← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂)

အထောက်အကူပြု အဖွဲ့ဝင်

လုံယု၏ မျက်မှောင်ကြုတ်နေသော မျက်နှာကို ကြည့်ရင်း သူ ဘာတွေးနေသည်ကို ယောင်ရန် သိရှိသ ဖြင့် ပြောလိုက်လေသည်။

"ကျွန်မတို့ မျှော်လင့်ထားတာထက် စွမ်းအားရှင်တွေက ပိုစောပြီး ပေါ်လာနိုင်တယ်လို့ ကျွန်မ ထင် တယ်..."

လုံယုက သူမကို ကြည့်လိုက်ရာ သူမက ဆက်ပြောလေ၏။

"အတိတ်ဘဝတုန်းကဆိုရင် မျိုးရိုးဗီဇပြောင်းလဲနေတဲ့ သစ်ပင်ကြောင့် သေလုနီးပါး ဖြစ်ပြီးမှ ကျွန်မရဲ့ သစ်စွမ်းအင်ကို ရရှိခဲ့တာ၊ ဒါပေမဲ့ ကျွန်မ စွမ်းအားမရခင်ကတည်းက တချို့စွမ်းအားရှင်တွေ ပေါ်ပေါက် နေခဲ့တာလည်း ဖြစ်နိုင်တယ်၊ သူတို့က သူတို့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့ပြီး အစိုးရက ပထမဆုံး စွမ်းအားရှင်ကို ကြေညာတဲ့ အချိန်ကျမှသာ ထွက်ပေါ်လာကြတာ ဖြစ်နိုင်တယ်..."

လုံယုက သေချာစွာ နားထောင်ပြီးနောက် ပြောလိုက်လေသည်။

"ဒါမှမဟုတ် အဲဒီ စွမ်းအားရှင်တွေကို သေတ္တာတော် က ဖမ်းဆီးသွားပြီး စမ်းသပ်ခံ အဖြစ် အသုံးပြု ခဲ့တာလည်း ဖြစ်နိုင်တယ်..."

ယောင်ရန်သည် သူ၏ စကားများကို စဉ်းစားဆင်ခြင်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလေ၏။

"ရှင်ပြောတာ မှန်တယ်လို့ ကျွန်မ ထင်တယ်၊ လူအများစုက သူတို့ရဲ့ စွမ်းအားတွေကို အသုံးချပြီး ကိုယ် ပိုင် အင်အားစုတွေ တည်ဆောက်ကြမှာပဲ၊ အစိုးရအနေနဲ့ သုံးနှစ်ကြာမှ ပထမဆုံး စွမ်းအားရှင်ကို တွေ့ ရှိခဲ့တယ်ဆိုတာ သေတ္တာတော် က နောက်ကွယ်မှာ တစ်ခုခု လုပ်ဆောင်နေခဲ့တာ သေချာတယ်..."

လုံယုသည် ဟန်ယီရွှယ်အား ခဏမျှ လှမ်းကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။

"သူက မင်းကို သူ့စွမ်းအား ပြခဲ့တယ်ဆိုတော့ သူ ဘာလိုချင်လို့လဲ..."

"သူက ကျွန်မတို့ အဖွဲ့ထဲ ဝင်ချင်နေတာ၊ အဲဒါကြောင့် ကျွန်မ သဘောတူလိုက်တယ်၊ သူ့ရဲ့ စွမ်းအားက အရမ်း ရှားပါးပြီး အသုံးဝင်လွန်းတော့ လက်လွှတ်မခံနိုင်ဘူးလေ..."

ယောင်ရန်က ပြန်ဖြေလိုက်၏။

လုံယု ပြုံးလိုက်ပြီး သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်လေသည်။

"အရမ်းတော်တယ်..."

ယောင်ရန်က သူ့ကို ပြန်လည် ပြုံးပြလိုက်ပြီး ပြောလေ၏။

"ညစာ အဆင်သင့် ဖြစ်နေပြီ၊ ကျွန်မတို့ အရင်စားကြတာပေါ့..."

"အင်း..."

လုံယုနှင့် သူမအတွက် ဝေစုကို ခူးထုတ်ပြီးနောက် ယောင်ရန်သည် သူမ၏ သူငယ်ချင်းများကို ကြည့်ကာ ကြေညာလိုက်လေသည်။

"ညစာ အဆင်သင့် ဖြစ်နေပြီ၊ အားလုံး လာပြီး ကိုယ့်ဝေစုကိုယ် ယူကြပါ..."

အခြားသူများ ဤစကားကို ကြားသောအခါ သူတို့၏ အလုပ်များကို ချထားခဲ့ပြီး မီးပုံရှိရာသို့ လျှောက် လာကြလေ၏။ ယောင်ရန်သည် ခေါက်စားပွဲပုလေး တစ်လုံးကို ထုတ်ယူကာ အစားအစာများကို ထို စားပွဲပေါ်၌ တင်ပေးထားလိုက်ရာ လူတိုင်း ကိုယ့်ဘာသာ ခူးယူစားသောက်နိုင်ကြလေသည်။ လူတိုင်း ကိုယ်စီ ဝေစုများ ယူပြီးကြသောအခါ ဟန်ယီရွှယ်သည် သူ၏ မိသားစုဝင်များကို ဦးဆောင်၍ အစား အစာများ လာယူခဲ့လေသည်။

လောင်ဟန်သည် ယောင်ရန်နှင့် အခြားသူများက ဘာမှ ဝင်မပြောသည်ကို မြင်သောအခါ မေးလိုက်လေ သည်။

"ယီရွှယ်၊ မင်း တကယ်ပဲ မိန်းကလေးယောင် ရဲ့ အဖွဲ့ထဲ ဝင်လိုက်တာလား..."

ဟန်ယီရွှယ်က ခေါင်းငြိမ့်ပြလိုက်၏။

"ဟုတ်ပါတယ် အဖေ..."

သူ၏ ဒုတိယသားဖြစ်သူက ဤသတင်းကို ပြောပြခဲ့စဉ်က လောင်ဟန်မှာ သံသယ ဝင်နေခဲ့မိသည်။ သို့ သော်လည်း ယခုအခါတွင်မူ သူ၏ ရှေ့၌ ပူနွေးသော အစားအစာ ဗန်းတစ်ဗန်းနှင့်အတူ ထိုင်နေရပြီ ဖြစ်ရာ သူတို့သည် ယောင်ရန်၏ အဖွဲ့ထဲသို့ တကယ်ပင် ဝင်ရောက်ခဲ့ရပြီ ဖြစ်ကြောင်း နောက်ဆုံးတွင် သူ နားလည်သွားခဲ့လေသည်။

မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် သူသည် ဒုတိယသားဖြစ်သူကို ကြည့်ကာ မေးလိုက်လေသည်။

"ယီရွှယ်၊ မိန်းကလေးယောင် က ငါတို့ကို သူ့အဖွဲ့ထဲ ဝင်ခွင့်ပြုအောင် မင်း သူ့ကို ဘာကတိတွေ ပေး လိုက်ရတာလဲ..."

စားသောက်ရန် အလုပ်ရှုပ်နေသော ဟန်ယီရွှယ်သည် အရသာရှိလှသော အေးစက်နေသည့် ခေါက်ဆွဲ များကို မြန်မြန်မျိုချလိုက်ပြီး ပြောလေ၏။

"ကျွန်တော် သူ့အတွက် အလုပ်လုပ်ပေးရမယ်၊ သူကတော့ ကျွန်တော်တို့ကို အကာအကွယ်ပေးပြီး အစားအစာတွေ ထောက်ပံ့ပေးလိမ့်မယ်..."

ဖခင်ဖြစ်သူ၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကို သတိပြုမိသောအခါ ဟန်ယီရွှယ်က ဆက်ပြောလိုက် လေသည်။

"စိတ်မပူပါနဲ့ အဖေရယ်၊ ကျွန်တော်က အထောက်အကူပြု အဖွဲ့ဝင် သက်သက်ပါ၊ အန္တရာယ်ရှိတဲ့ ကိစ္စ ဘာတစ်ခုမှ လုပ်စရာ မလိုပါဘူး..."

လောင်ဟန်သည် သူ၏ ဒုတိယသားဖြစ်သူကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ပြောလေ၏။

"မင်း ဘေးကင်းနေသရွေ့တော့ ကောင်းပါတယ်လေ..."

ထိုညက ဟန်မိသားစုသည် ကမ္ဘာပျက်ကပ် စတင်ပြီးနောက် ခုနစ်လအတွင်း ပထမဆုံး အကြိမ်အဖြစ် ဝလင်သော အစားအစာကို စားသုံးခဲ့ရလေသည်။ သူတို့၌ တဲများ မရှိသည်ကို မြင်သောအခါ လုံယုက ဟန်မောင်နှမများကို ထရပ်ကားပေါ်မှ တဲနှစ်လုံး သွားယူခွင့်ပြုလိုက်ပြီး သူတို့ မိသားစု အိပ်စက်ရန် အတွက် ထိုးပေးလိုက်လေသည်။

ညစာစားပြီးနောက် လုံယုသည် သူတို့ကို နှစ်ယောက်တစ်ဖွဲ့စီ ခွဲလိုက်ပြီး အခြားသူများ အိပ်စက်နေချိန် တွင် အလှည့်ကျ ကင်းစောင့်စေခဲ့၏။

နောက်တစ်နေ့တွင် ယောင်ရန်သည် နေမထွက်မီလေးမှာပင် နိုးလာခဲ့သည်။ သူမ မည်သည့်နေရာသို့ ရောက်နေသနည်းဆိုသည်ကို ပြန်လည် မမှတ်မိခင် တဲ၏ အမိုးကို စက္ကန့်အနည်းငယ်မျှ ကြောင်တောင် တောင် ငေးကြည့်နေမိလေသည်။

ကိုယ့်ကိုယ်ကို စေးကပ်ကပ် ခံစားနေရသဖြင့် အခြားမည်သူမျှ မနိုးခင် သူမ၏ နေရာလွတ် အတွင်း၌ ရေအမြန်ချိုးရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် အနက်ရောင် တီရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ကာ နေရာလွတ် ထဲမှ ထွက်လာခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် သူမသည် တူညီသော ဝတ်စုံများစွာကို ကြိုတင် ဝယ်ယူထားခဲ့သောကြောင့် သူမ အဝတ်အစား လဲလိုက်လျှင်ပင် မည်သူကမျှ သတိထားမိမည် မဟုတ်ပေ။ သူမကို အနံ့ခံနိုင်လောက် အောင် အနီးကပ်လာခဲ့လျှင်မူ လုံယု၏ လက်သီးတစ်လုံးနှင့် ရင်ဆိုင်ရမည်သာ ဖြစ်လေသည်။

နေရာလွတ် မှ ထွက်ခွာလာပြီးနောက် ယောင်ရန်သည် အပြင်ဘက် အပူချိန်ကို စစ်ဆေးရန် သာမိုမီတာ တစ်ခုကို ထုတ်ယူလိုက်၏။ အပူချိန်မှာ (၅၈) ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ကျဆင်းသွားသည်ကို မြင်သော အခါ သူမသည် သာမိုမီတာကို နေရာလွတ် ထဲသို့ ပြန်ထားလိုက်ပြီး အပြင်သို့ ထွက်လာခဲ့လေသည်။

သူမကို မြင်သောအခါ လုံယုက အနီးသို့ ချဉ်းကပ်လာပြီး ပြောလေသည်။

"နေမထွက်သေးဘူး၊ မင်း ခဏလောက် ထပ်အိပ်သင့်တယ်..."

ယောင်ရန်က ခေါင်းခါပြလိုက်၏။

"ကျွန်မ ခုလေးတင် အပူချိန်ကို စစ်ကြည့်လိုက်တာ၊ နောက်ထပ် နှစ်ဒီဂရီတောင် ထပ်ကျသွားတယ်၊ အခု ဆို မေလ ရောက်နေပြီ၊ နွေရာသီ ရောက်လာတဲ့အခါ အပူချိန်က ပြန်ပြီး ထိုးတက်သွားနိုင်တယ်၊ ကျွန်မ တို့ နေရာတစ်ခု ရှာပြီး စောစောစီးစီး ပြင်ဆင်မှုတွေ စလုပ်ဖို့ လိုအပ်နေပြီ..."

လုံယု ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလေသည်။

"အလွန်အမင်း ပူပြင်းတဲ့ ရာသီဥတုက အနည်းဆုံး တစ်နှစ်လောက် ကြာခဲ့တာကို ငါ မှတ်မိတယ်၊ ဒီ နွေရာသီမှာ ပိုပြီး ပူလာမယ်ဆိုရင် ငါတို့ ရှန်းဝူ အပန်းဖြေစခန်း ကို အမြန်ဆုံး သွားဖို့ လိုလိမ့်မယ်..."

ဤကမ္ဘာကြီးတွင် အသက်ရှင်သန်ရန်အတွက် အစဉ်အမြဲ နိုးကြားနေမှုနှင့် အစီအစဉ်ဆွဲမှုတို့ လိုအပ်လှ ပေသည်။ သို့မဟုတ်ပါက သူတို့ မည်သို့ သေဆုံးသွားရမည်ကိုပင် သိရှိနိုင်မည် မဟုတ်ပေ။

လုံယုနှင့် ယောင်ရန်တို့တွင် တူညီသော အကြံအစည် ရှိကြသဖြင့် သူတို့သည် စောစောစီးစီး ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြလေသည်။

"ကျွန်မ မနက်စာ လုပ်လိုက်မယ်၊ အာယု၊ တခြားသူတွေကို သွားနှိုးပေးလို့ ရမလား..."

ယောင်ရန်က မေးလိုက်၏။

လုံယုက ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီလေ..."

သူတို့ စောစော ထွက်ခွာရန် လိုအပ်သောကြောင့် ယောင်ရန်သည် ရိုးရှင်းသော နံနက်စာကိုသာ ရွေးချယ် လိုက်လေသည်။ သူမသည် ရေရောထားသော ကန်ရေကို ကျိုချက်၍ ဆန်ပြုတ် ပြုလုပ်ကာ၊ ပေါက်စီ များနှင့် ပဲနို့များကို အပူပေးပြီးနောက် ဝက်သားခြောက် အချို့ကို ပြင်ဆင်လိုက်၏။

ကျားရှန်း သည် သူမ၏ တဲထဲမှ ထွက်လာသောအခါ အစားအစာများ၏ မွှေးပျံ့သော အနံ့ကို ရလိုက်သ ဖြင့် သူမ၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့လေသည်။ မီးပုံရှိရာသို့ အလျင်စလို ပြေးလာသောအခါ ယောင်ရန် ဆန်ပြုတ် မွှေနေသည်ကို တွေ့လိုက်ရလေ၏။

"ကောင်းသောမနက်ခင်းပါ ယောင်ရန်၊ ဘာတွေ ချက်နေတာလဲ၊ မွှေးနေတာပဲ..."

ခေါက်စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ရင်း ကျားရှန်း က ပြောလိုက်လေသည်။

ယောင်ရန်က ပြုံးကာ ပြောလိုက်၏။

"ကောင်းသောမနက်ခင်းပါ အစ်မကျား၊ ကျွန်မ ဒီနေ့ မနက်စာအတွက် ဝက်သားခြောက်ရယ်၊ ပေါက်စီ ရယ်၊ ပဲနို့ရယ်နဲ့ ဆန်ပြုတ် လုပ်နေတာပါ..."

ဟင်းလျာများ၏ အမည်ကို ရေရွတ်ပြနေသည်ကို နားထောင်ရင်း ကျားရှန်း က ကျေးဇူးတင်စွာဖြင့် ပြောလေသည်။

"နင့်နဲ့ အတူရှိနေတာ ငါတို့ အရမ်းကံကောင်းတာပဲ၊ ဒါမှမဟုတ်ရင် ငါတို့ နေ့တိုင်း ဖိသိပ်ထားတဲ့ ဘီစကစ်မုန့်တွေကိုပဲ စားနေရတော့မှာ..."

ကျားရှန်း ၏ စကားကို ကြားသောအခါ ယောင်ရန်မှာ ရယ်မောရုံသာ ရယ်မောနေလိုက်လေသည်။ အစားအစာများ ချက်ပြုတ်ပြီးစီးသွားသောအခါ ကျားရှန်း သည် ပန်းကန်များ၊ ခွက်များနှင့် တူများကို ကူညီ၍ ချပေးလိုက်၏။

ငါးမိနစ်ခန့် အကြာတွင် နံနက်စာ အဆင်သင့် ဖြစ်သွားပြီဖြစ်ရာ အခြားသူများလည်း နိုးလာကြပြီး တဲ များထဲမှ ထွက်လာခဲ့ကြလေသည်။ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ နေရောင်ခြည် ဦးစွာ ထွက်ပေါ်လာချိန် တွင် သူတို့သည် အိတ်များကို ထုပ်ပိုးကာ ရှန်းဝူ အပန်းဖြေစခန်း သို့ ဆက်လက် ထွက်ခွာလာခဲ့ကြလေ သည်။

All Chapters