← Chapters

အခန်း ၇၃၄

Vol. 49 Ch. 734

အခန်း ၇၃၄

Vol. 49 Ch. 734

အခန်း (၇၃၄) - ဗုဒ္ဓဂိုဏ်း၏ ချဉ်းကပ်မှု၊ ကြီးထွားလာသော စစ်ပွဲနှင့် အထွတ်အထိပ် စတုတ္ထအဆင့် အခင်းအကျင်း ဆရာသခင် (အပိုင်း ၁)

အလွန်တရာ ရှားပါးလှသော ရေခဲနှင့် မိုးကြိုးစွမ်းအား ဝိညာဉ်ခွဲထွက် အဆင့် ပညာရပ်များပင် အမွေအနှစ်အဖြစ် ပါဝင်နေခဲ့၏။

ထိုအမွေအနှစ် အများစုသည် ရှေးဟောင်း အင်မော်တယ် နန်းတော်၏ အကြွင်းအကျန်များမှ ဆင်းသက်လာခြင်း ဖြစ်သော်ငြား အံ့အားသင့်ဖွယ် အကောင်းဆုံးသော ဝိညာဉ်ခွဲထွက် အဆင့် ပညာရပ်ကမူ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ တည်ထောင်သူ ဘိုးဘေးကြီးထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပေတကား။

ထိုကျမ်းကို မြေကမ္ဘာ အင်မော်တယ် သိုင်းကျမ်း ဟု အမည်ပေးထား၏။

မူလအစက မြေကမ္ဘာ အင်မော်တယ် သိုင်းကျမ်းအား မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ သခင်ဖြစ်သူသာလျှင် အမွေဆက်ခံခွင့်နှင့် ကျင့်ကြံခွင့် ရှိပေသည်။ သို့သော်ငြားလည်း စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့သည် ထိုကျမ်းစာ၏ ပညာရပ်များကို စုယွီထံသို့ပါ လက်ဆင့်ကမ်း ပေးအပ်ခဲ့လေ၏။

သို့သော် ထိုအကြောင်းကို သိရှိသွားပြီးနောက် စုယွီက မြေကမ္ဘာ အင်မော်တယ် ကျမ်းစာကို ပြန်လည် အပ်နှံခဲ့တော့သည်။

မြေကမ္ဘာ အင်မော်တယ် ကျမ်းစာသည် အံ့မခန်း အစွမ်းထက်လှသည် ဆိုသော်ငြား သာမန်လူ တစ်ယောက် အနေဖြင့်လည်း ရယူနိုင်သော ပညာရပ် တစ်ခုသာ ဖြစ်နေဆဲပင်။

အကယ်၍သာ ၎င်းသည် ကောင်းကင် ဖီးနစ် နိဗ္ဗာန် ကျင့်စဉ် ကဲ့သို့ ရှေးကျလှပြီး မျိုးဆက်သစ် ပြန်လည်မွေးဖွားခြင်း နတ်ဘုရား စွမ်းရည်များနှင့် ညီမျှသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားမည် ဆိုပါက စုယွီသည် ဤမျှလောက် ယဉ်ကျေးနေမည် မဟုတ်ပါချေ။ ကောင်းကင်ဘုံ၏ မည်သည့် စည်းမျဉ်းစည်းကမ်းကိုမဆို လျစ်လျူရှုကာ ၎င်းကို ချက်ချင်းပင် ကျင့်ကြံပစ်လိုက်မည် ဖြစ်၏။

သို့သော် ၎င်းက သာမန် ပညာရပ် တစ်ခုမျှသာ ဖြစ်လေရာ သူ၏ အနေဖြင့် စည်းမျဉ်းကို လေးစား

လိုက်နာသင့်ပေသည်။

ကျန်ရှိနေသော အခြား ဝိညာဉ်ခွဲထွက် အဆင့် ပညာရပ် နှစ်ဆယ့်နှစ်ခုကပင် သူ့အတွက် အချိန် အတော်ကြာကြာ လေ့လာ နားလည် သဘောပေါက်နိုင်ရန် လုံလောက်နေခဲ့လေပြီ။

တာယွီ တောင်ထွတ်သို့ ပြန်ရောက်လာသောအခါ

စုယွီသည် ဝိညာဉ်ခွဲထွက် အဆင့် ပညာရပ် နှစ်ဆယ့်နှစ်ခုကို ပြန်လည် သုံးသပ်ကြည့်လိုက်ပါ၏။ သူ ကျင့်ကြံထားခဲ့သော ရှေးဟောင်း ပညာရပ်များနှင့် ဆက်စပ်နေသည့် နောက်ဆက်တွဲ အမွေအနှစ်များကို မတွေ့ရှိခဲ့ရချေ။ သို့သော်ငြား ဝိညာဉ်ခွဲထွက် အဆင့် ပညာရပ် နှစ်ဆယ့်နှစ်ခုထဲတွင် အလွန်တရာ သာလွန် ကောင်းမွန်သော ပညာရပ်များကား ပါဝင်နေခဲ့ပါ၏။

အကယ်၍ သူသာ နောက်ဆက်တွဲ သမိုင်းဝင် အမွေအနှစ်များကို မရှာဖွေနိုင်ခဲ့ပါက သာလွန်သော ပညာရပ် တစ်ခုဖြင့် အစားထိုးလိုက်ရန်မှာလည်း လက်ခံနိုင်ဖွယ်ရာပါပင်။

ယွင်ရှောင် ဆေးလုံး စံအိမ်နှင့် ယွဲ့ အင်မော်တယ် မျှော်စင်တို့ကို တာအို ရုပ်သေးများက ယာယီ စီမံ အုပ်ချုပ်နေသဖြင့် ကြီးမားသော ပြဿနာများ မရှိလှပေ။

ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင်တို့ကိုမူ အစ်ကိုကြီး ဟုန်ယွဲ့ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးအပ်လိုက်၏။ ထိုအရာများတွင် အခင်းအကျင်း တာအို အင်အားစုကြီး နှစ်ခု၏ အမွေအနှစ်များ၊ အခင်းအကျင်း တာအို ကျမ်းစာအုပ်များ ပါဝင်ပြီး အားလုံးကို အင်မော်တယ် ဂိုဏ်းထံသို့ ပေးအပ်ခဲ့လေသည်။

အကယ်၍ သူတို့သာ ထိုအခင်းအကျင်း တာအို အင်အားစုကြီး နှစ်ခုလုံးကို စုပ်ယူ ပေါင်းစည်းနိုင်မည် ဆိုပါက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ စွမ်းအားအတွက် ကြီးမားလှသော အထောက်အပံ့ တစ်ခု ဖြစ်လာပေလိမ့်မည်။

စုယွီကတော့ မြေကမ္ဘာ နန်းတော်ဟု ခေါ်ဆိုသော ထိုလျှို့ဝှက်နယ်မြေဆီသို့ မသွားရသေးချေ။

သူ၏ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီသည် အသစ် ပေါင်းစပ်ထားသော ဆဋ္ဌမအဆင့် အခင်းအကျင်း အမွေအနှစ်ကို လွှဲပြောင်းပေးအပ်ပြီး ထိုအရာတွင် မည်သည့် ထောင်ချောက်မျှ မရှိကြောင်း အတည်ပြုပြီးနောက် စုယွီသည် တံဆိပ်ပြားကို ယူဆောင်ကာ ပြင်ပလောကနှင့် ယာယီ အဆက်အသွယ် ဖြတ်တောက်နိုင်ရန်အတွက် အာရုံ လှည့်စားမှု ကျောက်တုံးဖြင့် တည်ဆောက်ထားသော တားမြစ် နယ်မြေဆီသို့ ထွက်ခွာလာခဲ့တော့သည်။

တားမြစ် နယ်မြေ၏ အလယ်ဗဟို၌ စုယွီသည် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး၏ ရေကန်ဘေးတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ ဝိညာဉ်အာရုံများကို လက်ထဲရှိ အခင်းအကျင်း တံဆိပ်ပြားထဲသို့ ထိုးဖောက် ဝင်ရောက်စေလိုက်၏။

ဝှစ်ခနဲ အသံထွက်ပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အစွမ်းထက်လှသော မူလဝိညာဉ်ပင်လျှင် ခဲယဉ်းစွာ တောင့်ခံနိုင်စွမ်း ရှိသည့် ကြီးမား ကျယ်ပြန့်လှသော အချက်အလက်များက တဟုန်ထိုး ဝင်ရောက်လာတော့သည်။ ကြယ်မြစ် တာအို သခင်ကြီး၏ အရှိန်အဝါက ထပ်မံ၍ လွှမ်းခြုံလာသည့် အခိုက်အတန့်ပင်။

စုယွီ၏ ခေါင်းထဲ၌ အူခနဲ ဖြစ်သွားပြီး သူ၏ အသိစိတ်သည် ဟင်းလင်းပြင် နေရာလွတ် တစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုဟင်းလင်းပြင် အတွင်း၌ ရှင်းလင်း ထင်ရှားသော သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး၏ ပုံရိပ်သည် အခင်းအကျင်းများ ချထားရန် တိတ်ဆိတ်စွာဖြင့် အာရုံစူးစိုက်နေခဲ့၏။

စုယွီ အနေဖြင့် ထိုအခင်းအကျင်း ချထားပုံကို ပြန်လည် လေ့လာသုံးသပ်လိုသည့် အချိန်တိုင်းတွင် သူသည် အကြိမ်ကြိမ် အခါခါ နောက်ပြန်ဆုတ်၍ ပြန်လည် လေ့လာနိုင်စွမ်း ရှိပေသည်။

ထိုကဲ့သို့သော အမွေဆက်ခံသည့် အခြေအနေအောက်တွင် လဝက်ကျော် အချိန်ကာလ ကုန်လွန်သွားခဲ့လေပြီ။

နောက်ဆုံးသော ဆဋ္ဌမအဆင့် အထွတ်အထိပ် အခင်းအကျင်း ဖြစ်သည့် ကြယ်မြစ် မဟာ အခင်းအကျင်း၏ အမွေအနှစ် လက်ခံရရှိမှု ပြီးဆုံးသွားပြီးနောက် စုယွီသည် အမွေဆက်ခံသည့် အခြေအနေမှ ဖြည်းညင်းစွာ နိုးထလာခဲ့တော့သည်။

ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် အခင်းအကျင်းများ၏ လျှို့ဝှက်ချက်များနှင့် နည်းစနစ်များသည် ယခုအခါ သူ၏ မှတ်ဉာဏ်ထဲ၌ နက်ရှိုင်းစွာ ကိန်းဝပ်သွားခဲ့ပြီ ဖြစ်၏။

ယခင်က ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင်တို့ထံမှ သူ ရရှိထားခဲ့သော စတုတ္ထအဆင့် အခင်းအကျင်း အမွေအနှစ်သည်လည်း ယခုအခါ တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားဟန် ရှိပေသည်။

ကြယ်ခူး မျှော်စင်မှ အမွေဆက်ခံရရှိခဲ့သော စတုတ္ထအဆင့် အလယ်အလတ် အခင်းအကျင်းကို နားလည် သဘောပေါက်ထားခဲ့ပြီး ဖြစ်၏။

သို့သော်ငြား လညွှန်နန်းဆောင်၏ အခင်းအကျင်းနှင့် အသစ်ရရှိထားသော အခင်းအကျင်း အမွေအနှစ်တို့ကိုမူ စုယွီ ခံစား ကျင့်ကြံရခြင်း မရှိသေးချေ။

အခင်းအကျင်း အမွေအနှစ် သုံးခုကို နှိုင်းယှဉ်ကြည့်ပြီးနောက် စုယွီက တိုးတိုးလေး ခပ်သဲ့သဲ့ ရေရွတ်လိုက်သည်။

“ငါသာ ဒီအခင်းအကျင်း တာအို နှစ်ခုရဲ့ ပေါင်းစပ်ထားတဲ့ အခင်းအကျင်းကို နားလည်နိုင်မယ် ဆိုရင်... စတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်း တာအိုကိုတောင် ရရှိနိုင်ကောင်း ရရှိနိုင်လိမ့်မယ်”

သို့သော်ငြားလည်း လောလောဆယ် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၌ အစွမ်းအထက်ဆုံး အခင်းအကျင်း တာအို ပိုင်ရှင်မှာ သူ၏ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီသာ ဖြစ်သင့်ပေသည်။

သူသည် ပဉ္စမအဆင့် အောက်ပိုင်း အခင်းအကျင်း ဆရာသခင် တစ်ဦး ဖြစ်နေလောက်ပြီ ဖြစ်၏။

တာအိုဆရာ ထျန်းယွီ နားလည် သဘောပေါက်ထားခဲ့သော ပြောင်းပြန် အကြွင်းအကျန် အခင်းအကျင်းမှာ တကယ့်ကို ထိတ်လန့် တုန်လှုပ်ဖွယ်ရာပင်။

အကယ်၍ တာအိုဆရာ ထျန်းယွီသာ ယွဲ့ အင်မော်တယ် နန်းတော်၏ အုပ်ချုပ်သူ ဝေရှင်းဟယ်၏ ဆဋ္ဌမအဆင့် အခင်းအကျင်း တာအိုကို နားလည် သဘောပေါက်သွားပြီး ဝိညာဉ်ခွဲထွက် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဆိုပါက သူသည် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ နံပါတ်တစ် အခင်းအကျင်း ဆရာသခင်ကြီး အလွယ်တကူ ဖြစ်လာနိုင်ပေသည်။

ထိုအတွေးများကို တွေးတောနေရင်း အခင်းအကျင်း တာအို အမွေဆက်ခံပြီးနောက် နောက်ဆုံး ကြားလိုက်ရသော စကားလုံးများကို ပြန်လည် သတိရမိသောအခါ သူ၏ မျက်မှောင်များ ကြုတ်သွားရတော့သည်။

စုယွီ လွှတ်ခနဲ ရေရွတ်လိုက်၏။

“ဒီကြယ်မြစ် တံဆိပ်ပြားကို ပိုင်ဆိုင်ထားတဲ့သူက ငါ့ရဲ့ ဆက်ခံသူ ဖြစ်လာနိုင်တယ်... ယွဲ့ အင်မော်တယ် နန်းတော်ထဲကို ဝင်ရောက်ပြီး ယွဲ့ အင်မော်တယ် ရဲ့ တပည့် ဖြစ်လာနိုင်တယ် ဟုတ်လား...”

အချိန်အတန်ကြာ တွေးတော ချီတုံချတုံ ဖြစ်နေပြီးနောက် စုယွီသည် ကြယ်မြစ် တံဆိပ်ပြားကို ဖြည်းညင်းစွာ သိမ်းဆည်းလိုက်လေသည်။

သူသည် ထိုယွဲ့ အင်မော်တယ် နန်းတော်၏ အပျက်အစီးများထဲသို့ နောက်တစ်ကြိမ် ထပ်မံ သွားရောက် စူးစမ်းလိုနေခဲ့၏။

သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ဖြင့် မဟုတ်ဘဲ တာအို ရုပ်သေး ကိုယ်ပွားကို စေလွှတ်၍ ဖြစ်ပေသည်။

ဤနည်းအားဖြင့် အကယ်၍ မတော်တဆမှု တစ်ခုခု တကယ် ဖြစ်လာခဲ့လျှင်တောင်မှ တာအို ရုပ်သေး ကိုယ်ပွားသာ ပျက်စီးသွားမည် ဖြစ်ပြီး ဆုံးရှုံးမှုမှာ သေးငယ်လှပေမည်။

သို့သော် အကယ်၍ ဤကြယ်မြစ် တံဆိပ်ပြား အမွေအနှစ် ပြောခဲ့သော စကားများကသာ အမှန်တကယ် ဖြစ်နေမည် ဆိုပါက အန္တရာယ် ကြီးမားလှပေမည်။

သူသည် ဤတံဆိပ်ပြားဖြင့် ယွဲ့ အင်မော်တယ် နန်းတော်၏ အပျက်အစီးများထဲသို့ ဝင်ရောက်ရန် စွန့်စားရဲပါမည်လော။

ရက်အနည်းငယ် ကြာပြီးနောက် စုယွီနှင့် တာအိုဆရာ ထျန်းယွီတို့သည် မြေအောက် နန်းတော် လျှို့ဝှက်နယ်မြေ၏ ပတ်ဝန်းကျင် အသစ်ကို အတူတကွ သွားရောက် စစ်ဆေးခဲ့ကြသည်။ ၎င်းသည် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ မြေအောက်ပိုင်းသို့ တိုက်ရိုက် ဆန့်ထွက်နေသော စံအိမ်တော် အဓိက တောင်ထွတ် တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာ၌ တည်ရှိသည့် ဆိတ်ငြိမ်သော ကမ္ဘာငယ်လေး တစ်ခု ဖြစ်၏။

၎င်းသည် မိုင်နှစ်ဆယ်မှ သုံးဆယ်ခန့်အထိ ကျယ်ပြန့်ပြီး စူးရှ တောက်ပနေသော ရွှေရောင် အင်မော်တယ် နန်းတော်တစ်ခု ပါဝင်နေပေသည်။

ပတ်ဝန်းကျင်မှာ အလွန်တရာ ဆိတ်ငြိမ်ပြီး သဘာဝ ဝိညာဉ်စွမ်းအင်များမှာ လွန်မင်းစွာ သိပ်သည်းနေခဲ့လေ၏။

၎င်းကို မြင်တွေ့လိုက်ရသောအခါ စုယွီနှင့် တာအိုဆရာ ထျန်းယွီတို့သည် ထိုနေရာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြပြီး အာရုံ လှည့်စားမှု ကျောက်တုံး၊ ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီး၊ ထိုက်ရွှီနှင့် အခြားသော သားရဲယဉ်ပါးသူများကိုပါ ခေါ်ဆောင်လာခဲ့ကြတော့သည်။

စုယွီနှင့် တာအိုဆရာ ထျန်းယွီတို့ ကျင့်ကြံရန်အတွက် မြေအောက် နန်းတော် လျှို့ဝှက်နယ်မြေသို့ ပြောင်းရွှေ့လာပြီး နှစ်ဝက်ခန့် အကြာတွင် ဟွမ်ကျူး ရောက်ရှိလာခဲ့၏။

စုယွီနှင့် တာအိုဆရာ ထျန်းယွီတို့ နှစ်ဦးစလုံးသည် ဟွမ်ကျူး၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ကြသည်။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် သူမသည် ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်မိစ္ဆာ တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

စုယွီနှင့် တာအိုဆရာ ထျန်းယွီတို့က ဟွမ်ကျူးကို ဂုဏ်ပြု စကား ဆိုတော့မည့် ဆဲဆဲမှာပင် ဟွမ်ကျူးက လေးနက်သော အမူအရာဖြင့် အသိပေးလိုက၏။

“ကိစ္စကြီး တစ်ခု ဖြစ်သွားပြီ... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက အင်မော်တယ် မြို့တော် တစ်ခု ကျဆင်းသွားပြီ... ပြီးတော့ မဟာ တိုက်ပွဲကြီး တစ်ခုလည်း စတင်နေပြီပဲ”

*

အခြား တစ်ဖက်တွင်မူ

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ အနောက်ပိုင်း ဒေသ၌ နှစ်ဝက်ခန့် ပြင်ဆင်ပြီးနောက် ဝမ်လုံ မင်းဆက်သည် လှုပ်ရှားလာခဲ့၏။

မည်သည့် သတိပေးချက်မျှ မရှိဘဲ ဝမ်လုံ မင်းဆက်သည် အနီးအနားရှိ အင်မော်တယ် ဂိုဏ်း ဖြစ်သော ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းကို တိုက်ခိုက်ခဲ့လေသည်။

အစပိုင်းတွင်မူ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ အခြားသော အင်မော်တယ် ဂိုဏ်းများ.. အင်အားစုများသည် ၎င်းကို အလေးအနက် မထားခဲ့ကြသလို အလွန်အမင်း စိုးရိမ် ပူပန်ခြင်းလည်း မရှိခဲ့ကြပေ။

All Chapters