← Chapters

အခန်း (၂၂၄၇-၂၂၄၈)

Vol. 225 Ch. 2247-2248

အခန်း (၂၂၄၇-၂၂၄၈)

Vol. 225 Ch. 2247-2248

အခန်း (၂၂၄၇) သစ္စာဂတိ သက်သေခံ

ချင်းယီခန်းမ ရှိနေကြောင်းကို လီဝူက လမ်းခရီးတွင် ပြောပြမှသာ ဖန့်ချန် သိရှိခဲ့ရသည်။

ဤသည်မှာ လင်ယောင် အမြင့်ဆုံး မဟာမိတ်အဖွဲ့အတွင်းရှိ တောရိုင်းဆန်ဆန် အင်အားစု တစ်ခုဖြစ်သည်။

နောက်ကွယ်တွင် အရေးပါသော ပုဂ္ဂိုလ်ကြီးများ၏ အကာအကွယ် ရှိသည်ဟု ခန့်မှန်းရသဖြင့် ချင်းယီခန်းမကို မည်သူမျှ မထိန်းချုပ်ဝံ့ကြပေ။

သူတို့သည် သူတစ်ပါးထံမှ အကျိုးအမြတ်ကို ရယူပြီးနောက်၊ အခြားသူများ ကိုယ်တိုင် လက်မစွမ်းသာသည့် ကိစ္စရပ်များကို အစားဝင်လုပ်ပေးလေ့ရှိသည်။

အလားတူ အင်အားစုများမှာ ကောင်းကင် ငါးပါး တစ်ခွင်တွင် အများအပြား ရှိနေပြီး နေရာတိုင်းတွင် တွေ့နိုင်သည်။

သို့သော် ချင်းယီခန်းမ၏ လုပ်ဆောင်ချက် အောင်မြင်နှုန်းမှာ အလွန်ပင် မြင့်မားပြီး အနည်းဆုံး ၉၀ ရာခိုင်နှုန်း ရှိကာ ကောင်းကင်နိမိတ် သူတော်စင်များကိုပင် လုပ်ကြံနိုင်စွမ်း ရှိသည်။

ထို့ကြောင့် ချင်းယီခန်းမသည် လင်ယောင် မဟာမိတ်အဖွဲ့အတွင်း အတော်ပင် နာမည်ကြီးနေပြီး လုပ်ကြံသူများ ခေါ်ယူရာတွင်လည်း စည်းကမ်း အလွန် တင်းကျပ်လှသည်။

“မလာခင်ကတည်းက ကျွန်တော့်ကို လမ်းညွှန်ပေးတဲ့ မိတ်ဆွေက ပြောပြထားပြီးသားပါ။”

“ချင်းယီခန်းမက ရွေးချယ်တဲ့ လုပ်ကြံသူတွေရဲ့ စည်းကမ်းက အရမ်းတင်းကျပ်တယ်တဲ့။ အနည်းဆုံး အခကြေးငွေမယူဘဲ တာဝန် သုံးခုကို အောင်မြင်အောင် လုပ်ဆောင်ပေးမှသာ ချင်းယီခန်းမထဲကို ဝင်ခွင့်ရပြီး သူတို့ရဲ့ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ခွင့် ရလိမ့်မယ်ဆိုတာလေ။”

ဖန့်ချန်က ပြုံး၍ ပြောသည်။

မျက်လုံးမပါသော အမျိုးသမီးက ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။

“ချင်းယီခန်းမအကြောင်းကို ကောင်းကောင်း နားလည်ထားပုံပဲ။ ဒါအပြင်၊ မင်းက မဟာမိတ်အဖွဲ့ရဲ့ သူလျှို မဟုတ်ဘူးဆိုတာကိုလည်း သက်သေပြဖို့ လိုသေးတယ်။”

“ငါတို့ ချင်းယီခန်းမ ဘာတွေ လုပ်နေလဲဆိုတာ လူတိုင်း သိကြပါတယ်။ မဟာမိတ်အဖွဲ့ထဲက ပုဂ္ဂိုလ်ကြီး တချို့က ငါတို့ကို အခွင့်အရေး ရတာနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေကြတာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူလျှိုတစ်ယောက် ရောက်လာလို့ နောက်ဖေးမှာ ထိန်းသိမ်းထားတယ်။ မင်း ငါနဲ့အတူ လိုက်ကြည့်မလား”

“ဒါဆိုရင်တော့ အားနာပေမယ့် လမ်းပြပေးဖို့ တောင်းဆိုပါရစေ ”

ဖန့်ချန် ထကာ ပြုံး၍ ပြောသည်။

မျက်လုံးမပါသော အမျိုးသမီးက ခေါင်းညိတ်ပြီး ဖန့်ချန်ကို နောက်ဖေးသို့ ခေါ်ဆောင်သွားသည်။ မီးခိုးရောင် အဝတ်အစားနှင့် လူကြီးမှာလည်း စကားတစ်ခွန်းမျှ မဆိုဘဲ အမျိုးသမီး၏ ဘေးတွင် ငြိမ်သက်စွာ လိုက်ပါလာသည်။

နောက်ဖေးတွင် ပုံရိပ်တစ်ခုကို ညှဉ်းပန်းနှိပ်စက်သည့် တိုင်တွင် ချည်နှောင်ထားသည်။

ဤတိုင်ကို မည်သည့် ရှေးဟောင်းရတနာ (မျိုးဖြင့် ပြုလုပ်ထားမှန်း မသိသော်လည်း၊ ဖန့်ချန်သည် အနားသို့ ကပ်သွားသည်နှင့် အလွန်အန္တရာယ်များသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

တိုင်တွင် ချည်နှောင်ခံထားရသူမှာ ခေါင်းငိုက်စိုက်ကျနေပြီး ရင်ဘတ်မှာ အနည်းငယ် လှုပ်ရှားနေသေးသော်လည်း အသက်ရှူနှုန်းမှာ အလွန် အားနည်းနေပြီ ဖြစ်သည်။

လှုပ်ရှားမှုကို ရိပ်မိသွားပုံရပြီး သူသည် ခေါင်းကို ဖြည်းညင်းစွာ မော့ကာ အမျိုးသမီးကို တစ်ချက်ကြည့်ပြီးနောက် ပြန်လည် ငိုက်ကျသွားသည်။

“ဒီတစ်ယောက်က မဟာမိတ်အဖွဲ့က ပို့လိုက်တဲ့ သူလျှို၊ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်။ မင်းရဲ့ ကျင့်စဉ်အဆင့်ကို ငါ ရိပ်မိမရဘူး၊ မင်းရဲ့ အဆင့်က ဘယ်လောက်လဲ ”

အမျိုးသမီးက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ မေးသည်။

“စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ပါ ”

ဖန့်ချန်က တည်ငြိမ်စွာ ဖြေလိုက်သည်။

သူ၏ လက်ရှိ စွမ်းအားမှာ သာမန် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်များကိုပင် ဖိနှိပ်နိုင်သည်။ ဤသည်မှာလည်း မန်ရှန်း လမ်းကြောင်းတွင် သူ ဖန်တီးထားသည့် ပုံစံပင် ဖြစ်သည်။

“မင်းက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ဆိုတော့ သူ့ကို သတ်ရတာ လွယ်မှာပါ။ သူ့ကို သတ်လိုက်ပါ၊ ဒါမှ မင်းက မဟာမိတ်အဖွဲ့ရဲ့ သူလျှို မဟုတ်ဘူးဆိုတာ သက်သေပြနိုင်မှာ ”

အမျိုးသမီးက ပြုံး၍ ဆိုသည်။

“ပြီးရင်တော့ နောက်တစ်ဆင့်ကို ဆက်သွားကြတာပေါ့”

“မဟာမိတ်အဖွဲ့ရဲ့ သူလျှိုကို သတ်လိုက်ရင်…… ကျွန်တော့်ကို အနှောင့်အယှက်တွေ လာမပေးဘူးလား”

ဖန့်ချန်က ချက်ချင်း မလုပ်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

မီးခိုးရောင် လူကြီးက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး အမျိုးသမီးကလည်း ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် တည်ငြိမ်စွာ ဆိုသည်။

“ချင်းယီခန်းမထဲမှာ သူ့ကို သတ်ရင် ဘာမှ မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဝိညာဉ်က ယင်လောက ကို ဆင်းသွားနိုင်မှာ မဟုတ်လို့ပဲ ”

ဖန့်ချန်သည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် လက်ကို မြှောက်ကာ ထိုသူ၏ နဖူးကို အသာအယာ ဖိလိုက်သည်။

တစ်ခဏအတွင်းမှာပင် ထိုသူ၏ ရုပ်ခန္ဓာမှာ ပြာဖြစ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ညှဉ်းပန်းနှိပ်စက်သည့် တိုင်မှ ထူးခြားသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုသူ၏ ဝိညာဉ်ကို ချက်ချင်း စုပ်ယူလိုက်သည်။

တိုင်ပေါ်တွင် သူ့မျက်နှာပုံစံများ ပေါ်လာကာ ပြင်းထန်သော ဝေဒနာကို ခံစားနေရပုံ ပေါ်သည်။ သို့သော် ခဏကြာသော် မျက်နှာမှာ ပျောက်ကွယ်သွားပြီး လုံးဝ ငြိမ်သက်သွားတော့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီး၏ စကားမှာ အမှန်ပင် ဖြစ်သည်။

သို့သော်လည်း ကိစ္စမှာ ပြီးဆုံးမသွားသေးပေ။

ဖန့်ချန်၏ မျက်လုံးထဲတွင် ပုံရိပ်ယောင် တစ်ခု ထပ်မံ ပေါ်လာသည်။

ထိုသည်မှာ ဝိညာဉ်ဖမ်းသူ တစ်ပါးပင်။

သူသည် တိုင်ကို ကြည့်လိုက်၊ အမျိုးသမီးနှင့် လူကြီးကို ကြည့်လိုက်လုပ်ပြီးနောက် ရေရွတ်သည်။

“ပို့လိုက်တဲ့ ဝိညာဉ်တွေက ပိုပိုပြီး အရည်အသွေး နိမ့်ကျလာပါလား၊ ဒီကောင်တွေ ဘယ်လို လုပ်နေကြတာလဲ မသိဘူး ”

ထို့နောက် သူသည် လှည့်ထွက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

ဖန့်ချန်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပေါ်လာသော်လည်း ဤကိစ္စမှာ ရိုးရှင်းမည် မဟုတ်ကြောင်း သိလိုက်သည်။

“ချင်းယီခန်းမ…… ဝိညာဉ်မျိုးနွယ်စုနဲ့ ဆက်စပ်နေတာလား ဒီတိုင်က ဘာလဲ”

ထိုသို့ တွေးတောရင်း ဖန့်ချန်က အမျိုးသမီးကို မေးသည်။

“ပြီးပြီလား”

“ပြီးပါပြီ”

ဖြေကြားသူမှာ အမျိုးသမီး မဟုတ်ဘဲ မီးခိုးရောင် လူကြီး ဖြစ်သည်။

ယခင်က တိတ်ဆိတ်နေသော လူကြီးမှာ ယခုအခါ ပြုံးရွှင်စွာ ပြောဆိုသည်။

“မင်းသာ တုံ့ဆိုင်းမနေဘဲ ချက်ချင်း သတ်လိုက်မယ်ဆိုရင် ငါတို့က သံသယ ဝင်မိမှာ။ အခုတော့ မင်းနဲ့ မဟာမိတ်အဖွဲ့နဲ့ ဘာမှ မပတ်သက်တော့ဘူးဆိုတာ သေချာသွားပြီ။ ပတ်သက်နေရင်တောင် အခုကစပြီး မရှိတော့ဘူး။ မင်းအနေနဲ့ ချီထျန်း မျိုးနွယ်စု သူတော်စင်ကို သတ်လိုက်တာကို မဟာမိတ်အဖွဲ့က သိသွားရင် မင်းရော မင်းရဲ့ မျိုးနွယ်စုပါ သေလမ်းကိုသာ ရောက်တော့မှာမို့လို့ပဲ ”

ဖန့်ချန်က ပြုံးသည်။

“အဘိုးက ဒီရဲ့ တာဝန်ခံပေါ့”

အမျိုးသမီးမှာမူ ခေါင်းငုံ့ကာ လူကြီး၏ နောက်တွင် ရပ်နေသည်။

လူကြီးက ပြုံး၍ ပြောသည်။

“တာဝန်ခံ ဆိုရင်လည်း ဟုတ်တာပေါ့။ ငါနဲ့ လိုက်ခဲ့ပါ။”

ထို့နောက် အမျိုးသမီးကို ကြည့်ကာ ပြုံး၍ ဆိုသည်။

“ချန်ဆန်းနန်း ၊ မင်း သွားပြီး တံဆိပ်တွေကို ယူခဲ့ပါ။”

“ဟုတ်ကဲ့”

အမျိုးသမီးက ရိုသေစွာ ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။

ဖန့်ချန်သည် လူကြီးနှင့်အတူ ရှေ့ခန်းသို့ ပြန်ရောက်လာပြီး ခဏအကြာတွင် အမျိုးသမီးမှာ တံဆိပ် သုံးခုနှင့် ပြန်ရောက်လာသည်။

လူကြီးက တံဆိပ်ကို ယူပြီး ဖန့်ချန်ကို ပေးလိုက်သည်။

“ဒီသုံးယောက်က မန်ရှန်း လမ်းကြောင်းမှာပဲ ရှိတယ်။ အားလုံးက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်တွေ။ ဆယ်နှစ်အတွင်း သူတို့ကို ဖြေရှင်းနိုင်ရင် မင်းရဲ့ တာဝန် ပြီးမြောက်တာပဲ။ နောက်ပိုင်းတော့ ချင်းယီခန်းမမှာ မင်း လိုချင်တဲ့ ရှေးဟောင်းရတနာတွေကို ရှာဖွေနိုင်လိမ့်မယ် ”

လူကြီးက ခဏ ရပ်လိုက်ပြီး ပြုံး၍ ဆိုသည်။

“အကယ်၍ မပြီးမြောက်ဘဲ သူတို့လက်ချက်နဲ့ မင်း သေသွားရင်တော့ ဒါက မင်းရဲ့ အရည်အချင်း မရှိလို့ပဲ။ ချင်းယီခန်းမက မင်းအတွက် တာဝန်ယူပေးမှာ မဟုတ်ဘူး။ သုံးရက်လောက် စဉ်းစားဖို့ အချိန် လိုသေးလား ”

“စဉ်းစားဖို့ မလိုတော့ပါဘူး။ စဉ်းစားမယ်လို့သာ ရွေးလိုက်ရင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။”

ဖန့်ချန် ရုတ်တရက် ရယ်မောလိုက်သည်။

“အပြင်မှာ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်တွေ အများကြီး ရောက်နေပြီ။”

ချန်ဆန်းနန်းမှာ မျက်လုံး မပါသဖြင့် အမူအရာကို မမြင်ရသော်လည်း ဖန့်ချန်၏ စကားကို ကြားသောအခါ ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်သည်။

လူကြီးက သူ၏ လှည့်ကွက်ကို ဖန့်ချန် ရိပ်မိသွားသည့်အတွက် ဒေါသမထွက်ဘဲ အလွန်ပင် နှစ်သက်သွားသည်။

“မင်းရဲ့ သတိရှိမှုက ငါ့ကို မင်း ချင်းယီခန်းမရဲ့ အဝတ်ကို ဝတ်ဆင်နိုင်တယ်လို့ ယုံကြည်လာစေတယ်။ ကြိုးစားပါ။ အောင်မြင်သွားရင် ငါတို့ ချင်းယီခန်းမနဲ့ ပူးပေါင်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို မင်း သိလာလိမ့်မယ်။”

“ကျွန်တော် သွားပါပြီ၊ ဆယ်နှစ်အတွင်းမှာ ပြန်လာပြီး အကြောင်းကြားပါ့မယ်။”

ဖန့်ချန် တံဆိပ်ကို သိမ်းကာ အပြင်သို့ ထွက်သွားသည်။

ခြံဝင်းအပြင်ဘက်တွင် ဖန့်ချန် ရိပ်မိသွားမှန်း သိလိုက်ကြသော စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်များသည် မိမိတို့၏ အသွင်အပြင်ကို မဖုံးကွယ်တော့ဘဲ ပေါ်လာကြသည်။ သူတို့မှာ အစိမ်းရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော်လည်း မျက်နှာနှင့် ကိုယ်ခန္ဓာမှာ ပုံစံသွင်းထားပုံရသည်။

ဖန့်ချန် ထွက်သွားသည်ကို ကြည့်ပြီးနောက် သူတို့လည်း တိတ်တဆိတ် ထွက်ခွာသွားကြသည်။

ချန်ဆန်းနန်းက တိုးတိုးလေး ဆိုသည်။

“တာဝန်ခံ၊ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ကျွန်မ မခန့်မှန်းနိုင်ဘူး။”

“အင်း၊ မင်းတင် မဟုတ်ဘူး၊ ငါကိုယ်တိုင်လည်း မခန့်မှန်းနိုင်ဘူး။ ဒါဆိုရင် ဒီကောင်လေးမှာ တကယ်ပဲ အရည်အချင်း ရှိတာပေါ့။ ငါတို့ဆီမှာ သွေးသစ်လောင်းတာ ကြာပြီ၊ ဒီတစ်ခေါက်တော့ တကယ်ပဲ အကူအညီ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

လူကြီးက ပြုံး၍ ပြောသည်။

သူတို့ စကားပြောနေချိန်တွင် ဖန့်ချန်သည် ပထမဆုံး ပစ်မှတ်ရှိရာ နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အခန်း (၂၂၄၈) မင်းက တကယ်ပဲ ဘယ်သူလဲ

“မိတ်ဆွေတို့ ဝေးလံတဲ့ အရပ်ကနေ ခရီးပန်းတိုင်ကို ကျော်ဖြတ်ပြီး လာရောက်ကြတဲ့အတွက် ကျွန်တော့်မှာ အလွန်ပင် ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် တချို့သော မိတ်ဆွေဟောင်းတွေဆိုရင် ပင်ပန်းမှုကို အမှုမထားဘဲ မန်ရှန်း လမ်းကြောင်း အထိ လာရောက်ပေးကြတာဟာ ဒုက္ခရောက်မှ သိရတဲ့ စစ်မှန်တဲ့ ခင်မင်မှုပါပဲ။

ဟုန်လီ ကျွန်တော်၊ အင်မတန်မှပဲ စိတ်သက်သာရာ ရမိပါတယ်။ နောင်တစ်ချိန်မှာ ခင်ဗျားတို့ဟာ ကျွန်တော် ဟုန်လီရဲ့ ရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်လာမှာပါ။ ကျွန်တော် အပြစ်ကနေ ကင်းစင်ကြောင်း သက်သေပြနိုင်တဲ့အခါ မဟာမိတ်အဖွဲ့ထဲမှာ ကျွန်တော်တို့ အားလုံး ပြန်ပြီး ဆုံတွေ့ကြတာပေါ့ ”

ခြံဝင်းအတွင်းတွင် ကိုယ်နေဟန်ထား တည်ကြည်နေသော ဟုန်လီသည် ပြုံးရွှင်စွာဖြင့် ထိုနေရာတွင် ရှိနေကြသော စွမ်းအင်စုစည်းခြင်း သူတော်စင်များကို လက်ယှက်၍ ဂါရဝပြုလိုက်သည်။

သူ့ရှေ့တွင် စွမ်းအင်စုစည်းခြင်း အစဦးအဆင့်မှ အလယ်အဆင့်အထိ ရှိကြသော သူတော်စင် တစ်ဆယ်ကျော် ရပ်နေကြပြီး ဟုန်လီ တစ်ဦးတည်းသာ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်တွင် ရှိသည်။

“ဟုန်အစ်ကိုကြီး၊ ကျွန်တော်တို့ကတော့ အစ်ကိုကြီးဟာ ဘယ်တော့မှ ယင် သူတော်စင်မျိုး မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီတစ်ခေါက် စွပ်စွဲခံရတာဟာ အစ်ကိုကြီးကို မုန်းတီးတဲ့သူတွေက ပစ်မှတ်ထားနေတာပါ”

“ဟုတ်ပါတယ် ဟုန်အစ်ကိုကြီး၊ အစ်ကိုကြီး အပြစ်ကင်းစင်ကြောင်း သက်သေပြပြီး လော်ထျန်း ချင်းမင် တမန်တော်ရဲ့ လက်အောက်ကို ပြန်လည် တာဝန်ထမ်းဆောင်ဖို့ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်”

“ဟုန်အစ်ကို၊ ကျွန်တော်တို့ ညီအစ်ကိုတွေဟာ.... ‌ေ လာ်ထျန်း ချင်းမင် တမန်တော်ရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ အတူတူ အလုပ်လုပ်ခဲ့ကြတာ။ ဘာကိစ္စပဲ ဖြစ်ဖြစ် အတူတူ ရင်ဆိုင်ခဲ့ကြတာလေ။ အခု အစ်ကိုကြီး တစ်ယောက်တည်း ထွက်သွားလိုက်တာနဲ့ တချို့ကောင်တွေက ကျွန်တော်တို့ကို ဖိနှိပ်ဖို့ လက်မစောင့်နိုင်အောင် ဖြစ်နေကြပြီ။ အစ်ကိုကြီးအနေနဲ့ ပြန်လာနိုင်ဖို့ နည်းလမ်းတစ်ခုခုတော့ စဉ်းစားပေးပါဦး။”

ဟင်းလင်းပြင် ထဲတွင် ဖန့်ချန်သည် တံခါးပေါက်ရှေ့၌ ရပ်နေပြီး မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

လော်ထျန်း ချင်းမင် တမန်တော်

သူသည် အော်ဝူဖား နှင့် တစ်ခါက စကားပြောစဉ်က ထိုသူ၏ အမည်ကို ကြားဖူးသလိုလို ရှိသည်။

ထိုစဉ်က ကောင်းကင် ငါးပါးမြေ စစ်မြေပြင် ထဲတွင် ထိုသူသည် သူ့ကို ပစ်မှတ်ထားရန် ကြိုးစားခဲ့ဖူးသော်လည်း၊ ကောင်းကင်ငါးပါး၏ စုပေါင်းသတ်မှတ်ထားသည့် စည်းကမ်းများကြောင့် အောင်မြင်ခဲ့ခြင်း မရှိပေ။

ဟုန်လီ၏ မျက်လုံးထဲတွင် စိတ်မကောင်းဖြစ်သည့် အရိပ်အယောင်များ ပိုမိုပေါ်လာသည်။

“မိတ်ဆွေတို့ရဲ့ စိတ်စေတနာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီတစ်ခေါက် အမှုဆင်ခံလိုက်ရတာဆိုတော့ သက်သေမရှာနိုင်သရွေ့တော့ မန်ရှန်း လမ်းကြောင်းမှာပဲ အချိန်အတော်ကြာ နေရတော့မယ့်ပုံပဲ။ လော်ထျန်း တမန်တော်ကသာ ကျွန်တော် သူ့လက်အောက်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံယောဇဉ်ကို ထောက်ထားပြီး ငဲ့ညှာပေးခဲ့တာပါ။

မဟုတ်ရင်…… ဒီနေရာမှာတောင် ခိုလှုံခွင့် ရပါ့မလား မသိဘူး။ ဒါပေမဲ့ မိတ်ဆွေတို့ စိတ်ချကြပါ၊ လော်ထျန်း တမန်တော်က ကျွန်တော့်ကို စွန့်ပစ်မှာ မဟုတ်ပါဘူး။ အခွင့်အရေး ရတာနဲ့ ဒီငှက်မရှိတဲ့ နေရာကနေ ထွက်ခွာပြီး မဟာမိတ်အဖွဲ့ဆီ ပြန်သွားကာ မိတ်ဆွေတို့နဲ့အတူ အရက်သောက်ပြီး ပျော်ပါးကြပါဦးမယ် ”

“ဟုန်အစ်ကိုကြီး၊ ကျွန်တော်တို့ အဲဒီနေ့ကိုပဲ စောင့်မျှော်နေမှာပါ ”

“လာပါ၊ အရက်သောက်ကြမယ်၊ အရက်သောက်ကြမယ်”

အရက်ဝိုင်းတစ်ခုပြီးနောက် အိမ်ရှင်နှင့် ဧည့်သည်များ ပျော်ရွှင်နေကြသည်။

သူတော်စင် တစ်ပါးက မနေနိုင်ဘဲ သတိပေးလိုက်သည်။

“ဟုန်အစ်ကိုကြီး၊ မန်ရှန်း လမ်းကြောင်းဆိုတာ အင်မတန်မှ ရှုပ်ထွေးတဲ့နေရာပါ။ အစ်ကိုကြီး ဒီမှာနေရင် သတိထားဖို့ လိုပါမယ်။ ကျွန်တော်တို့အရင်က မိတ်ပျက်ခဲ့တဲ့ ရန်သူတွေ…… အများကြီး ရှိနေတာလေ။”

“ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်သုံးထောင်က ကျွန်တော်တို့ အတူတူသွားခဲ့တဲ့ တာဝန်အကြောင်းကိုပဲ ပြောကြမယ်၊ အဲဒီတုန်းက ဘယ်ကို သွားခဲ့တာလဲ ”

“မျိုးနွယ်စု သေးသေးလေးတစ်ခုပါ၊ နာမည်တော့ မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကျွန်တော်တို့ အဲဒီမျိုးနွယ်စုကို အမြစ်ပြတ်အောင် သတ်ခဲ့ကြတာ။ ထွက်ခွာခါနီးမှာ အဲဒီမျိုးနွယ်စုရဲ့ သူတော်စင်တွေ ကျွန်တော်တို့ကို ကြည့်သွားတဲ့ အကြည့်တွေကို မှတ်မိလား၊ အင်မတန်မှ ကြမ်းတမ်းလွန်းတယ် ”

“ဟုတ်တယ်၊ အဲဒီရန်သူတွေပဲ။ အခု ဟုန်အစ်ကိုကြီး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာကို သူတို့ သိသွားရင် ဘာတွေ လုပ်လာမလဲ မသိဘူး။”

“သူတို့ကို ငါ ကြောက်ရမှာလား ”

ဟုန်လီ၏ မျက်လုံးထဲတွင် အေးစက်သော အငြိုးအတေးအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ဒီနေရာက မန်ရှန်း လမ်းကြောင်း ဖြစ်ပေမဲ့၊ ဟုန်လီ ဆိုတဲ့ ငါကလည်း အနိုင်ကျင့်ခံမယ့်သူ မဟုတ်ဘူး။”

သူ ခဏမျှ ရပ်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူတော်စင်များကို တစ်ချက်ကြည့်လိုက်သည်။

“ဒီနားတစ်ဝိုက်မှာ စွမ်းအင်စုစည်းခြင်း သူတော်စင်တွေ အများကြီး ရှိတယ်။ ငါ အစောပိုင်းက ရောက်တုန်းက လိုက်လံ နှုတ်ဆက်ဖူးတယ်။ တချို့က ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြလို့ ကိစ္စမရှိပေမဲ့၊ တချို့ ပါးစပ်သရမ်းတဲ့ ကောင်တွေကိုတော့ ငါ တိုက်ရိုက်ပဲ သတ်ပစ်လိုက်တယ်။”

“ဟုန်အစ်ကိုကြီးကတော့ အရည်အချင်းရှိတာပဲ ဒီမှာ အခြေချနိုင်သွားပြီဆိုတော့ ကျွန်တော်တို့အားလုံး ဟုန်အစ်ကိုကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက် သောက်ကြမယ်”

“လာပါ၊ ဟုန်အစ်ကိုကြီး၊ ညီအစ်ကိုတွေအားလုံး ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်”

“သောက်”

ဟုန်လီသည် ပြုံးရွှင်စွာဖြင့် ခွက်ကို မြှောက်လိုက်သည်။

လူတိုင်း အရက်သောက်ရန် ခေါင်းမော့လိုက်သည့်အချိန်တွင်၊ ဟုန်လီ၏ လည်ပင်းပေါ်၌ အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ဖြတ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟုန်လီ၏ ခေါင်းသည် ပခုံးနှင့် ကွဲကွာသွားပြီး လက်တစ်ဖက်က ကိုင်ဆောင်ကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။

သူသည် အရက်ခွက်မြှောက်ထားသည့် အတိုင်းအတာဖြင့် ဆက်ရှိနေပြီး အစအဆုံး မည်သည့် ခုခံမှုမျှ မလုပ်ခဲ့ရပေ။

သူတော်စင်များ အရက်သောက်ပြီး ဟုန်လီကို ကြည့်လိုက်သည့်အခါမှသာ အံ့အားသင့်သွားကြသည်။

“ဟုန်အစ်ကိုကြီး”

“ဟုန်အစ်ကိုကြီးရဲ့ ခေါင်း မရှိတော့ဘူး”

“ဘယ်သူ လုပ်တာလဲ”

ထိုနေရာရှိ သူတော်စင်များ ရှုပ်ထွေးသွားပြီးနောက် ထရပ်လိုက်ကာ တစ်ယောက်ကိုတစ်ယောက် သံသယဖြင့် ကြည့်လိုက်ကြသည်။

သူတို့အမြင်တွင် ဟုန်လီကို မသိမသာ လုပ်ကြံနိုင်သူမှာ သူတို့ထဲမှ တစ်ယောက်ယောက်သာ ဖြစ်နိုင်သည်။

ဘာကြောင့်လဲဆိုတော့ ဤနေရာသည် အခြားနေရာ မဟုတ်ဘဲ ဟုန်လီ၏ အတွင်းကမ္ဘာ ဖြစ်နေသောကြောင့်တည်း။

“အားလုံး တိတ်တိတ်နေကြဦး၊ ငါတို့ရဲ့ ကျင့်စဉ်အဆင့်က အ‌ေစာပိုင်းအဆင့်၊ အလယ်အဆင့်တွေပဲ ရှိတာ။ ဒီနေရာမှာ ဟုန်အစ်ကိုကြီးကို သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ”

“ဟုတ်တယ် ဟုတ်တယ် ငါတို့ထဲက ဘယ်သူမှ မဟုတ်ဘူး”

“ဒါဆိုရင် ဘယ်သူဖြစ်မလဲ ဘယ်သူ့မှာ ဒီလောက် စွမ်းအားရှိမှာလဲ……”

သူတော်စင်များ တဖြည်းဖြည်း သဘောပေါက်လာကာ မျက်လုံးထဲမှ သံသယများ လျော့ပါးသွားပြီး လေးနက်သော ကြောက်ရွံ့မှုများ အစားထိုးလာသည်။

အခြားသူ၏ အတွင်းကမ္ဘာထဲအထိ ဝင်ရောက်ပြီး ပိုင်ရှင်ကို တိုက်ရိုက် လုပ်ကြံနိုင်သူ ရှိလိမ့်မည်ဟု သူတို့ စိတ်ကူးမယဉ်နိုင်ကြပေ။

“ဟုန်အစ်ကိုကြီးမှာ ရန်သူတွေ အများကြီး ရှိတာပဲ၊ အခုကြည့်ရတာ…… ဒီရန်သူတွေကပဲ လုပ်တာ ဖြစ်ရမယ်……”

“ဒါမှမဟုတ် လုပ်ကြံဖို့ ငွေပေးထားတာလည်း ဖြစ်နိုင်တယ်။ အခုလို လုပ်နိုင်တဲ့သူဆိုရင် အသက်စွမ်းအင် သူတော်စင် ဖြစ်ရမယ် ဒါမှမဟုတ် အဆင့်မြင့် သူတော်စင် ဖြစ်ရမယ် ”

“ဒါပေမဲ့…… အသက်စွမ်းအင်သူတော်စင် ဒါမှမဟုတ် အဆင့်မြင့် သူတော်စင် ဖြစ်ရင်တောင်မှ၊ ကျွန်တော်တို့ကို မသိစေဘဲ ဒီနေရာမှာ ဟုန်အစ်ကိုကြီးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ ကျွန်တော်တို့ကို မသိရင်တောင်မှ ဟုန်အစ်ကိုကြီးက အတွင်းကမ္ဘာရဲ့ ပိုင်ရှင်လေ၊ သူကရော ဘာလို့ မသိရမှာလဲ”

“……”

သူတော်စင်များ တိတ်ဆိတ်သွားသည်။ ထိုသူတို့ထဲမှ တစ်ဦးက သတိကြီးစွာဖြင့် ဟုန်လီ၏ အနားသို့ ကပ်သွားပြီး စစ်ဆေးလိုက်သည်။

ဟုန်လီ သေဆုံးသွားပြီဖြစ်ပြီး ဤအတွင်းကမ္ဘာနှင့် ဆက်သွယ်မှု ပြတ်တောက်သွားကြောင်း အတည်ပြုပြီးနောက် ထိုသူသည် လေးနက်စွာဖြင့် ခေါင်းမော့လိုက်သည်။

“မိတ်ဆွေတို့၊…… ဟင်းလင်းပြင် ကွပ်မျက်သူ ဆိုတာကို ကြားဖူးကြလား”

“ဟူး”

ဟင်းလင်းပြင် ကွပ်မျက်သူ

သူတော်စင်များ အသက်ရှူမှားသွားကြသည်။

သူတို့သည် မဟာမိတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ် ကောင်းကင်နိမိတ် သူတော်စင်များစွာနှင့် အတူ နေခဲ့ဖူးသူများ ဖြစ်ကြရာ ဟင်းလင်းပြင် ကွပ်မျက်သူအကြောင်း မကြားဖူးဘဲ ရှိပါ့မလား။

“ကျွန်တော် အရင်က အလုပ်လုပ်ခဲ့တဲ့ အထက်လူကြီး တစ်ဦးဟာ ဟင်းလင်းပြင် တံခါးပေါက်ကို စောင့်ကြပ်ရတဲ့ တာဝန်ကို ယူခဲ့ဖူးတယ်။ အဲဒီ အထက်လူကြီး ပြောပြတာက…… ဟင်းလင်းပြင် ကွပ်မျက်သူတွေဟာ ကျွန်တော်တို့လို သူတော်စင်တွေရဲ့ အတွင်းကမ္ဘာထဲကို လွယ်လွယ်ကူကူ ဝင်ရောက်ပြီး ကျွန်တော်တို့ကို တိုက်ရိုက် ကွပ်မျက်နိုင်တယ်တဲ့။

ဒါကြောင့်သာ ငါတို့ ကောင်းကင် ငါးပါး က အခုလို စည်းလုံးပြီး ဟင်းလင်းပြင် တံခါးပေါက်တွေ ပျက်စီးမသွားအောင် တားဆီးနေကြတာလေ။ ဒါဆိုရင်…… တကယ်ပဲ ဟင်းလင်းပြင် ကြိုးပေးသူက လင်ယောင် မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်လာတာလား”

“စိုးရိမ်စရာတွေကို မပြောပါနဲ့တော့၊ တကယ်ပဲ ဟင်းလင်းပြင် ကွပ်မျက်သူ ရှိရင် ဘာလို့ ဟုန်အစ်ကိုကြီးကို လာသတ်ရမှာလဲ ဟုန်အစ်ကိုကြီးက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ဖြစ်ပေမဲ့…… မဟာမိတ်အဖွဲ့ထဲမှာ သူ့အဆင့်က ဘာများ အရေးပါလို့လဲ ဟင်းလင်းပြင် ကွပ်မျက်သူလို အဆင့်မျိုးက ဘာလို့ ဟုန်အစ်ကိုကြီးကို ပစ်မှတ်ထားရမှာလဲ။

တကယ်သာ ဟင်းလင်းပြင် ကွပ်မျက်သူ ဆိုရင် ငါတို့လည်း သေ သွားနှင့်မှာပေါ့၊ ဘာလို့ ဒီမှာ အေးဆေး စကားပြောနေဦးမှာလဲ ”

“မင်းပြောတာလည်း ဟုတ်တာပဲ……”

“ဒါဆို ဘာတွေ ဖြစ်ကုန်တာလဲ ”

“ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ”

“ဒီနေရာက ဟင်းလင်းပြင်ထဲမှာ ပျောက်ဆုံးတော့မှာ၊ ငါတို့ အရင်ထွက်သွားပြီးမှ နောက်ထပ် ဘာလုပ်ရမလဲ ဆိုတာ စဉ်းစားကြတာပေါ့……”

သူတော်စင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဟုန်လီ၏ အတွင်းကမ္ဘာ တံခါးကို အတူတူ ဖျက်ဆီးကာ ထိုနေရာမှ ထွက်ခွာသွားကြသည်။

……

ဖန့်ချန်သည် ဟုန်လီကို သတ်ဖြတ်ပြီးနောက် ချက်ချင်း ထွက်ခွာမသွားဘဲ ဟုန်လီ၏ ခေါင်းကို ကိုင်ထားရင်း ထိုသူ၏ လုပ်ဖော်ကိုင်ဖက်များ စကားပြောနေသည်ကို နားထောင်နေသည်။

ဟင်းလင်းပြင် ကွပ်မျက်သူများက အခြားသူ၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်နိုင်သည်ကို ကြားလိုက်ရသည့်အခါ သူ မအံ့သြဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စဟုသာ ထင်မြင်သည်။

“မင်းက တကယ်ပဲ ဘယ်သူလဲ ဘာလို့ ငါ့ကို သတ်တာလဲ”

ဟုန်လီ၏ ဝိညာဉ်သည် ဖန့်ချန်၏ နောက်ကွယ်တွင် ရပ်နေပြီး မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ရှိနေသည်။

သူ နားမလည်နိုင်သည်မှာ၊ သူ့ရှေ့မှ လူ၏ အငွေ့အသက်မှာလည်း သူနှင့် သိပ်မထူးခြားသည်ကိုး……

ဒါပေမဲ့ ဘာလို့ သူ့ကို ဒီလိုနည်းနဲ့ သတ်နိုင်ရတာလဲ

သူ ကိုယ်တိုင် ဘယ်လို သေသွားမှန်းတောင် မသိလိုက်ရပေ။

တစ်ခုတည်းသော ခံစားချက်ကတော့၊ ထိုဓားသည် အင်မတန်မှ ထက်မြက်လွန်းနေခြင်းပင်။

All Chapters