← Chapters

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း (၃၁၅) ဒီဘိလပ်မြေကို ကျွန်တော်တို့လိုချင်တယ်

"လူကြီးမင်းတို့... ဒီကြည်လင်တဲ့ဖန်ကို ဖန်မှန်လို့ ကျွန်တော်ခေါ်တယ်..."

"အနာဂတ်မှာ ကျွန်တော့်ပိုင်နက်ထဲမှာ ဖန်အလုပ်ရုံတစ်ခု တည်ဆောက်သွားမယ်... ခင်ဗျားတို့ ဖန်မှန်ကို အသုံးပြုချင်တယ်ဆိုရင် ကျွန်တော့်ဆီ လာဝယ်လို့ရတယ်..."

လက်မှုပညာရှင်များက ဖန်မှန်အပေါ် စိတ်ဝင်စားမှု ပြသလာသည်ကို မြင်သောအခါ ကျောက်လင်က ၎င်းတို့အား ချက်ချင်းပင် အကျဉ်းချုံး မိတ်ဆက်ပေးလိုက်၏။

ကျောက်လင်က စနစ်ဈေးဆိုင်မှ ဖန်ထုတ်လုပ်မှု နည်းပညာကို ဝယ်ယူပြီးဖြစ်၏။ ထုတ်လုပ်ရေး ကိရိယာများကိုလည်း နောက်ပိုင်းတွင် စနစ်ဈေးဆိုင်မှ ဝယ်ယူနိုင်ပေသည်။

တကယ်တမ်းတွင် ဖန်ထုတ်လုပ်ရန် ကုန်ကြမ်းများကို ရှာဖွေရ လွယ်ကူပြီး အရေးကြီးဆုံးအချက်မှာ ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း အပူချိန်မြင့်မားမှုကို ထိန်းချုပ်ရန်ပင်ဖြစ်သည်။ လူသားများသည် အပူချိန်ကို ထိန်းချုပ်ရန် လျှပ်စစ်ကို အသုံးပြုကြသော်လည်း ဤကမ္ဘာအတွက် လျှပ်စစ်ကို အတိုင်းအတာတစ်ခုအထိ အသုံးပြုရန်မှာ အနည်းငယ် ခက်ခဲလှ၏။ သို့သော်လည်း ဤအရာက ကျောက်လင်အား အကြပ်ရိုက်မသွားစေခဲ့ဘဲ မည်သို့ပင်ဆိုစေ ဤကမ္ဘာတွင် အဂ္ဂိရတ်ပညာရှင်များ ရှိနေပေသည်။

ကျောက်လင်က ဖြေရှင်းနည်းတစ်ခုကို စဉ်းစားပြီးဖြစ်၏။ မိုချန်းချွမ်းသည် ဖန်ကုန်ကြမ်းများကို အရည်ဖျော်ရန်နှင့် သန့်စင်ရန်အတွက် မြင့်မားသော အပူချိန်ကို ဖန်တီးရန် ဝိညာဉ်စွမ်းအင်သာ လိုအပ်သည့် ဝိညာဉ်ပုံစံ အစီအရင်တစ်ခုကို ပုံဖော်ပေးနိုင်ပေသည်။

"တကယ်လား သူဌေး..."

"အဲ့တာ အရမ်းကောင်းတာပဲ... ဒီလောက်ကြီးမားတဲ့ ဖန်ချပ်ကြီးက တကယ့်ကို မျက်စိပသာဒဖြစ်စေတယ်..."

"ဖန်ကို အမြောက်အမြား ထုတ်လုပ်နိုင်သရွေ့ အနာဂတ်မှာ ရေပန်းစားတဲ့ အလှဆင်ပစ္စည်းတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် ခန့်မှန်းရတယ်..."

ထိုလက်မှုပညာရှင်များသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး တစ်ဦးချင်းစီတွင် ကိုယ်ပိုင်ထူးခြားသော အမြင်များ ရှိကြသဖြင့် ဖန်၏ လက်တွေ့တန်ဖိုးကို ချက်ချင်းပင် မြင်တွေ့လိုက်ကြ၏။

"လူကြီးမင်းတို့... အဲ့တာက ကျွန်တော့်ရဲ့ လက်ဝတ်ရတနာအလုပ်ရုံပဲ... အတွင်းပိုင်း အသုံးအဆောင်တွေကိုတော့ ကျွန်တော် ပြသမှာ မဟုတ်ဘူး..."

"နောက်ထပ်... ကျွန်တော်တို့ ပရိဘောဂအလုပ်ရုံကို သွားကြမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

"ကောင်းပါပြီ..."

လက်ဝတ်ရတနာ အလုပ်ရုံရှိ ကိရိယာမျိုးစုံသည် လျှို့ဝှက်ချက်များဖြစ်ပြီး အခြားသူများကို ပြသ၍မရနိုင်ကြောင်း လက်မှုပညာရှင်များကလည်း နားလည်သဘောပေါက်ကြသည်။

မကြာမီမှာပင် ထိုအဖွဲ့သည် ပရိဘောဂအလုပ်ရုံသို့ ရောက်ရှိလာကြ၏။

ထိုအလုပ်ရုံတဲကြီး ငါးဆယ်သည် အဝေးမှ ကြည့်လျှင် အလွန်ပင် မျက်စိဖမ်းစားနိုင်လှသည်။ အနီးကပ် ကြည့်ရှုသောအခါ ပြန့်ကျဲနေသော ဘိလပ်မြေကြမ်းပြင်နှင့် အဆင့်မြင့် ကိရိယာမျိုးစုံတို့က လန်းဆန်းသော ခံစားချက်ကို ပေးစွမ်းနေ၏။

လက်မှုပညာရှင် နှစ်ဆယ်သည် ရောက်ရောက်ချင်းပင် ရထားလုံးပေါ်မှ ကမန်းကတန်း ခုန်ဆင်းကာ ပထမဆုံး အလုပ်ရုံတဲဆီသို့ အတူတကွ သွားရောက်ကြသည်။ ပတ်ပတ်လည်ကို ကြည့်ရှုကာ အရာအားလုံးကို ထိတွေ့ရင်း ဤအသစ်စက်စက် ဗိသုကာပုံစံကို ချက်ချင်းပင် စွဲဆောင်သွားကြ၏။

"သူဌေး... ဒီတိုင်ကရော ဘိလပ်မြေနဲ့ လုပ်ထားတာလား..."

ထိုအချိန်တွင် လွီမုချိုးက ဘိလပ်မြေတိုင်ကို ထိတွေ့ကာ လေးနက်စွာ မေးမြန်းလိုက်သည်။

ကျောက်လင်က ခေါင်းညိတ်ပြလိုက်၏။

"ဒါက ဘိလပ်မြေတိုင်ပဲ... ကျွန်တော်က လက်မှုပညာရှင်တွေကို အရင်ဆုံး သံချောင်းတွေကို ချည်နှောင်ပြီး မတ်တပ်ရပ်ခိုင်းတယ်... ပြီးတော့ သစ်သားပြားတွေကို အသုံးပြုပြီး သံချောင်းတွေကို စတုရန်းပုံစံဖြစ်အောင် ကာရံလိုက်တယ်... နောက်ဆုံးမှာတော့ ဘိလပ်မြေ၊ မြစ်သဲနဲ့ ကျောက်စရစ်ခဲတွေကို ရောမွှေပြီး လောင်းထည့်လိုက်တဲ့အခါ ဘိလပ်မြေတိုင် ဖြစ်လာတာပေါ့..."

ကျောက်လင်က လေးနက်စွာ ရှင်းပြလိုက်သည်။

ထိုစကားများကို ကြားပြီးနောက် ခေါင်းဆောင်လက်မှုပညာရှင် နှစ်ဦးဖြစ်သော လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့သည် နားလည်သွားကြ၏။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် တိုင်များပြုလုပ်ရန် မြေကြီးကို သုံးခြင်း သို့မဟုတ် အခြားပစ္စည်းများဖြင့် ဖြည့်တင်းခြင်းမှလွဲ၍ ဤကမ္ဘာတွင် အလားတူ နည်းပညာများ ရှိနေပေသည်။ ဘိလပ်မြေတိုင်များအတွက် ကနဦး လုပ်ငန်းစဉ်သည် အခြားတိုင်များနှင့် အတူတူပင်ဖြစ်ပြီး တစ်ခုတည်းသော ကွာခြားချက်မှာ နောက်ဆုံး ဖြည့်တင်းသည့် ပစ္စည်းပင် ဖြစ်သည်။

"သူဌေး... အဲ့ဒီ ဘိလပ်မြေတိုင်က ခိုင်ခံ့ရဲ့လား... အလေးချိန် ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲ... နှစ်ဘယ်နှနှစ်အထိခံနိုင်လဲ..."

ချန်ရှင်းဝမ်က အရေးကြီးဆုံး မေးခွန်းကို မေးမြန်းလိုက်၏။ သူသည် ဘိလပ်မြေအပေါ် ပြင်းထန်သော စိတ်ဝင်စားမှု ရှိလာပုံရသည်။ ဤအရာသည် တော်လှန်ရေးဆန်သော ဆောက်လုပ်ရေးပစ္စည်းတစ်ခု ဖြစ်၏။

"ဒါပေါ့ ခိုင်ခံ့တာပေါ့... ဒီလိုပဲ ပြောရအောင်... အဲ့တာက ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်သီးချက်ကို ခံနိုင်ရည်ရှိတယ်..."

"အလေးချိန် ခံနိုင်ရည်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တိကျတဲ့ အချက်အလက်တွေကို မပေးနိုင်ပေမဲ့ ခင်ဗျားတို့ ဒီအထိ လာခဲ့တဲ့လမ်းမှာ ရထားလုံးက ဘိလပ်မြေလမ်း တစ်စိတ်တစ်ပိုင်းကို ဖြတ်သန်းခဲ့တယ်လေ... အရွယ်ရောက်ပြီးသား နွားဆယ်ကောင် လမ်းလျှောက်သွားရင်တောင် ကွက်လပ်တစ်ခုလေးတောင် ရှိလာမှာ မဟုတ်ဘူးလို့ ခင်ဗျားတို့ စိတ်ကူးကြည့်လို့ ရတယ်..."

ကျောက်လင်က ပြုံးလိုက်ပြီး ယေဘုယျ ရှင်းပြချက်ကိုသာ ပေးနိုင်ကြောင်း ပြောလိုက်၏။ သို့သော် ထိုအရာက သူတို့ကို ယုံကြည်စေရန် လုံလောက်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤခိုင်ခံ့မှုအဆင့်သည် ကမ္ဘာပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်း အများစုထက် များစွာ သာလွန်နေပေသည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်.."

"မြေပိုင်ရှင် တီထွင်လိုက်တဲ့ ဘိလပ်မြေက တကယ့်ကို တော်လှန်ရေးဆန်တဲ့ ပစ္စည်းတစ်ခုပဲ..."

"ဘိလပ်မြေက မဟာချင်မင်းဆက်မှာ ရေပန်းအစားဆုံး ဆောက်လုပ်ရေးပစ္စည်း ဖြစ်လာမယ်ဆိုတာ အခု ငါ သေချာသွားပြီ..."

ကျောက်လင်၏ စကားများကို ကြားပြီးနောက် လက်မှုပညာရှင်များသည် စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့၏ မှတ်ချက်များကို ပေးလိုက်ကြ၏။ ဤနေရာရှိ လူတိုင်းသည် ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူများဖြစ်ရာ ဘိလပ်မြေ၏ အနာဂတ် အလားအလာကို အလွယ်တကူ မြင်တွေ့နိုင်ပေသည်။

ခေါင်းဆောင် လက်မှုပညာရှင်နှစ်ဦးဖြစ်သော လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့သည် ဘိလပ်မြေဖြင့် တည်ဆောက်ထားသော ပရိဘောဂအလုပ်ရုံကို မြင်သည်နှင့် တစ်ပြိုင်နက် အခြေအနေကို နားလည်သွားကြသည်။ ပြီးခဲ့သည့်အကြိမ်က ကျောက်လင် ရေးဆွဲခဲ့သော အဆောက်အအုံသစ်၏ ပန်းချီကားသည် လုံးဝ အစစ်အမှန်ဖြစ်ပြီး တကယ်တမ်း တည်ဆောက်နိုင်ပေသည်။

"သခင်လေး... ကျွန်တော် ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်လာတာ ဆယ်စုနှစ်ချီနေပြီ... ဒီနေ့တော့ တကယ့်ကို မျက်စိပွင့်သွားခဲ့ပြီ..."

"သခင်လေးဆီမှာ အကူအညီတစ်ခု တောင်းချင်ပါတယ်... ခင်ဗျားရဲ့ ဘိလပ်မြေ အလုပ်ရုံ ပြီးသွားတာနဲ့ ကျွန်တော့်ကို ဝေစုတစ်ခုပေးဖို့ သေချာပေါက် လုပ်ပေးပါ..."

ထိုအခိုက်တွင် လွီမုချိုးက စကားပြောလာပြီး တောင်းဆိုလိုက်၏။

ဘိလပ်မြေအလုပ်ရုံ မပြီးစီးမီ ဘိလပ်မြေတစ်သုတ်ကို ကြိုတင်မှာယူခြင်းသည် ကျောက်လင်နှင့် မျက်နှာရစေရန် နည်းလမ်းတစ်ခုဖြစ်ပြီး ၎င်းတို့၏ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်မှာ သေချာပေသည်။

"အဘိုးကြီးလွီ... ခင်ဗျားက တကယ့်ကို ပါးနပ်တာပဲ..."

"သခင်လေး... ကျွန်တော်လည်း ဘိလပ်မြေတစ်သုတ်ကို ကြိုတင်မှာယူချင်တယ်... စပေါ်ငွေကို အခု ချက်ချင်း ပေးနိုင်တယ်..."

ချန်ရှင်းဝမ်က လွီမုချိုးအား အခွင့်အရေး အားလုံးကို မပေးနိုင်သဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။

ကျောက်လင်က ထိုလက်မှုပညာရှင်များကို ဤရည်ရွယ်ချက်အတွက်သာ ခေါ်ဆောင်လာခြင်း ဖြစ်၏။ အကောင်းဆုံး ဘိလပ်မြေပင်လျှင် လူများ၏ မြှင့်တင်ပေးမှု လိုအပ်ပေသည်။ တိုက်ဆိုင်စွာပင် ဤခေါင်းဆောင် လက်မှုပညာရှင် နှစ်ဦးသည် ယွီရွှေခရိုင်ရှိ ထိပ်တန်း ကန်ထရိုက်တာများဖြစ်ကြသည်။ ၎င်းတို့က ကြိုးကြိုးစားစား လုပ်ကိုင်လိုသရွေ့ ၎င်းတို့၏ တပည့်များနှင့် သားစဉ်မြေးဆက်များသည် ဤအရာကို ကောင်းစွာ အသုံးချနိုင်ပေလိမ့်မည်။

ဘိလပ်မြေဖြင့် တည်ဆောက်ထားသော စံပြအိမ်အချို့ ရှိလာသည်နှင့် တစ်ပြိုင်နက် ဘိလပ်မြေသည် အနာဂတ်တွင် သဘာဝအလျောက် ပြန့်နှံ့သွားမည် ဖြစ်သည်။

"ခေါင်းဆောင်လွီနဲ့ ခေါင်းဆောင်ချန်... ခင်ဗျားတို့ စိတ်ချလက်ချ နေလို့ရပါတယ်..."

"ကျွန်တော့်ရဲ့ ဘိလပ်မြေအလုပ်ရုံက စတင်ထုတ်လုပ်တာနဲ့ ခင်ဗျားတို့နှစ်ယောက်က ပထမဆုံး ဖောက်သည်တွေ ဖြစ်လာမှာ သေချာတယ်..."

ကျောက်လင်က ချက်ချင်းပင် တိကျသော အဖြေတစ်ခုကို ပေးလိုက်၏။ လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့က သူတို့၏ ပါးလျသော မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးလိုက်ကြသည်။

"ကောင်းပြီ လူတိုင်းပဲ... ထင်းရှူးနက်တောင်ကိုပြန်ကြစို့... ကျွန်တော့်ဇနီးက ဟော့ပေါ့ ပြင်ဆင်ပြီးလောက်ပြီ..."

"ကျွန်တော်တို့ စားပွဲဝိုင်းမှာ စားရင်း သောက်ရင်း စကားပြောကြတာပေါ့..."

"ခရိုင်မြို့ထဲမှာ ခင်ဗျားတို့ကို အကူအညီတောင်းရမယ့် စီမံကိန်းကြီးတစ်ခု ကျွန်တော့်မှာ ရှိသေးတယ်..."

ကျောက်လင်က ပြုံးလိုက်ပြီးနောက် အားလုံးကို ရင်ခုန်စေရန် အဖြေကို ထုတ်ဖော်ပြောဆိုလိုက်၏။

ခရိုင်မြို့ရှိ ဈေးလမ်း စီမံကိန်းကို ဤခေါင်းဆောင် လက်မှုပညာရှင် နှစ်ဦးထံသို့သာ အပ်နှံနိုင်ပေသည်။ ထိုစကားကို ကြားသောအခါ လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့မှာ ခဏတာ မှင်တက်သွားပြီးနောက် ရယ်မောလိုက်ကြသည်။

ထင်းရှူးနက်ကျေးရွာသို့ လာရောက်ရသော ဤခရီးစဉ်သည် သေချာပေါက် တန်ဖိုးရှိလှ၏။ တော်လှန်ရေးဆန်သော ဆောက်လုပ်ရေးပစ္စည်းဖြစ်သည့် ဘိလပ်မြေကို ရှာဖွေတွေ့ရှိခဲ့ပြီး အသစ်စက်စက် ဗိသုကာပုံစံများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးနောက် ယခုအခါတွင် စီမံကိန်းကြီးတစ်ခုကိုပါ ရရှိခဲ့လေပြီ။

ထို့ကြောင့် ထိုအဖွဲ့သည် ရထားလုံးပေါ်သို့ ပြန်တက်ကာ ထင်းရှူးနက်တောင်ဆီသို့ အမြန် မောင်းနှင်သွားကြသည်။

ဆယ့်ငါးမိနစ်အကြာတွင် လူတိုင်းသည် တဲအမိုးကြီးအောက်ရှိ ရင်ပြင်သို့ ပြန်လည်ရောက်ရှိလာကြ၏။ တစ်ချိန်တည်းမှာပင် အရိပ်ရသော နေရာကျယ်ကြီးတွင် ဟော့ပေါ့စားပွဲ နှစ်လုံးကို ပြင်ဆင်ထားပြီး ဖြစ်သည်။

မီးသွေးအပူပေးထားသော ကြေးအိုးနှစ်လုံးကို စားပွဲပေါ်တွင် တင်ထားပြီး တောက်ပသော အနီရောင် ဟော့ပေါ့ဟင်းရည်က အငွေ့တထောင်းထောင်း ထွက်နေကာ လူတိုင်း၏ အရသာခံဖုများကို ဆွဲဆောင်နိုင်သည့် ဆီမွှေးရနံ့များ ထွက်ပေါ်နေ၏။

လက်မှုပညာရှင်များသည် အရင်က သံဒယ်အိုးတစ်လုံးထဲသို့ ဟင်းပွဲမျိုးစုံကို ထည့်ကာ အတူတကွ ပေါင်းစပ် ချက်ပြုတ်ထားသော ဟင်းလျာများကို စားဖူးကြသည်။ သို့သော် ဤကဲ့သို့ လက်ရာမြောက်လှသော ဟော့ပေါ့မျိုးကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ဟော့ပေါ့မှ ထွက်ပေါ်လာသော ရနံ့သည် ၎င်းတို့ အရင်က တစ်ခါမှ မရှူရှိုက်ဖူးသော အရာဖြစ်ပြီး အလွန်ပင် ခံတွင်းမြိန်စေသည်။ ထို့နောက် စားပွဲပေါ်ရှိ ဝါးခြင်းတောင်း ဆယ်ခုခန့်တွင် အသားနှင့် ဟင်းသီးဟင်းရွက် မျိုးစုံကို အပြည့်ထည့်ထားသည်ကို မြင်လိုက်ရခြင်းက လက်မှုပညာရှင်များအား ပို၍ပင် စားချင်စိတ် ဖြစ်ပေါ်လာစေ၏။

"လူတိုင်း... ကျေးဇူးပြုပြီး နေရာယူကြပါ..."

"ဒီဟော့ပေါ့ကို စားဖူးတဲ့သူတိုင်း တစ်သက်လုံး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံတယ်..."

ကျောက်လင်က ပခုံးတွန့်ကာ ပြုံး၍ ပြောလိုက်သည်။

လက်မှုပညာရှင်များသည် ဆက်လက် သည်းမခံနိုင်တော့ပေ။ ၎င်းတို့သည် သူတို့၏ ပုံရိပ်ကို ချက်ချင်း လျစ်လျူရှုကာ စားပွဲဆီသို့ အပြေးအလွှား သွားရောက်ကြပြီး ဟော့ပေါ့ထဲမှ အစားအစာများကို ခပ်ယူရန် မည်သည့် ထိန်းချုပ်မှုမျှမရှိဘဲ တူများကို ကောက်ကိုင်လိုက်ကြတော့၏။

All Chapters