← Chapters

အခန်း (၂၂၃၁-၂၂၃၂)

Vol. 224 Ch. 2231-2232

အခန်း (၂၂၃၁-၂၂၃၂)

Vol. 224 Ch. 2231-2232

အခန်း (၂၂၃၁) ဒီကျေးဇူးကို ငါမှတ်ထားလိုက်မယ်

ကရုဏာတောင်

ကျန်းတောက်ယွဲ့ ဦးဆောင်သော တပည့်များမှာ ကျောင်းတော်တွင် မရှိသူအချို့မှလွဲ၍ ကျန်သူအားလုံးသည် ဤနေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

“ဒီတစ်ခေါက်တော့ ငါတို့ဆီမှာ ညီငယ်ညီမငယ်တွေ ဘယ်နှစ်ယောက်လောက် ရောက်လာမလဲ မသိဘူး”

ချန်ဖေးဖေးမှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

“အရင်နှစ်တွေတုန်းကတော့ တစ်ယောက်ရဖို့တောင် ခက်ခဲတာ၊ မင်းတို့ရဲ့ အကြီးတန်းအစ်ကို ဖန့်ကိုတောင် ငါတို့က ကံကောင်းလို့ လျှောက်ကောက်မိခဲ့တာလေ”

လင်ဖုန်းက ဟီးဟီးရဟားရဟားနှင့် ပြောသည်။

“ဒီတစ်ခေါက် လျှောက်ကောက်မိတာကတော့ တကယ့်ကို အဖိုးတန်လွန်းတယ်”

ကျန်းတောက်ယွဲ့က ပြုံးရွှင်စွာ ပြောသည်။

ဝမ်ချုံစန်းတို့ အုပ်စုမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။

ဤတစ်ခေါက် လျှောက်ကောက်မိခြင်းက တကယ်ပင် တန်ဖိုးရှိလွန်းသည်၊ သူတို့သုံးယောက်ပင်လျှင် ဤကိစ္စကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

လူအများ စကားလက်ဆုံကျနေသည်မှာ မကြာသေးခင်မှာပင် အနက်ရောင် အစက်အပြောက်အုပ်စုတစ်ခုမှာ ဤနေရာသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

ကျန်းတောက်ယွဲ့က အသာအယာ ချောင်းဟန့်လိုက်ရာ လူအများမှာ ချက်ချင်းပင် စကားရပ်တန့်ကာ တိတ်ဆိတ်သွားကြသည်။

တစ်ခဏအတွင်းမှာပင် ဖန့်ချန်သည် ကျောင်းသားသစ် (၆၀၀) ကျော်ကို ခေါ်ဆောင်၍ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

“စီနီယာအစ်ကိုကြီး "

ဖန့်ချန်က ကျန်းတောက်ယွဲ့ကို လက်ယှက်၍ နှုတ်ဆက်သည်။

စီနီယာအစ်ကိုကြီး

ကျောင်းသားသစ် (၆၀၀) ကျော်၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွားပြီး ကျန်းတောက်ယွဲ့ကို ပို၍ စူးစိုက်ကြည့်လိုက်ကြသည်။

သို့သော် သူတို့ မလာခင်ကပင် အိမ်တွင် ကရုဏာတောင်နှင့် ပတ်သက်သည့် သတင်းအချို့ကို အနည်းနှင့်အများ ကြားသိထားခဲ့ကြသည်။

ကရုဏာတောင်ရှိ သူတော်စင်များမှာ အလုပ်မလုပ်ဘဲ ထိုင်စားနေကြပြီး တိုးတက်လိုစိတ် မရှိသူများဟု ဆိုကြသည်။ သူတို့ ယခုတစ်ခေါက် လမ်းပြပေးမည့် အကြီးတန်းအစ်ကိုက ကရုဏာတောင်မှ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

“ညီလေးဖန့်၊ ဆရာက ဒီတစ်ခေါက် အလုပ်များနေလို့၊ ကျောင်းသားသစ်တွေကို ငါပဲ လာကြိုပေးမယ်”

ကျန်းတောက်ယွဲ့က ပြုံး၍ ပြောသည်။

ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး လူအုပ်ဘက်သို့ လှည့်၍ ပြောသည်။

“ကရုဏာတောင်ရဲ့ တပည့်အဖြစ် ဝင်ရောက်လိုသူတွေ ရှေ့ကို တစ်လှမ်းတိုးခဲ့ကြပါ”

လူအများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ တပည့်အချို့မှာ ရှေ့ကို တိုးရမည့်အစား တိတ်တဆိတ်ပင် နောက်သို့ တစ်လှမ်း ဆုတ်ခွာသွားကြသည်။

သို့သော် နောက်တစ်ခဏတွင် လူ (၁၀) ကျော်မှာ တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးလာကြသည်။

သူတို့ထဲတွင် ရှဲ့အာမန်၊ ပိုင်ချန်းမင်း နှင့် ဟွမ်ချင်းကျူ တို့ ပါဝင်နေသည်။

သူတို့ သုံးဦးအပြင် ကျန်သူများမှာလည်း နောက်ခံအသိုင်းအဝိုင်း ကောင်းမွန်သူများသာ ဖြစ်ကြသည်။

ကျောင်းသားသစ်အချို့မှာ စိတ်ထဲတွင် အံ့ဩနေမိသည်။ သူတို့ သိထားသလောက်ဆိုလျှင် သူတို့ထဲမှ အချို့မှာ ဟော်ဆွေ့ ချင်မျိုးနွယ်စုလောက် မကြီးမားသော်လည်း သာမန်လူတို့အတွက်မူ အတော်ပင် အဆင့်မြင့်သည့် မိသားစုများ ဖြစ်ကြသည်။

ဘာကြောင့် သူတို့က ကရုဏာတောင်ကို တမင်သက်သက် ရွေးချယ်ပြီး ဝင်ရောက်ချင်နေကြတာလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေကြသည်။

“မင်းတို့ သုံးယောက် ဟိုဘက်မှာ သွားရပ်နေကြ”

ဖန့်ချန်က ဝမ်ချုံစန်းတို့ ဘေးနားရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ထိုနေရာသို့ လျှောက်သွားကာ ရပ်လိုက်ကြသည်။

သုံးယောက်သားကို ဖန့်ချန်က ကြိုတင်သတ်မှတ်ထားသည်ကို မြင်လိုက်ရသောအခါ ကရုဏာတောင်သို့ ဝင်ရောက်လိုသော ကျောင်းသားသစ်များမှာ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။

ကျန်းတောက်ယွဲ့က ဖန့်ချန်ကို တစ်ချက်ကြည့်ပြီးနောက် စဉ်းစားကာ ပြောသည်။

“ညီလေးဖန့်၊ ဒီသုံးယောက်ကို သဘောကျနေတာလား”

“ စီနီယာအစ်ကိုကြီး သူတို့သုံးယောက်လုံး နန်းတော်ကိုးခုကနေ တိုက်ပွဲဝင်ပြီး တက်လာကြတာပါ”

ဖန့်ချန်က ပြုံး၍ ပြောသည်။

ကရုဏာတောင်မှ တပည့်များမှာ ချက်ချင်းပင် သဘောပေါက်သွားပြီး ဖန့်ချန်၏ ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။

နန်းတော်ကိုးခုမှ ထွက်ပေါ်လာပြီး ရွှေဟွေး ပညာသင်ကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့သူများဆိုလျှင် အရည်အချင်းပိုင်းတွင် အနည်းငယ် အားနည်းသည်ထားဦး၊ သူတို့၏ တိုက်ပွဲဝင်နိုင်စွမ်းမှာ သာမန် သူဌေးသားများထက် အများကြီး သာလွန်နေမည်မှာ သေချာသည်။

ချင်လွမ်းမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားရသည်။

တစ်ဖက်လူက သူတို့ကို ကာကွယ်ပေးခဲ့သည်မှာ သူတို့သုံးယောက်ကို ကရုဏာတောင်သို့ ခေါ်ယူရန် ကြိုတင် စီစဉ်ထားခြင်း ဖြစ်ကြောင်းကို ယခုမှ သိလိုက်ရသည်။

“ညီလေးဖန့်က ဒီသုံးယောက်ကို သဘောကျနေမှတော့၊ ဒီတစ်ခေါက် ကရုဏာတောင်က သူတို့ကိုပဲ လက်ခံတော့မယ်”

ကျန်းတောက်ယွဲ့က ပြုံးလိုက်သည်။

“ကရုဏာတောင်က ကျောင်းသေးသေးလေးပါ၊ အရင်းအမြစ်လည်း မများဘူး။ တပည့်အများကြီး လက်မခံနိုင်ဘူး၊ အားလုံးပဲ ပြန်ကြပါတော့”

သူက ကရုဏာတောင်သို့ ဝင်ရောက်လိုသော ကျောင်းသားများကို လက်ယှက်၍ နှုတ်ဆက်လိုက်သည်။

ထိုကျောင်းသားများမှာ ကြက်သေသေသွားကြသည်။ သူတို့ တုံ့ပြန်မှု မပြုရသေးခင်မှာပင် ကျန်းတောက်ယွဲ့သည် လူအုပ်ကို ခေါ်ဆောင်၍ ကျောင်းတော်ထဲသို့ ပြန်လှည့်ဝင်သွားသည်။

“သွားကြစို့၊ နောက်တစ်နေရာ”

ဖန့်ချန်က ခေါ်လိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားသည်။

ကျောင်းသားသစ်အုပ်စုမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမြန်ပင် လိုက်သွားကြသည်။

ကရုဏာတောင်သို့ ဝင်ရောက်ရန် မအောင်မြင်ခဲ့သော ကျောင်းသားများမှာ နောင်တရသည့် အမူအရာများ ရှိနေသော်လည်း အလွန်အမင်း စိတ်မပျက်ကြပေ။

တစ်ယောက်က စိတ်မထိန်းနိုင်ဘဲ တိုးတိုးလေး မေးမြန်းလိုက်သည်။

“ကရုဏာတောင်က ကျောင်းသားတွေက အလုပ်မလုပ်ဘဲ ထိုင်စားနေကြတာ မဟုတ်ဘူးလား၊ ဘာလို့ သူတို့က ကရုဏာတောင်ကို ဝင်ချင်နေကြတာလဲ”

“မသိဘူးလား အော်၊ မင်းအိမ်ကလည်း ဒီသတင်းကို သိဖို့ အခြေအနေ မပေးဘူးပေါ့။ အကြီးတန်းအစ်ကို ဖန့်ရဲ့ နောက်ခံကို ငါ အခု သေချာသွားပြီ။ သူက နေမင်းခုနှစ်ပါး ခန်းမက ဖန့်ချန်ပဲ၊ ကရုဏာတောင်ရဲ့ တပည့်ပဲ။

အခု ကရုဏာတောင်က အရင်နဲ့ မတူတော့ဘူး။ အကြီးတန်းအစ်ကို ဖန့် ရှိနေတော့ ဝင်ရကျိုးနပ်တာပေါ့။ ငါ့မိသားစုကလည်း အခွင့်အရေးရရင် ကရုဏာတောင်ကို ဝင်ဖို့ ကြိုးစားကြည့်တဲ့၊ ဒါပေမဲ့ မဖြစ်မနေ လုပ်စရာတော့ မလိုပါဘူး။ ငါက အစမ်းသဘောမျိုးနဲ့ လုပ်ကြည့်တာ၊ သူတို့က ငါ့ကိုတောင် လက်မခံဘူး……”

ချက်ချင်းပင် သတင်းစကားများမှာ ပျံ့နှံ့သွားပြီး လူအများမှာ ဖန့်ချန်၏ နောက်ခံကို သဘောပေါက်သွားကြသည်။ ဖန့်ချန်ကို ကြည့်သည့် မျက်လုံးများမှာ ရိုသေလေးစားမှုများသာမက ကြောက်ရွံ့မှုများပါ ပါဝင်လာသည်။

“သူက နေမင်းခုနှစ်ပါး ခန်းမက ဖန့်ချန်ပဲလား၊ ငါ့အစ်ကိုတောင် သူ့ရှေ့မှာ တုံ့ပြန်မှုမလုပ်နိုင်တာ မဆန်းပါဘူး……”

ချင်လွမ်းမှာ ဤအချက်ကို သိလိုက်ရသောအခါ ဖန့်ချန်ရှေ့တွင် ချင်ကွမ်းက အသက်ချမ်းသာပေးရန် တောင်းဆိုသည်ကို နားလည်သွားသည်။

အိမ်တွင် ရှိနေစဉ်က ဖန့်ချန်နှင့် ပတ်သက်သည့် သတင်းအချို့ကို ကြားဖူးပြီး၊ အိမ်မှ အကြီးအကဲများကပင် သူ့ကို အလွန်အမင်း အထင်ကြီးကြောင်း ပြောဆိုခဲ့ကြသည်။

သို့သော်……

ဖန့်ချန်၏ နောက်ခံကို သိပြီး ကရုဏာတောင်သို့ ဝင်ရောက်ရန် လွဲချော်သွားသည့်အတွက် နောင်တရနေသူတစ်ယောက်က ချင်လွမ်းကို တိုးတိုးလေး ပြောသည်။

“ကရုဏာတောင်ကို မဝင်လိုက်ရတာ ကောင်းတယ်။ အကြီးတန်းအစ်ကို ဖန့်က သိပ်တော်ပေမဲ့ သူက လူအများကြီးကို ရန်စထားတာ၊ အဲဒီထဲမှာ ရှီး မျိုးနွယ်စုလို မျိုးနွယ်စုကြီးတွေလည်း ပါနေတာပဲ။ မင်း ကြားဖူးမှာပေါ့၊ လွန်ခဲ့တဲ့ရက်ပိုင်းက ချင်မင်း သံတမန် နှစ်ယောက် ရွှေရှင်း ပင်လယ်မှာ ပျောက်ဆုံးသွားတယ်ဆိုတာ။

တစ်ယောက်ကတော့ သေဆုံးသွားတာ သေချာတယ်၊ သူကလည်း ကရုဏာတောင်ကပဲ၊ ကရုဏာတောင်ရဲ့ ဘိုးဘေးတစ်ယောက်ပဲ။ စဉ်းစားကြည့်လေ၊ ကောင်းကင်နိမိတ် သူတော်စင်တောင် အသံတိတ် သေဆုံးသွားရတာ၊ မင်းတို့ဆိုရင်ရော”

ထိုစကား ထွက်ပေါ်လာသည်နှင့် ချင်လွမ်းနှင့် စကားပြောနေသော လူသားမျိုးနွယ်စု သူတော်စင်တစ်ပိုင်းမှာ ချက်ချင်း အံ့ဩသွားသည်။

မကြာမီပင် ဤသတင်းမှာ ပျံ့နှံ့သွားပြီး လူတိုင်း၏ အကြည့်မှာ ထူးဆန်းလာသည်။

ဤသူတို့ အချင်းချင်း တိုးတိုးလေး ပြောနေကြသည့်အရာများကို ဖန့်ချန်က စိတ်ဝင်စားခြင်း မရှိပေ။

သူသည် စည်းကမ်းချက်များအတိုင်း ကျောင်းသားသစ်များကို တစ်တောင်ပြီးတစ်တောင် ခေါ်ဆောင်သွားသည်။

……

“ဖန့်ချန်၊ မင်းကို အလုပ်ရှုပ်သွားစေမိပြီ”

ချင်ဝူဆန့် မှာ အဖြူရောင် ဝတ်စုံဖြင့် လက်ပိုက်ကာ ရပ်နေပြီး မျက်နှာပေါ်တွင် ပြုံးစစဖြင့် ပြောသည်။

နောက်တွင် တပည့်နှစ်ယောက်ဖြစ်သော ချင်ကွမ်းနှင့် ချင်ယွဲ့တို့ ရပ်နေသည်။

သူသည် ကျောင်းတော်သို့ ရောက်လာသည်မှာ မကြာသေးသော ဆရာတစ်ယောက် ဖြစ်သောကြောင့် လက်အောက်ခံ တပည့်အရေအတွက်မှာ အခြားတောင်များထက် အလွန်နည်းပါးနေသည်။

သို့သော် နေရာတွင် ရှိနေသော ကျောင်းသားသစ်များမှာ ဤဆရာကို အထင်မသေးရဲကြပေ။

ချင်ဝူဆန့်၏ အစစ်အမှန် နောက်ခံကို သိရှိထားသူများမှာ သူ့ဆီသို့ ရောက်သွားရန်ပင် တောင့်တနေကြသည်။

“ဆရာ ချင် "

ဖန့်ချန်က ပြုံး၍ လက်ယှက်ကာ နှုတ်ဆက်သည်။

ချင်ကွမ်းက ဖန့်ချန်ကို စူးစိုက်ကြည့်နေပြီး မျက်လုံးထဲတွင် မကျေနပ်မှုများ ပါဝင်နေသည်။

ချင်ယွဲ့ကတော့ တောင်းပန်သည့် အကြည့်များဖြင့် ကြည့်နေသည်။

ချင်ဝူဆန့်က ပြုံးနေသော မျက်နှာကို ဖျောက်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“မင်း ဒီတစ်ခေါက် ချင်ကွမ်းကို အသက်ချမ်းသာပေးခဲ့တာ၊ ဒီကျေးဇူးကို ငါမှတ်ထားလိုက်မယ်”

စကားပြောပြီးသည်နှင့် သူက လက်ကို မြှောက်လိုက်ပြီး ချင်လွမ်းနှင့် တခြားသော ချင်မျိုးနွယ်စုဘက်မှ တပည့်အချို့ကို လက်ညှိုးထိုးလိုက်သည်။

“ဒီလူတွေကို ငါ့တပည့်အဖြစ် လက်ခံလိုက်မယ်၊ ကျန်တဲ့သူတွေကို တခြားဆရာတွေဆီမှာ ရွေးချယ်ခိုင်းလိုက်”

ချင်ဝူဆန့်က တိုက်ရိုက် မပြောသော်လည်း သူ၏ အပြုအမူအရ ချင်မျိုးနွယ်စုမှ တပည့်များမှလွဲ၍ အခြားသော လူသားမျိုးနွယ်စု တပည့်များကို သင်ကြားပေးရန် စိတ်ဝင်စားခြင်း မရှိကြောင်း သိသာသည်။

ဖန့်ချန်မှာ ဂရုမစိုက်ဘဲ လက်ယှက်ကာ ကျန်ရှိသော ကျောင်းသားများကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်။

“ဆရာ၊ သူက သိပ်ကို မောက်မာလွန်းတယ်။ သူက နေမင်းခုနှစ်ပါး ကျောင်းသားဖြစ်တာကို အားကိုးပြီး ဆရာ့မျက်နှာကိုတောင် မထောက်ဘူး။ ရှဲ့ယွဲ့သာ အချိန်မီ မရောက်လာရင် ဒီတစ်ခေါက် တပည့်တကယ်ပဲ လူအများရှေ့မှာ ဂုဏ်သိက္ခာ ကျဆင်းရတော့မှာ၊ အဲဒါဆိုရင် ဆရာ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်မှာပဲ”

ချင်ကွမ်းက မခံမရပ်နိုင် ဖြစ်ကာ ပြောသည်။

ချင်ဝူဆန့်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“သူက နေမင်းခုနှစ်ပါး ကျောင်းသားမှန်း သိနေလျက်နဲ့ မင်းက ဘာလို့ သူ့ကို သွားစော်ကားတာလဲ။ သူ ငါ့ကို ဗောဓိသီး နှစ်လုံး ပေးဖို့ ငြင်းဆန်ခဲ့လို့ မင်းက စိတ်ထဲမှာ မှတ်ထားတာလား”

“……”

ချင်ကွမ်းမှာ စကားမထွက်ဘဲ ဖြစ်သွားသည်။

“ကောင်းကောင်း ကျင့်ကြံတော့။ အဖြစ်အပျက်ကို မင်းကိုယ်တိုင်ပဲ ပြန်ဖြေရှင်းရမယ်၊ ဆရာကတော့ နောက်မျိုးဆက်ကို ဒေါသထွက်နေဖို့ မလိုပါဘူး”

ချင်ဝူဆန့်က လက်ဝါးကာပြလိုက်ပြီး လှည့်ထွက်သွားသည်။

အခန်း (၂၂၃၂) မင်း နားလည်ပေးနိုင်ရင် ကောင်းတာပေါ့

ဤအသုတ် ကျောင်းသားသစ်များကို ပို့ဆောင်ပြီးနောက် ဖန့်ချန်သည် ကရုဏာတောင်သို့ ပြန်ရောက်လာသည်။

ရှဲ့အာမန်တို့ သုံးဦးမှာ ကရုဏာတောင်၏ သဘောတရားများကို နားလည် သဘောပေါက်သွားကြပြီ ဖြစ်သည်။ ကရုဏာတောင်သည် သူတို့ကို ကောင်းကင်ငါးပါး စစ်မြေပြင်သို့ သွားရောက်ရန် တိုက်တွန်းခြင်း မရှိကြောင်း သိလိုက်ရသည့်အခါ ရှဲ့အာမန်မှာ ထူးခြားမှု မရှိသော်လည်း ဟွမ်ချင်းကျူ နှင့် ပိုင်ချန်းမင်း တို့မှာမူ အနည်းငယ် စိတ်ပျက်သွားကြသည်။

“ကောင်းကင်ငါးပါး စစ်မြေပြင်မှာ မကျင့်ကြံနိုင်ဘူးဆိုရင်၊ တခြား ပညာသင်ကျောင်းတော်တွေက ထိပ်တန်း ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရမယ့် အခွင့်အရေးကို လက်လွတ်ရမှာပေါ့။

ဒါက ငါတို့ သူတော်စင် အဆင့်ကို ရောက်ရှိဖို့အတွက်…… အဟန့်အတား ဖြစ်မလာနိုင်ဘူးလား”

ဟွမ်ချင်းကျူက လေးနက်သော အမူအရာဖြင့် စဉ်းစားကာ ပြောသည်။

ပိုင်ချန်းမင်းက ခဏမျှ တွေးတောပြီးနောက် မျက်လုံးများ အနည်းငယ် တောက်ပသွားကာ ပြောလိုက်သည်။

“ဒါမှမဟုတ် ကရုဏာတောင်မှာပဲ သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံတဲ့ နည်းလမ်းတွေ ရှိနေတာများလား”

ဟွမ်ချင်းကျူလည်း ဖြစ်နိုင်ခြေရှိသည်ဟု ယူဆလိုက်ရာ စိတ်ထဲတွင် ရှိနေသော စိတ်ပျက်မှုများမှာ ချက်ချင်းပင် လျော့နည်းသွားသည်။ နှစ်ဦးစလုံးမှာ ဝမ်ချုံစန်းတို့ အုပ်စုဘက်သို့ လှည့်ကြည့်ကာ ထို အစ်ကို၊ အစ်မများထံမှ အကြံဉာဏ် တောင်းခံလိုက်သည်။

ချန်အင်းရွှယ် မှာမည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း ရှဲ့အာမန်ကို မြင်လိုက်ရသည်နှင့် စိတ်ထဲတွင် မသက်မသာ ဖြစ်မိသည်။ ယခု ဟွမ်ချင်းကျူတို့ နှစ်ယောက်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ကရုဏာတောင်မှာ မင်းတို့ကို ကျင့်ကြံစေမယ့် ဘာနည်းလမ်းမှ မရှိဘူး၊ မင်းတို့ ပိုပြီး စဉ်းစားမနေနဲ့တော့။

ဒီမှာ ကျင့်ကြံမယ်ဆိုရင် ရံဖန်ရံခါ စာအုပ်တွေ ဖတ်ကြည့်ရင် ရပြီ။

ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့ စွမ်းအင်စုစည်းခြင်း အဆင့်ကို မတက်လှမ်းနိုင်ခင်မှာ၊ အတွင်းကမ္ဘာ ထိခိုက်မှာကို မလိုလားလို့ပဲ။

မင်းတို့ ဒါကို နားလည်ပေးနိုင်ရင် ဒီမှာပဲ ကောင်းကောင်း နေကြ၊ နားမလည်နိုင်ရင်လည်း အဆက်အသွယ် ရှာပြီး တခြားတောင်ကို ပြောင်းသွားလို့ ရတယ်။

အရင်က ဒီလို လုပ်ခဲ့တဲ့သူတွေ မရှိတာ မဟုတ်ဘူး၊ သူတို့လည်း အခြေခံ ပညာသင်ကာလကို ကျော်ဖြတ်ပြီး နှစ် (၁၀၀၀) အတွင်းမှာ စွမ်းအင်စုစည်းခြင်း အဆင့်ကို ရောက်သွားကြတာပဲ”

စကားပြောပြီးနောက် ချန်အင်းရွှယ် က ရှဲ့အာမန်ကို တိတ်တဆိတ် စူးစိုက်ကြည့်နေသည်။

ရှဲ့အာမန်မှာ နားမလည်နိုင်ဖြစ်ကာ

“ချန်စီနီယာအစ်မ၊ ကျွန်မကို ကြည့်နေတာ ဘာဖြစ်လို့လဲ ကျွန်မက ဒီစီမံချက်ကို အပြည့်အဝ ထောက်ခံပါတယ်။ မိသားစုကလည်း စွမ်းအင်စုစည်းခြင်း အဆင့် မရောက်ခင်မှာ တခြားသူနဲ့ မတိုက်ခိုက်ဖို့ မှာထားပါတယ်။

အတွင်းကမ္ဘာရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်ပြီး အနာဂတ် လမ်းကြောင်းကို ထိခိုက်မှာ စိုးလို့ပါ”

ချန်အင်းရွယ် မာခဏမျှ ကြက်သေသေသွားပြီးနောက် မဲ့ပြုံးလေးဖြင့် ပြောသည်။

“မင်း နားလည်ပေးနိုင်ရင် ကောင်းတာပေါ့”

ဝမ်ချုံစန်းက ပြုံး၍ ပိုင်ချန်းမင်းနှင့် ဟွမ်ချင်းကျူကို ပြောသည်။

“ညီလေးတို့နှစ်ယောက်၊ စီနီယာအစ်ကိုဖန့် က မင်းတို့ကို သဘောကျနေမှတော့ ကရုဏာတောင်မှာ ကောင်းကောင်းပဲ ကျင့်ကြံလိုက်ပါ။

နောက်ဆုံးအဆင့်အထိ ပြောရရင် မင်းတို့ ပညာသင်ကာလကို မကျော်ဖြတ်နိုင်လို့ ကျောင်းတော်က ထုတ်ပယ်ခံလိုက်ရရင်တောင်၊ မင်းတို့က ကရုဏာတောင်ရဲ့ တပည့်တွေ၊ စီနီယာ အစ်ကို ဖန့်ရဲ့ ညီငယ်တွေ ဖြစ်နေဦးမှာပဲ။

ဒီလိုဆိုရင် ဘာဖြစ်သေးလဲ အပြင်လောက ထွက်သွားလည်း လမ်းစ ရှိတာပဲ”

“ဝမ်စီနီယာအစ်ကို ပြောတာ မှန်ပါတယ်။ အခု ကျွန်တော် အမှန်ကန်ဆုံး ရွေးချယ်မှုကတော့ ကရုဏာတောင်ရဲ့ တပည့်အဖြစ် ဝင်ရောက်ခဲ့တာပါပဲ”

ချန်ဖေးဖေးက ဟီးဟီးဟားဟားနှင့် ပြောသည်။

ပိုင်ချန်းမင်းနှင့် ဟွမ်ချင်းကျူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ စိတ်ထဲတွင် ဖန့်ချန်အပေါ် စူးစမ်းလိုစိတ်များ ပေါ်ပေါက်လာသည်။

ပိုင်ချန်းမင်းက တိုးတိုးလေး မေးမြန်းလိုက်သည်။

“စီနီယာအစ်ကို၊ အစ်မတို့ခင်ဗျာ၊ စီနီယာ အစ်ကိုဖန့် အရင်က တိုက်ခိုက်တဲ့အခါမှာ နေမင်းကြီး တစ်လုံးလိုပဲ၊ ကျွန်တော်တို့ကို မျက်လုံးတောင် မဖွင့်နိုင်အောင် ဖြစ်သွားစေတယ်။ အဲဒါ ဘယ်လို လက်စွမ်းမျိုးလဲ ကရုဏာတောင်ရဲ့ ထူးခြားတဲ့ စွမ်းအားလား”

“ဒါကတော့ မင်းတို့ မသိသေးတဲ့အချက်ပေါ့။ လာ၊ ငါ ပြောပြမယ်”

ချန်ဖေးဖေးက ဝမ်ချုံစန်းထက် အရင်ဦးအောင် ဝင်ပြောလိုက်ပြီး ကျောင်းသားသစ် သုံးဦးကို နေမင်းခုနှစ်ပါး ခန်းမအကြောင်း ပြောပြတော့သည်။

ပြောပြနေသည်မှာ အချိန်ဝက်မျှပင် ကြာမြင့်သွားသည်။

“ဒါကြောင့် စီနီယာအစ်ကို ဖန့် လက်ချက်နဲ့ သေသွားတဲ့ ပါရမီရှင်တွေက အများကြီးပဲ။ တစ်ယောက်ကို တစ်ယောက် ရွေးပြီး ငါတို့ ရွှေဟွေး ပညာသင်ကျောင်းတော်မှာ ထည့်လိုက်မယ်ဆိုရင်တောင် ထိပ်တန်းပဲ။

ငါတို့ စီနီယာ အစ်ကို ဖန့်က အခု စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တွေထဲမှာ ကျောင်းတော်ရဲ့ နံပါတ် (၁) ဖြစ်နေတာ သေချာတယ်။

မင်းတို့ သိထားရမှာက ကျောင်းတော်မှာ အင်အားကြီးတဲ့ မျိုးနွယ်စုတွေ အများကြီး ရှိသေးတယ်။

အဲဒီ အင်အားကြီး မျိုးနွယ်စုတွေကတောင် အဖိုးတန်အောင် မွေးထုတ်ထားတဲ့ တပည့်တွေကို စီနီယာ အစ်ကို ဖန့်က ဖိနှိပ်ထားနိုင်တာ။

မင်းတို့ကို စီနီယာ အစ်ကို ဖန့်က သဘောကျတယ်ဆိုတာက မင်းတို့ရဲ့ ဘိုးဘေးတွေ ကံကောင်းလို့ပဲ”

သုံးယောက်သားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်ကို မြင်တော့ ချန်ဖေးဖေးက ရယ်မောလိုက်သည်။

သူ မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ အရင်က သူလည်း ဤအတိုင်းပင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

“ညီငယ်တွေကို ဘာတွေ လျှောက်ပြောနေတာလဲ”

ဖန့်ချန်က ခန်းမထဲသို့ ဝင်လာရင်း ပြုံး၍ ပြောသည်။

လူအများမှာ ချက်ချင်းပင် ထရပ်လိုက်ကြသည်။

“စီနီယာ အစ်ကို ဖန့်”

ပိုင်ချန်းမင်းတို့ သုံးဦး၏ အကြည့်များမှာ အလွန် ရှုပ်ထွေးနေသည်။ ရိုသေမှု၊ စူးစမ်းလိုမှုတို့ ရောထွေးနေသည်။

သူတို့ လမ်းတစ်လျှောက် စကားပြောဆိုရာတွင် အလွန် နူးညံ့သိမ်မွေ့သည့် စီနီယာ အစ်ကို၏ စွမ်းအားမှာ သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဒါက ပညာသင်ကျောင်းတော် တစ်ခုလုံးရဲ့ နံပါတ် (၁) ဖြစ်နေတာ၊ အတန်းတစ်ခုတည်းရဲ့ နံပါတ် (၁) မဟုတ်ဘူး။

နံပါတ် (၁) ဖြစ်ခြင်း၏ တန်ဖိုးကို စဉ်းစားကြည့်ရုံနှင့်ပင် သူတို့ အံ့ဩမိသည်။

“ကရုဏာတောင်အကြောင်း မင်းတို့ သုံးယောက် သိသွားပြီပေါ့ ”

ဖန့်ချန်က ရှဲ့အာမန်တို့ကို ကြည့်၍ မေးလိုက်သည်။

“စီနီယာအစ်ကိုဖန့်၊ ကျွန်တော်တို့ သိသွားပါပြီ”

သုံးယောက်သား ခေါင်းညိတ်သည်။

“နားလည်ရင် ပြီးတာပဲ။ နောက်ပိုင်း မသိတာရှိရင် ဝမ်စီနီယာအစ်ကိုကို မေးလိုက်၊ အင်း… မင်းတို့ရဲ့ ဝမ်စီနီယာအစ်ကိုပေါ့”

ဖန့်ချန်က ပြုံး၍ ပြောသည်။

“နောက်တစ်ခုက၊ ရွှေဟွေးတံဆိပ် ဒါမှမဟုတ် အတွင်းကမ္ဘာကျောက်တုံး လိုအပ်ရင် စီနီယာအစ်ကိုတို့ဆီကနေ တောင်းနိုင်တယ်။

မင်းတို့ တောင်းလိုက်တာနဲ့ သူတို့က ပေးမှာပါ။

နတ်ဘုရား စွမ်းအားကို လေ့လာချင်ရင် ရွှေဟွေးတံဆိပ် ကို သုံးရမယ်။

ကရုဏာတောင်မှာ ထူးခြားတဲ့ စွမ်းအား သုံးမျိုး ရှိတယ်၊ အဲဒီ သုံးမျိုးကနေ စလေ့လာကြပါ။

ဘယ်အချိန်မှာ အဲဒီ သုံးမျိုးစလုံးကို နားလည်သွားပြီလဲ၊ အဲဒီအခါကျရင် တခြားတောင်တွေကို သွားကြည့်၊ တခြားကျောင်းတွေကိုလည်း သွားကြည့်။ ကိုယ်ကြိုက်တဲ့ စွမ်းအားကို ရွှေဟွေးတံဆိပ် နဲ့ လေ့လာလို့ ရတယ်”

သုံးယောက်သားမှာ အံ့ဩသွားကြပြီး စိတ်ထဲတွင် ဝမ်းသာသွားသည်။

အခုမှ ရောက်လာတာကို ကျောင်းသားဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားနေရပြီ ဖြစ်သည်။

နန်းတော်ကိုးခုမှာဆိုလျှင် နတ်ဘုရားစွမ်းအားတိုင်းအတွက် သီးသန့် အမွေဆက်ခံရလေ့ ရှိသည်။

ဆရာသမား မရှိဘဲ ဘယ်သူက ကိုယ်တိုင် နားလည်နိုင်မှာလဲ

……

ကောင်းကင်ငါးပါး ခန်းမ

ဖွင့်လှစ်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ တောင်အသီးသီးမှ သူတော်စင်များမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

ဖန့်ကျစ်ရွှယ် မှာ မသက်သာသေးသည့်အတွက် ဤတစ်ခေါက် ကောင်းကင်ငါးပါး ခန်းမတွင်လည်း မပါဝင်နိုင်သေးပေ။

“ကောင်းကင်ငါးပါး ခန်းမကို ပျက်ကွက်ရမယ့် အကြိမ်ရေက ကန့်သတ်ချက် ရှိတယ်။

နောက်တစ်ခေါက်ဆိုရင်တော့ ဖန့်ညီမလေးရဲ့ ဒဏ်ရာ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ မဖြစ်မနေ ဝင်ရတော့မှာ”

တုန်းဖန်းဟို့ ၏ မျက်လုံးများထဲတွင် စိုးရိမ်စိတ်များ ပေါ်လာသည်။

အကောင်းဆုံး အခြေအနေဖြင့် ကောင်းကင်ငါးပါး စစ်မြေပြင်သို့ မသွားနိုင်လျှင် မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်သည်။

“ပျက်ကွက်ရမယ့် အကြိမ်ရေ ကန့်သတ်ချက် ရှိတယ်လား ”

ဖန့်ချန်မှာ စိတ်ဝင်စားသွားသည်။

သူ ဤအကြောင်းကို မသိရှိခဲ့ပေ။

တုန်းဖန်းဟို့ က ခေါင်းညိတ်၍ ပြောသည်။

“ဒါက နေမင်းခုနှစ်ပါး ခန်းမရဲ့ စည်းမျဉ်းပဲ။ မင်းက တစ်ခါမှ မပျက်ကွက်ဖူးသေးလို့ ဘယ်သူမှ မပြောပြသေးတာ။

အခု မင်းတွေ့နေတဲ့ နေမင်းခုနှစ်ပါး ကျောင်းသားတွေက အကြိမ်ရေ ကုန်သွားကြပြီ၊ ဒါကြောင့် မင်းလက်ထဲမှာ သေသွားတဲ့ လင်ယောင် ကျောင်းသားတွေက ပျက်ကွက်ခွင့်နဲ့ ရှောင်လွှဲလို့ မရတော့တာ။

အကြိမ်ရေ ကျော်သွားပြီး ကောင်းကင်ငါးပါး ခန်းမကို မဝင်ရင်လည်း နေမင်းခုနှစ်ပါး အမှတ်တံဆိပ်ကို အသိမ်းခံရမှာပဲ”

“ဒါကြောင့်ပဲကိုး”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်သည်။

ထိုအချိန်တွင် ကောင်းကင်ငါးပါး ခန်းမမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။

တုန်းဖန်းဟို့ က ဖန့်ချန်ကို လက်ယှက်၍ နှုတ်ဆက်ကာ အရင်ဝင်သွားသည်။

သူသည် နေမင်းခုနှစ်ပါး ဧရိယာသို့ သွားပြီး၊ ဖန့်ချန်မှာ တိုက်ပွဲဝင် ဧရိယာသို့ သွားလိုက်သည်။

ဤတစ်ခေါက် ဖန့်ချန်၏ အနီးအနားတွင် သိကျွမ်းသည့် သူတော်စင်များ မရှိသည့်အတွက် သူ့ကို မမှတ်မိကြသော်လည်း အချို့ကမူ သူ့အကြောင်း ပြောဆိုနေကြသည်။

“ရွှေဟွေး ပညာသင်ကျောင်းတော်က ဖန့်ချန်သာ အရှိန်အဟုန်နဲ့ နံပါတ် (၄၀) အထိ တက်နိုင်ရင်တော့ နံပါတ် (၂၀) အတွင်း ဝင်ဖို့ အရည်အချင်း ရှိနေမှာပဲ”

“သူ့ရဲ့ ဒီတစ်ခေါက် ပြိုင်ဘက်က ကြယ်ခုနှစ်ပွင့် နဂါးမျိုးနွယ်စုက ယန်ချွမ်းယန်ပဲ။

ဒီလူရဲ့ နောက်ခံက ဖန့်ချန် အရင်က တိုက်ခဲ့တဲ့ ကျောင်းသားတွေထက် အများကြီး ပိုသာလွန်တယ်။ ကောင်းကင်ဘုံ မဟာမိတ်အဖွဲ့မှာ ကြယ်ခုနှစ်ပွင့် နဂါးမျိုးနွယ်စုဆိုတာ အင်အားကြီးတဲ့ မျိုးနွယ်စုပဲ။

ငါထင်တာတော့ သူနဲ့ ယန်ချွမ်းယန်ကြားက အနိုင်အရှုံးက (၅၀-၅၀) ပဲ၊ လူသားမျိုးနွယ်စုရဲ့ အရင်းအမြစ်က နည်းနည်း အားနည်းနေသေးတာကိုး”

ဖန့်ချန်မှာ ဘေးတွင် ရပ်၍ နားထောင်နေပြီး ဂရုမစိုက်ပေ။

မကြာမီပင် ကြီးမားသော မျက်နှာပြင် ကျလာပြီး အပေါ်တွင် တစ်ယောက်ချင်းစီ၏ ပြိုင်ဘက် စာရင်းများ ပေါ်လာသည်။

……

တိုက်ပွဲများစွာကို ဖြတ်ကျော်ပြီးနောက် ဖန့်ချန်မှာ မျက်နှာပြင်ပေါ်သို့ အမှတ်တမဲ့ ကြည့်လိုက်ရာ တုန်းဖန်းဟို့ ၏ နာမည်မှာ မှိန်ဖျော့ပြီး မီးခိုးရောင် ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

နေမင်းခုနှစ်ပါး ဧရိယာ

“တုန်းဖန်းဟို့ သေသွားပြီလား”

“စီကုပေ့ လက်က အရမ်း ရက်စက်တာပဲ”

စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့် သူတော်စင်များမှာ တုန်းဖန်းဟို့ သေဆုံးသွားသည်ကို သိလိုက်ရသောအခါ အမူအရာများမှာ ထူးဆန်းသွားသည်။

သူတို့အဆင့်သို့ ရောက်လျှင် ယှဉ်ပြိုင်ခြင်းမှာ တကယ့်ကို ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်။

မည်သူမျှ ခက်ခက်ခဲခဲ ကျင့်ကြံလာပြီးမှ ရုတ်တရက် အသက်ဆုံးရှုံးသွားခြင်းကို မလိုလားကြပေ။

ရွှေရောင် အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် ကိုယ်တစ်ပြင်လုံး ဒဏ်ရာများဖြင့် စီကုပေ့သည် မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း၊ သူကမူ ကျေနပ်စွာဖြင့် ရယ်မောနေသည်။ သူ၏ ရယ်သံထဲတွင် စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုတို့ အပြည့်ရှိနေသည်။

All Chapters