← Chapters

အခန်း ၇၃၅

Vol. 49 Ch. 735

အခန်း ၇၃၅

Vol. 49 Ch. 735

အခန်း (၇၃၅) - ဗုဒ္ဓဂိုဏ်း၏ ချဉ်းကပ်မှု၊ ကြီးထွားလာသော စစ်ပွဲနှင့် အထွတ်အထိပ် စတုတ္ထအဆင့် အခင်းအကျင်း ဆရာသခင် (အပိုင်း ၂)

ဝမ်လုံ မင်းဆက်၏ အင်အားသည် အားနည်းလှသည် မဟုတ်ပေ။

ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းသည် အင်မော်တယ် ဂိုဏ်းတစ်ခု ဖြစ်သော်ငြားလည်း ထိုအင်အားစုကြီး နှစ်ခုကြား ပွတ်တိုက်မှု အနည်းငယ် ရှိလာပါက အချိန်အခါအလျောက် ကြီးမားသော ပဋိပက္ခများ ဖြစ်ပေါ်လာတတ်ခြင်းမှာ ထူးဆန်းသော ကိစ္စရပ် တစ်ခု မဟုတ်ပါချေ။

သို့သော်ငြား ဝမ်လုံ မင်းဆက်သည် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း၏ အင်မော်တယ် မြို့တော်တစ်ခုကို ချိုးဖျက် ဝင်ရောက်ပြီးနောက် ကျန်ရှိနေသေးသော နယ်မြေများကိုပါ ဆက်လက် တိုက်ခိုက်လာသောအခါ အခြားသော အင်မော်တယ် ဂိုဏ်းများနှင့် အင်အားစုကြီးများက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ကြရတော့သည်။

ထိုစဉ် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ လျှို့ဝှက်နယ်မြေ အတွင်း၌ စုယွီ၊ တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့သည် ဧည့်ခန်းမဆောင် အတွင်း အေးအေးလူလူ ထိုင်နေကြ၏။

ဟွမ်ကျူး၏ မျက်နှာအမူအရာက အလွန်တရာ လေးနက် တည်ကြည်နေသည်။

"ဝမ်လုံ မင်းဆက် တစ်ခုတည်းရဲ့ အင်အားလောက်ကတော့ ကြောက်စရာ မလိုပါဘူး"

"အကယ်၍ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းကသာ အင်အားအပြည့် သုံးလိုက်မယ် ဆိုရင် ဝမ်လုံ မင်းဆက်ကို နှစ်တစ်ရာ အတွင်းမှာ အသေအလဲ ခြေမှုန်းပစ်လိုက်နိုင်တယ်"

"ဒါပေမဲ့ အင်မော်တယ် ဂိုဏ်းရဲ့ စုံစမ်းထောက်လှမ်းမှုတွေ အရ အခု ဝမ်လုံ မင်းဆက် အတွင်းမှာ ဗုဒ္ဓဂိုဏ်းရဲ့ ခြေရာလက်ရာတွေ ထွက်ပေါ်လာနေပြီ"

'ဗုဒ္ဓဂိုဏ်း' ဟူသော စကားစုကို ကြားလိုက်ရချိန်တွင် တာအိုဆရာ ထျန်းယွီ၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

အကြောင်းမူကား ဟွမ်ကျူး ပြောသည့် အတိုင်းပင် ဖြစ်၏။ ဝမ်လုံ မင်းဆက်လောက်က အင်မော်တယ် ဂိုဏ်း အင်အားစုကြီး ထိပ်သီး ဆယ်ခု စာရင်းတွင်ပင် မပါဝင်လေရာ ကြောက်ရွံ့နေရန် အကြောင်းမရှိပေတကား။

သို့သော်ငြား အကယ်၍ ဝမ်လုံ မင်းဆက်သည် ဗုဒ္ဓဂိုဏ်းနှင့် ပူးပေါင်း ရောယှက်သွားမည် ဆိုပါက ဤကိစ္စက ဝမ်လုံ မင်းဆက်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းတို့ ကြားက ပြဿနာ သက်သက် မဟုတ်တော့ချေ။ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာနှင့် ဝမ်လုံ မင်းဆက်၏ နောက်ကွယ်မှ ကျောထောက်နောက်ခံ ပြုပေးနေသော ဗုဒ္ဓဂိုဏ်းတို့ ကြားက မဟာစစ်ပွဲကြီး ဖြစ်လာတော့မည် ဖြစ်ပေသည်။

ဟွမ်ကျူးက စုယွီကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။

"ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက အရိုင်းနယ်မြေမှာ နှစ်ကြိမ်တိုင်တိုင် အပြင်းအထန် ထိခိုက်နစ်နာခဲ့ရပြီး အခုအချိန်က သူတို့ရဲ့ အားအနည်းဆုံး အခိုက်အတန့်ပဲ"

"ဝမ်လုံ မင်းဆက်က ဒီလိုအချိန်မျိုးကို ရွေးချယ်ပြီး တိုက်ခိုက်လာတာ သိပ်ကို သိမ်မွေ့ နက်နဲတဲ့ အချိန်ကိုက် လှုပ်ရှားမှုပဲ"

"လောလောဆယ် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက ဝမ်လုံ မင်းဆက်ကို အစွမ်းကုန် ရင်ဆိုင်နေရတယ်... အဲဒီအပြင် ငါတို့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အပါအဝင် တခြားသော အင်မော်တယ် ဂိုဏ်းတွေကိုပါ အင်အားပေါင်းစပ်ဖို့ မျှော်လင့်ချက်နဲ့ ဆက်သွယ် အကူအညီ တောင်းနေကြတယ်"

"တာ့ချန် ကျင့်ကြံခြင်းကမ္ဘာထဲကို လှမ်းဝင်လာတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ လက်မည်းကြီးကို ပြတ်ပြတ်သားသား ဖြတ်တောက် ပစ်လိုက်ဖို့လေ"

'အပြင်မှာ ဒီလောက်တောင် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီလား...'

စုယွီက တိတ်ဆိတ်စွာ တွေးလိုက်ပြီး ဗုဒ္ဓဂိုဏ်းနှင့် ပတ်သက်သော အကြောင်းအရာများကို ဆရာဖြစ်သူနှင့် ဟွမ်ကျူးတို့အား လှမ်း၍ မေးမြန်းလိုက်လေသည်။ အပြင်လောကတွင် ကမောက်ကမတွေ ဖြစ်နေပြီလော။ စုယွီက မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ ရင်ထဲတွင် အနည်းငယ် လေးလံ သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဗုဒ္ဓဂိုဏ်း ဆိုတာ ကျင့်ကြံခြင်းကမ္ဘာထဲက တိကျတဲ့ ဒေသ တစ်ခုတည်းကို ရည်ညွှန်းတာ မဟုတ်ဘူး... ဗုဒ္ဓ တာအိုကို ရည်ညွှန်းတာ... ဗုဒ္ဓ တာအိုကို ကျင့်ကြံတဲ့ မည်သည့် အင်အားစုကိုမဆို ဗုဒ္ဓဂိုဏ်းလို့ ယေဘုယျ အားဖြင့် ခေါ်ဝေါ် ကြတယ်"

တာအိုဆရာ ထျန်းယွီက ရှင်းပြပြီးနောက် ခဏမျှ ရပ်တန့်သွား၏။ သူ၏ မျက်နှာအမူအရာမှာ တစ်ဖန် လေးနက် တည်ကြည်သွားပြန်ပြီး အသံကို နှိမ့်ကာ ဆက်ပြောလိုက်သည်။

"လူသား မျိုးနွယ်စုရဲ့ ကျင့်ကြံခြင်းကမ္ဘာမှာ ဗုဒ္ဓ၊ မိစ္ဆာ နဲ့ အင်မော်တယ် ဆိုပြီး သုံးပိုင်း ကွဲနေတယ်... ဗုဒ္ဓဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ တချို့သော အင်အားစုတွေဟာ အင်မော်တယ် ဂိုဏ်းတွေထက် နည်းနည်းလေးမှ အားနည်းတာမျိုး မရှိဘူး"

ထိုအခါ ဟွမ်ကျူးက ဝင်ပြောလိုက်သည်။

"လောလောဆယ် ဝမ်လုံ မင်းဆက်ထဲမှာ ရှိနေတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ မည်သူမည်ဝါ ဖြစ်တည်မှုကိုတော့ ငါတို့ မသိရသေးဘူး... အခု လက်ရှိ အခြေအနေအရ သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိလှသေးဘူး"

"အရှင်သခင်ကြီး ကတော့ ပြောတယ်... ဘယ်ဗုဒ္ဓဂိုဏ်း ပါဝင် ပတ်သက်နေသလဲ ဆိုတာ သေသေချာချာ သိရပြီ ဆိုတာနဲ့ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ တခြား အင်မော်တယ် ဂိုဏ်းတွေနဲ့ ဆွေးနွေး တိုင်ပင်မယ်တဲ့"

"အကယ်၍ စစ်ပွဲကြီး တစ်ခု တကယ် ဖြစ်လာမယ် ဆိုရင်တောင်မှ အချိန်တို အတွင်းမှာတော့ ချက်ချင်း ဖြစ်လာမှာ မဟုတ်ဘူး... ယွီလေး မင်း စိတ်အေးအေးထားပြီး လျှို့ဝှက်နယ်မြေ ထဲမှာပဲ ဆက်ကျင့်ကြံနေပါ"

ပြင်ပလောက၏ ကိစ္စရပ်များကို ဟွမ်ကျူးက အနီးကပ် စောင့်ကြည့်ကာ စုယွီထံသို့ အဆင့်ဆင့် ပြန်လည် ပြောပြပေးနေခြင်း ဖြစ်၏။ ထိုအရာက စုယွီကို တံခါးပိတ် ကျင့်ကြံနေသည့် ကာလ အတွင်းမှာပင် အခြေအနေ သစ်များကို အဆက်မပြတ် သိရှိနေစေရန် အခွင့်အရေး ပေးစွမ်းနေလေသည်။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ လက်ရှိ သတင်း အချက်အလက် စုဆောင်းနိုင်စွမ်းများနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယွဲ့ အင်မော်တယ် မျှော်စင်မှာ ဘယ်လိုမှပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးချေ။

ဝမ်လုံ မင်းဆက်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းတို့ ကြားက စစ်ပွဲကဲ့သို့ပင် ယွဲ့ အင်မော်တယ် မျှော်စင်၏ အင်အားမှာ ထိုမျှလောက် အဝေးကြီးအထိ ဆန့်ထုတ်နိုင်စွမ်း မရှိသေးပေ။ ယွဲ့ အင်မော်တယ် မျှော်စင် အနေဖြင့် ဖြည်းညင်းစွာ ကြီးထွားလာနိုင်ရန် အချိန် ပို၍ လိုအပ်နေသေး၏။

ဝမ်လုံ မင်းဆက်သည် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း၏ အင်မော်တယ် မြို့တော် တစ်ခုကို သိမ်းပိုက်ပြီးနောက် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းကလည်း ကြီးမား ကျယ်ပြန့်လှသော တန်ပြန် တိုက်ခိုက်မှု ကြီးကို စတင် စီစဉ်တော့သည်။

ကျင့်ကြံသူ အင်အားစုကြီး နှစ်ခုသည် ကျင့်ကြံသူ သန်းပေါင်းများစွာ၊ အတိအကျ ဆိုရလျှင် သန်းရာချီသော ကျင့်ကြံသူများ ပါဝင်သည့် ဘက်စုံစစ်ပွဲကြီး တစ်ရပ်ကို အပြင်းအထန် စတင် ဆင်နွှဲလိုက်ကြတော့၏။

ဝမ်လုံ မင်းဆက်၏ နောက်ကွယ်မှ ဗုဒ္ဓဂိုဏ်း၏ လက်မည်းကြီး ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် အင်မော်တယ် တစ်သောင်း နန်းတော်က ဦးဆောင်သော တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ အခြားသော အင်မော်တယ် ဂိုဏ်းကြီးများ၏ လက်များသည်လည်း ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ဒေသ၌ အစဉ်လိုက် ပေါ်ထွက်လာကြပြီး ဗုဒ္ဓဂိုဏ်းနှင့် အကြိတ်အနယ် ရစ်ပတ် တိုက်ခိုက်ကြတော့သည်။

ဤစစ်ပွဲကြီး ပေါက်ကွဲ ထွက်ပေါ်လာမှုက အင်မော်တယ် တစ်သောင်း နန်းတော် ကဲ့သို့သော အင်အားစု ကြီးများ၏ အာရုံစိုက်မှုနှင့် စွမ်းအင် အားလုံးကို ဖမ်းစား ဆွဲဆောင်သွားခဲ့လေပြီ။

ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင် တို့၏ အပြောင်းအလဲ ကိစ္စရပ်များနှင့် ပတ်သက်၍မူ သူတို့ အနေဖြင့် မည်သို့မျှ ဂရုမစိုက်နိုင်လောက်အောင်ပင် အလုပ်ရှုပ်သွားကြလေသည်။

ဤကာလ အတွင်း မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်နှင့် စုယွီတို့သည် အသစ် ရရှိထားသော အခင်းအကျင်း တာအို အမွေအနှစ်များကို ချေဖျက် နားလည်နိုင်ရန် ကြိုးစား အားထုတ်နေကြပြီး တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ဖွံ့ဖြိုး တိုးတက်လာအောင် လုပ်ဆောင်နေကြ၏။

နှစ်ပေါင်း ၁၀ နှစ် ကြာပြီးနောက်။

စံအိမ်တော်၏ လျှို့ဝှက်နယ်မြေ အတွင်း အင်မော်တယ် နန်းတော်၏ အနောက်ဘက် ဥယျာဉ်ထဲ၌။

စုယွီသည် သူ၏ မှော်စွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ အခြေခံ ကျောက်တုံး ၃၆၀၀ ကို စီမံ ခိုင်းစေကာ ရေကန်ထဲသို့ ကျဆင်းသွားစေလိုက်သည်။ အခင်းအကျင်း တည်ဆောက်ပြီးစီးကာ ကောင်းကင်နှင့် မြေကြီးထံ ချိတ်ဆက်သွားသည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော ကြယ်တာရာ အလင်းတန်းများသည် ကောင်းကင်ထက်မှ စီးဆင်းလာသော မြစ်တစ်စင်းအလား ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရေကန်ထဲရှိ မဟာ အခင်းအကျင်းပေါ်သို့ မိုးရွာချသကဲ့သို့ တဟုန်ထိုး ရွာသွန်းကျလာတော့သည်။

"ဝေါ..."

မျက်စိတစ်မှိတ်အတွင်းမှာပင် ရေကန်ထဲရှိ ခမ်းနား ကြီးကျယ်လှသော ကြယ်နှင့် လ၏ အနှစ်သာရများ ပေါင်းဆုံသွားပြီး ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးသည် ရေကန် အောက်ခြေမှ ထွက်ပေါ်လာခဲ့လေသည်။ ဤစွမ်းအားများကို မြင်လိုက်ရသောအခါ ၎င်း၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားပြီး ပါးစပ်ကို ဟကာ တစ်လုပ်တည်း စုပ်ယူပစ်လိုက်တော့၏။

ခပ်လှမ်းလှမ်း နေရာမှ တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့သည် အောင်မြင်စွာ သက်ဝင်လှုပ်ရှားလာသော အခင်းအကျင်းကို ကြည့်ရင်း သူတို့၏ မျက်ခုံးများပင် အကြိမ်အနည်းငယ်မျှ တုန်လှုပ်သွားကြလေသည်။

"စတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်း ဆရာသခင်..."

တာအိုဆရာ ထျန်းယွီက တီးတိုး ရေရွတ်လိုက်သည်။

"ဒီကောင်လေးက အသက် သုံးရာကျော်ပဲ ရှိသေးတာကို"

သူကိုယ်တိုင် စတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်း ဆရာသခင် တစ်ဦး ဖြစ်လာခဲ့ချိန်က သူ၏ အသက်မှာ ခြောက်ရာ နီးပါးခန့်ပင် ရှိနေခဲ့လေပြီ။ ထိုအချိန်ကပင် သူသည် အခင်းအကျင်း တာအို၌ ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရခြင်း ဖြစ်ပေတကား။

ရေကန် ဘေးတွင်မူ။စုယွီသည် အောင်မြင်စွာ သက်ဝင်လှုပ်ရှားလာသော အခင်းအကျင်းကို ကြည့်လိုက်ပြီး လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။ သူ၏ မှော်စွမ်းအား ခြောက်ဆယ် ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့ပြီး သူ၏ စိတ်စွမ်းအား အပိုင်းတွင်မူ ပို၍ပင် ဆိုးရွားစွာ ရှစ်ဆယ် ရာခိုင်နှုန်းခန့်အထိ ခမ်းခြောက်သွားခဲ့လေပြီ။

ဤစတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်းကို ထိန်းချုပ်ရန်နှင့် တည်ဆောက်ရန်မှာ လွယ်ကူသော ကိစ္စရပ် တစ်ခုတော့ မဟုတ်ခဲ့ပါချေ။

သူသည် ကျွမ်းကျင်မှု စနစ် မျက်နှာပြင်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

[ကြယ်မြစ် မဟာ အခင်းအကျင်း - စတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်း၊ ကျွမ်းကျင်မှု ၃၆.၇၈%]

All Chapters