← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) ငါးရောင်း၍ တစ်နေ့တည်း ယွမ်(၈၀) ရရှိခြင်း၊ နာရီအိုကြီးမှ နာရီအသစ်သို့ ပြောင်းလဲသွားခြင်း

ဂုန်နီအိတ်ကို ဖွင့်လှစ်လိုက်သည်။

အထဲတွင် ဝမ်းဗိုက်ဖြူဖွေးဖွေးနှင့် ငါးကြီးတစ်ကောင်မှာ မှောက်လျက်သား ဖြစ်နေ၏။

(၁၀)ကျင်းအလေးချိန်ရှိ ငါးကြင်းတစ်ကောင်၊ ကျင်း(၃၀)အလေးချိန်ရှိ ငွေရောင်ငါးကြင်းတစ်ကောင်၊ ကျင်း(၃၀)အလေးချိန်ရှိ မြက်ငါးကြင်းတစ်ကောင်နှင့် (၁)ကျင်းအလေးချိန်ရှိ ကျိယွီငါးကြင်းတို့ဖြစ်သည်။

စုစုပေါင်း ငါးတစ်ဒါဇင်ကျော်ရှိပြီး အလေးချိန်အားဖြင့် ကျင်း(၁၆၀)ခန့် (၈၀ ကီလိုဂရမ်ခန့်) ရှိသည်။

ထိုအသားဖြိုး၍ ကြီးမားလှသော ငါးကြီးများကို လီလန်က လုံမင်မြစ်မှ ငါးမျှားတံဖြင့် ကိုယ်တိုင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လုံမင်မြစ်သည် စုန့်ဟွာမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည့်အတွက် ဤငါးကြီးများမှာ စုန့်ဟွာမြစ်မှ ပေါက်ဖွားလာသော ရေချိုငါးများ ဖြစ်၏။

စုန့်ဟွာမြစ်သည် ရေအရည်အသွေး ကောင်းမွန်ပြီး ရေနေအပင်များ ပေါများလှသဖြင့် ထိုနေရာတွင် ကြီးပြင်းလာသော တောရိုင်းငါးများမှာ အလွန်လတ်ဆတ်လှသည်။

ဤသည်မှာ လတ်ဆတ်လွန်းသဖြင့် မြို့တွင်းရှိ မွေးမြူရေးငါးများနှင့် လုံးဝမယှဉ်နိုင်ပေ။

တောင်တန်းနှင့် ပင်လယ်ပြင်မှ ရရှိသော အဖိုးတန်အစားအစာများနှင့်အတူ ဤ "ရေချိုငါး" များမှာလည်း တန်းတူအရေးပါလှသည်။

ထို့ကြောင့် ကြက်၊ ဘဲနှင့် ဝက်သားကိုသာ အမြဲစားနေရသော မြို့ပြတာဝန်ခံများမှာ ရေချိုငါးများကို အထူးနှစ်ခြိုက်ကြသည်။

ဆောင်းရာသီတွင် ရာသီဥတု အလွန်အေးမြပြီး တောင်ပေါ်အစားအစာများကို ရှာဖွေရခက်ခဲကာ ကျောက်ဘိုင်တောင်တန်းမှာ ပင်လယ်နှင့် ဝေးကွာလှသဖြင့် ပင်လယ်စာများ မရရှိနိုင်ပေ။ စုန့်ဟွာမြစ်မှ ရေချိုငါးများမှာ မစားမဖြစ် စားသုံးသင့်သော အရာပင်ဖြစ်သည်။

ကျန်းဝေမင်၏ အထက်လူကြီးဖြစ်သူ ဟုန်ရှင်းသံမဏိစက်ရုံမှ ဒါရိုက်တာယန်သည် လွန်ခဲ့သည့်နှစ်ရက်က ဝယ်ယူရေးဌာနသို့ လာရောက်၍ ဝယ်ယူရေးတာဝန်တစ်ခုကို ပေးအပ်ခဲ့ပြီး ရေချိုငါးများနှင့် တောင်ပေါ်အစားအစာများကို ပိုမိုဝယ်ယူရန် ညွှန်ကြားခဲ့သည်။

"ကောင်းတယ်... ကောင်းတယ်….ကောင်းတယ်."

ကျန်းဝေမင်သည် ဂုန်နီအိတ်ထဲရှိ ငါးကြီးများကို ကြည့်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ကောင်းတယ်" ဟု သုံးကြိမ်တိုင်တိုင် ဆိုလိုက်၏။

"တူလေး... မင်းက တကယ်တော်တာပဲ... ငါ မင်းကို မှန်မှန်ကန်ကန် ရွေးချယ်မိမှန်း သိလိုက်ပြီ..."

ကျန်းဝေမင်က လီလန်အား ချီးကျူးစကား ပြောဆိုလိုက်သည်။

လီလန်နှင့် သူ့အဖေသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရာ နှစ်ဦးစလုံးမှာ နားမလည်နိုင်စွာ ဖြစ်နေကြသည်။

*ဦးလေးဝေမင် ဘာဖြစ်နေတာလဲ*

*ဘာကြောင့် ဒီလောက်တောင် ပျော်ရွှင်နေရတာလဲ*

"ဦးလေးဝေမင်... ဘာတွေဖြစ်နေတာလဲ..."

လီလန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

"အော်... ငါးတွေကို ကြည့်နေရတာနဲ့ အရေးကြီးတဲ့ ကိစ္စတောင် မေ့သွားတော့တယ်..."

ကျန်းဝေမင်က ဂုန်နီအိတ်ကို ပြန်ပိတ်လိုက်သည်။

သူ ဆက်ပြောတော့မည့်ဆဲဆဲတွင် လီတာ့ဟိုင်သည် အငွေ့တထောင်းထောင်း ထနေသော ကြွေရည်သုတ် လက်ဖက်ရည်ခွက်ကို ကိုင်ဆောင်၍ မီးဖိုခန်းထဲမှ ထွက်လာသည်။

"ဝေမင်... လက်ဖက်ရည် သောက်ပါဦး..."

"ကောင်းပြီ..."

ကျန်းဝေမင်သည် လက်ဖက်ရည်ခွက်ကို ယူ၍ ကန်းစားပွဲပေါ်တွင် ပေါ့ပေါ့ဆ‌ဆ တင်လိုက်သည်။

သူသည် အပူပေးထားသည့် ကန်းအိပ်ရာပေါ်သို့ ပြန်တက်၍ ထိုင်ကာ ပြောလိုက်သည်။

"ရှောင်လန်... ဒီလိုပါ..."

"လွန်ခဲ့တဲ့ နှစ်ရက်က အလုပ်မဆင်းခင်မှာ ငါတို့ သံမဏိစက်ရုံ မန်နေဂျာက ဝယ်ယူရေးဌာနကို အထူးလာရောက်ခဲ့တယ်..."

လီလန်သည် တိတ်ဆိတ်စွာပင် ကန်းစားပွဲ၏ တစ်ဖက်တွင် ထိုင်၍ နားထောင်နေသည်။

သူသည် အကဲခတ်ကောင်းသူဖြစ်ရာ ဦးလေးဝေမင်က ဤကိစ္စကို အလေးအနက်ထားပြောနေသည်မှာ အရေးကြီးကြောင်း သိသာသည်။

ထို့အပြင် ဤအရေးကြီးသော ကိစ္စမှာ သူဖမ်းမိသော ရေချိုငါးများနှင့် ပတ်သက်နေနိုင်သည်မှာ ထင်ရှားသည်။

"စက်ရုံဒါရိုက်တာက မြို့ကနေ အဆင့်မြင့်ခေါင်းဆောင်တစ်ယောက် လာရောက်စစ်ဆေးမှာဖြစ်လို့ အဲဒီအတွက် ပြင်ဆင်ထားဖို့ ပြောတယ်..."

"အဲဒီခေါင်းဆောင်ကြီးက တောင်ပိုင်းကနေ ပြောင်းလာတာ။ သူက ကျန်းနန်ဒေသမှာ ကြီးပြင်းခဲ့တော့ ငါးစားရတာကို အရမ်းနှစ်သက်တယ်... အထူးသဖြင့် တောရိုင်းရေချိုငါးတွေကိုပေါ့..."

ထိုစကားကို ကြားလိုက်ရသည့်အခါ လီလန်သည် အခြေအနေကို ချက်ချင်းပင် နားလည်သွားသည်။

သံမဏိစက်ရုံ ဒါရိုက်တာက မြို့ပြစက်မှုဗျူရိုမှ အဆင့်မြင့်ခေါင်းဆောင်ကို မျက်နှာချိုသွေးရန်အတွက် ဝယ်ယူရေးအေးဂျင့်ကို ကျေးလက်သို့ စေလွှတ်၍ ရေချိုငါးများ ရှာခိုင်းခြင်းပင်ဖြစ်သည်။

လီလန်သည် အရာရှိအာဏာပိုင်တို့၏ အရှုပ်တော်ပုံများကို စိတ်မဝင်စားသော်လည်း ကျန်းဝေမင်၏ ပျော်ရွှင်နေပုံကို ကြည့်ခြင်းဖြင့် ဤအလုပ် အဆင်ပြေသွားပါက ကျန်းဝေမင်ဆုလာဘ်ရမည်ကို သူ သိလိုက်သည်။

"နားလည်ပြီလား... မင်းရဲ့ ဒီရေချိုငါးတွေက ဒီနေ့ ဦးလေးကို အကြီးကြီး ကူညီပေးလိုက်တာပဲ..."

"ငါ့ဦးလေးက အနီးအနားက ရွာတွေကို လှည့်ပတ်ရှာပေမယ့် ငါးကြီးကြီးတွေ မရခဲ့ဘူး..."

"ဝေ့ကော်ဆီက ကြားတော့ မင်းဆီမှာ ကျင်း(၁၀၀)ကျော်တဲ့ ငါးကြီးတွေ ရှိတယ်ဆိုလို့ အထူးလိုက်ရှာလာခဲ့ရတာ..."

ကျန်းဝေမင်က လီလန်ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

ထိုကလေးသည် တကယ်ပင် ရက်ရောလှသည်။ ဝေ့ကော်ဆီသို့ (၁၀)ကျင်းအလေးချိန်ရှိ ငါးကြင်းတစ်ကောင်ကို မတွန့်မဆုတ် ပေးလိုက်ခြင်းဖြစ်သည်။

သူသည် လီလန်၏ ဤစိတ်ထားကို လေးစားမိသည်။

ညီအစ်ကိုတွေအပေါ် ရက်ရောခြင်းမှာ သူ၏ စိတ်ထားမှာ အပြစ်ကင်းစင်ပြီး မွန်မြတ်ကြောင်း ပြသနေသည်။

"ဦးလေးဝေမင်... ဒီငါးတွေကို ကြိုက်တယ်ဆိုရင် သက်သာတဲ့ဈေးနဲ့ ရောင်းပေးပါမယ်..."

လီလန်က ပြောလိုက်သည်။

ကျန်းဝေမင် ပို့ပေးခဲ့သော ပစ္စည်းများမှာ အနည်းဆုံး (၁၀(ယွမ်စီ တန်ဖိုးရှိသည်။ သူသည် မိမိ၏ အခြေအနေကို သိရှိပြီး ဦးလေးဝေမင်က စိတ်ရင်းစေတနာဖြင့် ဆက်ဆံနေသဖြင့် အဆမတန် ဈေးတင်၍ မရောင်းချင်ပေ။

"ဘာတွေပြောနေတာလဲ..."

"ငါ ခုနက ပြောလိုက်တယ်မဟုတ်လား... အလုပ်ကိစ္စနဲ့ ပုဂ္ဂိုလ်ရေးကိစ္စကို ခွဲခြားရမယ်..."

"ငါက မင်းဆီက ငါးကို ဝယ်တာမဟုတ်ဘူး... ငါတို့စက်ရုံက ဝယ်တာ..."

"မင်းရဲ့ ဒီငါးအိတ်ကို ဈေးကွက်ပေါက်ဈေး အမြင့်ဆုံးနဲ့ ငါ အကုန်ယူမယ်..."

"စုန့်ဟွာမြစ်က ရေချိုငါးတွေက ဈေးကွက်ထဲက မွေးမြူရေးငါးတွေထက် အဆပေါင်းများစွာ ပိုအရသာရှိတယ်..."

ကျန်းဝေမင်က ပြုံး၍ ပြောလိုက်သည်။

သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အိတ်ကပ်ထဲမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူလိုက်၏။

"ဒီငါးအိတ်ထဲမှာ ဘယ်နှစ်ကျင်းလောက် ရှိမလဲ..."

ကျန်းဝေမင်သည် ငွေကို ရေတွက်နေရင်း မေးလိုက်သည်။

"မရေတွက်ရသေးဘူး... ကျင်း(၁၀၀)လောက်တော့ ရှိမယ်ထင်တယ်..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... အစ်ကိုကြီးတာ့ဟိုင်... ချိန်ခွင်ရှာပြီး ချိန်ကြည့်ရအောင်..."

ချိန်ခွင်မှာ ထိုခေတ်ကာလ၏ အသုံးဝင်သော ချိန်တွယ်ကိရိယာတစ်ခု ဖြစ်သည်။

အများစုမှာ သစ်သားတုတ်လုံးပေါ်တွင် အမှတ်အသားများ ထွင်းထုထားခြင်း ဖြစ်သည်။ အမှတ်အသား ဆယ်ခုမှာ ကျင်း(၁၀၀)ကို ကိုယ်စားပြုသည်။

လီတာ့ဟိုင်သည် "အေး" ဟု ဆိုကာ မီးဖိုခန်းသို့ အမြန်ပြေး၍ ချိန်ခွင်နှင့် အလေးတုံးကို ယူလာသည်။

သူသည်လည်း အတွေ့အကြုံရင့် မုဆိုးတစ်ဦးဖြစ်ရာ တောရိုင်းတိရစ္ဆာန်များနှင့် အမြဲထိတွေ့နေရသူဖြစ်သည်။ မုဆိုးအဖွဲ့က သားကောင်ရပါက အိမ်ထောင်စုတိုင်းကို ခွဲဝေပေးရပြီး မည်မျှရရှိရမည်ဆိုသည့် စည်းကမ်းချက်များရှိသည်။

ကျင်းနှင့် လျန်အထိ တိကျရမည် ဖြစ်သည်။

မဟုတ်ပါက တစ်အိမ်နှင့်တစ်အိမ် ငြင်းခုံစရာ ဖြစ်လာလိမ့်မည်။

ထို့ကြောင့် ချိန်ခွင်နှင့် အလေးတုံးမှာ အလွန်အသုံးဝင်သည်။

လီလန်တွင် အဘိုးဆီမှ လက်ဆင့်ကမ်းလာသည့် ရှေးဟောင်းချိန်ခွင်တစ်ခု ရှိနေသည်။

လီတာ့ဟိုင်သည် ချိတ်ကို ဂုန်နီအိတ်တွင် ချိတ်လိုက်ပြီး တုတ်တံကို ချိန်ခွင်အဝိုင်းတွင် ထည့်၍ အလေးတုံးကို ချိတ်လိုက်သည်။

"သား... လာကူပါဦး..."

လီတာ့ဟိုင်သည် တုတ်တံ၏ တစ်ဖက်ကို လီလန်ထံ ပေးလိုက်သည်။

လီလန်သည် ယူ၍ ပခုံးပေါ်တွင် ထမ်းလိုက်သည်။

"၁"

"၂"

"၃"

"မြှောက်လိုက်..."

လီတာ့ဟိုင်သည် ကျယ်လောင်စွာ အော်လိုက်ပြီး ဖခင်နှင့်သားနှစ်ဦးမှာ ငါးကြီးများဖြင့် ပြည့်နေသည့် အိတ်ကို အားကုန်သုံး၍ မလိုက်ကြသည်။

လီတာ့ဟိုင်သည် အလေးတုံးကို ချိန်ခွင်အမှတ်အသားအတိုင်း ရွှေ့လိုက်သည်။

ချိန်ခွင်နှင့် အိတ်မှာ ကိုးဆယ်ဒီဂရီ ထောင့်မှန်စပ်မိသည့်အခါ ချိန်ခွင်သည် အလျားလိုက် ဖြစ်သွားပြီး ငါးအိတ်၏ အလေးချိန်ကို တွက်ချက်နိုင်သည်။

"ကျင်း(၁၆၀)တိတိပဲ..."

လီတာ့ဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ... ငါ မှတ်ထားလိုက်မယ်..."

ကျန်းဝေမင်သည် ခေါင်းညိတ်လိုက်ပြီး အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ငယ်နှင့် ခဲတံကို ထုတ်ယူ၍ ဂရုတစိုက် ရေးမှတ်လိုက်သည်။

"ငါးဈေးက မြို့က ဈေးမှာ (၁)ကျင်းကို ဆင့် (၄၀)ပဲ ရှိပေမယ့် ငါတို့ စုန့်ဟွာမြစ်က ရေချိုငါးဆိုတော့ (၁)ကျင်းကို (၁၀)ဆင့် ပိုပေးမယ်..."

"(၁)ကျင်းကို (၅၀)ဆင့်နဲ့ ဝယ်ရင် ရမလား..."

ကျန်းဝေမင်က လီလန်ကို ကြည့်၍ မေးလိုက်သည်။

"ရပါတယ်..."

လီလန်သည် ဈေးနှုန်းကို ခေါင်းညိတ် သဘောတူလိုက်သည်။

ငါး(၁)ကျင်းကို (၅၀)ဆင့်ဆိုသည်မှာ အလွန်ကောင်းမွန်သော ဈေးနှုန်းပင်ဖြစ်သည်။

အခြားအရာများကိုဖယ်လိုက်ပါက မြို့နေလူများသည် တစ်နေ့လျှင် (၁)ယွမ်ပင် မရရှိကြဘဲ ငါး(၁)ကျင်းကို (၄၀)ဆင့် ပေးနေရသည်။ ငါးတစ်ကောင်မှာ အများဆုံး သုံးလေးကျင်းသာ ရှိသည်။

မြို့နေလူတစ်ဦးမှာ တစ်နေ့လုံး အလုပ်လုပ်၍ ဈေးသွားဝယ်သော်လည်း ငါးတစ်ကောင်ပင် ဝယ်မစားနိုင်ပေ။

စက်ရုံမှ တာဝန်ခံများ၊ ခေါင်းဆောင်များနှင့် ဒါရိုက်တာများမှာမူ မပါဝင်ပေ။

ရာထူးရှိသူများမှာ လစာကောင်းကြသဖြင့် သာမန်လူများနှင့် မတူပေ။

"(၁)ကျင်းကို (၅၀)ဆင့်၊

ကျင်း(၁၆၀)ဆိုတော့ ယွမ်(၈၀)ပေါ့..."

"တူလေး... ရေတွက်ကြည့်လိုက်ဦး..."

ကျန်းဝေမင်သည် ငွေစက္ကူအသစ်စက်စက် ရှစ်ရွက်ကို ထုတ်၍ လီလန်အား ပေးလိုက်သည်။

"ရေတွက်စရာ မလိုပါဘူး ဦးလေးဝေမင်... ကျွန်တော် ယုံပါတယ်..."

လီလန်က ပြုံး၍ ခေါင်းညိတ်ကာ ငွေကို အိတ်ထဲ ထည့်လိုက်သည်။

"ဒါနဲ့ ဦးလေးဝေမင်... ကျွန်တော့်နာရီ ပြင်လို့ ပြီးပြီလား..."

လီလန်က တစ်ခုခုကို သတိရသွားသည်။

တုံယွီရှုက လွီအန်းနာအတွက် မိုးပျံနဂါး နာရီကို ဝယ်ယူစဉ်က ပျက်နေသည့် နာရီတစ်လုံးနှင့် လဲလှယ်ခဲ့ခြင်းဖြစ်သည်။

"အော်... ငါ မေ့သွားတော့မလို့..."

"ပြင်လို့ပြီးပါပြီ... ဒါပါပဲ..."

ကျန်းဝေမင်က အိတ်ကပ်ထဲမှ နာရီတစ်လုံးကို ထုတ်ပေးလိုက်သည်။

နာရီမှာ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း နာရီလက်တံများမှာ ပုံမှန်လည်ပတ်နေသည်။

ပြင်ဆင်သူက အရောင်ဆင်တူ နာရီကြိုးတစ်ချောင်းကိုပါ တပ်ဆင်ပေးလိုက်သည်။

ဤနာရီအိုကြီးမှာ ပြုပြင်ပြီးနောက်တွင် နာရီအသစ်ကဲ့သို့ ပြောင်းလဲသွားသည်။

လီလန်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သည်။

"နာရီတစ်လုံး... ဒါက တကယ့်ကို အမြတ်ကြီးပဲ..."

နာရီတစ်လုံးနှင့် ကြက်တစ်ကောင် လဲလှယ်ရသည်မှာ အလွန်တန်သွားခြင်းပင်ဖြစ်သည်။

All Chapters