← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း။ ၁၉၃

နှစ်ကြိမ်မျှ သက်ပြင်းချပြီးနောက် မုရုံချီသည် ဆန်းဝူမြိုသို့ ပြန်ရန် မရွေးချယ်တော့ဘဲ မြို့ရိုးမျှော်စင်ပေါ်မှ တိတ်ဆိတ်စွာ ခုန်ဆင်းသွားခဲ့၏။

ဆန်းဝူမြို့တွင် ဆက်နေနေခြင်းသည် အဓိပ္ပာယ်မရှိတော့သည့်အပြင် အခြားသူများ၏ အမုန်းပွားမှုကိုသာ ပိုမိုတိုးစေလိမ့်မည်ဖြစ်ကြောင်း သူ ကောင်းစွာနားလည်သွားခဲ့ပြီ ဖြစ်သည်။

မြို့ရိုးပေါ်မှ ခုန်ဆင်းပြီးနောက် သူသည် ထိုနက်ရှိုင်းလှသော ကျင်းကြီးဆီသို့ တည့်တည့်မတ်

မတ် လျှောက်လှမ်းသွားခဲ့သည်။

ကျင်းအစွန်းတွင် ခေတ္တမျှရပ်၍ ငေးကြည့်နေပြီးနောက် သူသည် တောအုပ်လမ်းလေးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကာ ဆန်းဝူမြို့မှ ထွက်ခွာသွားတော့၏။

ထို့အတူပင် ဝမ်ပင်း ထွက်ခွာသွားပြီးနောက် အခြားသူများအားလုံးလည်း တရွေ့ရွေ့ဖြင့် လူစုခွဲကာ ထွက်ခွာသွားကြတော့သည်။

သူတို့သည် ဒီနေ့အတွက် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို ဝဝလင်လင် ကြီး မြင်တွေ့ခဲ့ရသည်။

"အကယ်၍ ငါတို့ကိုယ်တိုင်သာ မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရဘူးဆိုရင် ဝမ်ပင်းက ဒီလောက်အထိတောင် အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူကများ ထင်မှတ်ရဲမှာလဲ..."

သို့သော် လူတိုင်း ထွက်ခွာသွားကြသော်လည်း ဟွမ်းချိန်ကမူ မထွက်ခွာသေးဘဲ မြို့ထဲသို့သာ စိုက်ကြည့်နေမိဆဲပင်။

ဘေးတွင်ရပ်နေသော မုရုံသီသည် မြို့တော်ဝန် ဘာတွေးနေသည်ကို ရိပ်မိပုံရပြီး ချက်ချင်းပင် လှမ်း၍ ပြောလိုက်သည်။

"မြို့တော်ဝန်မင်း... အလယ်အလတ် နက်နဲသောအဆင့် ရှိတဲ့သူတွေကို ဂိုဏ်းချုပ်ဝမ် တစ်ယောက်ပဲ ကိုင်တွယ်နိုင်တာပါ။ မြို့ထဲမှာ အေးချမ်းစေချင်ရင်တော့ ဂိုဏ်းချုပ်ဝမ်ကိုပဲ အကူအညီတောင်းရပါလိမ့်မယ်"

"အင်း..."

ဟွမ်းချိန်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်၏။

သူသည် မြို့တော်ဝန်တစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများနှင့် ပြင်ပလူမှန်သမျှကို စီမံခန့်ခွဲနိုင်စွမ်း ရှိသော်လည်း အလယ်အလတ် နက်နဲသောအဆင့်ရှိသည့် စွမ်းအားရှင်များကိုမူ ထိန်းချုပ်နိုင်စွမ်း မရှိချေ။

ယခုအချိန်တွင် ဝေချန်းကျွင်းသည် မသေမျိုးဂိုဏ်းလက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း အခြေအနေကမူ ထူးမခြားနားသေးချေ။

ထိုသူများသည် ဝမ်ပင်းနှင့် မသေမျိုးဂိုဏ်းကို ကြောက်ရွံ့ကြသဖြင့် ရန်မစဝံ့ကြခြင်းသာ ဖြစ်၏။

အကယ်၍ သူကသာ ထိုသူများကို ဆန်းဝူမြို့မှ ထွက်ခွာသွားရန် အတင်းအကျပ် နှင်ထုတ်မည်ဆိုပါက သူတို့သည် သူ့ကို တိုက်ရိုက်တိုက်ခိုက်ပြီး သူတို့၏ ဒေါသအာရုံလွှဲစရာ ပစ်မှတ်အဖြစ် အသုံးပြုသွားကြပေလိမ့်မည်။

မုရုံသီက ဆက်၍ မေးလိုက်သည်။

"မြို့တော်ဝန်မင်း... ကျွန်တော် သွားပြီး အကူအညီတောင်းပေးရမလား"

ဟွမ်းချိန်က ခေါင်းခါပြရင်း "မလိုပါဘူး... ခဏနေရင် ငါကိုယ်တိုင်ပဲ တောင်ပေါ်တက်ပြီး သွားတောင်းပန်လိုက်ပါ့မယ်။ ဝမ်ပင်းက ငါ့အတွက်တော့ တူအရင်းတစ်ယောက်လိုပါပဲ။ ငါကိုယ်တိုင် သွားပြောရင် သူ ငါ့မျက်နှာကို ထောက်ထားပြီး အခုလတ်တလော ပြဿနာတွေကို ကူညီဖြေရှင်းပေးမှာပါ" ဟု ပြောလိုက်သည်။

မုရုံသီက ခေါင်းငြိမ့်နာခံပြီးနောက် ထပ်မံမေးမြန်းပြန်သည်။

"မြို့တော်ဝန်မင်း... ဒီတစ်ခေါက်ကော လက်ဆောင်ပစ္စည်းတွေ ယူသွားဦးမလား"

လွန်ခဲ့သည့်အကြိမ်က မြို့တော်ဝန်သည် မြို့တော်ဝန်လေးကို မသေမျိုးဂိုဏ်းသို့ စေလွှတ်စဉ်က လက်ဆောင်ပစ္စည်း အများအပြား ထည့်ပေးလိုက်သော်လည်း နောက်ဆုံးတွင် အားလုံး ပြန်သယ်လာခဲ့ရသည်။

ပြန်သယ်လာခဲ့ရရုံတင်မကဘဲ သူ၏ လက်အောက်ငယ်သားများဖြစ်သော သူတို့ကိုပါ ခွဲဝေပေးခဲ့သေးသည်။

ထိုအဖြစ်အပျက်ကို သူ ကောင်းစွာ မှတ်မိနေဆဲပင်။

မုရုံသီ၏ စကားကြောင့် ဟွမ်းချိန်၏ မျက်နှာအိုကြီးမှာ ရုတ်ချည်း နီရဲသွားကာ ပြန်လည်ပြောကြားလိုက်သည်။

"သေချာတာပေါ့... ယူသွားရမှာပေါ့။ ဝမ်ပင်းက အရင်လို မဟုတ်တော့ဘူး၊ ဆန်းဝူမြို့ရဲ့ နာမည်ကို မြှင့်တင်ဖို့ သူ့ကို အားကိုးရမှာ။ ဒါတင်မကသေးဘူး... သူက အခု အရှေ့အိုင်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတာ။ ငါတို့ ဆန်းဝူမြို့က သေးသေးလေးဆိုတော့ သူ့ကို ဖားဖို့ လိုအပ်တာပေါ့"

ထိုစကားကို ကြားသောအခါ မုရုံသီက ပြုံးလျက် "နားလည်ပါပြီ... အခုပဲ မြို့တော်ဝန်မင်းအတွက် လက်ဆောင်ပစ္စည်းတွေ သွားဝယ်လိုက်ပါ့မယ်" ဟု ပြောကာ မြို့ရိုးပေါ်မှ ဆင်းရန် ပြင်လိုက်တော့သည်။

သို့သော် ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးခင်မှာပင် ဟွမ်းချိန်က လှမ်း၍ တားလိုက်၏။

"မင်း ဒီမှာပဲ နေပြီး မြို့ရိုးပြန်လည်ပြုပြင်ရေးကို ကြီးကြပ်လိုက်ဦး။ ပြီးတော့ မြို့ပြင်က ထိုနက်ရှိုင်းလှတဲ့ ကျင်းကြီးကိုလည်း သေချာကာကွယ်စောင့်ရှောက်ထား။ အဲဒါက ဝေချန်းကျွင်း သေဆုံးခဲ့တဲ့နေရာပဲ။ ဆန်းဝူမြို့သူမြို့သားတွေနဲ့ ပြင်ပဧည့်သည်တွေ လာရောက်လေ့လာနိုင်တဲ့ နေရာတစ်ခု ဖြစ်လာစေရမယ်"

ပြောရင်းနှင့် ဟွမ်းချိန်၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ပင်းသည် သူ့အတွက် တူအရင်းတစ်ယောက်လိုဖြစ်ပြီး ဆန်းဝူမြို့သားတစ်ဦးပင်။

မုရုံသီက ခေါင်းငြိမ့်ကာ "နားလည်ပါပြီ" ဟု ပြန်ပြောလိုက်သည်။

ထိုသို့ မှာကြားပြီးနောက် ဟွမ်းချိန်သည် ချက်ချင်းပင် ကုန်သည်ကြီးများအသင်းဆီသို့ ထွက်ခွာသွားပြီး လက်ဆောင်ပစ္စည်း အပုံအကျံကို ဝယ်ယူကာ ယွင်လန်တောင်ဆီသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

သို့သော် သူ တောင်ပေါ်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဟေးကျီသည် အထပ်တစ်ထောင်အလွှာအနီးတွင် ဓားမတစ်စင်းကို ကိုင်ကာ အလုပ်ရှုပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

ဝမ်ပင်းနှင့် ဟေးကျီတို့၏ တိုက်ပွဲကြောင့် အထပ်တစ်ထောင်အလွှာ တောင်ခါးပန်းရှိ ရှုခင်းများမှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဤကဲ့သို့ အလုပ်ရှုပ်နေသည့် မြင်ကွင်းမှာ တကယ့်ကို ထူးဆန်းသည်။

အသက်လေးဆယ်ကျော်အရွယ်ရှိပြီး နုပျိုချောမွေ့သော အသားအရေရှိသည့် အမျိုးသမီးတစ်ဦးက ယောကျာ်းသားများ လုပ်ဆောင်ရမည့် သစ်ခုတ်သမားအလုပ်ကို လုပ်ကိုင်နေခြင်းပင်။

အကယ်၍ ပြင်ပလူများ မြင်တွေ့ပါက မည်သည့်လင်ယောကျာ်းကမျှ ကိုယ့်ဇနီးကို ဂရုမစိုက်ဘဲ ပစ်ထားခြင်းဖြစ်မည်ဟု ထင်မှတ်ကြပေလိမ့်မည်။

ဟေးကျီ၏ ဘေးမှ ဖြတ်သန်းသွားစဉ် ဟွမ်းချိန်သည် မချိတင်ကရ သက်ပြင်းချရင်း ရေရွတ်လိုက်မိ၏။

"ဒီကောင်လေးက တကယ် ရက်စက်တာပဲ... အစွမ်းထက်လှတဲ့ နက်နဲသောအဆင့် မိစ္ဆာကြီး ဟေးကျီကို ဒီမှာ သစ်ပင်ခုတ်ခိုင်းထားတယ်ပေါ့။ ဒီလိုမိစ္ဆာမျိုးက ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေမှာတောင် ဂိုဏ်းစောင့်သားရဲအဖြစ် ထားရမယ့်အရာမျိုးဟာ….."

သက်ပြင်းချပြီးနောက် ဟွမ်းချိန်သည် ခြေလှမ်းများကို မရပ်တန့်ဘဲ ယွင်လန်တောင်ပေါ်သို့ ဆက်လက်တက်လှမ်းသွားခဲ့သည်။

ဝမ်ပင်း မည်သည့်နေရာတွင် အနေများတတ်သည်ကို သူသိရှိထားသဖြင့် တင်းယွီခန်းမဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့ရာ လမ်းခုလတ်တွင် ဝမ်ပင်းနှင့် ထိပ်တိုက်တိုးလေတော့သည်။

ဟွမ်းချိန် လက်ဆောင်ပစ္စည်းအထုပ်အပိုးများကို သယ်ဆောင်လာသည်ကို မြင်သောအခါ ဝမ်ပင်းက ဝေခွဲမရသည့်အမူအရာဖြင့် "ဦးလေး... တစ်ခုခု ကိစ္စရှိလို့လား" ဟု မေးလိုက်၏။

စကားပြောနေစဉ်မှာပင် ဟွမ်းချိန်သည် သူ၏ အစေခံများကို လက်ဆောင်ပစ္စည်းများအား ချခိုင်းလိုက်ပြီး ဝမ်ပင်းကို ပြသရန်အတွက် အထုပ်တစ်ခုကို ဖြေလိုက်သည်။

အထုပ်ကို ဖြေနေရင်းနှင့် သူက ပြန်ပြောလိုက်သည်။

"ငါက မင်းကို လာကြည့်ရုံသက်သက်ပဲ လာလို့မရဘူးလား..."

ဝမ်ပင်းက မတတ်နိုင်သလို ပြုံးလိုက်ရင်း ဟွမ်းချိန်၏ လက်ကို ဆွဲကာ "ဦးလေးရာ... ကျွန်တော်တို့ကို ရိုးရိုးတန်းတန်းပဲ စကားပြောလို့ မရဘူးလား" ဟု ဆိုလိုက်၏။

"မြို့ထဲမှာ အလယ်အလတ် နက်နဲသောအဆင့် ရှိတဲ့သူ အနည်းငယ် ကျန်နေသေးတယ်ကွ။ မင်းဦးလေးမှာတော့ သူတို့ကို နှင်ထုတ်နိုင်တဲ့ စွမ်းအား မရှိဘူးလေ"

"သူတို့ကိုသာ သွားနှင်ထုတ်လိုက်ပါ။ ဘယ်သူကမှ မထွက်သွားချင်ဘူးဆိုရင်တော့ မထွက်သွားလည်း ရတယ်လို့ပဲ ပြောလိုက်"

"မင်း တကယ်ပြောတာနော်"

"ကျွန်တော် တကယ်ပြောတာပါ"

ဝမ်ပင်း၏ စကားကို ကြားလိုက်ရသောအခါ ဟွမ်းချိန်က ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

ထိုအရာက ဝမ်ပင်းဆီကနေ သူ အကြားချင်ဆုံး စကားပင်။ သူသည် လက်ဆောင်ပစ္စည်းများကို အားရပါးရ ပစ်ထားခဲ့ပြီး ဝမ်ပင်းကို နှုတ်ဆက်ရန် ပြင်လိုက်တော့သည်။

"ဂိုဏ်းချုပ်ဝမ်... ငါ့မှာ အရေးကြီးကိစ္စလေးတွေ ရှိသေးလို့ အခုပဲ ပြန်လိုက်ပါဦးမယ်။ ဒီပစ္စည်းတွေကိုတော့ သိမ်းထားလိုက်ပါ။ တန်ဖိုးမရှိတဲ့ အသေးအဖွဲ အသုံးအဆောင်တွေပါပဲ"

ပြောပြီးသည်နှင့် ဟွမ်းချိန်က လှည့်ထွက်သွားခဲ့၏။

အမှန်တော့ သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ စိတ်အောက်ခံ၌ ဝမ်ပင်းကို ကလေးတစ်ယောက်လိုမျိုး မဆက်ဆံမိတော့ချေ။

သူ၏ ခေါ်ဝေါ်ပုံသည်လည်း "ဒီကောင်လေး" ဆိုသည့် အသုံးအနှုန်းမှ "ဂိုဏ်းချုပ်ဝမ်" ဟူသော ရိုသေလေးစားမှုရှိသည့် ဘွဲ့အမည်သို့ အလိုအလျောက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုအရာက လွန်ခဲ့သော အချိန်က ဝမ်ယန်နှင့် အပေါင်းအသင်း ဖြစ်ခဲ့သော်လည်း သူ့ကို "ဂိုဏ်းချုပ်ဝမ်" ဟုသာ ခေါ်ဝေါ်ခဲ့ပုံမျိုးနှင့် တူညီသည်။

ဟွမ်းချိန် ပစ္စည်းအများအပြား ယူဆောင်လာသည်ကို မြင်သောအခါ ဝမ်ပင်းကလည်း အလိုက်သင့်ပင် လက်ခံလိုက်၏။

အကယ်၍ အခြားသူသာဆိုလျှင် သူ ဧကန်မုချ ငြင်းပယ်မိမည်ဖြစ်သော်လည်း ဟွမ်းချိန် ပေးသည်ကိုမူ သူ မလွဲမသွေ လက်ခံမည်သာ ဖြစ်သည်။

လွန်ခဲ့သည့်အကြိမ်က ဟွမ်းရှန်းကို ဂိုဏ်းဝင်ရန် စေလွှတ်စဉ်ကမူ လက်ဆောင်များကို ဝမ်ပင်းကလက်မခံသဖြင့် သူပြန်သယ်သွားခဲ့သေးသည်။

"သူက... ဒီထက်ပိုပြီးတော့တောင် ကပ်စေးနှဲလို့ ရနိုင်ဦးမှာလား။ တစ်မြို့လုံးမှာရှိတဲ့ လူမှန်သမျှက သူ့ကိုပဲ အခွန်ဆောင်နေကြရတာဆိုတော့... သူက ဆန်းဝူမြို့မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး မဟုတ်ဘူးလား..."

...

အခြားတစ်ဖက်တွင်မူ ဟွမ်းချိန်သည် တောင်အောက်သို့ ဆင်းလာပြီးနောက် သူ၏ လက်အောက်ငယ်သားများဖြစ်သည့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးရှိ ကျင့်ကြံသူ ခုနစ်ဦးလုံးကို စုစည်းလိုက်သည်။

ဟွမ်းချိန်က လူစုကို မေးလိုက်၏။

"သူတို့ ဘယ်မှာ တည်းခိုနေလဲဆိုတာ ရှာတွေ့ပြီလား"

"တစ်ယောက်က ယင်းချွန်းမျှော်စင်မှာပါ"

"နောက်တစ်ယောက်က ပီလန်တည်းခိုခန်းမှာပါ"

"နောက်ဆုံးတစ်ယောက်ကတော့ စုန့်ဟွာတည်းခိုခန်းမှာပါ"

လက်အောက်ငယ်သားများ၏ သတင်းပေးမှုကို ကြားရသောအခါ ဟွမ်းချိန်က အေးစက်စွာ ပြုံးလိုက်ရင်း "ပြည့်တန်ဆာအိမ်မှာပါ သွားပြီး အပျော်အပါးမက်နေတဲ့သူ ရှိသေးတယ်ပေါ့။ တကယ့်ကို အေးဆေးလွန်းနေကြတာပဲ" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် ဟွမ်းချိန်သည် ချက်ချင်း မတ်တတ်ရပ်လိုက်၏။

သူက ဒေါသတကြီးဖြင့် "ထွက်ကြမယ်... သူတို့ကို ဆန်းဝူမြို့ထဲကနေ အပြီးအပိုင် မောင်းထုတ်ပစ်မယ်" ဟု အမိန့်ပေးလိုက်တော့သည်။

...

အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်။

ယင်းချွန်းမျှော်စင်၏ သီးသန့်အခန်းတစ်ခုအတွင်း၌ ဟေးယဲ့ဟု အမည်ရသော ညမိစ္ဆာသည် ဝိုင်ခွက်ကို ကိုင်ထားရင်း ဘေးရှိ အမျိုးသမီးငယ် နှစ်ဦးကို ရုတ်ချည်း တွန်းဖယ်လိုက်၏။

ညမိစ္ဆာသည် ဟွမ်းချိန်ကို စိုက်ကြည့်ကာ အေးစက်စက်ဖြင့် "မင်းလို အဆင့်နိမ့်နက်နဲသောအဆင့် ရှိတဲ့ကောင်က ငါ့ကို မောင်းထုတ်ချင်တာလား" ဟု ပြောလိုက်သည်။

ဟွမ်းချိန်ကမူ ဘာမှပြန်မပြောဘဲ ပြုံး၍သာ နေ၏။

မုရုံသီက ချက်ချင်းပင် ခက်ထန်စွာ စကားဖြတ်ပြောလိုက်ပြီး မျှော်လင့်မထားဘဲ ညမိစ္ဆာထံသို့ ဓားဖြင့် တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်တော့သည်။

သာမန်ရက်များတွင်ဆိုလျှင် အဆင့်နိမ့်နက်နဲသောအဆင့်ရှိသူတစ်ဦးက သူ့ကို ဓားဖြင့် ချိန်ရွယ်ရန် နေနေသာသာ အေးစက်စက် စိုက်ကြည့်ရုံမျှဖြင့်ပင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ အဆင့်တစ်ဆယ့်သုံးမျှသာရှိသော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ဦးက သူ့ကို ဓားဖြင့် ချိန်ထားသော်လည်း သူ လှုပ်ရှားရန်ပင် မဝံ့ရဲတော့ချေ။

အကြောင်းမူကား မုရုံသီ နောက်ထပ် ပြောလိုက်သော စကားလုံးများကြောင့်ပင်။

"ဂိုဏ်းချုပ်ဝမ်က ပြောလိုက်တယ်... မင်းတို့ မထွက်သွားချင်ဘူးဆိုရင်လည်း မထွက်သွားဘဲ နေနိုင်ပါတယ်တဲ့"

ထိုစကားအဆုံးတွင် သီးသန့်အခန်းအတွင်း၌ ဖျောက်ဟူသော အသံနှင့်အတူ ဝိုင်ခွက်လေးမှာ လက်ချောင်းနှစ်ချောင်း၏ ဖိညှစ်မှုကြောင့် ကြေမွသွားခဲ့ရသည်။

ညမိစ္ဆာသည် သူ့လက်ဖဝါးပေါ်ရှိ ဝိုင်များကို စိုက်ကြည့်လိုက်ပြီး တုန်ရင်နေသော လက်နှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ လက်များကို နောက်ပစ်လိုက်၏။

အမှန်အတိုင်းပြောရလျှင် သူသည် သူ့ရှေ့တွင်ရှိသောသူ၏ စော်ကားမှုကို အောင့်ခံနိုင်စွမ်းမရှိချေ။

သို့သော် သူ လက်ဦးမှုရယူရန် မဝံ့ရဲခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်ပင်းက စကားနာ ထိုးထားခဲ့သောကြောင့်ပင်။

"ဝေချန်းကျွင်းတောင်မှ သေသွားပြီဟာ ငါ့ကိုယ်ငါ ဘယ်လောက်ပဲ အစွမ်းထက်တယ်လို့ ထင်

နေပါစေ ဝေချန်းကျွင်းကိုတော့ မယှဉ်နိုင်တာ အမှန်ပဲ။

အကယ်၍... ဒီနေ့ ဒီလူတွေကို ငါ သတ်ပစ်လိုက်နိုင်ခဲ့ရင်တောင်မှ ဘာထူးမှာလဲ။ ငါ ဆန်းဝူမြို့ထဲကနေ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး..."

သူ မကျေမနပ်ဖြစ်နေသော်လည်း ယင်းချွန်းမျှော်စင်ထဲမှ ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် ထွက်ခွာလာခဲ့ရတော့သည်။

ယင်းချွန်းမျှော်စင်အောက်တွင် ရပ်နေမိချိန်၌ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း တစ်စုံတစ်ခုကို ရုတ်ချည်း သတိရသွားခဲ့၏။

လင်ယွန်းသည် မြို့ထဲသို့ ဝင်ရောက်လာကတည်းက မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့သည်ကို သူ ရုတ်တရက် အမှတ်ရသွားခြင်းပင်။

ထိုနေ့က လူတိုင်းက ပုစဉ်းရင်ကွဲအဖြစ် ခံယူကာ အဝေးကနေ စောင့်ကြည့်နေခဲ့ကြချိန်မှာပင် သူမ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရချေ။

ထိုအခိုက်အတန့်တွင် စိုးရိမ်ပူပန်မှု အာရုံတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာခဲ့ပြီး ညမိစ္ဆာကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်ခြောက်ခြား သွားစေခဲ့တော့သည်။

ထွက်သွားရမယ်။

မြန်မြန် ထွက်သွားမှ ဖြစ်မယ်။

ထိုအတွေးသည် သူ၏ ဦးနှောက်ထဲသို့ ဖြတ်ခနဲ ဝင်ရောက်လာပြီးနောက် သူသည် လေပြင်းမြင်းတစ်ကောင်ကို ချက်ချင်း ရှာဖွေစီးနင်းကာ ဆန်းဝူမြို့အပြင်ဘက်သို့ ဦးတည်၍ တဟုန်ထိုး ထွက်ပြေးသွားတော့သည်။

All Chapters