အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း (၂၆၄)
ကောင်လေးတစ်ယောက်နှင့် ကလေးတစ်စု
မီးလုံးသည် သိုလှောင်ရုံထဲမှ ပစ်ထွက်လာပြီး နံရံကို မှန်ကန်သွားကာ၊ ချက်ချင်းပင် မည်းနက်၍ လောင် ကျွမ်းနေသော အကွက်တစ်ခုကို ကျန်ရစ်စေခဲ့လေသည်။
ဤသည်ကို မြင်သောအခါ လုံယု၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့၏။ သူက ယောင်ရန်ကို လှမ်း ကြည့်လိုက်ရာ သူတို့နှစ်ဦးလုံးသည် အခြားသူများ ဘာတွေးနေကြသနည်း ဆိုသည်ကို နားလည်သွားကြ လေသည်။
ရန်သူက နောက်ထပ် မီးလုံးတစ်လုံး မပစ်လွှတ်နိုင်ခင်မှာပင် လုံယုသည် မြေအောက်ခန်း ဝင်ပေါက်မှ တစ်ဆင့် လျင်မြန်စွာ ဝင်ရောက်သွားခဲ့လေသည်။
ဤသည်ကို မြင်သောအခါ ဟွမ်ချန် နှင့် ကျားရှန်း တို့မှာ လန့်ဖြန့်သွားကြပြီး အလန့်တကြား အော်လိုက် ကြလေ၏။
"ခေါင်းဆောင်၊ သတိထားဦး..."
လုံယုသည် လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် မီးလုံးတစ်လုံးက သူ၏ ဆီသို့ ပစ်လွှတ်လာခဲ့လေသည်။ သူသည် အရှိန်ကို မလျှော့ချဘဲ မီးလုံးကို ရစ်ပတ်ရန် သူ၏ လေစွမ်းအင် ကို လည်ပတ်စေလိုက်ပြီး ၎င်း၏ ပတ်ဝန်းကျင်ရှိ အောက်ဆီဂျင်များကို စုပ်ယူလိုက်၏။
"ဖှစ်..."
အောက်ဆီဂျင် ပြတ်လပ်သွားသဖြင့် မီးလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။ ဤသည်ကို မြင်သောအခါ လုံယု၏ နှုတ်ခမ်းထက်တွင် သဲ့သဲ့မျှသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ လုံယုက မြေအောက်ခန်းဆီသို့ ဦးဆောင်သွားသောအခါ ယောင်ရန်ကလည်း သူ၏နောက်မှ ကပ်လျက် လိုက် ပါသွားခဲ့လေသည်။
သိုလှောင်ရုံထဲတွင် ဟွမ်ချန် က ကျားရှန်း ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အစ်မကျား၊ အစ်မ ဒီမှာပဲ နေခဲ့၊ သူတို့ကို ကူညီပေးဖို့ ကျွန်တော် အောက်ဆင်းသွားလိုက်မယ်..."
သူတို့သည် ဝင်ပေါက်ကို ကင်းမဲ့စွာ မထားခဲ့နိုင်သဖြင့် ကျားရှန်း ကလည်း သဘောတူလိုက်၏။
"သတိထားနော်..."
"အင်း၊ အစ်မလည်း သတိထားဦး..."
ထိုသို့ပြောပြီးနောက် ဟွမ်ချန် သည် အောက်ထပ်သို့ အလျင်စလို ဆင်းသွားခဲ့လေသည်။
ထိုအချိန်တွင် လုံယုနှင့် ယောင်ရန်တို့မှာ မြေအောက်ခန်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်၊ ထိုသူနှစ်ဦးသည် မှောင်မည်းနေသော အခန်းကို အကဲခတ်ကြည့် လိုက်ကြ၏။ သူတို့ တစ်စုံတစ်ခုကိုမျှ မမြင်ရသေးခင်မှာပင် နောက်ထပ် မီးလုံးနှစ်လုံးမှာ သူတို့ထံသို့ လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာခဲ့လေသည်။
"ရွှီး... ရွှီး..."
ရုတ်တရက် ထွက်ပေါ်လာသော မီးတောက်များက အမှောင်ထုကို လင်းထိန်သွားစေပြီး ယောင်ရန်အား ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေခဲ့သည်။ သူမ မြင်ကွင်းကို အကဲခတ်နေစဉ်၊ လုံယုသည် မီးလုံးများကို ထိန်းချုပ်ရန် သူ၏ လေစွမ်းအင် ကို အသုံးပြုလိုက်ပြီး မှောင်မည်းနေသော မြေအောက် ခန်းအတွက် အလင်းရောင် အရင်းအမြစ်အဖြစ် အသုံးပြုလိုက်လေသည်။
ယခုအခါ အခန်းမှာ ပိုမို လင်းထိန်လာပြီဖြစ်ရာ ယောင်ရန်နှင့် လုံယုတို့သည် သူတို့ကို မီးလုံးများဖြင့် တိုက်ခိုက်နေသူအား နောက်ဆုံးတွင် မြင်တွေ့လိုက်ရလေသည်။
ကောင်လေးတစ်ယောက်က သူတို့ရှေ့၌ မတ်တပ်ရပ်ကာ ပြင်းထန်စွာ စိုက်ကြည့်နေပြီး သူ၏ မေးစေ့မှ ချွေးများက ကြမ်းပြင်ပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းနေခဲ့၏။
သူ၏ အနောက်တွင်မူ ကလေးတစ်စုက ယောင်ရန်နှင့် လုံယုတို့ကို ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ငေးကြည့်နေကြလေသည်။ ဤသည်ကို မြင်သောအခါ လုံယုနှင့် ယောင်ရန်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သေနတ်များကို အောက်သို့ ချလိုက်ကြလေ၏။
ဟွမ်ချန် ရောက်ရှိလာသောအခါ ဤမြင်ကွင်းကို တွေ့လိုက်ရသဖြင့် လုံယုအား တိုးညင်းစွာ မေးလိုက် လေသည်။
"ခေါင်းဆောင်၊ ဒီကလေးတွေက ဘယ်သူတွေလဲ..."
လုံယုက ခေါင်းခါပြလိုက်ပြီးနောက် ကောင်လေးကို လှည့်ကြည့်ကာ မေးလိုက်၏။
"ငါတို့ကို မီးလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာ မင်းလား..."
ကောင်လေးက သူ့ကို စူးရှစွာ စိုက်ကြည့်ကာ အက်ကွဲနေသော အသံဖြင့် အော်ဟစ်လိုက်လေသည်။
"ငါတို့ အိမ်ထဲကနေ ထွက်သွားစမ်း..."
သူ၏ သတိထား ကာကွယ်နေသော မျက်နှာအမူအရာကို အကဲခတ်မိသော ယောင်ရန်သည် လုံယု၏ လက်မောင်းကို ထိလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။
"သွားကြစို့..."
လုံယုသည် သူမ၏ အကြံပြုချက်ကို စဉ်းစားလိုက်ပြီးနောက် ကောင်လေးနောက်တွင် ပုန်းကွယ်နေသော ထိတ်လန့်နေသည့် ကလေးများကို ကြည့်ကာ ပြောလိုက်လေသည်။
"ပြန်ဆုတ်မယ်..."
သူတို့ သုံးဦးသည် ကောင်လေးနှင့် အကြည့်ချင်းဆုံမှုကို ထိန်းသိမ်းထားရင်း လှေကားရှိရာသို့ ဖြည်းညင်း စွာ ဆုတ်ခွာသွားခဲ့ကြလေ၏။ သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကောင်လေးမှာ ဒူးထောက်ကျ သွားခဲ့လေသည်။
ဤသည်ကို မြင်သောအခါ ကလေးများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"အစ်ကို..."
ကောင်လေးက ကလေးများကို ပြုံးပြကာ အားနည်းစွာ ပြောလိုက်၏။
"အစ်ကို အဆင်ပြေပါတယ်၊ ခဏလောက် အနားယူဖို့ပဲ လိုတာပါ..."
သူ၏ ချွေးများ ဖုံးလွှမ်းနေသော ဖြူဖျော့သည့် မျက်နှာကို သတိပြုမိသောအခါ၊ အငယ်ဆုံး ကလေး လေးက သူ၏ ညစ်ပေနေသော လက်ဖြင့် ကောင်လေး၏ နဖူးကို သုတ်ပေးရင်း မေးလိုက်လေသည်။
"အစ်ကို၊ ထိခိုက်သွားသေးလား..."
ကောင်လေးသည် ကလေးငယ်၏ ရှုပ်ပွနေသော ဆံပင်များကို ဖွလိုက်ပြီး နူးညံ့စွာ ပြန်ဖြေလေ၏။
"အစ်ကို ဘာမှ မဖြစ်ပါဘူး၊ အစ်ကို့ကို ခဏလောက် နားခွင့်ပေးပါဦး၊ ပြီးရင် ငါတို့ အပေါ်ထပ် ပြန်တက် လို့ရပြီ..."
ကလေးငယ်က ခေါင်းငြိမ့်ပြလိုက်ပြီး၊ အခြား ကလေးများနှင့်အတူ ကောင်လေးအား နံရံကို မှီ၍ ထိုင်နိုင် ရန် ကူညီပေးလိုက်လေသည်။ သူက အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်ချိန်တွင် ကလေးများ က သူ၏ ဘေးတွင် ဝိုင်းထိုင်ကာ စိုးရိမ်တကြီးဖြင့် သူ့ကို စောင့်ကြည့်နေကြ၏။
အပေါ်ထပ် သိုလှောင်ရုံထဲရှိ ကျားရှန်း မှာ အောက်ဘက်မှ မီးတောက်သံများကို ရံဖန်ရံခါ ကြားနေရ သော်လည်း သူတို့ကို သွားရောက် မစစ်ဆေးနိုင်သဖြင့် စိုးရိမ်ပူပန်လာခဲ့လေသည်။ သူမ အောက်သို့ ဆင်းသွားရန် ပြင်လိုက်စဉ်မှာပင် လုံယု၊ ယောင်ရန်နှင့် ဟွမ်ချန် တို့သည် မြေအောက်ခန်းထဲမှ နောက် ဆုံးတွင် ထွက်လာခဲ့ကြလေ၏။
သူတို့တွင် ထိခိုက်ဒဏ်ရာများ မရှိသည်ကို မြင်သောအခါ သူမသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး မေးလိုက်လေသည်။
"ငါတို့ကို တိုက်ခိုက်ခဲ့တဲ့သူ ဘယ်သူလဲဆိုတာ နင်တို့ တွေ့ခဲ့လား..."
လုံယုက ပြန်ဖြေလိုက်၏။
"ကလေးတစ်စုကို ကာကွယ်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ၊ ဒီဗီလာက သူတို့အိမ်ပဲ၊ ငါတို့ ထွက်သွားပြီး နေစရာ နောက်တစ်နေရာ ရှာကြတာပေါ့..."
ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် ကလေးငယ်များ ရှင်သန်ရန်အတွက် အတူတကွ စုရုံးနေကြသည်ကို တွေ့ရခြင်းမှာ ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။ သူတို့၏ မိသားစုဝင် အများစုမှာ ဘေးအန္တရာယ် ကြီးတွင် သေဆုံးသွားခဲ့ကြသဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန် တသီးတသန့်သာ နေထိုင်ကြရခြင်း ဖြစ်၏။
ကျားရှန်း သည် မြေအောက်ခန်း ဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။
"သူတို့ကို အောက်မှာ တကယ်ပဲ ဒီအတိုင်း ထားခဲ့မှာလား..."
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်၏။
"ငါတို့ ထွက်သွားတာနဲ့ သူတို့ ထွက်လာကြလိမ့်မယ်..."
လုံယုသည် မြေအောက်ခန်း ဝင်ပေါက်ကို ပိတ်လိုက်ပြီး ပြောလေသည်။
"သွားကြစို့..."
သူက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ရာ ကျားရှန်း သည် ဘာမှ ထပ်မပြောတော့ပေ။
ဗီလာထဲမှ ထွက်လာသောအခါ လုံယုက ရှီရွှမ်း အား ပြောလိုက်လေသည်။
"ငါတို့ နောက်ထပ် ဗီလာတစ်လုံးကို ရှာကြမယ်၊ ဒီဗီလာမှာ ပိုင်ရှင် ရှိပြီးသားဖြစ်နေတယ်..."
အတိတ်တွင် ရှန်းဝူ အပန်းဖြေစခန်း မှာ နာမည်ကြီးခဲ့ပြီး လူအများအပြားသည် အားလပ်ရက် အပန်းဖြေ ရန် ဤနေရာသို့ လာရောက်ခဲ့ကြသည်။ အချို့သော သူဌေးများသည် ဗီလာကို တိုက်ရိုက် ဝယ်ယူတတ် ကြသဖြင့် ဤဗီလာ၌ ပိုင်ရှင် ရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
ရှီရွှမ်း သည် ဗီလာတွင် လူရှိနေကြောင်း ကြားသောအခါ ခေါင်းငြိမ့်လိုက်ပြီး အခြားသူများကို ပြောလိုက် ၏။
"ပစ္စည်းတွေ သိမ်းလိုက်ကြ၊ ငါတို့ နောက်ဗီလာ တစ်လုံးကို သွားရှာကြမယ်..."
သူ ထိုသို့ပြောပြီးနောက် စီမာ၊ ချွမ် နှင့် ဟန် မိသားစုတို့သည် သူတို့၏ ယာဉ်များပေါ်သို့ လျင်မြန်စွာ စုရုံး ရောက်ရှိသွားကြလေသည်။
ဟန်မိသားစုသည် အဖွဲ့ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ လောင်ဟန် နှင့် ဟန်ယီရွှယ် တို့သာ သူတို့၏ ကားပေါ်တွင် စီးနင်းခဲ့ကြပြီး ကျန်မိသားစုဝင်များမှာမူ စီမာ နှင့် ချွမ် မိသားစုများနှင့်အတူ ဘတ်စ်ကား ပေါ်တွင် လိုက်ပါသွားကြ၏။
ဤလူနေရပ်ကွက်ရှိ ဗီလာတိုင်းတွင် ကြီးမားသော ခြံဝင်းနှင့် ဥယျာဉ်တစ်ခုစီ ရှိလေသည်။ အချို့သော ဗီလာများတွင် ကိုယ်ပိုင် ရေကူးကန်များနှင့် ဘတ်စကက်ဘော ကွင်းများပင် ရှိကြလေ၏။ မိနစ်အနည်း ငယ်ကြာ မောင်းနှင်ပြီးနောက်၊ သူတို့သည် ပထမဗီလာ၏ ဘေးရှိ ဗီလာတစ်လုံးသို့ ရောက်ရှိသွားကြ လေသည်။
လုံယုနှင့် သူ၏ သူငယ်ချင်းများက ဗီလာနှင့် ပတ်ဝန်းကျင်ကို စစ်ဆေးနေချိန်တွင် အခြားသူများက အပြင်ဘက်၌ စောင့်ဆိုင်းကာ ပစ္စည်းများကို စောင့်ကြပ်နေခဲ့ကြသည်။ မိနစ်သုံးဆယ်ခန့် အကြာတွင် သူတို့သည် အိမ်ရှေ့ခြံဝင်းထဲ၌ စုရုံးလိုက်ကြ၏။ လုံယုသည် အခြားသူများကို ကြည့်ကာ ပြောလိုက်လေ သည်။
"ဘေးကင်းလုံခြုံရေးအတွက် ငါတို့အားလုံး ဒီမှာပဲ အတူတူ နေကြမယ်၊ ဒီဗီလာမှာ အထပ်လေးထပ် ရှိ ပြီး အခန်းပေါင်း နှစ်ဆယ်ကျော် ရှိတာမို့လို့ လူတိုင်းအတွက် နေရာ အလုံအလောက် ရှိတယ်၊ သက်ကြီး ရွယ်အိုတွေက ပထမထပ်က အခန်းတွေမှာ နေရမယ်၊ တိုက်ခိုက်ရေးသမားတွေက ဒုတိယထပ်မှာ နေ ပြီး၊ ကျန်တဲ့သူတွေက တတိယထပ်နဲ့ စတုတ္ထထပ်ကနေ ကြိုက်ရာရွေးချယ်နိုင်တယ်..."
လူတိုင်းက သဘောတူညီကြောင်း ခေါင်းငြိမ့်ပြလိုက်ကြသည်။ ယောင်ရန်က အချောင်ခိုမည့် သူများအ တွက် နေရာမရှိကြောင်း အလေးအနက် ပြောကြားထားခဲ့ပြီ ဖြစ်ရာ ဟန်မိသားစုမှာ အခန်းများကို ခွဲဝေ ပေးပြီးသည်နှင့် သူတို့၏ စွမ်းရည်များကို ပြသရန် စိတ်အားထက်သန်နေကြလေသည်။