← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) ပျောက်ဆုံးသွားသော အမဲလိုက်ခွေးနှင့် အမည်မသိသားရဲ

"အထဲမှာ မီးလင်းဖို ဖိုထားတော့ နွေးတယ်... အထဲမှာပဲ စကားပြောကြတာပေါ့ မာလောင်စန်း..."

လီလန်က မာလောင်စန်း၏ စကားကို ဖြတ်ပြောလိုက်သည်။

အပြင်ဘက်တွင် လေပြင်းများ အူဝဲတိုက်ခတ်နေပြီး အနောက်မြောက်လေက မျက်နှာကို စပ်ဖျင်းဖျင်းဖြစ်စေကာ အပြင်ဘက်တွင်သာ စကားရပ်ပြောနေပါက နှုတ်ခမ်းများပင် အေးခဲသွားနိုင်လေသည်။

"ကောင်းပြီလေ... ဒါဆိုရင်လည်း အားမနာတော့ဘူး..."

"ကျွန်တော့်အင်္ကျီက ညစ်ပတ်နေတယ်... မီးသွေးအိတ်တွေ မကြာခဏ ထမ်းရတော့ ဖုန်လေးဘာလေး ခါလိုက်ဦးမယ်..."

မာလောင်စန်းသည် မီးသွေးထမ်းသည့် ကြမ်းတမ်းသော အလုပ်ကို လုပ်ကိုင်သော်လည်း ယဉ်ကျေးပြီး သန့်ရှင်းသပ်ရပ်သူတစ်ယောက် ဖြစ်သည်။

အထဲသို့ မဝင်မီ သူသည် မျက်နှာပေါ်ရှိ ဖုန်မှုန့်များဆေးကြောရန်နှင့် လက်ဆေးရန်အတွက် လီလန်အား ရေနွေးအနည်းငယ် ခပ်ပေးရန် တောင်းဆိုလိုက်ပြီး သူ၏အင်္ကျီပေါ်ရှိ မီးသွေးမှုန့်အမည်းများကိုလည်း ခါချလိုက်သည်။ ထို့နောက် အင်္ကျီကို တံခါးအပြင်ဘက်တွင် ချိတ်ထားခဲ့ကာ သန့်ရှင်းသော အနီရောင် ဆွယ်တာအင်္ကျီကို ဝတ်ဆင်၍ ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်သွားလေသည်။

အခန်းအတွင်းမှာ လင်းထိန်ပြီး သန့်ရှင်းနေကာ မီးလင်းဖိုကိုလည်း ဖိုထားသဖြင့် ကန်းပေါ်တွင်လည်း နွေးထွေးနေတော့သည်။

"အဖေ... သူက ကျွန်တော်တို့အိမ်ကို မီးသွေးလာပို့တဲ့ မာလောင်စန်းလေ..."

ဧည့်သည်များ ရောက်လာသည်ကို မြင်သောအခါ လီတာ့ဟိုင်သည် နှုတ်ဆက်ရန်အတွက် ကန်းပေါ်မှ ချက်ချင်း ဆင်းလာခဲ့ပြီး လီလန်ကလည်း အခွင့်ကောင်းယူ၍ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

"မာလောင်စန်း... ဒီခရီးအတွက် ပင်ပန်းသွားပြီ... ကျွန်တော်တို့အိမ်ကို မီးသွေးလာပို့ဖို့ ဒီလောက်ဝေးတဲ့ ခရီးကို လာရတာ မလွယ်ဘူး... ခင်ဗျားရဲ့ မီးသွေးတွေသာမရှိရင် ကျွန်တော်တို့ ဒီဆောင်းရာသီကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး..."

လီတာ့ဟိုင်သည် မာလောင်စန်း၏ လက်ကို ကိုင်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ မာလောင်စန်း၏ စိတ်ထဲတွင် လှိုက်တက်သွားတော့သည်။ လီမိသားစုမှာ တကယ့်ကို ကောင်းမွန်လှသော လူများသာ ဖြစ်ကြ၏။

လူများမှာ အလွန်ဖော်ရွေလှပြီး သူတို့၏ စိတ်အားထက်သန်မှုမှာ မီးလင်းဖိုထဲတွင် လောင်ကျွမ်းနေသော မီးတောက်ထက်ပင် ပို၍ အားကောင်းနေလေသည်။

သူသည် မည်သည့်အချိန်က ဤကဲ့သို့ ဆက်ဆံခံခဲ့ရဖူးသနည်း။

မြို့ထဲရှိ ဖောက်သည်များထံသို့ မီးသွေးသွားပို့တိုင်း သူတို့သည် သူ၏ မျက်နှာပေါ်ရှိ မီးသွေးမှုန့်များနှင့် ဖုန်မှုန့်များ ပေကျံနေပြီး မည်းနက်ကာ ညစ်ပတ်နေသည်ကို မြင်သောအခါ မီးသွေးများကို ချထားခဲ့ပြီး ချက်ချင်း ထွက်သွားရန်သာ ပြောတတ်ကြသည်။

သူတို့က အလွန်ပင် ရွံရှာတတ်ကြသည်။

မာလောင်စန်းသည် ဤအခြေအနေမျိုးကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုလူများ၏ မျက်လုံးထဲမှ ရွံရှာမှုနှင့် အထင်သေးမှုများကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီး ၎င်းကို သူ ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

များစွာ ကြုံတွေ့ရပြီးနောက်တွင်မူ ထုံထိုင်းသွားတော့သည်။

အခြားရွေးချယ်စရာမှ မရှိချေ။ လုပ်ကျွေးရမယ့် ဇနီးနဲ့ ကလေးတွေ ရှိနေတော့ ငွေရှာဖို့ လိုအပ်၏။

သူ့တွင် မည်သည့်ကျွမ်းကျင်မှု သို့မဟုတ် ပညာရေးမျှမရှိဘဲ သူ့တွင် ရှိသမျှမှာ ရောင်းစားနိုင်သော သူ၏ ခန္ဓာကိုယ်ခွန်အားသာ ဖြစ်သည်။

ထို့ကြောင့် မည်မျှပင် အေးစက်စွာ ဆက်ဆံခံရပါစေ မာလောင်စန်းသည် အရာအားလုံးကို သည်းခံခဲ့ပြီး မည်သည့် အခက်အခဲကိုမျှ မခံစားခဲ့ရပေ။

သို့သော် ယနေ့တွင်မူ မြို့ပေါ်မှ ရွှမ်းရွှေရွာသို့ မိုင်သုံးဆယ်ကျော် စီးနင်းလာပြီးနောက် အဖွဲ့ခေါင်းဆောင်လီ၏ အိမ်၌ အလွန် တန်ဖိုးရှိသော နွေးထွေးမှုကို သူ ခံစားလိုက်ရသည်။

မီးလင်းဖိုထဲမှ မီးတောက်တစ်ခုကဲ့သို့ နွေးထွေးနေလေသည်။

အဖွဲ့ခေါင်းဆောင်လီနှင့် သူ၏ဖခင်တို့သည် သူ့ကို လူတစ်ယောက်ကဲ့သို့ တကယ် ဆက်ဆံခဲ့ကြသည်။

"ဦးလေးလီ... ခင်ဗျားက သဘောကောင်းလွန်းပါတယ်... ဒါက ကျွန်တော် လုပ်ရမယ့်အလုပ်ပါ..."

လီတာ့ဟိုင်သည် မာလောင်စန်းထက် အသက်နှစ်ဆယ်ကျော် ပိုကြီးသဖြင့် သူ့ကို "ဦးလေး" ဟု ခေါ်ဆိုခြင်းမှာ လုံးဝ လက်ခံနိုင်စရာပင် ဖြစ်သည်။

သေချာသည်မှာ ထိုသို့ခေါ်ဆိုခြင်းက မာလောင်စန်းကိုလည်း ပို၍ ရင်းနှီးမှု ရှိစေသည်။

ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်သည်။

"ခင်ဗျားတို့က ကျွန်တော်တို့ မီးသွေးတွင်းကနေ မီးသွေးတန်(၁၀၀)တောင် မှာထားတာဆိုတော့ ခင်ဗျားတို့ အိမ်ကို အကောင်းပကတိရောက်အောင် ပို့ပေးရမှာပေါ့..."

"ကီလိုမီတာ သုံးဆယ်ကျော်ဆိုတာ အရမ်းပင်ပန်းတာ... မာလောင်စန်း ထိုင်ပြီး ခဏလောက် နားပါဦး... ကျွန်တော် လက်ဖက်ရည် တစ်အိုးလောက် သွားဖျော်လိုက်ဦးမယ်..."

လီတာ့ဟိုင်တွင် လက်ဖက်ရည်သောက်သည့် အကျင့်ရှိပြီး သူသည် အလုပ်မရှိသည့်အခါမျိုးတွင် လက်ဖက်ရည် အိုးအနည်းငယ်ခန့် ဖျော်သောက်လေ့ရှိသည်။

"ဦးလေးလီ... မလောပါနဲ့... မလောပါနဲ့..."

မာလောင်စန်းက လီတာ့ဟိုင်ကို တားဆီးရန် ကြိုးစားလိုက်သည်။

"ကျွန်တော့်အဖေကို သွားပါစေ... တစ်နေကုန် အပြင်ဘက်မှာ ပြေးလွှားနေရတော့ ခင်ဗျား အေးခဲနေပြီပဲ... နွေးသွားအောင် ရေနွေးကြမ်းပူပူလေး တစ်ခွက်လောက် သောက်လိုက်ပါဦး..."

လီလန်က သူ့ကို နှစ်သိမ့်လိုက်သည်။

"ဒုတိယညီမ... ညီမလေးကို အစ်ကို့အခန်းထဲ ခေါ်သွားပြီး စာရေးခိုင်းလိုက်..."

လီလန်၏ ညီမနှစ်ယောက်ဖြစ်သော လီထျန်းနှင့် လီရွှယ်တို့မှာ ကန်းစားပွဲပေါ်တွင် စာရေးနေကြသည်။ သူတို့၏ စကားပြောဆိုမှုကို နှောင့်ယှက်မည်ကို စိုးရိမ်သဖြင့် လီလန်သည် ကောင်မလေးနှစ်ယောက်ကို ဘေးအခန်းသို့ သွားခိုင်းလိုက်သည်။

ကောင်မလေးနှစ်ယောက်သည် လိမ္မာစွာ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ခဲတံများနှင့် စာရွက်များကို ယူကာ ကန်းပေါ်မှ ဆင်းပြီး ဖိနပ်စီး၍ ဘေးအခန်းသို့ သွားကြလေသည်။

"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားရဲ့ ညီမလေးလား..."

မာလောင်စန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... အကြီးမလေးက ဆယ့်နှစ်နှစ်ရှိပြီ... အငယ်မလေးကတော့ ရှစ်နှစ်ပေါ့..."

လီလန်သည် ခေါင်းညိတ်လိုက်သည်။

"စာရေးစာဖတ် သင်နေတာလား... ခင်ဗျားတို့ရွာမှာ ကျောင်းရှိတယ်လို့ ကျွန်တော် မမှတ်မိပါဘူး..."

မာလောင်စန်းသည် နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်သည်။

ရွှမ်းရွှေရွာတွင် မူလတန်းကျောင်း မရှိသလို ပတ်ဝန်းကျင်ရှိ ရွာများတွင်လည်း မူလတန်းကျောင်းများ မရှိပေ။ ရွာထဲရှိ ကလေးများ ကျောင်းတက်ချင်ပါက မိုင်သုံးဆယ်ဝေးသော မြို့နယ်သို့ သွားရမည်ဖြစ်သည်။

ကျောက်ဘိုင်တောင်ခြေတွင် မုဆိုးရွာများသာ အများစု ရှိသည်။ မုဆိုးများသည် ခွန်အားနှင့် သေနတ်ပစ်စွမ်းရည်ကိုသာ တန်ဖိုးထားကြပြီး ပညာရေးကို သိပ်၍ စိတ်မဝင်စားကြပေ။

ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ အမဲလိုက်ခြင်းအပေါ် ထိခိုက်မည် မဟုတ်ပေ။

လူတစ်ယောက်သည် စာမတတ်လျှင်ပင် သေနတ်ကို ကိုင်တွယ်နိုင်ပြီး သေနတ်ပစ်စွမ်းရည်ကို လေ့ကျင့်နိုင်သရွေ့ တောင်ပေါ်တွင် အမဲလိုက်ကာ မိမိကိုယ်ကို ထောက်ပံ့နိုင်မည်ဖြစ်သည်။

အခြားအရာအားလုံး အဆင်မပြေလျှင်ပင် ဘေးရွာရှိ လုံမင်မြစ်တွင် ငါးကြီးများစွာ ရှိနေသေးသည်။

ငါးဖမ်းရန် သင်ယူခြင်းမှာလည်း အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်။

ကျောင်းတက်ခြင်းမှာ မြို့ပေါ်ရှိ ကလေးများအတွက်သာ သီးသန့်ဖြစ်သော အခွင့်အရေးတစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မုဆိုးရွာမှ ကောင်လေးများသည် သူတို့၏ ကလေးဘဝကို သေနတ်သွေးခြင်းနှင့် ထောင်ချောက်များ ပြုလုပ်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးလေ့ရှိကြသည်။

မိန်းကလေးများမှာမူ အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် အိမ်မှုကိစ္စများကို လုပ်ဆောင်ရမည်ဖြစ်သည်။

ကန်းစားပွဲပေါ်တွင် မှောက်၍ စာဖတ်ခြင်းနှင့် စာသင်နေသည်ကို မာလောင်စန်း မြင်တွေ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

"ရွာရဲ့ ပညာတတ်လူငယ်ရုံးက ဆရာမတွေက မိန်းကလေးတွေအနေနဲ့ အနာဂတ်မှာ ပိုပြီး သက်တောင့်သက်သာရှိတဲ့ ဘဝကို ပိုင်ဆိုင်နိုင်အောင် စာများများလေ့လာပြီး စာတတ်မြောက်သင့်တယ်လို့ သင်ပေးထားတာလေ..."

လီလန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

မာလောင်စန်းသည် နားလည်သလို နားမလည်သလိုဖြင့် နားထောင်ရင်း တွေဝေစွာ ခေါင်းညိတ်လိုက်သည်။

သူသည် စာမတတ်သူဖြစ်ပြီး စာလုံးများကိုလည်း မသိသလောက်ဖြစ်ကာ ကြမ်းတမ်းသော အလုပ်များကို လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေရသူ ဖြစ်သည်။ စာပိုတတ်သော မိန်းကလေးတစ်ယောက်က မည်ကဲ့သို့ ပို၍ သက်တောင့်သက်သာရှိသော ဘဝကို ဖြတ်သန်းနိုင်မည်နည်း။

"ဒါတွေ အသာထားလိုက်ပါ... ခင်ဗျား ကျွန်တော့်ကို ဘာပြောမလို့လဲ..."

မျက်နှာချင်းဆိုင် ကန်းပေါ်တွင် ထိုင်နေသော မာလောင်စန်းကို ကြည့်ကာ လီလန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

စောစောက ပိုင်လုံနှင့် ဟေးလုံတို့ကို မြင်ပြီးနောက် မာလောင်စန်းမှာ လန့်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခြင်းဖြစ်သည်။

မာလောင်စန်းသည် လက်တွေ့ကျပြီး ယုံကြည်စိတ်ချရသူ တစ်ဦးဖြစ်သည်။ သူ့ကို ထိုမျှလောက် ကြောက်လန့်သွားစေနိုင်သည့် အရာတစ်ခုဆိုပါက ကြီးလေးသော ကိစ္စတစ်ခု ဖြစ်ရမည်။

"အော်... ဟုတ်သားပဲ... ဟုတ်တယ်..."

မာလောင်စန်းက အားတက်သရော ခေါင်းညိတ်လိုက်သည်။

"ဒီလိုဗျ..."

"ကျွန်တော့်အစ်ကိုက လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိုးပျံနဂါး ဒါမှမဟုတ် တောယုန်တချို့ ဖမ်းမိဖို့ မျှော်လင့်ပြီး တောင်ပေါ်ကို ထောင်ချောက်ဆင်ဖို့ သွားခဲ့တယ်... ဒါကြောင့် သူ့ရဲ့ အမဲလိုက်ခွေးတွေကို မခေါ်သွားဘူးလေ..."

ရွှမ်းရွှေရွာပဲဖြစ်ဖြစ်၊ ချောင်တျန်းကျီရွာပဲဖြစ်ဖြစ် မုဆိုးလုပ်သည့် အိမ်တိုင်းတွင် အမဲလိုက်ခွေး အနည်းငယ်ခန့် မွေးထားတတ်ကြသည်။

မုဆိုးများသည် တောင်ပေါ်သို့ အမဲလိုက်သွားသည့်အခါတိုင်း အမဲလိုက်ခွေး အကောင်ရေ အတော်များများကို အမြဲ ခေါ်ဆောင်သွားလေ့ရှိသည်။

တောင်ပေါ်တွင် ထောင်ချောက်များနှင့် ကျော့ကွင်းများ ဆင်ခြင်းမှာလည်း ချွင်းချက် မဟုတ်ပေ။

ပထမအချက်အနေဖြင့် အမဲလိုက်ခွေးများသည် ထက်မြက်သော အနံ့ခံအာရုံရှိပြီး သူတို့၏ သားကောင်အနံ့ကို ခြေရာခံနိုင်သည်။

ဒုတိယအချက်အနေဖြင့် အမဲလိုက်ခွေးများသည် အလွန်သတိရှိကြပြီး တောင်ပေါ်တွင် ပုန်းအောင်းနေသော အန္တရာယ်များကို ချက်ချင်း သိရှိနိုင်သည်။

ကျောက်ဘိုင်တောင်တန်း အနီးရှိ တောင်များတွင် ကျား၊ ဝက်ဝံ၊ ကျားသစ် ကဲ့သို့သော ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သည့် သားရဲတိရစ္ဆာန်များ နေထိုင်ကြသဖြင့် အလွန် အန္တရာယ်များလှသည်။

မုဆိုးတစ်ယောက်အနေဖြင့် အမဲလိုက်ခွေးမပါဘဲ တောင်ပေါ်သို့ တစ်ယောက်တည်း သွားခြင်းမှာ ရိုးရိုးရှင်းရှင်းပင် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်သည်။

ထို့အပြင် တောင်ပေါ်ပတ်ဝန်းကျင်မှာ ကြမ်းတမ်းလှပြီး နှင်းမုန်တိုင်း တိုက်ခတ်လာပါက အတွေ့အကြုံရှိသော မုဆိုးများပင် လမ်းပျောက်သွားနိုင်လေသည်။

ဤအချိန်မျိုးတွင် သင့်ထံ၌ အမဲလိုက်ခွေး အနည်းငယ်ပါရှိနေခြင်းက အလွန် အသုံးဝင်ပေလိမ့်မည်။

အဖြူရောင် လေဆင်နှာမောင်းသည် တောင်ပေါ်ရှိ ခြေရာများကို ဖုံးလွှမ်းသွားနိုင်သော်လည်း အမဲလိုက်ခွေးများ လမ်းတစ်လျှောက် ချန်ထားခဲ့သော အနံ့များကိုမူ လွင့်စင်သွားအောင် မလုပ်နိုင်ပေ။

"လက်ဖက်ရည် သောက်ပါဦး... လက်ဖက်ရည် သောက်ပါဦး..."

ထိုအချိန်တွင် လီတာ့ဟိုင်သည် အခိုးအငွေ့များ ထွက်နေသော လက်ဖက်ရည် ပန်းကန်နှစ်လုံးကိုကိုင်ကာ လျှောက်လာလေသည်။

လက်ဖက်ရည်၏ ရနံ့မှာ တားဆီး၍မရနိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိနေသည်။

"ကျေးဇူးတင်ပါတယ် ဦးလေးလီ..."

မာလောင်စန်းသည် သူ၏ ကြွေရည်သုတ်ခွက်ကို ကောက်ကိုင်၍ တစ်ငုံသောက်လိုက်သည်။

သူသည် စိုးရိမ်နေသည့် အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို ချကာ ပြောလိုက်သည်။

"ကျွန်တော့်အစ်ကိုက အိမ်မှာ မွေးထားတဲ့ အမဲလိုက်ခွေးနှစ်ကောင်ကို မခေါ်ဘဲ တောင်ပေါ်ကို သွားခဲ့တာ... ဒါကြောင့် အဲဒီခွေးတွေကို ခြံထဲမှာပဲ ချည်ထားခဲ့တယ်..."

"ထောင်ချောက်ဆင်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ အမဲလိုက်ခွေး ပျောက်သွားတာကို တွေ့လိုက်ရတယ်လေ..."

"အခိုးခံလိုက်ရတာလား..."

လီလန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကျွန်တော့်အစ်ကို တွေးကြည့်တာတော့ လူခိုးတာ မဟုတ်လောက်ဘူးတဲ့... ခြံထဲမှာ တောင်ပေါ်က ဆင်းလာတဲ့ တိရစ္ဆာန် ခြေရာတွေကို တွေ့ခဲ့ရတယ်လေ..."

"ဒါ့အပြင်..."

All Chapters