်တရာခန့်ညားထည်ဝါလှကာ သူမဘေးပတ်ပတ်လည်တွင် အစဉ်အမြဲဆိုသလို ရက်စက်ကြမ်းကြုတ်လှသော အကျဉ်းသူသက်တမ်းရင့်အမျိုးသမီးကြီးနှစ်ဆယ်ကျော်ခန့်က ရိုသေစွာခြံရံထားလျက်ရှိကြသည်။
သူမသည် ဤအကျဉ်းထောင်အတွင်း၌ ဘုရင်မတစ်ဦးအလား စိုးစံနေခဲ့ခြင်းဖြစ်ပြီး ထောင်စောင့်ရဲမေများကိုယ်တိုင်ပင် သူမအား အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့ရိုသေကြရရှာသည်။ အဘယ်ကြောင့်ဆိုသော် သူမသည်ပြင်ပလောကတွင် ကြီးမားသောအာဏာစက်များနှင့် ငွေကြေးဓနပစ္စည်းများကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
အကယ်၍ သူမအနေဖြင့် ထောင်တွင်း၌ စိတ်အနှောင့်အယှက်ဖြစ်ရပါက သူမ၏ပြင်ပလောကသို့ အမိန့်တစ်ချက် ပေးလိုက်ရုံမျှဖြင့် ထောင်စောင့်များနှင့် သူတို့မိသားစုဝင်များအားလုံးကိုပါ ချက်ချင်းဒုက္ခရောက်သွားအောင် ပြုလုပ်နိုင်စွမ်းရှိ၏။
ယုချန်သည် နေ့စဉ်လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း မတော်တဆဆိုသလို ယင်းလျှို့ဝှက်ချက်ကိုကြားသိခဲ့ရသည်။ ထိုလျှို့ဝှက်ချက်မှာမူ ထိုဘုရင်မကြီးသည် ယနေ့ညတွင် ဤအကျဉ်းထောင်ကြီးအတွင်းမှနေ၍ ထောင်ဖောက်ပြေးရန်ကြံစည်နေခြင်းဖြစ်သည်။
အတိအကျဆိုပါလျှင် အဆိုပါဖြစ်စဉ်သည် ယနေ့ည၌ဖြစ်ပွားတော့မည် ဖြစ်သည်။ ယခုအခါတွင် သူတို့အတွက် အားလုံးအဆင်သင့်ဖြစ်နေခဲ့ပြီပင်။ ထိုကဲ့သို့ ထောင်ဖောက်ပြေးရန်အတွက် မရှိမဖြစ်လိုအပ်သော အချက်အလက်ကြီး သုံးရပ်လည်းရှိသေးသည်။ ၎င်းတို့မှာ ထောင်စောင့်များ၏ကင်းလှည့်မှု ပုံစံများကို အလွတ်ရခြင်း၊ လုံခြုံရေးဟာကွက်များကို တိကျစွာရှာဖွေတွေ့ရှိခြင်းနှင့် အပြင်လောကမှ တောင့်တင်းလှသော အကူအညီများရှိနေခြင်း စသည်တို့ဖြစ်နေပြီး ယခုအခါတွင် ၎င်းတို့အားလုံးမှာ ကွက်တိပြည့်စုံနေခဲ့ပြီ ဖြစ်သည်။
ယုချန်အနေဖြင့် အစောပိုင်းတုန်းကမူ ဤကဲ့သို့သော အသက်အန္တရာယ်ကြီးမားလှသည့် အမှုကိစ္စရပ်များအတွင်းသို့ ဝင်ရောက်စွက်ဖက်ရန် လုံးဝအစီအစဉ်မရှိခဲ့ချေ။
သို့သော်လည်း ဤနှစ်သစ်ကူး အကြိုနေ့၏ညအခါသို့ ရောက်ရှိလာသည့်အခါ သူမစိတ်အာရုံထဲတွင် မိမိအား လှပသောအမှတ်တရများစွာကို ပေးအပ်ခဲ့ဖူးသည့် လူငယ်လေးချင်ရန်၏မျက်နှာအား မည်သို့မျှဖျောက်ဖျက်၍မရဘဲ အလွန်တရာ လွမ်းဆွတ်တမ်းတမိလာခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့သည် နှစ်သစ်ကူးအကြိုနေ့ညဖြစ်သောကြောင့် အကျဉ်းထောင်၏ စည်းကမ်းချက်များနှင့် ထောင်စောင့်များ၏တင်းကျပ်မှုများမှာ ပုံမှန်ရက်ထက် အနည်းငယ် လျော့နည်း၍ အကျဉ်းသူများအပေါ် ညှာတာပေးခဲ့ပြီး အကျဉ်းသူတိုင်းကို မိမိတို့မိသားစုဝင်များထံသို့ ဖုန်းဆက်သွယ်ခွင့် သုံးမိနစ်စီပေးအပ်ထားခဲ့သည်။
ယခုအခါတွင်မူ ယုချန်၏ဖုန်းဆက်ရမည့် အလှည့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူမသည် မိမိဆွေမျိုးသားချင်း မည်သူတစ်ဦးတစ်ယောက်ထံသို့မျှ ဖုန်းခေါ်ဆိုခြင်းမပြုခဲ့ဘဲ သူမရင်ထဲ၌ အမြဲတမ်း အလွတ်မှတ်မိနေခဲ့သော ချင်ရန်၏ဖုန်းနံပါတ်ကိုသာ တုန်ရီသောလက်ချောင်းများဖြင့် နှိပ်လိုက်တော့သည်။
အတိတ်ကာလတုန်းက အတူတူ စကားပြောခဲ့ကြစဉ်အတွင်း ချင်ရန်သည် သူ့ဖုန်းနံပါတ်ကို မရည်ရွယ်ဘဲပြောပြခဲ့၍ သူမသည် ၎င်းနံပါတ်အား သူမစိတ်နှလုံးသားထဲအထိ အလွတ်မှတ်ထားခဲ့သည်။
ထို့ကြောင့်ပင် ယုချန်သည် ထိုနံပါတ်အား တန်ဖိုးရှိသော ရတနာတစ်ခုအလား သူမနှလုံးသားထက်တွင် အမြဲတမ်းစွဲထင်စွာ မှတ်သားထားခဲ့ခြင်းဖြစ်သည်။
ယခုအချိန်၌ တရုတ်နှစ်သစ်ကူး အကြိုနေ့ည၏အချိန်ဖြစ်သောကြောင့်
ချင်ရန်သည် ဟင်းပွဲအပြည့်စားပွဲကြီး၏ဘေးတွင်ထိုင်လျက် ရှကျဲ၊ ရှကျဲ၏မိခင်၊ လင်းကုဝေတို့၏မိသားစုဝင်များနှင့်အတူ အလွန်ကိုပြည့်စုံကာ အရသာရှိလှသော နှစ်သစ်ကူးညစာစားပွဲကြီးကို ပျော်ရွှင်စွာဆင်နွှဲနေခဲ့သည်။
ချင်ရန်သည် နှစ်သစ်ကူးဂုဏ်ပြုဝိုင်အချို့ကို သောက်သုံးထားခဲ့သဖြင့် သူ့ပါးပြင်နှစ်ဖက်မှာ ခပ်ပါးပါးလေးနီမြန်းနေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့လက်ကိုင်ဖုန်းဆီမှနေ၍ ကျယ်လောင်လှသောဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။
ချင်ရန် မျက်မှောင်တစ်ချက်ကို ခပ်ပါးပါး ကြုတ်လိုက်မိရင်း ဤမျှထူးခြားလှသော အချိန်အခါမျိုးတွင် မိမိထံသို့မည်သူက ဖုန်းခေါ်ဆိုရပါသနည်းဟု တွေးတောလိုက်မိသည်။ ထို့နောက် ချင်ရန်သည် လေသံကိုနှိမ့်လိုက်ရင်း ခွင့်တောင်းလိုက်၏။
“ဦးလေးလင်း၊ အန်တီ၊ ရှကျဲ ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ဒီဖုန်းကောလေးကို ခဏလောက် ထွက်ပြောလိုက်ပါဦးမယ်”
လင်းကုဝေ ပြုံးလိုက်၏။
"အေးအေး သွားပြောလေ"
ထို့နောက် ချင်ရန်သည်အပြင်ဘက်သို့ထွက်ကာ ဖုန်းကိုလက်ခံဖြေကြားလိုက်သည့် တပြိုင်တည်း ဖုန်း၏အခြားဘက်ဆီမှနေ၍ အလွန်တရာ စိတ်လှုပ်ရှားတုန်ရီနေသောအမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့တော့သည်။
"ချင်ရန်”
ချင်ရန် တစ်စက္ကန့်ခန့်ကြောင်အသွားခဲ့ရသည်။ ဤသည်မှာ အမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်မှာ သေချာလှသော်လည်း သူမသည် မည်သူဖြစ်ကြောင်းကိုမူ သူ ဘယ်လိုမှ စဉ်းစား၍မရနိုင်ချေ။
ချင်ရန့်စိတ်ထဲတွင် မည်သည့်မှတ်ဉာဏ်မျှ ပေါ်ပေါက်မလာခဲ့ချေ။
"ခွင့်လွှတ်ပါ အဲဒီဘက်က ဘယ်သူများလဲမသိဘူးနော်”
ချင်ရန် သံသယစိတ်ဖြင့်မေးမြန်းလိုက်သည်။ ဖုန်းအခြားတစ်ဖက်ရှိ ယုချန်ရင်ထဲ၌ ချက်ချင်းပင်ကြီးမားလှသော ဝမ်းနည်းမှုများနှင့် ယူကြုံးမရမှုများဝင်ရောက်လာခဲ့ရရှာသည်။
'သူ သူက ငါ့ကိုလုံးဝမမှတ်မိတော့ဘူးပဲ’
ယုချန်သည် မိမိနှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိရင်း အတန်ကြာတိတ်ဆိတ်နေခဲ့ပြီးနောက်တွင် သူမသည် နောက်ဆုံးတွင်တော့ အားငယ်လှသောလေသံဖြင့် တိုးညှင်းစွာပြောလာခဲ့သည်။
"ရှင် တကယ်ပဲ ကျွန်မကိုမမှတ်မိတော့ဘူးလား”
သူမလေသံထဲတွင် စိတ်မကောင်းဖြစ်ရမှုများစွာ ပြည့်နှက်နေခဲ့၏။ ဤမျှထူးခြားလှသောလေသံကို ကြားလိုက်ရသည့် အခိုက်အတန့်မှသာ ချင်ရန် ချက်ချင်း သတိရသွားခဲ့တော့သည်။ ဤမိန်းကလေးမှာ အတိတ်ကာလတုန်းက စီးပွားရေးလိမ်လည်မှုအမှုအခင်းကြီးတွင် ပါဝင်ပတ်သက်ခဲ့သော ယုချန်သာဖြစ်ရပေမည်။
"ယုချန်”
ချင်ရန်သည် အနည်းငယ်အံ့ဩသွားခဲ့ရသည်။ သူမက ဘာဖြစ်လို့ ငါ့ဆီဖုန်းခေါ်တာပါလိမ့်။ ဥပဒေကြောင်းအရဆိုလျှင် သူမသည် ယခုအချိန်အထိ အကျဉ်းထောင်အတွင်း၌ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ရမည်ပင်။ ထို့နောက် ယုချန် တိုးညှင်းစွာဖြင့်ပြောလာသည်။
"ချင်ရန် ကျွန်မ ရှင့်ကိုတကယ်လွမ်းနေခဲ့တာ"
ချင်ရန် ဤစကားကိုကြားလိုက်ရသည့်အခါ အနည်းငယ်မျက်နှာပူကာ အနေရခက်သွားခဲ့ရပြီး မည်သို့ပြန်လည်တုံ့ပြန်ရမည်ကို မသိတော့ချေ။ ယုချန်ရင်ထဲမှ ပျော်ရွှင်စရာအလွမ်းစကားများကိုသာ သူသည် တိတ်တဆိတ်နားထောင်ပေးနေခဲ့သည်။
ဤသို့ဖြင့်ဖုန်းပြောချိန်မှာ မိနစ်ပိုင်းမျှ ကုန်လွန်သွားခဲ့သည်။ ထို့နောက်မှသာ ယုချန်သည် အဓိကအရေးကြီးသောအကြောင်းအရာဆီသို့ ဦးတည်လိုက်တော့သည်။
"ကျွန်မ ရှင့်ဆီကို ဖုန်းဆက်တာက အလွမ်းသယ်ဖို့သက်သက်တင် မဟုတ်ပါဘူး၊ ရှင့်အတွက် အရမ်းအရေးကြီးတဲ့ အမှုကိစ္စကြီးတစ်ခုကို သတင်းပေးချင်လို့ပါ”
"ဘာကိစ္စများလဲ"
ယုချန်သည် သူမလေသံကို အတတ်နိုင်ဆုံးနှိမ့်ချလိုက်ရင်း တိုးညှင်းစွာဆိုလိုက်သည်။
"ကျွန်မတို့အကျဉ်းထောင်ထဲကနေ လူတစ်ယောက်က ဒီနေ့ညမှာ ထောင်ဖောက်ပြေးဖို့အကွက်ချကြံစည်နေတယ်”
ဤစကားကိုကြားလိုက်သည်နှင့် တပြိုင်နက် ချင်ရန့်မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်အမင်းတည်ကြည်လေးနက်ကာ တင်းမာသွားခဲ့ရတော့သည်။
တစ်စုံတစ်ဦးက ဤနှစ်သစ်ကူးညအခါ၌ ထောင်ဖောက်ပြေးရန် ကြံစည်နေ၏။ ဤသည်မှာ နိုင်ငံတော်၏ဥပဒေစိုးမိုးရေးကို တရားဝင် စိန်ခေါ်စော်ကားလိုက်ခြင်းသာဖြစ်သည်။ အလွန်အမင်းကို ရဲတင်းလှသည့် ရာဇဝတ်မှုကြီးဖြစ်ပေသည်။
အကျဉ်းထောင်ဖောက်မှုဆိုသည်မှာ နိုင်ငံ၏ဥပဒေအာဏာစက်အပေါ် အဆိုးရွားဆုံးနည်းလမ်းဖြင့် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ထို့နောက် ချင်ရန်က လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။
“အတိအကျဘာတွေဖြစ်ပျက်နေတာလဲဆိုတာ သေသေချာချာပြောပြစမ်းပါဦး”
"ထောင်အပြင်ဘက်မှာ အရမ်းသြဇာအာဏာကြီးပြီး နောက်ခံအင်အားတောင့်တင်းတဲ့ အမျိုးသမီးကြီးတစ်ယောက် ကျွန်မတို့ထောင်ထဲမှာ အခုရှိနေတယ်၊ ကျွန်မ အကျဉ်းထောင်ထဲ ဟိုဟိုဒီဒီလုပ်နေတုန်း သူမရဲ့ဒီနေ့ည ထောင်ဖောက်ပြေးမယ့် လျှို့ဝှက်စီမံကိန်းကြီးကို မတော်တဆကြားခဲ့ရတာပါ"
ယုချန် ဆက်ပြောလာသည်။
"ချင်ရန် တကယ်လို့ ရှင်သာဒီသတင်းကို သက်ဆိုင်ရာဆီ ချက်ချင်းအစီရင်ခံတင်ပြလိုက်မယ်ဆိုရင် ရှင့်အတွက် ကြီးမားတဲ့အမှုထမ်းကောင်းအောင်မြင်မှုတွေကို ရရှိနိုင်မှာမဟုတ်ဘူးလား၊ ရှင့်အတွက် ဂုဏ်ထူးဆောင်ဆုတွေလည်း အများကြီးရလာမှာသေချာတယ်”
"ကျွန်မကိုထောင်ထဲမှာ နောက်သုံးလလောက်ပဲစောင့်ပေးပါဦးနော်၊ ကျွန်မ ထောင်ကလွတ်လာခဲ့ရင် ကျွန်မတို့တွေ အတူတူကြိုးစားပြီး အနာဂတ်ဘဝကို တည်ဆောက်ကြမယ်လေ”
ယုချန်သည် ချင်ရန်အား ဤမျှအထိ အန္တရာယ်ကြီးမားလှသောသတင်းကို ပေးအပ်ခဲ့ခြင်းမှာ ဤအမှုကိစ္စကို အခြေခံ၍ ချင်ရန်အနေဖြင့် ရဲလောကအတွင်း၌ ကြီးမားလှသောရာထူးတိုးမြှင့်မှုများနှင့် အမှုထမ်းကောင်းဆုများကိုရရှိစေလိုသော စေတနာကြောင့်ဖြစ်ပေသည်။
ယုချန်သည် ရဲတပ်ဖွဲ့၏စည်းကမ်းချက်များကို အသေးစိတ်မသိရှိသော်လည်း ရဲအရာရှိတစ်ဦးအတွက် အမှုထမ်းကောင်း အောင်မြင်မှုများစွာ စုဆောင်းနိုင်လေလေ နောင်အနာဂတ် ရာထူးတက်လှမ်းရေးအတွက် အဆပေါင်းများစွာ အထောက်အကူပြုနိုင်သည်ဟု ယူဆထားခြင်းဖြစ်သည်။
သို့သော်လည်း ယုချန်အနေဖြင့် အချက်တစ်ချက်ကိုမူ လုံးဝသတိမထားမိခဲ့ချေ။ ထိုအချက်မှာမူ ယခုလက်ရှိ ချင်ရန့်ဘဝတွင် မည်သည့်အမှုထမ်းကောင်းဆုများနှင့် ဂုဏ်ထူးဆောင်ဆုများကိုမျှ လိုအပ်နေခြင်းမရှိတော့ခြင်းကိုဖြစ်သည်။
သူသည် ဒုတိယအဆင့်အမှုထမ်းကောင်းဆုများကိုပင်ဂရုမစိုက်တော့ဘဲ သူ့ကိုယ်ပေါ်တွင် ပထမတန်းစားအမှုထမ်းကောင်းဆုများစွာနှင့် တိုင်းပြည်၏အမြင့်မားဆုံးသော 'အထူးအဆင့် အမှုထမ်းကောင်းဆုကြီး'ကိုပါ သိမ်းပိုက်ရရှိထားပြီးဖြစ်သော စူပါရဲအရာရှိကြီးဖြစ်နေခြင်း ဖြစ်သည်။
"မင်းက အခု ဘယ်အကျဉ်းထောင်မှာ ရောက်နေတာလဲ”
ချင်ရန် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
ထောင်ဖောက်ပြေးသည့် ကိစ္စရပ်ဆိုသည်မှာ သေးငယ်သောအရာမျိုး လုံးဝမဟုတ်ချေ။ ယနေ့ညသည် တရုတ်နှစ်သစ်ကူး အကြိုနေ့ညဖြစ်သဖြင့် အကျဉ်းထောင်များ၏လုံခြုံရေး အကာအကွယ်များမှာ အားနည်းဆုံးနှင့် ပေါ့ဆမှုအရှိဆုံး အချိန်အခါဖြစ်ပေသည်။
ရဲအရာရှိအမြောက်အများပင် အားလပ်ရက်ယူထားကြသော အချိန်ကာလ ဖြစ်သည်။ ဒုစရိုက်သမားများသည် ဤမျှအထိ လုံခြုံရေးလျော့နည်းလှသော အချိန်အခါမျိုးကိုရွေးချယ်၍ ထောင်ဖောက်ရန် ကြံစည်နေကြခြင်းဖြစ်ရာ သူတို့သည် အချိန်၊ တည်နေရာနှင့် လူအင်အားသုံးရပ်စလုံးကို ကွက်တိ တွက်ချက်ထားကြခြင်းဖြစ်ပေသည်။
"ဖိန်လင်မြို့ အမျိုးသမီးအကျဉ်းထောင်ထဲမှာပါ”
ယုချန် အလျင်အမြန်ပြန်လည်ဖြေကြားလိုက်သည်။ ချင်ရန် စားပွဲခုံမှနေ၍ ချက်ချင်းပင်မတ်တတ်ရပ်လိုက်တော့သည်။ ယုချန်သည် မိမိအပေါ်တွင် စေတနာမှန်ကန်သူတစ်ဦးဖြစ်သဖြင့် သူမအနေဖြင့် မိမိအားလိမ်လည်ပြောဆိုလိမ့်မည်မဟုတ်ကြောင်း ရင်ထဲကနေ အကြွင်းမဲ့ယုံကြည်ထားသည်။
ထို့ကြောင့် သူသည် အကျဉ်းထောင်ထံသို့ အခုချက်ချင်းပင် ဖုန်းဆက်သွယ်၍ လုံခြုံရေးအကာအကွယ်များကို အရေးပေါ်အဆင့်မြှင့်တင်ရန် ညွှန်ကြားရတော့မည်ဖြစ်၏။
"ကောင်းပါပြီ၊ ငါသေချာသဘောပေါက်သွားပြီ၊ အခုချက်ချင်းပဲ သက်ဆိုင်ရာထံ ဖုန်းဆက်ပြီး အရေးပေါ်အကြောင်းကြားလိုက်မယ်"
"ကောင်းပါပြီ"
ယုချန်လည်း ခေါင်းညိတ်လိုက်မိရင်း နောက်ထပ် စကားအချို့ကို ဆက်ပြောရန် ပြင်လိုက်စဉ်အတွင်း အနောက်ဘက်မှနေ၍ အေးစက်စက်နိုင်လှသော ထောင်စောင့်ရဲမေ၏လေသံကြီး ထွက်ပေါ်လာခဲ့တော့သည်။
"ဖုန်းပြောချိန် ကုန်သွားပြီ”
ယုချန် အခြားရွေးချယ်စရာမရှိတော့သဖြင့် ဖုန်းကိုချက်ချင်းပင်ချလိုက်ရတော့သည်။ ထို့နောက် သူမသည် ဖုန်းပြောသည့် ခုံတန်းလျားပေါ်မှထရပ်ကာ အပြင်သို့လှမ်းထွက်ခဲ့သည်။ ယုချန်၏မျက်နှာထက်တွင်မူ ချင်ရန်အား လွမ်းဆွတ်နေဆဲဖြစ်သော နှမြောတသမှုများနှင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း သူမအနေဖြင့်အချက်တစ်ချက်ကိုမူ လုံးဝသတိမထားမိခဲ့ချေ။ ၎င်းမှာ အဆိုပါဖုန်း၏အောက်ခြေကွယ်ရာ နေရာလေးတွင် အလွန်တရာသေးငယ်လှသော လျှို့ဝှက်အီလက်ထရွန်နစ်စက်ပစ္စည်းလေးတစ်ခုမှာ အဆက်မပြတ် မီးလင်းလျက်ရှိနေခဲ့သည်ကိုပင်ဖြစ်သည်။
ဤအရာမှာမူ 'လျှို့ဝှက်အသံဖမ်းစက်' တစ်ခုဖြစ်နေခြင်းပင်။ ၎င်းစက်မှတစ်ဆင့် ယုချန်နှင့် ချင်ရန်တို့အချင်းချင်း အသေးစိတ်ပြောကြားခဲ့ကြသော လျှို့ဝှက်စကားသံမှန်သမျှအားလုံးကို အမျိုးသမီးအကျဉ်းထောင်အတွင်းရှိ ထောင်ဖောက်မည့်ဘုရင်မကြီး၏အဖွဲ့ဝင်များအားလုံးက ခိုးယူနားထောင်ခဲ့ရာ သူတို့သည် ကြိုတင်သိရှိသွားခဲ့ကြပြီဖြစ်၏။