← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း (၃၂၀) ကြီးမားသော အကျိုးအမြတ်၊ ဇနီး ကိုးဆယ့်ကိုးယောက်

"ကောင်လေး... မင်း ငါဘယ်သူလဲဆိုတာ သိလား..."

"ငါက တာဝန်ခံ စစ်ထူယွီလင်ပဲ... မင်းက ငါ့တံခါးကို ရဲရဲတင်းတင်း ကန်ဖွင့်ရဲတယ်ဆိုတော့ အာဏာပိုင်တွေဆီ တိုင်ကြားပြီး မင်းကို ဖမ်းဆီးထောင်ချပစ်မယ်..."

တာဝန်ခံ စစ်ထူယွီလင်က ကျောက်လင်ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

ကျောက်လင်က ပြုံးလိုက်သည်။

ဤလူယုတ်မာများက တကယ့်ကို ပြဿနာရှာတတ်ကြပေသည်။

ဒေသအသီးသီးတွင် အမြစ်တွယ်နေကြသော ဤလူယုတ်မာများက သူတို့၏ အာဏာကို အလွဲသုံးစားလုပ်ကာ မောက်မာရိုင်းစိုင်းစွာ ပြုမူတတ်ကြ၏။

စစ်ထူယွီလင်သည် သူ၏ ကိုယ်ကျိုးအတွက် အမျိုးသမီးဒုက္ခသည်များထဲမှ အလှဆုံး အမျိုးသမီးသုံးဦးကို ကြားဖြတ်ခေါ်ဆောင်ခဲ့ပြီး ရာထူးတိုးရန်အတွက် သူတို့၏ အလှအပဖြင့် လာဘ်ထိုးရန် ခရိုင်မြို့သို့ ပို့ဆောင်ရန် စီစဉ်ခဲ့သည်။

ထိုအခိုက်တွင် ကျောက်လင်၏ အသိစိတ်က စနစ်မျက်နှာပြင်ပေါ်တွင် အာရုံစိုက်နေဆဲ ဖြစ်၏။

သေချာပေါက်ပင် မျက်နှာပြင်ပေါ်တွင် အချက်အလက် သုံးခု ပေါ်လာခဲ့သည်။

[အမည် - ချန်ထောင်ကျီ]

[အဆင့် - အဆင့်(၂)]

[ချန်ထောင်ကျီသည် ကျေးရွာတစ်ရွာတွင် မွေးဖွားခဲ့ပြီး သစ်သီးပင်များ စိုက်ပျိုးခြင်းကို အလွန်အမင်း ရူးသွပ်သူ ဖြစ်သည်။]

[အမည် - ဟန်ချန်ချန်]

[အဆင့် - အဆင့်(၂)]

[ဟန်ချန်ချန်သည် ကုန်သည်တစ်ဦး၏ သမီးဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ခဲ့၏။ စစ်ပွဲကာလအတွင်း သူမ၏ မိသားစုတစ်ခုလုံး ဓားပြများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးနောက် သူမသည် ဒုက္ခသည်တစ်ဦး ဖြစ်လာခဲ့သည်]

[အမည် - နန်ချင်းချန်]

[အဆင့် - အဆင့်(၁)]

[နန်ချင်းချန်၏ ဖခင်သည် ကုန်ပစ္စည်းအစောင့်အဖွဲ့တစ်ခု၏ ခေါင်းဆောင် ကုန်ပစ္စည်းအစောင့် တစ်ဦးဖြစ်သည်။ မင်းဆက်စစ်ပွဲအတွင်း ကုန်ပစ္စည်းအစောင့်အဖွဲ့ တစ်ခုလုံး စစ်တပ်ထဲသို့ ဝင်ရောက်ရန် ဖိအားပေးခံခဲ့ရပြီး အစောင့်များအားလုံး သေဆုံးသွားခဲ့ကာ နန်ချင်းချန်သည်လည်း အဆိပ်သင့်သွားခဲ့သဖြင့် သူမ၏ ကျင့်ကြံမှုစွမ်းရည်များ ထိုးကျသွားကာ ဒုက္ခသည်တစ်ဦး ဖြစ်လာခဲ့ရသည်]

ထိုအချက်အလက် သုံးခုကို မြင်လိုက်ရသောအခါ ကျောက်လင်၏ မျက်လုံးထဲမှ ဒေါသများက ပို၍ ပြင်းထန်လာခဲ့၏။

သူ ခန့်မှန်းထားသည့်အတိုင်းပင် တာဝန်ခံ စစ်ထူယွီလင် ကြားဖြတ်ခေါ်ဆောင်ထားသော အလှမယ်အားလုံးက စနစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီနေပြီး သူတို့အားလုံးမှာ အဆင့်(၁) နှင့် အဆင့်(၂) အလှမယ်များ ဖြစ်ကြသည်။

ဤတစ်ကြိမ် ကျောက်လင်သာ မလာခဲ့လျှင် စစ်ထူယွီလင်က ထိုအမျိုးသမီးသုံးဦးကို ခရိုင်မြို့သို့ ပို့ဆောင်လိုက်မည် ဖြစ်သည်။

ဤအမျိုးသမီးသုံးဦးသာ ကျောက်လင်နှင့် အခန်းအတူတူ နေကြမည်ဆိုလျှင် သူတို့သည် ကျင့်ကြံမှု နှစ်သုံးဆယ်စာ စနစ်ဆုကြေးကို ရရှိကြမည် ဖြစ်၏။

ကျောက်လင်က အေးစက်စက် ပြုံးလျက် စစ်ထူယွီလင်ဆီသို့ လျှောက်သွားလိုက်သည်။

ရုတ်တရက် ကျောက်လင်က သူ၏ ညာလက်ကို ဆန့်ထုတ်ကာ စစ်ထူယွီလင်၏ လည်ပင်းကို ဆွဲကိုင်ပြီး လိမ်ချိုးလိုက်၏။

သူ၏ လက်ချောင်းများဖြင့် အနည်းငယ် အားစိုက်လိုက်သည်နှင့် စစ်ထူယွီလင်၏ လည်ပင်းမှာ နစ်ဝင်သွားပြီး အသက်ရှူရက်လုမတတ် ဖြစ်သွားခဲ့သည်။ သူက ကျောက်လင်၏ လက်များကို ရိုက်ပုတ်ကာ လက်နှစ်ဖက်ကို ယက်ကန်ယက်ကန် လုပ်နေသော်လည်း ကျောက်လင်၏ ခွန်အားကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ပေ။

"မင်းက ဒီအမျိုးသမီးသုံးယောက်ကို မင်းအတွက်ယူဖို့ အာဏာကို အသုံးပြုခဲ့တယ်... မင်းမှာ တကယ့်ကို ပါးနပ်တဲ့ အကြံအစည် ရှိတာပဲ..."

"ငါက ဒီတစ်ခေါက် ဒုက္ခသည်နှစ်သောင်းကို ဝယ်ခဲ့တဲ့ ဖောက်သည် ကျောက်လင်ပဲ..."

"ဒီအမျိုးသမီး သုံးယောက်ကိုလည်း ထင်းရှူးနက်ကျေးရွာဆီ ပို့ပေးရမယ်... မင်း သဘောတူလား..."

ကျောက်လင်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်၏။

စစ်ထူယွီလင်၏ မျက်နှာမှာ ခရမ်းရင့်ရောင် သန်းသွားပြီး သေတော့မည့်သူ တစ်ယောက်နှင့် တူနေသည်။ သူက ကျောက်လင်ကို အလွန်အမင်း ထိတ်လန့်စွာ ကြည့်နေစဉ် သူ၏ မျက်လုံးများက ပြူးကျယ်နေ၏။

သို့သော် သူက အသက်မရှူနိုင်ဘဲ စကားတစ်ခွန်းမျှပင် မဟနိုင်ခဲ့ပေ။

ကျောက်လင်၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားလိုက်ရသောအခါ စစ်ထူယွီလင်က သူ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားများကို စုစည်းကာ ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်ပြီး သူ၏ မျက်လုံးများထဲတွင်တော့ အကြောက်တရားများနှင့် သနားညှာတာရန် တောင်းပန်မှုများ ပြည့်နှက်နေသည်။

ကျောက်လင်က လှောင်ပြုံးပြုံးလိုက်ပြီး စစ်ထူယွီလင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

“ငါ ဘယ်သူလဲဆိုတာ မင်း သိရဲ့လား”

"ငါ့ယောက်ဖက ချင်းယာမြို့ရဲ့ အကြီးအကဲပဲ..."

စစ်ထူယွီလင်သည် အသက်ရှူဝရုံသာ ရှိသေးသော်လည်း သူ၏ မောက်မာသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားကာ အာခံလျက် ပြန်လည်အော်ဟစ်လိုက်သည်။

သို့သော် ကျောက်လင်က သူ၏ အဓိပ္ပါယ်မရှိသော စကားများကို နားထောင်ရန် ပျင်းရိနေခဲ့၏။ သူက နောက်ထပ် ခြေတစ်လှမ်း တိုးသွားကာ စစ်ထူယွီလင်၏ လည်ပင်းကို ထပ်မံဆွဲကိုင်လိုက်ပြီး ဘဲတစ်ကောင်ကဲ့သို့ မ,တင်လိုက်သည်။

စစ်ထူယွီလင်သည် သူ၏ လက်များကို ထပ်မံ၍ ယက်ကန်ယက်ကန် လုပ်လာပြန်၏။

ဤတစ်ကြိမ်တွင် စစ်ထူယွီလင်သည် ကျောက်လင် လက်လွှတ်သွားစေရန် ရည်ရွယ်၍ ကျောက်လင်၏ ညာလက်ကို လက်နှစ်ဖက်ဖြင့် ဆက်တိုက် ရိုက်ပုတ်နေသော်လည်း ကျောက်လင်က ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက်ဘဲ သူ၏ ညာလက်ကို မြှောက်ကိုင်ထားဆဲ ဖြစ်သည်။

စစ်ထူယွီလင်၏ မျက်လုံးများ အာရုံလွတ်တော့မည့် အချိန်ရောက်မှသာ ကျောက်လင်က သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

အချိန်အတော်ကြာပြီးနောက် စစ်ထူယွီလင်သည် နောက်ဆုံးတွင် အသက်ရှူဝသွားပြီး ခွန်အားများ ပြန်လည်ရရှိလာခဲ့သည်။

ဤအခိုက်အတန့်တွင် စစ်ထူယွီလင်က နောက်ထပ် မမောက်မာရဲတော့ပေ။ သူက ကျောက်လင်ကို ကြည့်နေစဉ် သူ၏ မျက်လုံးများထဲတွင် အကြောက်တရားများ အပြည့်အနှက် ရှိနေ၏။

ကျောက်လင်က သူ၏ ရာထူးဂုဏ်သိမ်ကို အနည်းငယ်မျှ မကြောက်ရွံ့ဘဲ သူ့ကို တကယ်သတ်ရဲကြောင်း သူ ကောင်းကောင်း သိလိုက်သည်။

ဤသေမင်းတမန် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် စစ်ထူယွီလင်သည် ကျောက်လင်ကို မဝေဖန်ရဲတော့ပေ။

"သူတို့သုံးယောက်လုံးအတွက် ကျွန်စာချုပ်တွေကို အခုချက်ချင်း ရေးပေးစမ်း..."

"ငါ မင်းကို စကားတစ်ခွန်းပဲ ပြောခဲ့မယ်... အဲ့ဒီသုံးယောက် ထင်းရှူးနက်ကျေးရွာဆီ မရောက်လာဘူးဆိုရင် မင်းရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးကို အမြစ်ပြတ် သတ်ပစ်မယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ရုတ်တရက် သူ၏ ညာလက်ကို လက်ဝါးစောင်းအဖြစ် ပြောင်းလဲကာ စစ်ထူယွီလင်ထံသို့ ခုတ်ချလိုက်၏။

လက်ဝါးရိုက်ချက်တစ်ခုက ဓားသွားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး စစ်ထူယွီလင်၏ ခြေထောက်နှစ်ချောင်းကြားသို့ ဖြတ်ပိုင်းသွားကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော အရာတစ်ခု ချန်ရစ်ခဲ့ပြီး ထိပ်ပိုင်းမှာ စစ်ထူယွီလင်၏ အရေးကြီးသော နေရာကိုပင် ထိလုနီးပါး ဖြစ်သွားခဲ့သည်။

ချက်ချင်းပင် စစ်ထူယွီလင်ခမျာ အကြောက်လွန်ကာ အော်ဟစ်လိုက်ပြီး အဝါရောင် အရည်များပင် ထွက်ကျလာခဲ့၏။

ကျောက်လင်က လှောင်ပြုံးပြုံးလိုက်ပြီး ချင်းယာ ဒုက္ခသည်စခန်းမှ ပျံသန်းထွက်ခွာသွားသည်။

ချင်းယာ ဒုက္ခသည်စခန်းက အလှမယ်များကို ကြားဖြတ်ခေါ်ဆောင်နေသည်ဖြစ်ရာ အခြားသော ဒုက္ခသည်စခန်းများကလည်း အလားတူ လုပ်ရပ်မျိုး လုပ်ဆောင်နေမည်ကို ကျောက်လင် သေချာပေါက် သိရှိနေ၏။

ဤသည်မှာ ကျောက်လင်၏ ဇနီးများကို ခိုးယူခြင်းပင် ဖြစ်သည်။

ကျောက်လင်က သည်းမခံနိုင်တော့ပေ။ သူက ချင်းယာ ဒုက္ခသည်စခန်းကို ဖြေရှင်းပြီးပြီဖြစ်ရာ ထိန်းသိမ်းခံထားရသော အမျိုးသမီးဒုက္ခသည်များ အားလုံးကို ပြန်လည်ခေါ်ဆောင်ရန်အတွက် အခြားသော ဒုက္ခသည်စခန်းများသို့ အလျင်အမြန် သွားရောက်ရမည်မှာ သေချာလှ၏။

ကျောက်လင် ပျံသန်းထွက်ခွာသွားပြီးနောက်တွင်ပင် စစ်ထူယွီလင်၏ အကြောက်တရားများက အနည်းငယ်မျှ လျော့ပါးမသွားခဲ့ပေ။

ကျောက်လင်က သူ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ လေထဲသို့ ပျံတက်သွားသည်ကို မြင်လိုက်ရသောအခါ သူ ဘယ်လောက်ပဲ တုံးအပါစေ ကျောက်လင်သည် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း နားလည်သွားမည် ဖြစ်သည်။

ဤသည်မှာ သူ့လို သာမန် ဒုက္ခသည်စခန်း တာဝန်ခံတစ်ယောက်အနေဖြင့် ရန်စရန် တတ်နိုင်သည့် ကိစ္စမျိုး လုံးဝ မဟုတ်ပေ။

မင်းဆက်၏ ဥပဒေများတွင် ကျင့်ကြံသူများသည် အရပ်သားများကို ဗြောင်ကျကျ မသတ်ဖြတ်နိုင်ဟု ပြဋ္ဌာန်းထားသော်လည်း ကျင့်ကြံသူများတွင် အရပ်သားများကို ကိုင်တွယ်ဖြေရှင်းရန် ရေတွက်၍မရနိုင်သော နည်းလမ်းများစွာ

ရှိကြောင်း စစ်ထူယွီလင်က အလွန် ရှင်းလင်းစွာ သိထား၏။

သူက ချန်ထောင်ကျီ၊ ဟန်ချန်ချန်နှင့် နန်ချင်းချန်တို့ကို ကြားဖြတ်ခေါ်ဆောင်ရဲပါက သူ၏ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးကို အမြစ်ပြတ် သတ်ပစ်မည်ဟု ကျောက်လင်က စကားချန်ထားခဲ့သည်ဖြစ်ရာ ဤသည်မှာ သေချာပေါက် နောက်ပြောင်နေခြင်း မဟုတ်ပေ။

စစ်ထူယွီလင်က သူ၏ နဖူးကို သုတ်လိုက်သည်။ သူ တကယ့်ကို နောင်တရနေ၏။ သူက ကျောက်လင်လို ဖောက်သည်မျိုးနှင့် ဘယ်လိုလုပ် သွားဆုံခဲ့ရတာလဲ။

စစ်ထူယွီလင်သည် ခရိုင်အရာရှိများကို လာဘ်ထိုးရန်နှင့် ခရိုင်အစိုးရရုံးတွင် ရာထူးတိုးရန်အတွက်သာ ချန်ထောင်ကျီ၊ ဟန်ချန်ချန်နှင့် နန်ချင်းချန်တို့ကို ချန်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု သေမင်းတမန် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရချိန်၊ အထူးသဖြင့် သူ၏ မိသားစုတစ်စုလုံး၏ အသက်အန္တရာယ် ကျရောက်နေချိန်တွင် စစ်ထူယွီလင်က အနည်းငယ်မျှပင် မတုံ့ဆိုင်းနေခဲ့ပေ။ သေချာပေါက် သူက ကျောက်လင်၏ ဆန္ဒကို မလွန်ဆန်ရဲတော့ပေ။

ထို့ကြောင့် စစ်ထူယွီလင်က သူ၏ လက်အောက်ငယ်သားများကို ချက်ချင်း ခေါ်ယူလိုက်ပြီး ချန်ထောင်ကျီ၊ ဟန်ချန်ချန်နှင့် နန်ချင်းချန်တို့အတွက် ကျွန်စာချုပ်များကို အပြီးသတ် ပြုလုပ်ခိုင်းလိုက်၏။

အခြားတစ်ဖက်တွင်တော့ ကျောက်လင်သည် အသံထက်မြန်သော ကျောပိုးအိတ်ကို အားကိုးကာ အခြားသော မြို့ပြ ဒုက္ခသည်စခန်းများအကြား ဆက်တိုက် ရွေ့လျားသွားလာနေခဲ့သည်။

ကျောက်လင် ခန့်မှန်းထားသည့်အတိုင်းပင် ဒုက္ခသည်စခန်း အသီးသီးရှိ အထက်လူကြီးများသည် ထိုအလွန်တရာ လှပသော အမျိုးသမီးဒုက္ခသည်များကို ထိုနေရာတွင် ဆက်ထားရန် နောက်ကွယ်မှ ကြိုးကိုင်နေကြ၏။

သဘာဝကျစွာပင် ကျောက်လင်က သူ၏ ကျောက်စိမ်းဗိမာန်နယ်ပယ် စွမ်းအားများကို

ပြသကာ ပြင်းထန်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပြီးနောက် ရက်စက်သော စကားတစ်ခွန်းကို ချန်ရစ်ခဲ့ကာ ဤအဆင့်မြင့် အရာရှိများကို သူတို့ ကြားဖြတ်ခေါ်ဆောင်ထားသော လူများကို လွှဲပြောင်းပေးရန် ဖိအားပေးခဲ့သည်။

တစ်နေကုန် အလုပ်များနေခဲ့သည်။

ညနေပိုင်းတွင် ကျောက်လင်က ထင်းရှူးနက်တောင်သို့ ပြန်ရောက်လာ၏။

"ဒီနေ့က အလုပ်များတဲ့ နေ့တစ်နေ့ဖြစ်ပေမဲ့ အရမ်းကို အကျိုးအမြတ် များခဲ့တယ်..."

"ဒီမြို့ပြ ဒုက္ခသည်စခန်း နှစ်ဆယ့်လေးခုမှာ အမျိုးသမီး ကိုးဆယ့်ကိုးယောက်က စနစ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေတယ်..."

"အဆင့်(၁) အလှလေး ငါးယောက်၊ အဆင့်(၂) အလှလေး ဆယ်ယောက်နဲ့ အဆင့်(၃) အလှလေး ရှစ်ဆယ့်လေးယောက်ပဲ..."

"သူတို့အားလုံး ထင်းရှူးနက်ကျေးရွာဆီ ရောက်လာတာနဲ့ တစ်ပြိုင်နက် ငါ သူတို့အားလုံးကို လက်ခံသိမ်းပိုက်လိုက်မယ်..."

"ဒီဇနီးကိုးဆယ့်ကိုးယောက်နဲ့ဆိုရင် ငါ တစ်နေ့ကို ဆယ်ယောက်နဲ့ အတူနေမယ်ဆိုရင်တောင် ဆယ်ရက်တစ်ခါ အလှည့်ကျယူလို့ရပြီ..."

"ကံကောင်းထောက်မစွာနဲ့ ငါက ကျောက်စိမ်းဗိမာန်နယ်ပယ်ကို ရောက်နေပြီဆိုတော့ ငါ့ရဲ့ ကျောက်ကပ်အနှစ်သာရတွေကို ဝိညာဉ်စွမ်းအင်နဲ့ ဖြည့်တင်းပြီး ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်တယ်... ဒါကြောင့် ငါ့ကျောက်ကပ်တွေ ပေါက်ကွဲသွားမှာကို လုံးဝ စိုးရိမ်စရာ မလိုတော့ဘူး..."

ထင်းရှူးနက်တောင်ထိပ်တွင် ရပ်နေရင်း ကျောက်လင်က ရွှင်လန်းစွာ အိပ်မက်မက်လာတော့၏။

All Chapters