အခန်း (၂၂၁၇-၂၂၁၈)
Vol. 222 Ch. 2217-2218
အခန်း (၂၂၁၇) မီးဖိုသီး
“လှည့်ဖျားမပြောနဲ့တော့”
ဖန့်ချန် ရယ်မော၍ ဆူလိုက်ပြီးနောက် ဟွမ်ဆန်းကျင်း ၏ အသက်ကို နုတ်ယူလိုက်သည်။
ဟွမ်ဆန်းကျင်း တစ်ကိုယ်လုံး အေးစက်သွားသည်ဟု ခံစားလိုက်ရပြီးနောက်…… ဝိညာဉ်ဖမ်း သူတော်စင် ကို တွေ့လိုက်ရသည်။
“ငါ သေသွားပြီလား”
“မဟုတ်ရင်ကော”
ဝိညာဉ်ဖမ်း သူတော်စင် က ဖန့်ချန် ကို တစ်ချက်ကြည့်လိုက်ပြီး ဟွမ်ဆန်းကျင်း အား အေးဆေးစွာ ပြောသည်။
“ဘယ်သူ့ကို သွားမထိရမှန်း မသိဘူးလား၊ သူ့ကို သွားစိန်ခေါ်ရသလား သူ ဒီနှစ်တွေအတွင်း နေမင်းခုနှစ်ပါး ကျောင်းသား ဘယ်နှစ်ယောက်ကို ပို့လိုက်ရပြီလဲ မင်းသိလား ဒါပေမဲ့လည်း ကောင်းပါတယ်၊ မင်းတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဝိညာဉ်မျိုးနွယ်စုတွေလည်း သဘောကျမှာပါ”
“ဟူး၊ ငါ့ရဲ့ လောဘကြောင့် သူတို့ ပေးတဲ့ ဆုလာဘ် ကို ယူမိလိုက်တာ မှားသွားပြီ။ ကိုယ့်အသက်ကို ကာကွယ်နိုင်မယ်လို့ ထင်ခဲ့တာ၊ အဆိုးဆုံးဆိုရင်တောင် သူ့ကိုပြောပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုနိုင်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူက စကားပြောဖို့ အခွင့်အရေးတောင် မပေးလိုက်ဘူး……”
ဟွမ်ဆန်းကျင်း သည် ဖန့်ချန် အား ကြည့်လိုက်ရာ သူ၏ အကြည့်တွင် စိတ်ပျက်အားငယ်မှုများနှင့်အတူ မကျေနပ်မှုများပါ ရောထွေးနေသည်။
“စကားများမနေနဲ့တော့၊ သွားကြစို့ ”
ဝိညာဉ်ဖမ်း သူတော်စင် သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဟွမ်ဆန်းကျင်း ကို ခေါ်ဆောင်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
……
နေမင်းခုနှစ်ပါး နယ်မြေ
နေမင်းခုနှစ်ပါး ကျောင်းသားအချို့သည် ဟွမ်ဆန်းကျင်း ၏ အမည်မှာ မှိန်ဖျော့သွားပြီး ပြာရောင်သို့ ပြောင်းသွားကာ သူကိုယ်တိုင်လည်း အပြင်ဘက်သို့ ပြန်ထွက်မလာတော့သည်ကို မြင်လိုက်ရသဖြင့် ကြောင်အသွားကြသည်။
“ဘာဖြစ်တာလဲ ဟွမ်ဆန်းကျင်း က ဂျင်လွန်း ကျောင်းတော်က မဟုတ်ဘူးလား ဘာလို့ သေသွားတာလဲ”
“ဖန့်ချန် နဲ့ ဂျင်လွန်း ကျောင်းတော် ကြားမှာ ရန်ငြိုးမရှိဘူးလို့ ငါမှတ်မိတာပဲ”
“ယုဝင်ရှန် တောင် အသက်ရှင်နေသေးတာပဲလေ ”
ထိုက်ဟောက်ကျုံး တို့အဖွဲ့မှာ နားမလည်နိုင် ဖြစ်နေကြသည်။ ဟွမ်ဆန်းကျင်း သည် စိတ်တိုတတ်သူ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် တစ်စုံတစ်ယောက်နှင့် ရင်းနှီးမှုရှိပြီး အသက်သေသည်အထိ တိုက်ခိုက်မိသည်ဟုသာ ယူဆလိုက်ကြသည်။
……
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
ဗလာနယ်မြေသို့ ထပ်မံ ရောက်ရှိသွားသောအခါ ဖန့်ချန် ၏ ပြိုင်ဘက်မှာ တုန်းကျွင်း ကျောင်းတော်မှ ဖြစ်သည်။
သူမမှာ အမျိုးသမီး တစ်ဦး ဖြစ်သည်။
သူမသည် ဖန့်ချန် အား လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“တစ်စုံတစ်ယောက်က အတွင်းကမ္ဘာရတနာ နဲ့ ငါ့ကို သိမ်းသွင်းပြီး နင့် ရဲ့ လမ်းကြောင်းကို ပိတ်ပင်ပေးဖို့ ပြောထားတယ် ”
“မင်း လက်ခံလိုက်တာလား”
ဖန့်ချန် ရယ်မော၍ မေးသည်။
ထိုအမျိုးသမီး ခေါင်းခါယမ်းသည်။
“လက်မခရဲပါဘူး။ ရတနာက ကောင်းပေမဲ့ ငါက အသက်ရှင်ချင်သေးတယ်၊ နောက်တစ်ကြိမ် ပြန် လည်မဝင်းစား ချင်သလို ဝိညာဉ်မျိုးနွယ်စု လည်း မဖြစ်ချင်ဘူး ”
ခဏရပ်လိုက်ပြီး သူမက ဆက်ပြောသည်။
“နင် နဲ့ ငါ ယှဉ်ပြိုင်နေစရာ မလိုတော့ပါဘူး။ ထိပ်တန်း (၁၀) ယောက်ထဲက တန်ခယ်ရွှမ် တောင် ကိုယ်တိုင် ထွက်လာတယ်ဆိုကတည်းက နင့် ရဲ့ စွမ်းအားက ငါ့ထက် အများကြီး သာလွန်နေတာကို ငါ သိပါတယ်။ ငါတို့ နေမင်းခုနှစ်ပါး ကျောင်းသားတွေက နင့်ရဲ့ သူတော်စင် လမ်းကြောင်းကို ပိတ်ပင်လို့ မရနိုင်ပါဘူး ”
ပြောပြီးနောက် သူမ၏ အကြည့်မှာ တစ်ချက် ရွေ့လျားသွားသည်။
“ဖန့်ချန် နောက်တစ်ကြိမ် အဖွဲ့လိုက် တိုက်ပွဲနယ်မြေ ကို သွားဖို့ အဖွဲ့ဖွဲ့ဖို့ စိတ်ဝင်စားလား ငါ့အဖွဲ့က တိုက်ပွဲမှတ်တမ်း တစ်ပွဲပဲ လိုတော့တာ၊ အဲဒါပြီးရင် အဆင့်တစ်ခု တက်နိုင်မယ်။ အဲဒီအခါမှာ စင်ကြယ်သော ဗောဓိသီး တစ်လုံး ဆုချီးမြှင့်မယ်။ အဲဒီဆုကို နင်ယူလိုက်လို့ ရတယ် ”
“အဖွဲ့လိုက် တိုက်ပွဲနယ်မြေ”
ဖန့်ချန် ခေါင်းခါသည်။
“စိတ်မဝင်စားပါဘူး”
အဖွဲ့လိုက် တိုက်ပွဲနယ်မြေဆိုလျှင် အခြားသူများနှင့် ပူးပေါင်းရမည် ဖြစ်သည်။ ပူးပေါင်းလိုက်သူမှာ လူကောင်းဟုတ်၊ မဟုတ် ဘယ်သူသိမှာလဲ။
ယခုအခါ သူသည် လင်ယောင် နှင့် ချင်းမင် တို့တွင် ရန်သူများ ရှိနေသည်။ ထို့ကြောင့် လက်ရှိအတိုင်း တည်ငြိမ်စွာ နေခြင်းကသာ အကောင်းဆုံး ဖြစ်ပြီး စင်ကြယ်သော ဗောဓိသီး တစ်လုံးအတွက်နှင့် အန္တရာယ် မယူလိုသလို၊ သူတစ်ပါးကို အုပ်ထိန်းပေးနေမည့် စိတ်လည်း မရှိပေ။
ထိုအမျိုးသမီးလည်း ဖန့်ချန် ငြင်းပယ်လိမ့်မည်ကို ကြိုသိနေသဖြင့် ဘာမျှ မပြောတော့ဘဲ ခေါင်းသာ ငြိမ့်ပြသည်။
“ဒါဆိုရင် ငါ အရှုံးပေး…… ခဏလေး……”
သူမ၏ အမူအရာမှာ ထူးဆန်းသွားသည်။
“ဖန့်ချန် မီးဖိုသီး အကြောင်း ကြားဖူးလား”
“မီးဖိုသီး”
ဖန့်ချန် သည် ကရုဏာတောင်တန်းတွင် စာဖတ်ခဲ့စဉ်က ဤအရာနှင့် ပတ်သက်သည့် စာအုပ်ကို တစ်ခါဖတ်ဖူးသလို သတိရသွားသည်။
၎င်းမှာလည်း အတွင်းကမ္ဘာရတနာ များထဲမှ တစ်ခု ဖြစ်သည်။ သို့သော် စင်ကြယ်သော ဗောဓိသီး ကဲ့သို့ အတွင်းကမ္ဘာနယ်မြေ အခြေခံကို မြှင့်တင်ပေးသည့် အမျိုးအစား မဟုတ်ပေ။
၎င်းသည် သူတော်စင် တစ်ဦး၏ ကျင့်စဉ်အဆင့်ကိုလည်း မမြှင့်တင်ပေးသလို၊ အခြေခံကိုလည်း မမြှင့်တင်ပေးပါ။
၎င်း၏ တစ်ခုတည်းသော အာနိသင်မှာ သူတော်စင် တစ်ဦး၏ အတွင်းကမ္ဘာနယ်မြေထဲတွင် မီးတစ်ချက် ထပ်ထည့်ပေးလိုက်သကဲ့သို့ ဖြစ်စေပြီး၊ အတွင်းကမ္ဘာနယ်မြေအား ပိုမိုပြင်းထန်စွာ လောင်ကျွမ်းစေကာ သူတော်စင်ကို အချိန်တိုအတွင်း အတွင်းကမ္ဘာနယ်မြေ စွမ်းအားကို ပိုမို အသုံးပြုနိုင်စေခြင်းသာ ဖြစ်သည်။
“နင် ဒီအရာကို သိတယ်ဆိုတော့ အဆင်ပြေပါပြီ။”
ထိုအမျိုးသမီး ပြောပြီးနောက် ပြုံး၍ ပြောသည်။
“ငါ အရှုံးပေးပါတယ်”
ခဏအကြာတွင် ရွှေရောင်အလင်းတန်း နှစ်ခု ကျရောက်လာပြီး သူမနှင့် ဖန့်ချန် တို့ကို အသီးသီး ခေါ်ဆောင်သွားသည်။
ကျယ်ပြောလှသည့် ပလက်ဖောင်းပေါ်သို့ ပြန်ရောက်သောအခါ ရှကျိ နှင့် အနီးအနားက သူတော်စင်များမှာ တိုက်ပွဲ မပြီးဆုံးသေးသဖြင့် အနီးအနားတွင် လူသိပ်မရှိဘဲ တိတ်ဆိတ်နေသည်။
“မီးဖိုသီး ဒီအရာကို သုံးလိုက်ရင် အတွင်းကမ္ဘာနယ်မြေက လုံးဝ လောင်ကျွမ်းသွားမှာ၊ အသက်ကို ကံကောင်းလို့ လွတ်သွားရင်တောင် အသုံးမဝင်တော့ဘူး။ နေမင်းခုနှစ်ပါး ကျောင်းသားတွေက ဒီအရာကို ကိုင်တွယ်မိတာလား ဒီအရာနဲ့ ငါ့ရဲ့ သူတော်စင် လမ်းကြောင်းကို ပိတ်ပင်ဖို့ ကြိုးစားနေတာလား”
“ဒါပေမဲ့ တုန်းကျွင်း ကျောင်းတော်က ကျောက်ဆိုင်လန် လည်း လိမ်ညာစရာ အကြောင်းမရှိဘူး။ သူ ခုနက ငါ့ကို သတိပေးသွားတာ ဖြစ်နိုင်တယ်၊ နောက်လာမယ့် ပြိုင်ဘက်တွေထဲမှာ မီးဖိုသီး ကို သုံးမယ့်သူ ရှိနိုင်တယ် ”
“လော့ကျီကျုံး နဲ့ ထော်ဘာကျန်းယု တို့ရဲ့ လောင်းကြေးက သူတို့နှစ်ယောက်လုံးရဲ့ သူတော်စင်ရာထူးကို လောင်းထားတာ။ ဆိုလိုတာက…… လင်ယောင် ဘက်က နေမင်းခုနှစ်ပါး ကျောင်းသား တစ်ဦးဦးက အလိုအလျောက် သို့မဟုတ် အတင်းအကျပ် ခိုင်းစေမှုကြောင့် မီးဖိုသီး ကို သုံးပြီး ငါ့ရဲ့ သူတော်စင် လမ်းကြောင်းကို ပိတ်ပင်လိမ့်မယ်။ လော့ကျီကျုံး လောင်းကြေးနိုင်ဖို့အတွက် ဖြစ်နိုင်တယ်။ အဲဒီလိုလုပ်ရင် ငါ့ကို ထိခိုက်စေနိုင်သလို ထော်ဘာကျန်းယု ကိုလည်း ရာထူး ဆုံးရှုံးစေပြီး လော့ကျီကျုံး ကို ကာကွယ်ပေးနိုင်မယ် ”
ဤအချက်ကို တွေးမိလိုက်သဖြင့် ဖန့်ချန် စိတ်ထဲတွင် အဖြေထွက်လာသည်။
ကောင်းကင်ငါးပါးရှိ အကြီးအကဲများသည် အောက်လူငယ်များ၏ ကိစ္စများတွင် မပါဝင်သလို ထင်ရသော်လည်း၊ အရင်က ကော်ယန်လီ သည် အကြီးကဲ တစ်ဦးဖြစ်လျက်နှင့် ထိုက်ဟောက်ယွီ ၏ အတွင်းကမ္ဘာနယ်မြေ အတွက် ကိုယ်တိုင် ပါဝင်ခဲ့သည် မဟုတ်လား။
ခဏအကြာတွင် ဖန့်ချန် ၏ ရှေ့တွင် ရွှေရောင်အလင်းတန်း တစ်ခု လက်သွားပြီး ရှကျိ သည် ရိုင်ရိုင်ယိုင်ယိုင်နှင့် ထွက်လာသည်။ သူ ရပ်တည်နိုင်ရန် ကြိုးစားနေရင်း ဖန့်ချန် ကို မြင်လိုက်ရသဖြင့် အားနာစွာ ပြောသည်။
“ဒီတစ်ခါ ပြိုင်ဘက်က တော်တော် အစွမ်းထက်တယ်၊ လင်ယောင် ဘက်ကပဲ၊ အထဲမှာ သေမလို ဖြစ်သွားတယ်၊ ကံကောင်းလို့ အရှုံးပေးလိုက်နိုင်တာ။”
ပြောပြီးနောက် သူ စိတ်ဝင်တစား မေးသည်။
“ဖန့်ညီကို၊ မင်း ဘယ်နှစ်ပွဲ ရှိပြီလဲ”
ဖန့်ချန် စဉ်းစား၍
“ရှစ်ပွဲ ရှိပြီ”
“ဒီလောက် မြန်တာလား”
ရှကျိ ၏ မျက်နှာပေါ်တွင် အံ့အားသင့်ရိပ်များ ထင်ဟပ်လာသည်။
သူသည် တိုက်ပွဲ နှစ်ပွဲသာ ပြီးဆုံးသေးသော်လည်း ဖန့်ချန် က ရှစ်ပွဲတောင် ပြီးနေပြီ။
ဒါက ကလေးကစားသလိုတောင် ဖြစ်နေသည်။
ထိုစဉ် ကောင်းကင်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။
နေမင်းခုနှစ်ပါးခန်းမ ဖန့်ချန် —— နေမင်းခုနှစ်ပါးခန်းမ လော့ပေ
“ဖန့်ညီကို၊ ဒီ လော့ပေ ဆိုတာ လင်ယောင် ဘက်ကပဲ၊ သတိထားပါ”
ရှကျိ ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။
“စိတ်မပူပါနဲ့”
ဖန့်ချန် ပြုံး၍ ခေါင်းညိတ်သည်။
တစ်ချိန်တည်းမှာပင်။
နေမင်းခုနှစ်ပါး နယ်မြေ၊ လော့ပေ သည် ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ရပ်နေသည်။ သူနှင့် ဖန့်ချန် တို့ ယှဉ်ပြိုင်ရမည်ကို မြင်လိုက်ရပြီးနောက် သူ၏ မျက်နှာမှာ မည်းမှောင်သွားကာ တစ်နေရာရာသို့ စိုက်ကြည့်လိုက်သည်။
လော့ကျီကျုံး သည် ယန့်ချွမ်းယန် တို့အဖွဲ့နှင့် ရယ်မောစကားပြောနေစဉ် ရုတ်တရက် လော့ပေ ၏ အကြည့်ကို ခံလိုက်ရသည်။ လော့ပေ နှင့် တစ်ချက်ချင်း ဆုံတွေ့ပြီးနောက် သူသည် ခေါင်းလှည့်၍ ရယ်မောစကားပြောခြင်းကို ဆက်လက် လုပ်ဆောင်သည်။
လော့ပေ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အရာတစ်ခုကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်ပြီး ဝါးမစားတော့ဘဲ ချက်ချင်း မျိုချလိုက်သည်။
နောက်တစ်စက္ကန့်တွင် အနီးအနားရှိ နေမင်းခုနှစ်ပါး ကျောင်းသားများအားလုံး လော့ပေ ၏ အရှိန်အဝါမှာ တစ်မျိုးတစ်ဖုံ ဖြစ်နေသည်ကို ခံစားလိုက်ရသည်။
သူတို့ သေချာ မကြည့်ရသေးခင်မှာပင် ရွှေရောင်အလင်းတန်းများ ကျရောက်လာပြီး လော့ပေ ကို ခေါ်ဆောင်သွားသည်။
“မီးဖိုသီး ပဲ”
ယန့်ချွမ်းယန် မျက်စိရှင်သဖြင့် တိုးတိုးလေး ညည်းလိုက်သည်။
အနီးအနားရှိ နေမင်းခုနှစ်ပါး ကျောင်းသားများမှာ လော့ကျီကျုံး ကို ကြည့်သည့် အကြည့်များမှာ အလွန်ပင် ရှုပ်ထွေးနေသည်။
“မင်းတို့ လော့မျိုးနွယ်စုက မင်းကို အတော်လေး တန်ဖိုးထားတာပဲ။ လော့ပေ တစ်ယောက်ကို စွန့်ပစ်ပြီးတောင် မင်းကို ကာကွယ်ပေးတယ်ပေါ့ ”
ထော်ဘာကျန်းယု အေးဆေးစွာ ပြောသည်။
“လော့ပေ ရဲ့ အဆင့်က မမြင့်သလို နောက်လာမယ့် အနာဂတ်လည်း မရှိတော့ဘူး၊ ငါနဲ့တော့ ယှဉ်လို့မရဘူး။ နောက်ပြီး သူ့ကို စွန့်ပစ်လိုက်ရင် အကျိုးကျေးဇူး နှစ်ခု ရှိတယ်။ တစ်ခုက ဖန့်ချန် ရဲ့ သူတော်စင် လမ်းကြောင်းကို ဖြတ်တောက်ပြီး သူ့ကို ပြန်လည်ဝင်စားအောင် ပို့ပေးဖို့ အခွင့်အရေး ရမယ်။ နောက်တစ်ခုက…… မင်းရဲ့ နေမင်းခုနှစ်ပါး တံဆိပ်ကို ငါ ရရမယ်။”
လော့ကျီကျုံး ရယ်မော၍ ပြောသည်။
“တစ်ခုနဲ့ နှစ်ခု လဲလိုက်တာ၊ အရမ်းတန်တယ်။ ဒီလုပ်ငန်းက ရှုံးမှာ မဟုတ်ဘူး ”
ထော်ဘာကျန်းယု လည်း ဒေါသမထွက်ဘဲ ရယ်မောလိုက်ပြီး ဘာမျှ မပြောတော့ပေ။
ယန့်ချွမ်းယန် သည် ဤမြင်ကွင်းကို ကြည့်နေပြီး လော့ကျီကျုံး ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပေါ်လာသည်။
……
“ကန်ယောင် ကျောင်းတော်က လော့ပေ၊ ဒီနေ့ မင်း ငါနဲ့အတူ မရဏလမ်းကို သွားဖို့ ပြင်ထားလိုက် ”
ဗလာနယ်မြေထဲတွင် လော့ပေ ၏ အတွင်းကမ္ဘာနယ်မြေထဲမှ မီးတောက်များ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါမှာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ထက် အဆပေါင်းများစွာ ကျော်လွန်သွားသည်။
သူသည် ဖန့်ချန် ကို စိုက်ကြည့်နေပြီး အမုန်းတရားများ၊ မကျေနပ်မှုများ၊ ထို့ပြင် အရူးအမူးဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
“မင်းရဲ့ နောက်ကွယ်က လူတွေက မင်းကို သုံးပြီး ငါ့ကို လဲလှယ်ဖို့ လုပ်နေတာ၊ မင်း တော်တော်လေး မကျေမနပ် ဖြစ်နေမှာပေါ့နော် ”
ဖန့်ချန် လော့ပေ ၏ အရှိန်အဝါအဆင့်ကို စောင့်ကြည့်ရင်း အေးဆေးစွာ ရယ်မော၍ ပြောသည်။
အခန်း (၂၂၁၈) မင်း ဘာလို့ ပုန်းနေတာလဲ
လော့ပေ ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်မှုများ အပြည့် ရှိနေသော်လည်း ဘာများ တတ်နိုင်ဦးမည်နည်း။
သူသည် လော့မျိုးနွယ်စု၏ မျိုးနွယ်စုခွဲ တစ်ဦးအဖြစ်မှ ယခုအဆင့်ထိ တစ်လှမ်းချင်းစီ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ သူ၏ ထူးချွန်သည့် အရည်အချင်းကြောင့်သာမကဘဲ၊ အဓိက အိမ်တော်ကြီး ဘက်မှ ထိုက်သင့်သည့် အထောက်အပံ့များကို အပြည့်အဝ ပေးအပ်ခဲ့ခြင်းကြောင့် မဟုတ်ပါလော။
ဤအချက်ကို တွေးမိလိုက်သောအခါ ဖန့်ချန် ကို ကြည့်လိုက်သည့် သူ၏ မျက်ဝန်းများတွင် မုန်းတီးရွံရှာမှုများ တိုးပွားလာသည်။
အကယ်၍သာ ဤနေရာတွင် ရှိနေသည့် လူက ရုတ်တရက် ပေါ်ပေါက်လာပြီး လင်ယောင် ကျောင်းသား များစွာကို သတ်ဖြတ်မပစ်ခဲ့လျှင်၊ သူသည် ယနေ့တွင် စွန့်ပစ်ခံရမည့် အသုံးမလိုသော အရာတစ်ခုအဖြစ် ပေးဆပ်သွားရမည် မဟုတ်ပေ။
လော့ပေ ၏ နောက်ကွယ်မှ အတွင်းကမ္ဘာနယ်မြေ ထဲတွင် ရှိနေသည့် မီးတောက်များမှာ ပိုမို ပြင်းထန်စွာ တောက်လောင်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများမှာလည်း တဖြည်းဖြည်းနှင့် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။
ဤတိုက်ပွဲကို အမြဲတစေ စောင့်ကြည့်နေကြသည့် ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ တစ်ဦးက အေးစက်စက် လှောင်ပြောင်လိုက်သည်။
“မီးဖိုသီး ကို သုံးပြီး ကိုယ့်ကိုယ်ကိုယ်တောင် ထိခိုက်ပျက်စီးအောင် လုပ်ပြီးတော့ ဖန့်ချန် ကို ဆွဲချဖို့ ကြိုးစားတာ၊ ဒီနည်းလမ်းက တကယ်ကို ရက်စက်လွန်းတယ်။”
“ဒီလောကထဲမှာ မီးဖိုသီး က သိပ်မရှိတော့ဘူး၊ သူ ဒီတစ်ခုကို ရလာတာကိုက သူ့ရဲ့ အရည်အချင်း တစ်ခုပဲလေ။”
“ဖန့်ချန် မှာ အရှုံးပေးဖို့ အခွင့်အရေး ရှိမယ်လို့ မင်းတို့ ထင်လား ”
“သူ အရှုံးပေးမှာ မဟုတ်ဘူး။ ဒီနှစ်တွေအတွင်း သူက အမြဲတမ်း ဆက်တိုက် အနိုင်ရလာခဲ့တာ၊ လော့ပေ က မီးဖိုသီး ကို သုံးထားရင်တောင် သူ အရှုံးပေးမယ့်သူ မဟုတ်ဘူး။”
“ဒါ မှန်တာပေါ့၊ ငါတို့ နေရာမှာဆိုရင်တောင် အလွယ်တကူ အရှုံးပေးမိမှာ မဟုတ်ဘူး။”
“သာမန် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ဆိုရင်တော့ တစ်မျိုးပေါ့၊ လော့ပေ ရဲ့ အဆင့်ကလည်း မနိမ့်ဘူး၊ အခု မီးဖိုသီး ကို သုံးလိုက်တော့ ဒီအရှိန်အဝါက စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့် ကျောင်းသားတွေနဲ့ ဘာမှ မခြားနားတော့ဘူး မဟုတ်လား”
“စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်မှာ အဆင့် (၉၀) ကနေ (၉၅) ကြားလောက်နဲ့ ညီမျှမယ်”
“တန်ခယ်ရွှမ် တို့နဲ့ ယှဉ်ရင်တော့ အားနည်းပါသေးတယ်”
“သူတို့က နတ်ဘုရား အမွေဆက်ခံသူတွေလေ၊ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။”
“ဟုတ်တာပေါ့လေ”
……
လော့ပေ ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ၏ အတွင်းကမ္ဘာနယ်မြေကို ဆက်လက် လောင်ကျွမ်းစေဦးတော့ နောက်ထပ် တိုးတက်လာစရာ အကြောင်းမရှိတော့ဟု သူကိုယ်တိုင်ပင် ယုံကြည်နေသည်။
သူသည် ယခင်က မခံစားဖူးသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်ကို ခံစားနေရပြီး၊ ရုတ်တရက် အရာအားလုံးကို မေ့ပျောက်သွားကာ မိမိကိုယ်ပိုင် မဟုတ်သည့် ဤစွမ်းအားထဲတွင်သာ နစ်မွန်းနေတော့သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ အစကတည်းကသာ တိုက်ခိုက်ခဲ့ရင် မင်း ငါ့ကို အနိုင်ယူနိုင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်။ အခုတော့ မီးဖိုသီး ရဲ့ အာနိသင်တွေ အကုန်လုံး ထွက်ပေါ်လာပြီ။”
လော့ပေ လက်သီးကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဖန့်ချန် ကို ကြည့်လိုက်သည်။
“အခု ဒါက မင်းရဲ့ အမြင့်ဆုံးအခြေအနေလား”
ဖန့်ချန် ရုတ်တရက် မေးလိုက်သည်။
“ဟုတ်တယ်လေ”
လော့ပေ ရယ်မောလိုက်သည်။
“မီးဖိုသီး က ဘာလို့ ဒီလောက် ရှားပါးရသလဲဆိုတာ အခုတော့ နားလည်သွားပြီ၊ ဒီလောက်ထိ စွမ်းအားတွေ တိုးတက်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ထိပ်တန်း (၁၀) ယောက်ထဲက ထူးချွန်တဲ့သူတွေနဲ့ တွေ့ရင်တောင် ငါ ယှဉ်တိုက်နိုင်မယ့် အားရှိနေပြီ။”
“ထိပ်တန်း (၁၀) ဦးလား……”
ဖန့်ချန် ခေါင်းညိတ်သည်။ လော့ပေ ၏ စကားကို အတော်အတန် သဘောတူမိသည်။
သို့သော်လည်း သူသည် ထိပ်တန်း (၁၀) ဦးနှင့်တော့ အကွာအဝေး အနည်းငယ် ရှိနေသေးသည်။
အရင်က သူ တွက်ချက်ထားသည့်အတိုင်းဆိုလျှင် ထိပ်တန်း (၁၀) ဦးထဲက တည်ရှိနေသူများသည် သာမန် စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့် သူတော်စင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသော်လည်း အနိုင်ရနိုင်ခြေမှာ (၅၀) ရာခိုင်နှုန်း မပြည့်ပေ။
ယခု မျက်စိရှေ့က လူသည် အတွင်းကမ္ဘာနယ်မြေကို လောင်ကျွမ်းပြီးနောက် သူ၏ အရှိန်အဝါမှာ စီကုဟန် ထက် အနည်းငယ်သာ လျော့နည်းသည့် အဆင့်သို့ ရောက်ရှိသွားသည်။
သာမန် စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့် စွမ်းအား မရှိရင်တောင် အနီးစပ်ဆုံး ဖြစ်လိမ့်မည်။
“နေမင်းခုနှစ်ပါး ကျောင်းသားဆိုတာ ဒီလောက်တော့ ရှိရမှာပေါ့၊ အဆင့် မမြင့်ပေမဲ့ မီးဖိုသီး တစ်လုံးနဲ့ ဒီလောက်ထိ စွမ်းအားတွေ တိုးတက်လာတာက သူ့ရဲ့ အခြေခံ အရင်းအမြစ် မညံ့ဖျင်းလို့ပဲ။”
ဤအချက်ကို တွေးမိလိုက်သောအခါ ဖန့်ချန် သည် လော့ပေ ကို ယခုအချိန်တွင် ပေးအပ်သင့်သည့် တုံ့ပြန်မှုကို ပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူနှင့် သူ၏ အတွင်းကမ္ဘာနယ်မြေမှာ ဗလာနယ်မြေထဲတွင် တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားသည်။
ဤနေရာကို အမြဲ စောင့်ကြည့်နေကြသည့် ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးများမှာ ကြောင်အသွားကြပြီး၊ ဖန့်ချန် ၏ အရိပ်အယောင်ကို ရှာဖွေလိုက်သော်လည်း မတွေ့ရှိရသဖြင့် အံ့အားသင့်သွားကြသည်။
“ပျောက်သွားပြီ”
လော့ပေ ၏ အမူအရာမှာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ဖန့်ချန် ကို လိုက်လံ ရှာဖွေကာ တံဆိပ် နတ်ဘုရားစွမ်းရည် ကို အသုံးပြု၍ ဤနေရာတစ်ဝိုက်ကို စကင်ဖတ်လိုက်သည်။
သူသည် ထိုနည်းလမ်းဖြင့် ဖန့်ချန် ကို အပြင်သို့ ထွက်လာအောင် ဖိအားပေးလိုသည်။
သို့သော်လည်း မည်သို့ပင် ရှာဖွေရှာဖွေ ဖန့်ချန် ၏ ခြေရာကို မတွေ့ရပေ။
“မင်း ဘာလို့ ပုန်းနေတာလဲ ”
လော့ပေ ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ထွက်လာပြီး ငါနဲ့ ယှဉ်တိုက်စမ်း”
ဗလာနယ်မြေမှာ တိတ်ဆိတ်နေသည်။
လော့ပေ ဒေါသအမျက်တို့ဖြင့် ပေါက်ကွဲနေပြီး တစ်ဖက်သတ် ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်နေရသည်။
သူသည် နတ်ဘုရားစွမ်းရည် တစ်ခုစီကို ထုတ်သုံးတိုင်း သူ၏ အတွင်းကမ္ဘာနယ်မြေ၏ အခြေခံ အရင်းအမြစ်မှာ တစ်စစီ လျော့နည်းသွားသည်။
ဤအတိုင်း ဆက်သွားလျှင် အတွင်းကမ္ဘာနယ်မြေ လုံးဝ လောင်ကျွမ်း ပျက်စီးသွားပြီး သူလည်း သေဆုံးရလိမ့်မည်ကို သိသော်လည်း၊ သူ ဘာမျှ မတတ်နိုင်ပေ။
အကြောင်းမှာ သူ မတိုက်ခိုက်လျှင်ပင် ယခုအချိန်တွင် မီးဖိုသီး ၏ အာနိသင်ကြောင့် အတွင်းကမ္ဘာနယ်မြေထဲမှ မီးတောက်များမှာ ငြိမ်းသွားရန် အကြောင်းမရှိတော့သောကြောင့် ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်ကို ကြည့်ရင်း လော့ပေ ၏ အရှိန်အဝါများမှာ စတင် ကျဆင်းလာသဖြင့် သူ လုံးဝ ထိတ်လန့်သွားတော့သည်။
သူသည် မကျေနပ်မှုများနှင့်အတူ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
“လူယုတ်မာ အောက်တန်းစားကောင်၊ အပြင်ကို ထွက်လာခဲ့စမ်း ”
“ငါနဲ့ ယှဉ်တိုက်စမ်း”
“ငါ တောင်းဆိုပါတယ်၊ ငါနဲ့ ယှဉ်တိုက်ပါ၊ မင်းကို ငါ အနိုင်ယူကို ယူရမယ် ”
ကြီးကြပ်ရေးမှူး ငါးဦးလုံးမှာ တိတ်ဆိတ်သွားသည်။
ဗလာနယ်မြေထဲတွင် တစ်ယောက်တည်း ရူးသွပ်စွာ တိုက်ခိုက်နေသည့် လော့ပေ ကို ကြည့်ရင်း လင်ယောင် ၏ ကြီးကြပ်ရေးမှူးက ရုတ်တရက် အေးစက်စက် ညည်းတွားလိုက်သည်။
“သူ ဘာနည်းလမ်းသုံးပြီး ပုန်းနေတာပဲ ဖြစ်ဖြစ်၊ ဒီလိုမျိုးတော့ မလုပ်သင့်ဘူး မဟုတ်လား ဒီပွဲကို သရေပွဲလို့ သတ်မှတ်လိုက်ရင်ရော ”
“သရေပွဲလား……”
ကြီးကြပ်ရေးမှူး နှစ်ဦးမှာ စဉ်းစားတွေးတောနေသည်။
ချင်းမင် ၏ ကြီးကြပ်ရေးမှူးမှာမူ ပြုံး၍ ပြောသည်။
“ဒါကို တိုက်ပွဲရှောင်တယ်လို့ ခေါ်လို့ ရမလားအကယ်၍ လော့ပေ က မီးဖိုသီး ကို မသုံးခဲ့ဘူးဆိုရင် ဖန့်ချန် က ပုန်းနေတယ်ဆိုရင်တော့ သရေပွဲပေါ့။ ဒါပေမဲ့ လော့ပေ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ မီးဖိုသီး က တကယ်ကို ကောင်းတဲ့ လောင်စာပဲ၊ မီးက တောက်လောင်လွန်းတယ်။ နောက်ထပ် အချိန်ခဏလောက်ဆိုရင် လော့ပေ လောင်ကျွမ်းပြီး သေသွားလိမ့်မယ်။ အဲဒီအခါ ဒီတိုက်ပွဲမှာ ဖန့်ချန် ပဲ အနိုင်ရမှာလေ၊ သရေပွဲ ဘယ်လိုလုပ် ဖြစ်မလဲ”
စကားရပ်လိုက်ပြီး
“ဒီကောင်လေးကတော့ ငါ့ကို အံ့ဩစေတယ်၊ သတ္တိလည်း ရှိသလို အချိန်အခါကို စောင့်ကြည့်ပြီး ရှောင်တိမ်းဖို့လည်း သိတယ်၊ ဟဲဟဲ သူက အရည်အချင်းရှိတဲ့သူပဲ။”
“ ပေမင်လျူရှန်း၊ မင်းတို့ ချင်းမင် ရဲ့ နေမင်းခုနှစ်ပါး ကျောင်းသားတွေက ဒီလောက်ပဲလား ဒီတစ်ကြိမ် တိုက်ပွဲက လင်ယောင် အတွက် မတရားဘူး။ ငါ ထပ်ယှဉ်ပြိုင်ဖို့ တောင်းဆိုတယ်၊ လူလဲပေးပါ ”
အခြား ကြီးကြပ်ရေးမှူးများမှာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်ကြသည်။
“မဖြစ်နိုင်ပါဘူး၊ စည်းကမ်းနဲ့ မညီဘူး ”
“ ေပေမင်လျူရှန်း ပြောတာ မှန်တယ်၊ လော့ပေ က မီးဖိုသီး ကို သုံးလိုက်တာမို့ ဖန့်ချန် လုပ်ရပ်ကို တိုက်ပွဲရှောင်တယ်လို့ ပြောလို့ မရဘူး။ သူက လော့ပေ ကို ကိုယ့်ဘာသာကိုယ် လောင်ကျွမ်းအောင် လုပ်လိုက်တာပဲ၊ ဒါက အရှေ့ကို တိုးဝင်ပြီး နှစ်ယောက်လုံး ဒဏ်ရာရသွားတာထက် ပိုပြီး ကျွမ်းကျင်တဲ့ နည်းလမ်းပဲ။”
“သူ ဘာ နတ်ဘုရားစွမ်းရည် သုံးလိုက်တာလဲ ငါတို့လို ကောင်းကင်နိမိတ် သူတော်စင်တွေတောင် ဒီနယ်မြေမှာ သူ့ကို ရှာမတွေ့ဘူးလား သူ နေမင်းခုနှစ်ပါး နယ်မြေကနေ ထွက်သွားပြီလို့တောင် ငါ ထင်မိလိုက်တာ။”
“ပုန်းကွယ်တဲ့ နတ်ဘုရားစွမ်းရည် ဖြစ်မှာပါ။ ဒီလိုမျိုး လုပ်နိုင်တဲ့သူက ထိပ်တန်း (၁၀) ဦးထဲမှာ အနည်းဆုံး သုံးယောက် ရှိတယ် ”
“ပြောရရင်တော့ မင်းတို့ လင်ယောင် ရဲ့ ဒီတစ်ခေါက် နည်းလမ်းက တကယ်ကို ရက်စက်တာပဲ။ မီးဖိုသီး လို အရာမျိုးကိုတောင် ပေးလိုက်တာ၊ ဖန့်ချန် တစ်ယောက်တည်းနဲ့ ဒီလိုအခြေအနေမျိုးမှာ လော့ပေ ကို အနိုင်ယူနိုင်မယ်လို့ ငါတောင် မထင်ခဲ့ဘူး။ ကံမကောင်းတာက ဖန့်ချန် မှာ ပုန်းကွယ်တဲ့ စွမ်းရည် ရှိနေတာပဲ၊ လော့ပေ ကို အချိန်ဆွဲပြီး သတ်ပစ်လိုက်တာပေါ့။ နောက်တစ်ခေါက်ကျရင်တော့ သေချာ စဉ်းစားပြီး လုပ်ကြပါဦး၊ မီးဖိုသီး လည်း အလကား ဖြစ်သလို နေမင်းခုနှစ်ပါး ကျောင်းသား တစ်ယောက်လည်း အလကား ဖြစ်သွားလိမ့်မယ်။”
ပေမင်လျူရှန်း ၏ အသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
လင်ယောင် မှ ကြီးကြပ်ရေးမှူးမှာ ခေါင်းမဖော်နိုင်တော့သည့် လော့ပေ ကို ကြည့်ရင်း တိတ်ဆိတ်သွားတော့သည်။ ဤတစ်ခေါက် စီစဉ်မှုတွင် သူတို့ လုံးဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။