← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

236

သာ့ကျဲသည် အကျဉ်းထောင်တစ်ခုလုံးအား ကမောက်ကမဖြစ်အောင် ဖန်တီးတော့မည်ဖြစ်သည်။ ဤအကျဉ်းသူများအနက်အချို့မှာ သာမန်ပြစ်မှုအသေးစားလေးများကိုသာ ကျူးလွန်ထားကြသူများဖြစ်ကြသည်။

သူတို့ပြစ်ဒဏ်ကာလမှာ ပြီးဆုံးလုနီးပါးဖြစ်ပြီး လအနည်းငယ်မျှသာလိုအပ်တော့သဖြင့် အခန်းတံခါးများပွင့်သွားခဲ့သည့်တိုင်အောင် ဤသူများမှာမူ မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မလုပ်ရဲကြချေ။

သို့သော်လည်း သတိပြုရမည့်အချက်မှာ ဤအကျဉ်းထောင်ကြီးအတွင်း၌ သူတို့ကဲ့သို့ပြစ်မှုအသေးစားသမားများသာမက အခြားသော အလွန်အမင်းဆိုးရွားပြင်းထန်လှသည့် ရာဇဝတ်ကောင်ကြီးများလည်း ရှိနေသေး၏။

ထိုအကျဉ်းသူများမှာ ဆိုးရွားလှသော ရက်စက်ပြင်းထန်လှသည့် အမှုကြီးများကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် ဆယ်စုနှစ်တစ်ခု နှစ်ခုမက ပြစ်ဒဏ်ကျခံနေရသူများနှင့် သေဒဏ်စီရင်ခြင်းခံထားရသူများဖြစ်ကြသည်။

ယခုအခါ သူတို့ရှေ့မှောက်သို့ ကောင်းကင်ဘုံမှ လွတ်မြောက်နိုင်မည့် အခွင့်အရေးကြီးကျရောက်လာခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် ဤအခွင့်အရေးကို အရယူကြမည်လား သို့မဟုတ် ငြိမ်ငြိမ်လေး ဆက်နေကြမည်လား

ရွေးချယ်စရာလမ်းမှာ တစ်လမ်းတည်းသာရှိသည်။ ထိုအရာမှာ ထွက်ပြေးရန်ပင် ဖြစ်ပေသည်။ အတိုချုံးဆိုရလျှင် လူဦးရေတစ်ထောင်ကျော် ထိန်းသိမ်းထားသော အမျိုးသမီးအကျဉ်းထောင်အတွင်း၌ ပြစ်ဒဏ်ကြီးလေးသူ အမျိုးသမီးနှစ်ရာကျော်တို့သည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်ပွားလာခဲ့ကြပြီး လွတ်မြောက်ရာလမ်းစကို ရှာဖွေရန်အတွက် အရူးတစ်ယောက်အလား ထွက်ပြေးကြကုန်တော့သည်။

သာ့ကျဲသည် ဤကဲ့သို့

ကမောက်ကမဖြစ်နေသော မြင်ကွင်းကြီးကိုကြည့်ရှုရင်း ကျေနပ်အားရလှသော အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီးနောက် သူမလက်ပါးစေများထံ အေးဆေးပြောလိုက်သည်။

"သွားကြစို့"

သူတို့သည် မူလစီမံကိန်းအတိုင်း အကျဉ်းထောင်အတွင်းမှနေ၍ အပြင်ဘက်လောကကြီးထံသို့ အပြတ်အသတ် ထောင်ဖောက်ပြေးကြတော့မည် ဖြစ်သည်။

ထောင်ဖောက်ပြေးရန်အတွက် မရှိမဖြစ်လိုအပ်သော အချက်အလက်ကြီးသုံးရပ်ဖြစ်သည့် ထောင်တွင်းစနစ်များကို အသေးစိတ် ကျွမ်းကျင်ခြင်း၊ လုံခြုံရေးဟာကွက်ကို ရှာဖွေတွေ့ရှိခြင်းနှင့် ပြင်ပမှ တောင့်တင်းလှသော အကူအညီများရှိနေခြင်းစသည်တို့သည်လည်း အဆင်သင့်ရှိနေပြီဖြစ်၏။

သာ့ကျဲသည် ထောင်တွင်းစနစ်များနှင့် လုံခြုံရေးဟာကွက်အားလုံးကို ကြိုတင်၍ ကွက်တိရှာဖွေတွေ့ရှိထားခဲ့ပြီး ဖြစ်သည်။

ဒါတင်မကသေးဘဲ သူတို့အတွက် ပြင်ပလောကတွင် ဧရာမအရန်အင်အားများလည်း ရှိနေခဲ့သည်။

အမျိုးသမီးအကျဉ်းထောင်၏အပြင်ဘက် လမ်းမပေါ်တွင် သူတို့အားလာရောက်ကြိုဆိုရန်အတွက် အဆင့်မြင့် မော်တော်ယာဉ်အနည်းဆုံး ဆယ်စီးခန့်မှာ အဆင်သင့် စောင့်ဆိုင်းနေခဲ့ကြသည်။

ဤသူများအားလုံးမှာ သူမအားအသက်ပေးသစ္စာခံထားကြသည့် လက်ပါးစေများဖြစ်ကြသဖြင့် မည်သည့်အမှားအယွင်းမျိုးမျှ ကျူးလွန်လိမ့်မည်မဟုတ်ချေ။

သူမအနေဖြင့် ကားပေါ်သို့ရောက်ရှိသွားသည်နှင့်တပြိုင်တည်း လေဆိပ်သို့အမြန်ဆုံး ဦးတည်ကာ မောင်းနှင်သွားမည် ဖြစ်သည်။ ထိုလေဆိပ်တွင် သူမပိုင်ဆိုင်သော သီးသန့်ဂျက်လေယာဉ်တစ်စီးက အဆင်သင့် စောင့်ကြိုနေမည်ဖြစ်သည်။

သူမသည် အဆိုပါလေယာဉ်ပေါ်သို့ တက်ရောက်ပြီးသွားခဲ့ပါက သူမအတွက် လွတ်လပ်မှုအပြည့်ရှိသော အခြားကမ္ဘာတစ်ခုဆီသို့ တိုက်ရိုက်ပျံသန်းသွားတော့မည်ဖြစ်၏။

ထိုအချိန်ကျလျှင် တရုတ်ပြည်ကြီး၏ ဥပဒေအာဏာစက်များသည်ပင် သူမအား မည်သို့မျှထိန်းချုပ်လုပ်နိုင်စွမ်းရှိတော့မည် မဟုတ်ချေ။

မိမိကြိုတင်စီမံထားသော လမ်းကြောင်းအတိုင်း သာ့ကျဲသည် အပြင်ဘက်သို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။သူမတို့သည် အကျဉ်းထောင်အတွင်းရှိ ထောင်စောင့်များကို ကြိုတင်ရှင်းလင်းထားခဲ့ပြီးဖြစ်သဖြင့် အရာအားလုံးမှာ ချောမွေ့လွန်းလှ‌ပေသည်။

အကျဉ်းထောင်အပြင်ဘက်သို့ သာ့ကျဲလှမ်းထွက်ကာ ခြေချလိုက်သည့် အခိုက်အတန့်တွင်ပင် ထိုလမ်းမပေါ်တွင် စောင့်ဆိုင်းနေကြသော မော်တော်ယာဉ်များစွာက သူမ၏လွတ်မြောက်လာခြင်းအတွက် ဂုဏ်ပြုကြိုဆိုသည့်အလား ဟွန်းသံများကို ပြိုင်တူကျယ်လောင်စွာ တီးလိုက်ကြတော့သည်။

ထိုအခါ သာ့ကျဲကခပ်ဖွဖွပြုံးလိုက်ရင်း မော်တော်ကားတစ်စီးဆီသို့ တည့်တည့် လှမ်းလျှောက်သွားခဲ့သည်။ ဤကားမှာ သာမန် ဖောက်စ်ဝက်ဂွန်အမျိုးအစားဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ နိုင်ငံတော်အဆင့်ခေါင်းဆောင်ကြီးများ စီးနင်းသည့်အဆင့်အထိ ကျည်ကာစနစ်များ တပ်ဆင်ထားသောကြံ့ခိုင်မှုအပြည့်ရှိသည့် စစ်သုံးကားတစ်စီးအဖြစ် အဆင့်မြှင့်တင်ထား‌သော ကားတစ်စီး

ဖြစ်ပေသည်။

မော်တော်ကားအတွင်း၌ သူမ၏သစ္စာခံ သက်တော်စောင့်နှစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

"သာ့ကျဲ”

သူမအားတွေ့သည်နှင့်

သက်တော်စောင့်နှစ်ဦးက စိတ်လှုပ်ရှားကာ ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။ထိုအခါ သာ့ကျဲမှခေါင်းအသာငြိမ့်ပြလိုက်ရာ သက်တော်စောင့်တစ်ဦးက သူမလက်ထဲသို့ အဆင့်မြင့်ဆေးလိပ်တစ်လိပ်ကို ချက်ချင်းကမ်းပေးလာသည်။

ထိုအခါ သာ့ကျဲမျက်ဝန်းများ ဝင်းပသွားခဲ့ရသည်။ သူမသည် ဤထောင်တွင်း၌ လအနည်းငယ်မျှပိတ်လှောင်ခံထားရသဖြင့် ဤမျှအထိ အရည်အသွေးမြင့်မားလှသောဆေးလိပ်မျိုးကို မသောက်ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

"သွားကြစို့ အချိန်မဖြုန်းနဲ့တော့”

"ထောင်ထဲက ကောင်မတစ်‌ကောင်က ငါ ထောင်ဖောက်ပြေးမယ့်အစီအစဉ်ကို သစ္စာဖောက်ပြီး သတင်းပေးလိုက်တယ်၊ တရုတ်ပြည်ရဲတွေက မကြာခင် အင်အားအမြောက်အမြားနဲ့ ငါ့ကိုလာပိတ်ဆို့ကြတော့မှာ"

သာ့ကျဲက အေးစက်စက်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သာ့ကျဲ”

ထို့နောက် အဆိုပါကားအနက်ကြီးမှာစတင်ထွက်ခွာတော့သည်။

*ဝူး*

ကားအင်ဂျင်စက်သံကြီးပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီးနောက် မော်တော်ကားသည် လေဆိပ်ရှိရာလမ်းကြောင်းဆီသို့ တစ်ဟုန်ထိုး စတင်မောင်းနှင်သွားခဲ့တော့သည်။

သို့သော်လည်း သူတို့လေဆိပ်သို့ သွားရာလမ်းတွင် တားဆီးပိတ်ဆို့မည့် အတားအဆီးကြီးများရှိနေသေးသည်ကိုမူ သူတို့မသိရှိခဲ့ကြချေ။ ချင်ရန်နှင့် လင်းကုဝေတို့သည် အကျဉ်း‌ထောင်

သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်၏။ ထိုအချိန်တွင် အကျဉ်းထောင်အပြင်ဘက်တွင် ရုတ်တရက်ဆိုသလို မော်တော်ကားအမြောက်အမြားရှိနေသည်ကိုမြင်တွေ့လိုက်ရသည့်အခါ လင်းကုဝေသည် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းကို ချက်ချင်းရိပ်မိလိုက်သည်။

အဆိုပါကားများသည် ထောင်ဖောက်ပြေးလာသော ရာဇဝတ်ကောင်များကို လာရောက်ကြိုဆိုသည့် ကားများဖြစ်န်ိုင်၏။

မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် မည်သည့် ရာဇဝတ်ကောင်တစ်ဦးတစ်ယောက်ကိုမျှ အကျဉ်းထောင်ထဲမှ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်သွားခွင့်မပြုနိုင်ချေ။

မော်တော်ကားအတွင်း၌ထိုင်နေသော သာ့ကျဲသည် ရဲတပ်ဖွဲ့၏ကားဥသြဆွဲသံကို ကြားလိုက်ရသည့်အခိုက် လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် ရဲကားတစ်စီးတည်းသာရှိနေခြင်းကို တွေ့လိုက်ရ၏။

သူမမျက်မှောင်ကြုတ်လိုက်ရင်း ထိုရဲကားကို စိုက်ကြည့်ကာ အေးစက်စက်ဖြင့်ပြောလိုက်သည်။

"ရဲက နှစ်ယောက်တည်းပဲရှိတာလား၊ အရှိန်နဲ့ပဲတိုက်ကြိတ်ပြီး မောင်းထွက်ခဲ့လိုက်၊ အချိန်မရဘူး”

“ဟုတ်ကဲ့”

သက်တော်စောင့်က သာ့ကျဲအမိန့်ကိုနာခံလိုက်ရင်း လီဗာကို အဆုံးထိနင်းချလိုက်ရာ ကားသည်မြားတစ်စင်းအလား တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့တော့သည်။

၎င်းမှာ အလွန်အမင်းမြန်ဆန်လှပေ၏။

ချင်ရန်နှင့် လင်းကုဝေတို့သည် ထိုကား ဝင်တိုက်မည့် အန္တရာယ်မှရုန်းထွက်၍ အလျင်အမြန် ရှောင်တိမ်းလိုက်ကြရသော်လည်း လင်းကု‌ဝေ၏ကားဘေးတစ်ခြမ်းသည် ကြေမွပျက်စီးသွားခဲ့ရတော့သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ကားမှာ တကယ့်ကိုစစ်မြေပြင်သုံး စက်ယန္တရားကြီးတစ်ခုအလား ကြံ့ခိုင်လွန်းလှသောကြောင့်ဖြစ်သည်။

“ဒင်! S-အဆင့် ရာဇဝတ်ကောင်ကို စနစ်မှ ရှာဖွေတွေ့ရှိပါသည်။ သူ့တည်နေရာ လမ်းကြောင်းကို ပိုင်ရှင်ထံသို့တိုက်ရိုက် ပို့ပေးလိုက်ပါပြီ”

စနစ်၏စက်ရုပ်ဆန်ဆန်အသံကြီးသည် ချင်ရန့်စိတ်အာရုံထဲ၌ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။ ထို့နောက် စနစ်သည် မော်တော်ကားအတွင်း၌ထိုင်နေသော သာ့ကျဲ၏တည်နေရာကို ကွက်တိသတ်မှတ်ပေးလိုက်တော့သည်။

ဒါတင်မကသေးဘဲ သူမဘေးပတ်ပတ်လည်ရှိ သက်တော်စောင့်များအားလုံးမှာလည်း 'A- အဆင့် ရာဇဝတ်ကောင်များ' ဖြစ်ကြကြောင်းကိုလည်း စနစ်သတိပေးသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

ချင်ရန်သည် သူ့စိတ်အာရုံထဲ၌ သာ့ကျဲ၏ မျက်နှာအမူအရာကို တိတိကျကျမြင်တွေ့ ခံစားသိရှိလိုက်ရသည်။ သူမသည် ယခုအချိန်အထိ အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ရာ ဤသည်မှာ သူမက ဤထောင်ဖောက်ပြေးမှုကြီး၏ အဓိကမဟာဗျူဟာမြောက် ခေါင်းဆောင်ကြီးဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူမထံတွင် သာမန်ထက်ထူးကဲလှသော စွမ်းဆောင်ရည်နှင့် အာဏာစက်များရှိနေသူဖြစ်ရမည်။ ထို့ကြောင့်သာ ဤမျှအထိ ကြီးမားလှသော ထောင်ဖောက်ပြေးမှုကို ရဲရဲဝံဝံ ကျူးလွန်ရဲခြင်းဖြစ်သည်။

"ငါတို့တွေ ဘယ်လိုနည်းနဲ့မှ သူတို့ကို လွတ်မြောက်သွားခွင့်မပြုနိုင်ဘူး”

လင်းကုဝေ ကျယ်လောင်စွာဟစ်အော်လိုက်ရင်း လူအင်အားများ အမြန်ဆုံးလာရောက်ပိတ်ဆို့နိုင်ရေးအတွက် သက်ဆိုင်ရာထံသို့ ချက်ချင်းဖုန်းဆက်သွယ်တော့သည်။

လင်းကုဝေဖုန်းဆက်နေစဉ်အတွင်း

ချင်ရန်သည် သူ့ခန္ဓာကိုယ်စွမ်းအင်အားလုံးကို အမြင့်ဆုံးအဆင့်အထိ ထုတ်ဖော်လိုက်ရင်း လမ်းဘေးသို့ တစ်ဟုန်ထိုးပြေးထွက်သွားခဲ့သည်။ ထို့နောက် သူသည် လမ်းဘေးတွင် ဆိုက်ကပ်ထားသော တက္ကစီကားတစ်စီးကိုတွေ့ရှိလိုက်ရသဖြင့် ငွေကြေးအမြောက်အမြားကို ကမ်းပေးလိုက်ရင်း ရဲတံဆိတ်ကိုထုတ်ပြကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"ကျွန်တော်က တာဝန်ရှိရဲတစ်ယောက်ပါ၊ အရှေ့ကမောင်းပြေးနေတဲ့ကားကို အမှီလိုက်မောင်းပေး”

တက္ကစီဒရိုင်ဘာသည်လည်း ရဲအရာရှိတံဆိတ်နှင့်အတူ ငွေကိုပါမြင်သည်နှင့် လီဗာကို အဆုံးထိနင်းကာ ကားကို တစ်ဟုန်ထိုး မောင်းနှင်လိုက်တော့သည်။

ဤသို့ဖြင့် လမ်းမကြီးပေါ်တွင် မော်တော်ကားများစွာ၏အသက်လု လိုက်လံဖမ်းဆီးရသော သည်းထိတ်ရင်ဖို မော်တော်ကားပြိုင်ပွဲကြီး စတင်သွားခဲ့ရတော့၏။ တရုတ်နှစ်သစ်ကူးကာလဖြစ်သောကြောင့် လမ်းမများပေါ်တွင် ကားများမှာ အတန်ငယ်ပိတ်ဆို့နေခဲ့သည်။ သို့သော်လည်း သာ့ကျဲစီးနင်းလာခဲ့သော သံမဏိကျည်ကာကားကြီးမှာမူ မည်သည့်အရာကိုမျှဂရုမစိုက်ဘဲ လမ်းပေါ်ရှိ အခြားမော်တော်ကားများစွာကို အတင်းအဓမ္မဝင်တိုက်ကာ ရမ်းကားစွာ ဖြတ်သန်းမောင်းနှင်နေခဲ့သည်။

ချင်ရန်သည် အသက်ကိုပြင်းပြင်းရှူလိုက်မိရင်း သာ့ကျဲစီးနင်းသွားသောကားမှာ ပိုမြန်ဆန်လှသော အရှိန်နှုန်းဖြင့်ဝေးကွာသွားသည်ကို စိုက်ကြည့်နေခဲ့သည်။ ထို့ နောက် ချင်ရန်သည် လင်းကုဝေထံသို့ ချက်ချင်းဖုန်းဆက်လိုက်၏။

"သူမကားက အရှိန်မြန်လွန်းတယ်၊ ကျွန်တော် ဒီအတိုင်းဆိုရင်မမှီနိုင်တော့ဘူး၊ ဒါပေမဲ့ ကျွန်တော် သူမကားပေါ်မှာ လျှို့ဝှက်တည်နေရာခြေရာခံစနစ်တစ်ခုကို တပ်ဆင်ထားပြီးပြီမလို့ သူမအခု ဘယ်နေရာရောက်နေလဲဆိုတာ ကျွန်တော် အတိအကျသိထားတယ်”

"ချင်ရန် မင်း အခုဘယ်လမ်းကိုရောက်နေပြီလဲ"

လင်းကုဝေ စိုးရိမ်တကြီးမေးမြန်းလိုက်သည်။

"ကျင်းနန်အရှေ့ဘက်လမ်းမကြီးပေါ်ရောက်နေပါတယ်”

ချင်ရန် ပြန်လည်ဖြေကြားလိုက်၏။

သူတို့စကားပြောနေစဉ်အတွင်းမှာပင် မော်တော်ကားများမှာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေခဲ့ကြသည်။ လင်းကုဝေမှာ အခြားရွေးချယ်စရာမရှိတော့သဖြင့် ခေါင်းငြိမ့်လိုက်ရင်း ကျင်းနန်အရှေ့ဘက်လမ်းမကြီးပေါ်တွင် အရေးပေါ်ပိတ်ဆို့မှုများပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များထံသို့ ထပ်မံဖုန်းဆက်သွယ်ကာညွှန်ကြားရတော့သည်။

သို့သော်လည်း ဤအမှုကိစ္စမှာ ရုတ်တရက်ကြီးဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ရဲအရာရှိအမြောက်အမြားမှာကြိုတင်ပြင်ဆင်ထားခြင်းမရှိကြသဖြင့် လင်းကုဝေက ဖုန်းဆက်အကြောင်းကြားလိုက်သည့်တိုင်အောင် သူတို့တုံ့ပြန်မှုနှုန်းမှာ မြန်ဆန်ခြင်းမရှိကြချေ။

ကားမောင်းနှင်နေစဉ်အတွင်း ချင်ရန်သည် အရှေ့ဘက်လမ်းမပေါ်တွင် သာ့ကျဲစီးနင်းသွားသော ကားနှင့်ပုံစံတူ၊ အရောင်တူလှသော ဖောက်စ်ဝက်ဂွန်ကားအမြောက်အမြား ရုတ်တရက်ပေါ်ထွက်လာသည်ကို သတိပြုမိလိုက်သည်။

ဤကားများသည် လမ်းဆုံလမ်းခွများတွင် အမျိုးမျိုးလှည့်ပတ်မောင်းနှင်နေကြပြီး လမ်းကြောင်းများကို အဆက်မပြတ် ပြောင်းလဲနေကြသည်။

ချင်ရန် ချက်ချင်းပင်ရိပ်မိလိုက်၏။ ဤကားများသည် မိမိမျက်စိကို လှည့်စားရန်အတွက် ဖန်တီးထားသောအ‌ယောင်ပြ ကားအဖွဲ့သာ ဖြစ်ရပေမည်။

ထိုအခါ တက္ကစီဒရိုင်ဘာမှာမူ မှင်တက်သွားခဲ့ရပြီး ဘာလုပ်ရမှန်းမသိဘဲ မေးမြန်းလိုက်ရရှာသည်။

"ဆရာ ကျွန်တော်တို့တွေ ဘယ်ကားနောက်ကိုလိုက်ရမလဲ၊ ကားတွေအကုန်လုံးက ပုံစံတူကြီးတွေဖြစ်နေတဲ့အပြင် ကားနံပါတ်ပြားတွေကပါ တစ်ပုံစံတည်းတူနေကြတယ်”

ချင်ရန် အေးစက်စက်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။ ထောင်ဖောက်ပြေးလာသော ရာဇဝတ်ကောင်ကြီးသည် ဤမျှအထိ သေးငယ်လှသောလှည့်ကွက်များဖြင့် မိမိမျက်စိကို လှည့်စားနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ပုံရသည်။

သူမ မသိရှိခဲ့သည်မှာမူ ချင်ရန်သည် သူမတည်နေရာကို စနစ်အကူအညီဖြင့် ရာနှုန်းပြည့်တိကျစွာ ဗဟိုပြုသတ်မှတ်ထားပြီးဖြစ်ခြင်းပင် ဖြစ်သည်။ သူမအနေဖြင့် မည်သည့်နေရာသို့မဆိုသွားပါစေ တရုတ်ပြည်ပြင်ပသို့ထွက်ပြေးပါစေ သို့မဟုတ် အာကာသဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားပါစေ ချင်ရန်သည် သူမတည်နေရာကို အမြဲတမ်းသိရှိနေမည်ဖြစ်သည်။

ဤကဲ့သို့သော ကလေးကလား လှည့်ကွက်များဖြင့် ချင်ရန်အားလှည့်စားရန်မှာမူ လုံးဝမဖြစ်နိုင်ချေ။

ချင်ရန်သည် ချက်ချင်းပင် တက္ကစီဒရိုင်ဘာအား မည်သည့်လမ်းကြောင်းအတိုင်း လိုက်လံမောင်းနှင်ရမည်ဖြစ်ကြောင်း တိကျပြတ်သားစွာစတင်ညွှန်ကြားလိုက်တော့သည်။

တက္ကစီဒရိုင်ဘာသည်လည်း အခြားတွေးမနေတော့ဘဲ ချင်ရန့်ညွှန်ကြားချက်အတိုင်း ကားကိုအပတ်တကုတ်မောင်းနှင်လိုက်ရတော့သည်။

အခြားတစ်ဖက်တွင်မူ သာ့ကျဲသည် ကားနောက်ဘက်မှမြင်ကွင်းကို ကြည့်ရှုလိုက်ရာ ထိုတက္ကစီကားမှာ ယခုအချိန်အထိ မိမိတို့အနောက်တွင်ကပ်လျက် လိုက်ပါနေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်းအံ့ဩတုန်လှုပ်သွားခဲ့ရသည်။

"သူ သူက ဘယ်လိုလုပ်ပြီး ငါ့နောက်ကို အခုထိထပ်ကြပ်မကွာ လိုက်နိုင်နေရတာလဲ၊ အရှေ့ကလှည့်စားထားတဲ့ ကားတွေက သူ့ကိုလမ်းလွှဲပေးလိုက်ရမှာ မဟုတ်ဘူးလား”

"ဒါမှမဟုတ် ငါတို့တွေရဲ့ကားပေါ်မှာ လျှို့ဝှက်တည်နေရာခြေရာခံစနစ် တစ်ခုခုတပ်ဆင်ခံထားရလို့လား”

သာ့ကျဲ မျက်မှောင်ကြုတ်လိုက်မိသည်။

သက်တော်စောင့်တစ်ဦးက ချက်ချင်း ခေါင်းခါလိုက်ရင်း ငြင်းဆိုလိုက်သည်။

"မဖြစ်နိုင်ပါဘူး သာ့ကျဲ၊ ကျွန်တော်တို့ရဲ့ ကားပေါ်မှာ လျှို့ဝှက်ချက်ရှာဖွေရေးစနစ် တွေ အပြည့်အစုံတပ်ဆင်ထားပါတယ်၊ တကယ်လို့ တစ်စုံတစ်ယောက်က လျှို့ဝှက်ခြေရာခံစနစ် ဒါမှမဟုတ် အသံဖမ်းစက်တွေ တပ်ဆင်ထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့စက်က ချက်ချင်း ရှာဖွေတွေ့ရှိမှာ သေချာပါတယ်"

သာ့ကျဲမျက်မှောင်ကြုတ်ထားမိရင်း မိမိတို့အနောက်သို့ ပိုမိုနီးကပ်စွာလိုက်ပါလာသော တက္ကစီကားကိုကြည့်ကာ သူမမျက်နှာထက်တွင်မူ မကျေနပ်မှုများနှင့် စိုးရိမ်စိတ်များ ပိုမိုပြည့်နှက်လာခဲ့ရတော့သည်။

သူမ လုံးဝမသိရှိခဲ့သည်မှာ ချင်ရန်၏ခြေရာခံစနစ်ဆိုသည်မှာ ဤကမ္ဘာပေါ်ရှိ မည်သည့်သိပ္ပံနည်းပညာ စက်ပစ္စည်းမျိုးနှင့် ဘယ်လိုနည်းဖြင့်မျှ ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသော ထူးခြားလှသည့် စွမ်းပကားရှိနေခြင်းပင်ဖြစ်သည်။

ဒါတင်မကသေးဘဲ သူမတစ်ဘဝလုံးတွင် သူမ သေဆုံးသွားသည့်အချိန်မှလွဲ၍ ချင်ရန်သည် သူမတည်နေရာကို အမြဲတမ်း ခြေရာခံသိရှိနေမည်လည်း ဖြစ်သည်။

ဤသို့ဖြင့် အသက်စွန့်ကာ သည်းထိတ်ရင်ဖိုလိုက်လံဖမ်းဆီးရသော ကားပြိုင်ပွဲကြီးမှာ တစ်နာရီနီးပါးခန့် ကြာမြင့်သွားခဲ့၏။ ဖိန်လင်မြို့အတွင်း၌မူ ရဲအင်အားများမှာ သိသိသာသာတိုးပွားလာခဲ့ပြီး တရုတ်နှစ်သစ်ကူး၏ပထမဆုံးနေ့ရက်၏ နံနက်အစောပိုင်း အချိန်ကာလအတွင်းမှာပင် မြို့လုံးကျွတ် ရာဇဝတ်ကောင် လိုက်လံပိတ်ဆို့ဖမ်းဆီးရေးအစီအစဉ်ကြီးမှာ တရားဝင်စတင်ခဲ့လေတော့၏။

All Chapters