အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း (၂၆၃)
ရှန်းဝူ အပန်းဖြေစခန်း
ယောင်ရန်နှင့် သူမ၏ အဖွဲ့သည် တစ်နေကုန် ခရီးဆက်ခဲ့ပြီးနောက်၊ နောက်ဆုံးတွင် အဝေးဆီမှ ရှန်းဝူ အပန်းဖြေစခန်း ၏ ကျိုးပဲ့နေသော ဆိုင်းဘုတ်ကို သူမ မြင်တွေ့လိုက်ရလေသည်။
လုံယုသည် အပန်းဖြေစခန်း၏ ဝင်ပေါက်ဂိတ်ကို ဖြတ်၍ မောင်းနှင်သွားစဉ်၊ ပေဖုန်း ပြည်နယ် တွင် တစ်ချိန်က နာမည်ကြီးခဲ့သော နေရာကို ယောင်ရန် လှမ်းကြည့်လိုက်၏။ အပန်းဖြေစခန်း၏ အဓိက ဆွဲဆောင်မှုဖြစ်သော ရေကန်နှင့် မြစ်များမှာ ခန်းခြောက်နေခဲ့ပြီ ဖြစ်ကာ စိမ်းလန်းသော သစ်ပင်များမှာ လည်း ပျောက်ကွယ်သွားခဲ့ပြီး၊ အက်ကွဲနေသော မြေကြီးများနှင့် ပူပြင်းသည့် ကတ္တရာလမ်းများသာ ကျန်ရစ်လေတော့သည်။
ရှန်းဝူ အပန်းဖြေစခန်း ရှိ မြင်ကွင်းကို စူးစမ်းကြည့်ရှုရင်း ယောင်ရန် မျက်မှောင်ကြုတ်သွားကာ ပြော လိုက်လေသည်။
"မြေကြီး အခြေအနေကို ကြည့်ရတာ၊ ဒီနေရာမှာ ရေအရင်းအမြစ်တွေ ရှိတော့မယ် မထင်ဘူး..."
သူမ၏ စကားကို ကြားသောအခါ လုံယုက တည်ငြိမ်စွာ ပြောလေ၏။
"ရှန်းဝူ အပန်းဖြေစခန်း က မြင့်တဲ့နေရာမှာ ရှိနေပြီး ရေကန်နဲ့ မြစ်တွေ ဖြတ်သန်း စီးဆင်းနေတာလေ၊ ယုတ္တိဗေဒ အရဆိုရင် သည်နေရာက ကျွင်းချန်မြို့ နားက နေရာတွေထက်စာရင် မြေအောက်ရေ ပိုများ သင့်တယ်..."
လက်ရှိ အခြေအနေအကြောင်းကို သူတို့ ဘာမျှ မသိထားကြသဖြင့် စကားပြောခြင်းကို ရပ်တန့်လိုက် ကြပြီး၊ လုံယုက လူနေရပ်ကွက်ဆီသို့ မောင်းနှင်နေစဉ် ပတ်ဝန်းကျင်ကိုသာ အကဲခတ်နေလိုက်ကြ လေသည်။
ရှန်းဝူ အပန်းဖြေစခန်း တွင် လူနေရပ်ကွက် ဇုန်ခြောက်ခု ရှိပြီး တစ်ခုနှင့်တစ်ခု မြစ်တစ်စင်းစီ ခြားထား ကာ ကိုယ်ပိုင် ထူးခြားသော ပုံစံနှင့် ဒီဇိုင်းများ အသီးသီး ရှိကြ၏။
သူတို့ ဦးတည်သွားနေသော လူနေရပ်ကွက်မှာ ဗီလာများ တည်ရှိရာ နေရာပင် ဖြစ်သည်။ ထိုနေရာတွင် မရှိမဖြစ် လိုအပ်သော အသုံးအဆောင်များ အားလုံး ပါဝင်ပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စနစ် လည်း ရှိလေသည်။ ယနေ့ နေရောင်ခြည် ပြင်းထန်မှုကြောင့် သူတို့၏ နေ့စဉ် လိုအပ်ချက်အတွက် လျှပ်စစ်စွမ်းအင်မှာ လုံလောက်သည်ထက်ပင် ပိုနေမည်သာ ဖြစ်၏။
မိနစ်နှစ်ဆယ်ကျော်ကြာ မောင်းနှင်ပြီးနောက် သူတို့ ရောက်ရှိသွားကြသည်။ အက်စ်ယူဗွီ ကားပေါ်မှ ဆင်းလာချိန်တွင် ယောင်ရန်သည် သတိဝီရိယ ရှိစွာ နေလိုက်လေသည်။ သူမသည် ကျောပိုးအိတ်ကို လွယ်ကာ၊ ဓားရှည်နှင့် သေနတ်ကို ကိုင်ဆောင်ထားပြီးနောက် သူတို့ရှေ့ရှိ ဗီလာကို လှမ်းကြည့်လိုက်၏။
လုံယုက သေနတ်ကို ယူ၍ ရှီရွှမ်း အား ညွှန်ကြားလိုက်လေသည်။
"အာရွှမ်း၊ မင်းက ဒီမှာနေပြီး ပစ္စည်းတွေကို စောင့်ထားလိုက်၊ ကျားရှန်း နဲ့ အာချန်၊ မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့..."
ကျားရှန်း နှင့် ဟွမ်ချန် တို့က ခေါင်းငြိမ့်ပြကာ လက်နက်များ ကိုင်ဆောင်၍ လုံယု နောက်သို့ လိုက်သွား ကြလေသည်။ သူတို့ လေးဦး ပတ်ဝန်းကျင်ကို စစ်ဆေးနေစဉ် ရှီရွှမ်း သည် လူနေရပ်ကွက်၏ မြေပုံကို လေ့လာပြီး အခြားသူများအား ပစ္စည်းများကို ကာကွယ်ရန် နေရာချထားပေးလိုက်လေသည်။
ဗီလာအတွင်းသို့ ဝင်ရောက်သွားသောအခါ ယောင်ရန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိ ပြုမိလိုက်၏။ ခြောက်သွေ့နေသော ရွှံ့များနှင့် ရေစွန်းထင်းမှုများမှလွဲ၍ ဗီလာမှာ သဘာဝဘေးအန္တရာယ် မကျရောက်မီကကဲ့သို့ သန့်ရှင်းနေပုံ ရပေသည်။
ယောင်ရန်သည် နံရံတစ်လျှောက် လက်ချောင်းများဖြင့် ပွတ်ဆွဲကြည့်ပြီးနောက် လက်ချောင်းများကို ပွတ်ချေကြည့်လိုက်သည်။ သူမ၏ လက်ဖျားများတွင် ဖုန်မှုန့်များ မတွေ့ရသောအခါ သူမ၏ မျက်ဝန်း များမှာ လင်းလက်သွားခဲ့၏။ သူမသည် လုံယုနှင့် အခြားသူများကို လှမ်းကြည့်လိုက်ပြီး ခေါင်းခါပြလိုက် လေသည်။
ဤသည်ကို မြင်သောအခါ သူတို့သည် သေနတ်များကို မြှောက်ကိုင်ကာ ဗီလာကို သတိကြီးစွာဖြင့် စစ်ဆေးကြည့်ကြသည်။ သေချာစွာ ရှာဖွေပြီးနောက်တွင်မူ လူ သို့မဟုတ် မျိုးရိုးဗီဇပြောင်းလဲနေသော တိရစ္ဆာန်များ၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
ဟွမ်ချန် က လုံယုကို ကြည့်ကာ ပြောလိုက်လေသည်။
"ခေါင်းဆောင်၊ ဒီမှာ ဘယ်သူမှ မရှိဘူး..."
ကျားရှန်း သည် ခြံနောက်ဖေးမှ ပြန်ရောက်လာပြီး ခေါင်းခါပြကာ ပြောလေ၏။
"ခြံနောက်ဖေးမှာလည်း ဘယ်သူမှ မရှိဘူး..."
ထိုစကားကို ကြားသောအခါ ယောင်ရန် မျက်မှောင်ကြုတ်သွားလေသည်။ သူမ ဧည့်ခန်းကို အကဲခတ် ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
"နံရံတွေနဲ့ ပရိဘောဂတွေက သန့်ရှင်းလွန်းနေတယ်၊ ဒီမှာ တစ်ယောက်ယောက် နေနေတာ သေချာ တယ်..."
ဟွမ်ချန် သည် ခြောက်သွေ့နေသော ရွှံ့များကို ခဏမျှ စစ်ဆေးကြည့်ပြီး မေးလိုက်လေသည်။
"တစ်ယောက်ယောက်သာ နေနေတယ်ဆိုရင်၊ ဘာလို့ ရွှံ့တွေကို မရှင်းလင်းရတာလဲ..."
ယောင်ရန်က ပြန်ဖြေလိုက်၏။
"သေချာကြည့်လေ၊ တကယ်လို့ ရေကြီးလို့ ကျန်ခဲ့တဲ့ ရွှံ့တွေသာဆိုရင် ကြမ်းပြင်မှာ ကပ်နေပြီး အက်ကွဲ နေရမှာပေါ့၊ အခုလို ပြန့်ကျဲနေမှာ မဟုတ်ဘူး၊ ဒီနေရာမှာ လူမနေဘူးလို့ ငါတို့ကို ထင်စေချင်တဲ့သူ ရှိပုံရ တယ်..."
ဟွမ်ချန် သည် ရွှံ့များကို ပိုမို သေချာစွာ ကြည့်ရှုလိုက်ရာ ယောင်ရန် ပြောသည့်အတိုင်း မှန်ကန်နေ ကြောင်း နားလည်သွားခဲ့လေသည်။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကြမ်းပြင်အောက်မှ တိုးညင်းသော အက်ကွဲသံတစ်ခု ပဲ့တင်ထပ် လာခဲ့၏။ သူတို့ လေးဦးသည် အလိုအလျောက် သေနတ်များကို မြှောက်ကိုင်လိုက်ကြပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြလေသည်။ နှစ်မိနစ်ခန့် စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်အရာမျှတော့ ဖြစ်မ လာခဲ့ပေ။
လုံယုသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကြမ်းပြင်ပေါ်ရှိ ခြောက်သွေ့နေသော ရွှံ့များကို စစ်ဆေး ကြည့်ပြီး ပြောလိုက်လေသည်။
"မြေအောက်ခန်း တစ်ခန်း ရှိတယ်..."
ယောင်ရန်သည် သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ခြောက်သွေ့နေသော ရွှံ့များမှာ အတွင်း ဘက်သို့ ပြုတ်ကျနေပုံရသည်ကို သတိပြုမိသွား၏။
သူမ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြမ်းပြင်ကို လက်ချောင်းများဖြင့် စမ်းသပ်ကြည့်လိုက်လေသည်။ ကြမ်းပြင်အောက်မှ တိုက်ခတ်လာသော အေးစက်စက် လေပြေက သူမ၏ လက်ချောင်းများကို ဖြတ် သန်းတိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီးနောက် ပြောလိုက်၏။
"အောက်ကနေ လေဝင်လေထွက် ရှိနေတယ်၊ အောက်ဘက်မှာ အပူချိန်ကလည်း ပိုအေးနေတယ်..."
လတ်တလော လူနေထိုင်သည့် အရိပ်အယောင်များနှင့် မြေအောက်ခန်းတစ်ခုကို တွေ့ရှိခဲ့ကြပြီဖြစ်ရာ အောက်ဘက်တွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေရန် ပို၍သေချာနေလေသည်။ သူတို့ လေးဦး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မြေအောက်ခန်း ဝင်ပေါက်ကို စတင် ရှာဖွေကြလေသည်။
ခြံနောက်ဖေးရှိ သိုလှောင်ရုံတံခါးကို တွန်းဖွင့်လိုက်သောအခါ ယောင်ရန်သည် အတွင်း၌ သေတ္တာများနှင့် ထင်းများ အပြည့်ရှိနေသည်ကို တွေ့လိုက်ရ၏။
အခန်းမှာ သေးငယ်လှသဖြင့် တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို သူမ မြင်နိုင်ပေသည်။ သေတ္တာများ နှင့် ထင်းများပေါ်တွင် ဖုန်များ စုပုံနေသော်လည်း၊ ယောင်ရန် အတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် ရုတ် တရက် ရပ်တန့်သွားခဲ့လေသည်။
အတွင်းသို့ ဝင်ရောက်သွားသောအခါ ကြမ်းပြင်ပေါ်၌ သူမ ခြေလှမ်းလိုက်သည့် အသံမှာ ကွာခြားနေ ကြောင်း သတိပြုမိလိုက်၏။ သူမ၏ လမ်းလျှောက်ပုံအရ ပုံမှန်ဆိုလျှင် မည်သည့်အသံမျှ ထွက်ပေါ်လေ့ မရှိပေ။
သို့သော်လည်း ခုလေးတင် လမ်းလျှောက်လိုက်စဉ် တိုးညင်းသော ခေါက်သံတစ်ခုကို သူမ ကြားလိုက်ရ လေသည်။
ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမသည် သိုလှောင်ရုံထဲရှိ အရာအားလုံးကို သူမ၏ နေရာလွတ် ထဲသို့ ထည့်သွင်းလိုက်လေသည်။ သေတ္တာများနှင့် ထင်းများကို ရှင်းလင်းလိုက်ပြီးသည်နှင့် ကြမ်းပြင်ပေါ်ရှိ တံခါးတစ်ချပ်ကို ယောင်ရန် တွေ့ရှိသွားခဲ့လေ၏။
သူမ၏ မျက်ဝန်းများ ဝင်းလက်သွားပြီးနောက်၊ လုံယုနှင့် အခြားသူများကို သွားမရှာဖွေမီ သိုလှောင်ရုံ တစ်ဝိုက်တွင် ဟန်ဆောင်၍ ရှာဖွေလိုက်လေသည်။
ဧည့်ခန်းသို့ ပြန်ရောက်သောအခါ လုံယု၊ ကျားရှန်း နှင့် ဟွမ်ချန် တို့ကို တွေ့လိုက်ရသည်။ သူမသည် သူတို့ကို တိတ်တိတ်နေရန်နှင့် သူမနောက်သို့ လိုက်ခဲ့ရန် အချက်ပြလိုက်လေသည်။
ဤသည်ကို မြင်သောအခါ လုံယုနှင့် အခြားသူများမှာ ယောင်ရန်သည် မြေအောက်ခန်း ဝင်ပေါက်ကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း နားလည်သွားကြ၏။ သူတို့ သုံးဦးသည် သေနတ်များကို မြှောက်ကိုင်လိုက် ကြပြီး သူမနောက်သို့ လျင်မြန်စွာ လိုက်သွားကြလေသည်။
သိုလှောင်ရုံသို့ ရောက်ရှိသွားသောအခါ လုံယုသည် ကြမ်းပြင်ပေါ်ရှိ တံခါးကို တွေ့ရှိသွားခဲ့လေသည်။ သူသည် အတွင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားပြီး တံခါးရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်လေ၏။ တံခါးကို မဖွင့်မီ သူသည် အခြားသူများနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
ယောင်ရန်၊ ကျားရှန်း နှင့် ဟွမ်ချန် တို့က ခေါင်းငြိမ့်ပြကာ တံခါးဆီသို့ သေနတ်များ ချိန်ရွယ်ထားကြ၏။ လုံယု တံခါးဖွင့်လိုက်ချိန်တွင် တစ်စုံတစ်ခု ထွက်လာပါက သူတို့ဘက်မှ တိုက်ခိုက်ရန် အဆင်သင့် ဖြစ် နေပေသည်။
အဆင်သင့် ပြင်ဆင်ပြီးနောက် လုံယုသည် တံခါးကို ဖွင့်လိုက်ပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်လိုက် လေသည်။ တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကလေးလက်သီးဆုပ်ခန့်ရှိသော မီးလုံးတစ်လုံး ပစ် ထွက်လာခဲ့၏။
"ဘုန်း... "
မီးလုံး ပစ်ထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း ဘေးသို့ ရှောင်ထွက်လိုက်ကြလေသည်။
မီးလုံးက သူမကို ဖြတ်သန်းသွားစဉ် ၎င်း၏ ပူလောင်သော အပူရှိန်ကို ယောင်ရန် ခံစားလိုက်ရလေ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့ အလုံအလောက် လျင်မြန်စွာ ရွေ့လျားနိုင်ခဲ့သည်။ သို့မဟုတ်ပါက ဤအချိန်ဆိုလျှင် သူတို့မှာ ကျက်လုနီးပါး ကင်ထားသော အသားပြားများ ဖြစ်နေလောက်ပြီ ဖြစ်ပေ သည်။
"ဝုန်း.. "