← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉)

စစ်ဆေးမေးမြန်းခြင်း (၂)

အပြင်ဘက်တွင် စောင့်ကြပ်နေသော စစ်သည်တစ်ဦးသည် ဝူလျန်၏ အမိန့်ကို ကြားသောအခါ၊

"ဟုတ်ကဲ့ပါ ကပ္ပတိန်..." ဟု ပြန်ဖြေလိုက်လေသည်။

ဝူလျန်၏ ပါးနပ်သော လှည့်ဖြားမှု ဗျူဟာများကို ရိပ်မိပြီးသားဖြစ်သော ထိုစစ်သည်သည် မည်သည့် အမူအရာကိုမျှ မပြဘဲ အစားအစာများ တင်ထားသော လင်ဗန်းကို အမှောင်ခန်းအတွင်းသို့ သယ်ဆောင် လာခဲ့လေသည်။

လင်ဗန်းပေါ်ရှိ ပေါက်စီများနှင့် ဟင်းရွက်ကြော်များကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်ဝန်း များမှာ ပြူးကျယ်သွားလေသည်။ သူမသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူမ၏ ဆာလောင်မှုကို မဖုံးကွယ်နိုင်တော့ပေ။ သူမသည် အစားအစာနှင့် လဲလှယ်ရန် ရေကို ဖန်တီးနိုင်သော်လည်း များသော အားဖြင့် ဝအောင်စားရန် ခက်ခဲနေလေ့ ရှိပေ၏။

သူမ အစားအစာကို ငေးကြည့်နေသည်ကို သတိပြုမိသောအခါ ဝူလျန်သည် လင်ဗန်းကို သူမဆီသို့

တိုးပေးလိုက်၏။

"မိန်းကလေး... စကားပြောရင်း စားလို့ရပါတယ်..."

တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအမျိုးသမီးသည် ပေါက်စီတစ်လုံးကို ဆုပ်ကိုင်၍ အငန်းမရ စားတော့၏။ သူမ နင် မလို ဖြစ်သွားသည့်အခါ ရေတစ်ဝက်ခန့်ရှိသော ခွက်ကိုယူ၍ အလောတကြီး သောက်လိုက်လေသည်။

ဝူလျန်က သူမ စားနေသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေ၏။ သူမ စားသည့်အရှိန် လျော့သွားသော အခါ သူ၏ မျက်ဝန်းများမှာ ခေတ္တမျှ ဝင်းလက်သွားပြီး မေးလိုက်လေသည်။

"မိန်းကလေး... မင်းလို စွမ်းအားမျိုးရှိတဲ့ တခြားလူတွေကော ရှိသေးလား..."

အမျိုးသမီးက ပါးစပ်ထဲတွင် အစားအစာများ ပြည့်နေလျက်ပင် ခေါင်းခါပြကာ ပြောလေသည်။

"မရှိပါဘူး... ကျွန်မတို့ အဖွဲ့ထဲမှာ ရေကို ဖန်တီးနိုင်တာ ကျွန်မ တစ်ယောက်တည်းပဲ ရှိတာ..."

သူမ၏ စကားထဲမှ အရေးကြီးသော သတင်းအချက်အလက်ကို ရရှိလိုက်သဖြင့် ဝူလျန်၏ အကြည့်မှာ စူးရှသွားပြီး မေးလိုက်၏။

"ဒါဆိုရင် တခြား မတူညီတဲ့ စွမ်းအားတွေရှိတဲ့ လူတွေကိုကော သိလား..."

ဤတစ်ကြိမ်တွင်မူ အမျိုးသမီးက ခေါင်းငြိမ့်ပြလျက် ၊

"သိတာပေါ့... ကျွန်မတို့ အဖွဲ့က အရမ်း အစွမ်းထက်တာ... ကျွန်မတို့ ခေါင်းဆောင်က ကားတွေကို လက် တစ်ဖက်တည်းနဲ့ မနိုင်တဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးပဲ… ပြီးတော့ အရမ်း မြန်မြန် ပြေးနိုင်တဲ့ တက္ကသိုလ် ကျောင်းသား တစ်ယောက်လည်း ရှိသေးတယ်..."

ဝူလျန်သည် အမျိုးသမီး၏ စကားများကို ချင့်ချိန်ရင်း သူ၏ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးနေ မိလေ၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက မေးလိုက်လေသည်။

"မင်းရဲ့ စွမ်းအားကို ဘယ်လို ရရှိခဲ့တာလဲဆိုတာကော သိလား..."

အမျိုးသမီးက ခေါင်းခါပြလျက် ၊

"မသိပါဘူး... ကျွန်မတို့ အဖွဲ့ထဲက ဘယ်သူမှ သူတို့ရဲ့ စွမ်းအားတွေကို ဘယ်လို ရလာတယ်ဆိုတာ မသိ ကြဘူး..."

ထိုစကားကို ကြားသောအခါ ဝူလျန်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

"မင်းရဲ့ စွမ်းအားကို ရလာတဲ့ ဖြစ်စဉ်ကိုကော မှတ်မိသေးလား..."

အမျိုးသမီးသည် မျက်မှောင်အနည်းငယ် ကြုတ်လျက် ပြန်လည် စဉ်းစားရန် ကြိုးစားနေ၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ၊

"လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်မ ရေငတ်လွန်းလို့ သေလုနီးပါး ဖြစ်နေတာ... ရေတစ်ငုံလောက် သောက်ရဖို့ပဲ အပြင်းအထန် ဆုတောင်းနေမိခဲ့တယ်... အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို ကျွန်မရဲ့ လက်ဖဝါးထဲကနေ ရေစက်ကလေးတွေ ထွက်လာတာပဲ... အဲဒါကနေ ကျွန်မ စွမ်းအား ရလာခဲ့တာ..."

ဝူလျန်ကမူ သံသယ ရှိနေဆဲ ဖြစ်၏။ ဆုတောင်းရုံဖြင့် ဤကဲ့သို့ စွမ်းအားကို ရရှိလိမ့်မည် မဟုတ်ပေ။ အခြားသော ရှင်းပြချက်တစ်ခု ရှိရပေမည်။

ခဏမျှ စဉ်းစားပြီးနောက် သူက မေးလိုက်၏။

"မင်း စွမ်းအား မရခင်မှာ ဘာတွေ စားခဲ့သောက်ခဲ့သေးလဲ..."

အမျိုးသမီးသည် ခေတ္တမျှ စဉ်းစားနေဟန် ပြုပြီးမှ၊

"ဘာမှ မရှိပါဘူး... အဲဒီအချိန်တုန်းက ကျွန်မ ဘာမှ မစားရ မသောက်ရတာ ငါးရက်ကျော်နေပြီ... ငတ်ပြတ်ပြီး သေလုနီးပါး ဖြစ်နေတာ..."

သူမ၏ အဖြေကို နားထောင်ပြီးနောက် ဝူလျန် မျက်မှောင်ကြုတ်လိုက်မိ၏။ အကယ်၍ အစားအစာ သို့မဟုတ် ရေကြောင့် မဟုတ်လျှင် မမြင်နိုင်သော အရာတစ်ခုခု သို့မဟုတ် သူတို့ နားမလည်နိုင်သေး သော အထောက်အကူပြု အကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ရပေမည်။

ခွဲခြမ်းစိပ်ဖြာမှုများကို ဓာတ်ခွဲခန်းသို့သာ လွှဲအပ်ရန် ဆုံးဖြတ်လိုက်ပြီး ဝူလျန်သည် ထိုအမျိုးသမီးအား မည်သည့် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ အခန်းထဲမှ ထွက်လာခဲ့လေသည်။

သူ ရုတ်တရက် ထွက်သွားသည်ကို မြင်သောအခါ အမျိုးသမီးသည် စိုးရိမ်တကြီးဖြင့် မေးလိုက်လေ သည်။

"ဟေး... ရှင် ကျွန်မကို ဘယ်တော့ လွှတ်မှာလဲ..."

ဝူလျန်က သူမကို လျစ်လျူရှုထားပြီး အပြင်ဘက်တွင် စောင့်ကြပ်နေသော စစ်သည်များကို ကြည့်ကာ မှာလိုက်လေ၏။

"သူ့ကို သေချာ စောင့်ကြည့်ထားပါ..."

စစ်သည်များက အလေးပြုလျက် ဖြေလိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ ကပ္ပတိန်..."

အမှောင်ခန်း ဧရိယာမှ ထွက်လာပြီးနောက် ဝူလျန်သည် ရွှီချီဖန်နှင့် အဆင့်မြင့်အရာရှိများ အစည်းအဝေး ပြုလုပ်နေသော အစည်းအဝေးခန်းမဆီသို့ ဦးတည်သွားလေသည်။

သူ၏ မှောင်မှိုင်းသော မျက်နှာအမူအရာကြောင့် သူ့ကို မြင်သမျှ လူတိုင်းမှာ အမြန်ပင် လမ်းဖယ်ပေး လိုက်ကြ၏။ သူ၏ ပုံစံအရ ယခုအချိန်တွင် သူ့ကို ဒေါသထွက်အောင် လုပ်မိသူမှာ ဒုက္ခရောက်မည်မှာ သေချာလှပေသည်။

ဝူလျန်သည် စီမံခန့်ခွဲရေး အဆောက်အအုံအတွင်းသို့ လှမ်းဝင်လိုက်စဉ် ဝန်ထမ်းတစ်ဦး အလျင်အမြန် ထွက်လာသည်ကို တွေ့သဖြင့် လှမ်းတားလိုက်၏။

"တပ်ကြပ်ရွှီ အစည်းအဝေး ပြီးပြီလား..." ဟု သူက မေးလိုက်လေသည်။

ဝန်ထမ်းဖြစ်သူက ခေါင်းခါပြကာ ၊

"တပ်ကြပ်ရွှီ အစည်းအဝေး မပြီးသေးပါဘူး... ပြီးဖို့အတွက် နောက်ထပ် နာရီအနည်းငယ်လောက် ကြာနိုင်ပါသေးတယ်..."

ဝူလျန်က ခေါင်းငြိမ့်ပြလျက် ၊

"ကျေးဇူးပဲ..."

ကျေးဇူးတင်စကား ပြောပြီးနောက် ဝူလျန်သည် တတိယထပ်ရှိ အစည်းအဝေးခန်းမသို့ တက်လာခဲ့ လေသည်။ ရောက်ရှိသောအခါ တံခါးစောင့် စစ်သည်များက သူ့အား အလေးပြုလိုက်ကြ၏။

ဝူလျန်ကလည်း ပြန်လည် အလေးပြုလိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်တော် တပ်ကြပ်ရွှီကို တွေ့ဖို့ လိုအပ်တယ်..."

စစ်သည်တစ်ဦးက ပြန်ဖြေလေ၏။

"ခဏလောက် စောင့်ပေးပါ ကပ္ပတိန်ဝူ..."

"ကောင်းပါပြီ..."

ဝူလျန်သည် အပြင်ဘက်တွင် စောင့်နေစဉ် စစ်သည်ဖြစ်သူမှာ ဝူလျန် ရောက်ရှိလာကြောင်း ရွှီချီဖန်ကို အစီရင်ခံရန် အထဲသို့ ဝင်သွားခဲ့လေသည်။

မကြာမီမှာပင် စစ်သည်ဖြစ်သူ ပြန်ထွက်လာပြီး တံခါးကို ကျယ်ကျယ်ဖွင့်ပေးလျက် ဘေးသို့ ဖယ်ပေး လိုက်၏။

"ကပ္ပတိန်ဝူ... ကြွပါ..."

"ကျေးဇူးပဲ..."

ဝူလျန်သည် အခန်းအတွင်းသို့ လှမ်းဝင်လိုက်ပြီး ရွှီချီဖန်နှင့် အခြားသော အဆင့်မြင့်အရာရှိများကို တည်ငြိမ်စွာ အလေးပြုလိုက်လေသည်။

ဝူလျန်၏ တည်ကြည်လေးနက်သော မျက်နှာအမူအရာကို မြင်သောအခါ ရွှီချီဖန်က ဆို၏။

"မင်း ငါတို့ရဲ့ အစည်းအဝေးကို လာပြီး နှောင့်ယှက်တယ်ဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်ရ မယ်..."

ဝူလျန်က ခေါင်းငြိမ့်ပြကာ အစီရင်ခံလိုက်လေသည်။

"တပ်ကြပ်ရွှီ... ကျွန်တော်တို့ အခုလေးတင် ဘာမှမရှိတဲ့ နေရာကနေ ရေကို ဖန်တီးနိုင်တယ်လို့ ပြောတဲ့ အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးမိထားပါတယ်..."

သူ၏ စကားကြောင့် အခန်းအတွင်းရှိ လူတိုင်းမှာ တိတ်ဆိတ်သွားကြလေသည်။ ရွှီချီဖန်နှင့် အခြား အဆင့်မြင့်အရာရှိများသည် ဝူလျန်က ဤကဲ့သို့သော ရယ်စရာကောင်းသည့် သတင်းကို အစီရင်ခံရန်အ တွက် သူတို့၏ အစည်းအဝေးကို လာရောက် နှောင့်ယှက်သည်ကို ဆွံ့အသွားကြလေ၏။

အတန်ကြာမှ ရွှီချီဖန်က မေးလိုက်လေသည်။

"ကပ္ပတိန်ဝူ... မင်း အတည်ပြောနေတာလား..."

ဤအကြောင်းအရာမှာ မည်မျှပင် ယုံရခက်ခဲကြောင်း ဝူလျန် နားလည်ပေသည်။ ထို့ကြောင့်လည်း သူကိုယ်တိုင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်၍ အတည်ပြုခဲ့ခြင်း ဖြစ်၏။ သူသည် လူတိုင်း၏ ဝေခွဲမရ ဖြစ်နေသော မျက်နှာများကို ကြည့်ကာ တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်လေသည်။

"တပ်ကြပ်ရွှီ... ကျွန်တော် အခုလေးတင် အမှောင်ခန်း ဧရိယာကနေ ပြန်လာခဲ့တာပါ... သူမကို စစ်ဆေး မေးမြန်းပြီးတဲ့နောက်မှာတော့ သူမ ပြောတာ မှန်ကန်ကြောင်း ကျွန်တော် အတည်ပြုနိုင်ခဲ့ပါတယ်... သူမ ဟာ ဘာမှမရှိတဲ့ နေရာကနေ ရေကို တကယ်ပဲ ဖန်တီးနိုင်ပါတယ်... ဒီကိစ္စဟာ အရမ်းကိုမှ အရေးကြီး တယ်လို့ ကျွန်တော် ထင်တာကြောင့် လာပြီး အစီရင်ခံတာပါ..."

သူ၏ ပြောကြားချက်ကြောင့် အခန်းအတွင်း၌ ဆွေးနွေးသံများ ဆူညံသွားလေသည်။ အမြဲတစေ တည် ငြိမ်လှသော ရွှီချီဖန်ပင်လျှင် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

"ဒါက တကယ့်ကို မယုံနိုင်စရာပဲ... တကယ်လို့ ဒီအမျိုးသမီးက ရေကို ဖန်တီးနိုင်တယ်ဆိုရင် ငါတို့ရဲ့ ရေ ပြတ်လပ်မှု ပြဿနာဟာ နောက်ဆုံးတော့ ပြေလည်သွားတော့မှာပေါ့..."

အဆင့်မြင့်အရာရှိ တစ်ဦးက ရယ်မောလျက် အော်ဟစ်ပြောဆိုလိုက်၏။

ရွှီချီဖန်ကလည်း ခေါင်းငြိမ့်ကာ သဘောတူလိုက်ပြီး၊

"ငါတို့ သူမကို အခြေစိုက်စခန်းဆီ ဖိတ်ခေါ်ဖို့ အမြန်ဆုံး လုပ်ဆောင်ရမယ်... သူမ ဒီမှာရှိနေရင် နောင် အနာဂတ်မှာ ငါတို့ ရေပြတ်လပ်မှုနဲ့ ဘယ်တော့မှ ရင်ဆိုင်ရမှာ မဟုတ်တော့ဘူး..."

ရွှီချီဖန်နှင့် အဆင့်မြင့်အရာရှိများသည် စီမံကိန်းများ ရေးဆွဲရန်အတွက် စကားတပြောပြော ဖြစ်နေစဉ် ဝူလျန်ကမူ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေ၏။

လူတိုင်း ငြိမ်သက်သွားသောအခါမှ သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"တပ်ကြပ်ရွှီ... ဒီအမျိုးသမီးက ရေကို ဖန်တီးနိုင်တယ်ဆိုတာ ဟုတ်ပေမဲ့ တစ်နာရီလောက် ကြိုးစား အားထုတ်ပြီးမှ ရေတစ်ဝက်ခွက်စာလောက်ပဲ ထွက်တာပါ... သူမက ကျွန်တော်တို့ရဲ့ ရေပြတ်လပ်မှု ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး..."

သူ ထိုသို့ ပြောလိုက်သည့် ခဏမှာပင် အခန်းအတွင်း၌ ချက်ချင်း တိတ်ဆိတ်သွားတော့၏။

All Chapters