← Chapters

အခန်း ၇၂၇

Vol. 49 Ch. 727

အခန်း ၇၂၇

Vol. 49 Ch. 727

အခန်း (၇၆၇) - တိုက်ဆိုင်စွာဖြင့် ရရှိခဲ့သော သိုင်းကျမ်းလိပ်အပိုင်းအစ (အပိုင်း ၃)

ကြယ်ခူးမျှော်စင်အတွင်း၌ လညွှန်နန်းတော်ဆီသို့ ဦးတည်နေသော နေရာရွှေ့ပြောင်း အခင်းအကျင်းတစ်ခု ရှိနေ၏။

နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြု၍ စုယွီသည် မာထျန်းလင်၊ ချင်ခယ်ရှင်း၊ အနက်ရောင် ဒေါသစစ်သည်တော်တို့နှင့်အတူ လညွှန်နန်းတော်ဆီသို့ ခရီးနှင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် အင်မော်တယ်မြို့တော်တစ်ခု အတွင်းသို့ ရောက်ရှိသွားကြတော့၏။

လညွှန်နန်းတော်သည် အင်မော်တယ်တစ်သောင်း နန်းတော်အနီး၌ တည်ရှိပြီး နန်းတော်၏ လွှမ်းမိုးမှုနယ်ပယ်နှင့် ကပ်လျက်ရှိနေပါသည်။

ပိုင်နက်နယ်မြေ အရွယ်အစားအရ ဆိုရလျှင် လညွှန်နန်းတော်သည် ကြယ်ခူးမျှော်စင်ထက် ပိုမိုသေးငယ်သော ဧရိယာကိုသာ ဖုံးလွှမ်းထားသည်။ ၎င်းတွင် အင်မော်တယ်မြို့တော် (၄) ခုသာ ပါဝင်ဖွဲ့စည်းထား၏။ ယခု သူတို့ရောက်ရှိနေသော မြို့တော်ကို အရှေ့လ အင်မော်တယ်မြို့တော်ဟု ခေါ်ဆိုပြီး ၎င်းမှာ လညွှန်နန်းတော်၏ ဝင်ပေါက်နှင့် အနီးဆုံးပင် ဖြစ်တော့သည်။

လညွှန်နန်းတော်ကို ရင်ဆိုင်ရချိန်တွင် စုယွီသည် ကြယ်ခူးမျှော်စင်ကို ရင်ဆိုင်ခဲ့ရစဉ်ကထက် များစွာ ပိုမိုသတိထားနေခဲ့သည်။ နန်းဆောင်၏ ဘိုးဘေးကြီးသည် ကြယ်ခူးမျှော်စင်၏ ဘိုးဘေးကြီးကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိကာ သူ၏ သေမျိုးခန္ဓာကိုယ် ပျက်စီးသွားခဲ့သော်ငြားလည်း အသက်ရှင်နေဆဲပင် ဖြစ်လေ၏။

သူ အသက်ရှင်နေသရွေ့ သူသည် မူလဝိညာဉ်နယ်ပယ် အရှင်သခင်ကြီး တစ်ပါး ဖြစ်နေဆဲပင်တည်း။

ထို့ထက်ပို၍ အကြောင်းမူကား ဘိုးဘေးကြီးသည် အဆင့် (၅) အခင်းအကျင်းသခင် တစ်ဦးဖြစ်သော မူလဝိညာဉ်နယ်ပယ် အရှင်သခင်ကြီးပင် ဖြစ်နေသောကြောင့်ပါပင်။

ထိုသို့သော အရှင်သခင်ကြီးကို ရင်ဆိုင်ရချိန်တွင် စုယွီ အနေဖြင့် မည်သို့လျှင် ပေါ့ဆရဲကာ ရိုသေလေးစားမှု ကင်းမဲ့ရဲမည်နည်း ဟူသည်မှာ တွေးတောဖွယ်ရာပင် မလိုတော့ချေ။

သူတို့သည် အရှေ့လ အင်မော်တယ်မြို့တော်မှ ထွက်ခွာလာကြစဉ် လညွှန်နန်းတော်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြတော့သည်။

ချင်ခယ်ရှင်းက နန်းဆောင်၏ အခြေအနေနှင့် သတင်းအချက်အလက်များအကြောင်း ရှင်းပြနေသည်ကို နားထောင်ရင်း စုယွီသည် ကြယ်ခူးမျှော်စင်၏ ဘဏ္ဍာတိုက်နှင့် စာအုပ်စုဆောင်းမှုများမှ သူရရှိခဲ့သော ရတနာများကို စီစစ်နေခဲ့၏။

'ငါ အဆင့်နိမ့် မှော်ရတနာ တစ်ဒါဇင်ကျော်လောက် ထပ်ရထားတယ်... အခင်းအကျင်း ပစ္စည်းတွေနဲ့ အုတ်မြစ်တွေလည်း ပိုရလာတာပဲ...'

'ပြီးတော့ ဒီအခင်းအကျင်း တာအို ကျင့်စဉ်တွေနဲ့ ရှင်းလင်းချက် စာအုပ်တွေလည်း ရှိသေးတယ်... စာအုပ်အရေအတွက်က တစ်သန်းတောင် ကျော်သွားပြီပဲ... တကယ့်ကို အံ့မခန်းစရာပဲနော်... သူတို့ဆီမှာ သက်တမ်းရှည်ကြာတဲ့ အဆင့် (၅) အခင်းအကျင်း တာအို အင်အားစုတစ်ခုရဲ့ နက်နဲတဲ့ အမွေအနှစ်တွေ တကယ်ပဲ ရှိနေတာကိုး...'

ရုတ်တရက် စုယွီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ သူက ကျောက်စိမ်းပြားအချို့ကို ရှာဖွေကြည့်ရှုလိုက်ရာ သူ့အား သာယာသော အံ့အားသင့်မှုတစ်ခုကို ပေးစွမ်းနိုင်သည့် တိကျသော ကျင့်စဉ်တစ်ခုပါဝင်သည့် ကျောက်စိမ်းပြားတစ်ခုကို ရှာတွေ့သွားတော့၏။

ကန်းကျင်း ကောင်းကင် ဓားကျင့်စဉ်ပေတကား။

၎င်းသည် လက်ရေးစာမူတစ်ခု၏ မပြည့်စုံသော အပိုင်းအစတစ်ခု ဖြစ်နေလေစွ။

ထိုကျောက်စိမ်းပြားတွင် အဆင့် (၄) မှ (၅) အထိကိုသာ မှတ်တမ်းတင်ထားပါ၏။

၎င်းတို့မှာ မူလဝိညာဉ်နယ်ပယ်မှ ဝိညာဉ်ခွဲထွက်အဆင့် အထိ ကျင့်စဉ်များပင် ဖြစ်တော့သည်။

ပထမအဆင့်သုံးဆင့်နှင့် နောက်ပိုင်းကျင့်စဉ်များ ပျောက်ဆုံးနေသော်ငြား စုယွီတွင် ပထမအဆင့်လေးဆင့် ရှိနှင့်ပြီးဖြစ်သောကြောင့် ဤအပိုင်းအစကို ရှာဖွေတွေ့ရှိခြင်းက သူ့အား အဆင့် (၅) ကို ပြီးမြောက်စေကာ သူ၏တိုးတက်မှုကို ပိုမိုရှေ့ရောက်စေခဲ့သည်။

ကန်းကျင်း ကောင်းကင် ဓားကျင့်စဉ်သည် ကျင့်ကြံသူအား အမြင့်မားဆုံးသော ယန်နှင့် တောင့်တင်းခိုင်မာသော သတ္တုချီ ရှိရန် လိုအပ်ပြီး ရှေးဟောင်း မှော်လက်နက်နန်းတော်အထိ အရင်းအမြစ်ကို ခြေရာခံနိုင်ပေသည်။ ဤရှေးဟောင်းကျင့်စဉ်သည် အလွန်ကြမ်းတမ်းပြင်းထန်လွန်းသောကြောင့် သတ္တုဝိညာဉ်အမြစ်အတွက် ဤကျင့်စဉ်ကို ကျင့်ကြံရာတွင် အနည်းငယ် စိန်ခေါ်မှုဖြစ်စေကြောင်း စုယွီ ယခင်က တွေ့ရှိခဲ့ဖူး၏။

ကြယ်ခူးမျှော်စင်တွင် ဤကဲ့သို့သော နောက်ဆက်တွဲ အပိုင်းအစတစ်ခုကို သူ ရှာတွေ့လိမ့်မည်ဟု တစ်ခါမျှပင် မတွေးထင်ထားခဲ့ပါချေ။

'အစကတော့ ငါက တာအိုမိတ်ဆွေ မာအတွက် လက်စားချေပေးပြီး သူ့ရဲ့နောက်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးချင်ရုံ သက်သက်ပါ... ဒါပေမဲ့ ဒါက ငါ့အတွက် အကျိုးရှိသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... နောက်ထပ် ကံကောင်းခြင်းတစ်ခုကို ရှာတွေ့လိုက်သလိုပဲ...'

စုယွီမှာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့သည်။

ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ဝိညာဉ်အမြစ်ငါးခု၏ အခြေခံကျင့်စဉ် ငါးခုမှာ - အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်၊ ကန်းကျင်း ကောင်းကင် ဓားကျင့်စဉ်၊ ကောင်းကင် ဖီးနစ် နိဗ္ဗာန် ကျင့်စဉ် ၊ ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်နှင့် ကောင်းကင်ဘုံနေမင်း ကျင့်စဉ် ပင်ဖြစ်သည်။

အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်နှင့် နေမင်း၏ ကောင်းကင်ဘုံနေမင်း ကျင့်စဉ် နှစ်ခုစလုံးသည် ဝိညာဉ်ခွဲထွက်အဆင့်၏ ကျင့်စဉ်များ ဖြစ်ကြ၏။

ယခုအခါတွင် ကန်းကျင်း ကောင်းကင် ဓားကျင့်စဉ်၏ အဆင့် (၅) ကိုပါ သူ ရှာတွေ့သွားခဲ့ချေပြီ။

ကောင်းကင် ဖီးနစ် နိဗ္ဗာန် ကျင့်စဉ်နှင့် ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ရှေးဟောင်းကျင့်စဉ်များသာ အဆင့် (၄) အထိ ကျန်ရှိတော့သည်။

အကယ်၍ ဤကျင့်စဉ်ငါးခုအတွက် နောက်ဆက်တွဲ ကျင့်စဉ်များကို သူ စုဆောင်းနိုင်ခဲ့မည်ဆိုပါက ဝိညာဉ်ခွဲထွက်အဆင့်သို့ အဆင့်ချိုးဖြတ်ရန် သူ၏လမ်းစဉ် အုတ်မြစ်မှာ လုံခြုံစိတ်ချရမည် ဖြစ်ပေ၏။

သူသည် ကျန်ရှိနေသော စာအုပ်များနှင့် ကျောက်စိမ်းပြားများကို ဆက်လက်၍ သေချာစွာ ရှာဖွေခဲ့သော်ငြား အခြားသော သာယာသည့် အံ့အားသင့်ဖွယ်ရာများကို ရှာမတွေ့ခဲ့ပါချေ။

နေ့တစ်ဝက် ကြာပြီးနောက် လညွှန်နန်းတော်၏ လီတစ်ရာအကွာအတွင်း၌ စုယွီ၊ မာထျန်းလင်၊ ချင်ခယ်ရှင်းနှင့် အနက်ရောင် ဒေါသစစ်သည်တော်တို့က သတိကြီးစွာဖြင့် ချဉ်းကပ်လာခဲ့ကြ၏။ စုယွီ၏ မျက်နှာပေါ်တွင် ကြီးလေးသော အမူအရာများ ပေါ်လွင်နေခဲ့သည်။

တင်းမာနေသော လေထုအခြေအနေ ရှိနေသော်ငြားလည်း စုယွီသည် အနည်းငယ် မျှော်လင့်ချက် ရှိနေခဲ့၏။

“ဒီတစ်ခါတော့ လညွှန်နန်းတော်ဆီကနေ အခင်းအကျင်း တာအို ကျင့်စဉ်ကို ရယူနိုင်မလားပဲ...”

အကယ်၍ လညွှန်နန်းတော်နှင့် ကြယ်ခူးမျှော်စင်တို့၏ ကျင့်စဉ်များကို ပေါင်းစပ်လိုက်မည် ဆိုပါက ၎င်းသည် အဆင့် (၆) အခင်းအကျင်းသခင် ကျင့်စဉ်တစ်ခုနှင့် ညီမျှသည်ဟု ကောလာဟလများက ဆိုကြသည်။

အဆင့် (၆) အခင်းအကျင်းသခင်များသည် မူလ ဝိညာဉ် နယ်ပယ် အတွင်းရှိ တာအိုဆရာများနှင့် ခွန်အားချင်း ညီမျှသည်ဟု ဆိုကြပေ၏။

သူနှင့် ဝိညာဉ်ခွဲထွက်အဆင့်သို့ ယခုလေးတင် အဆင့်ချိုးဖြတ်ထားသော တာအိုဆရာ ထျန်းယွီ နှစ်ဦးစလုံးအတွက် သို့မဟုတ် မြေကမ္ဘာအင်မော်တယ် စံအိမ်အတွက်ပင် ဒါက ရှားပါးပြီး အဖိုးမဖြတ်နိုင်သော ကျင့်စဉ် တစ်ခု အမှန်တကယ်ပင် ဖြစ်နေတော့သည်။

လညွှန်နန်းတော်က ဖြစ်ပေါ်စေသော ပြဿနာများကို ဖယ်ရှားပစ်ရန်နှင့် အင်မော်တယ်တစ်သောင်း နန်းတော်၏ နောက်ထပ်လက်တစ်ဖက်ကို ဖြတ်တောက်ရန် ဆန္ဒရှိသည့်အပြင် သူ၏ ဒုတိယရည်ရွယ်ချက်မှာ ဤအမွေအနှစ်ကို ရှာဖွေရန်ပင်တည်း။

စုယွီသည် အလွန်တရာ သတိထားနေခဲ့ပြီး မာထျန်းလင်နှင့် ချင်ခယ်ရှင်းတို့ကိုပင် သူ၏ မှော်ရတနာဖြစ်သော မှော်လက်နက်နန်းတော် အတွင်းသို့ ဝင်ရောက်စေခဲ့သည်။

ထို့နောက် သူက ရွှေပုစဉ်းရင်ကွဲ မျက်လုံး နတ်ဘုရားစွမ်းရည်ကို ဂရုတစိုက် လည်ပတ်စေလိုက်ပြီး လညွှန်နန်းတော်ကို အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်တော့၏။

သူတို့ဘက်မှ တုံ့ပြန်ရန် အခွင့်အရေး မရမီ ကြယ်ခူးမျှော်စင်နှင့် လညွှန်နန်းတော်တို့ကို သူ သိမ်းပိုက်ရမည် ဖြစ်သည်။ အကယ်၍ လုပ်ရပ် ပြီးမြောက်သွားပြီးနောက်မှသာ သူတို့ သိရှိသွားပါက သူတို့အနေဖြင့် ကူကယ်ရာမဲ့သော ဒေါသများဖြင့် လည်ပင်းဆို့ကာ ယူကျုံးမရ ဖြစ်ကြရပေလိမ့်မည်။

All Chapters