← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

Ch-14

ရက်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ရှဲ့စီလင်းသည် ကြီးမားသောစိတ်အားထက်သန်မှုများဖြင့် မိမိကိုယ်ကို ထပ်ခါတလဲလဲထိုးစိုက်နေခဲ့သည်။

ဖေ့ရှူချန်နှင့် သူမမင်္ဂလာဆောင်နေ့ ရောက်လာချိန်တွင်မူ သူမမှာ သွေးအားနည်းရောဂါခံစားနေရပြီဖြစ်၏။ သူမမျက်နှာမှာ ဖြူရော်နေပြီး နှုတ်ခမ်းများပင် ဖြူဖျော့နေလေပြီ။

အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော သူမအား အဝေးမှကြည့်လိုက်လျှင် စက္ကူရုပ်လေးတစ်ရုပ်နှင့်ပင် တူနေတော့သည်။

ရှဲ့လီက စားသောက်ပွဲတွင် အားပါးတရ စားသောက်ရန်သာ အာရုံစိုက်ထားပြီး စက္ကူရုပ်လေးနှင့်တူသော ရှဲ့စီလင်းကို ဖေ့ရှူချန်မှ တွဲခေါ်ကာ စားပွဲတိုင်းသို့ လိုက်လံအရက်ငှဲ့ပေးနေသည်ကို စောင့်ကြည့်နေ၏။

အတော်လေးကို ရယ်စရာကောင်းလှသည်။

“ရာသက်ပန် ပေါင်းဖက်နိုင်ကြပါစေ”

“ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်”

လူများက တစ်ယောက်ပြီးတစ်ယောက် ကောင်းချီးမင်္ဂလာများ ပေးနေကြသည်။

ရှဲ့စီလင်းက ဖေ့ရှူချန်ဘေးတွင်ရပ်ကာ အရက်လိုက်ငှဲ့ရန် မိမိကိုယ်ကိုအတင်းဖိအားပေးနေရသည်။ သူမ အလွန်အမင်း မူးဝေနေ၏။

ထို့ကြောင့် သူမ ဖေ့ရှူချန်၏အင်္ကျီလက်စကိုဆွဲကာ ချွဲနွဲ့လိုက်သည်။

“အစ်ကိုရှူချန်၊ ညီမ နည်းနည်းပင်ပန်းနေပြီ၊ ခဏလောက်နားချင်တယ်”

ဖေ့ရှူချန်က မျက်မှောင်အသာကြုတ်သွားပြီး ညင်သာစွာချော့မော့လာလေသည်။

“စီလင်း၊ နည်းနည်းလောက် ထပ်သည်းခံလိုက်ပါဦး၊ ခဏနေ ပြီးတော့မှာပါ၊ မင်္ဂလာပွဲမှာ သတို့သမီးက အရက်လိုက်မငှဲ့ဘူးဆိုရင် လူတွေရယ်ကြလိမ့်မယ်”

ရှဲ့စီလင်းမှာ မကျေမနပ်ဖြစ်သွားလေ၏။ သူမလက်ထဲတွင် ရွှေတောင် ငွေတောင်ကြီးများ မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ ဖေ့ရှူချန်မှာ သူမမျက်လုံးထဲတွင် အရေးပါသူတစ်ယောက်မဟုတ်တော့ချေ။

ယခင်က ရှဲ့လီကို ချုပ်ကိုင်ထားနိုင်ရန် ဖေ့ရှူချန်ကို သူမအားကိုးခဲ့ရသည်။ သူတို့ လက်ထပ်ထားသည့် သုံးနှစ်တာကာလအတွင်း ဖေ့ရှူချန်နှင့် သူမ မကြာခဏဖောက်ပြန်ခဲ့ခြင်းမှာ သူ့ကို သူမလက်အောက်တွင် ထိန်းချုပ်ထားနိုင်ရန်သာ။

ရှဲ့လီ ယခင်ကဖြန့်ချိခဲ့သော ဓာတ်ပုံများကြောင့်ဖြစ်ပေါ်လာသည့် ပြည်သူလူထု၏ကဲ့ရဲ့ရှုတ်ချမှုများကို ဖြေရှင်းရန် မလိုအပ်ပါက ယနေ့ဖေ့ရှူချန်ကို သူမတကယ်လက်ထပ်ခဲ့မည်မဟုတ်ပေ။

ရှဲ့စီလင်းက ဆန္ဒမပါသော်လည်း အရက်ငှဲ့ရန် ဖေ့ရှူချန်နောက်မှလိုက်သွားခဲ့ရသည်။ အရက်ငှဲ့ခံရသူ တစ်ဦးက ခွက်ကိုကိုင်ကာ မတ်တတ်ရပ်ပြီး သူတို့ကို ဂုဏ်ပြုစကားဆိုလိုက်၏။

“တကယ်ကို လိုက်ဖက်တဲ့ ဇနီးမောင်နှံလေးပါပဲ၊ ကျုပ်ရဲ့သေးငယ်တဲ့လက်ဖွဲ့လေးကိုလည်း လက်ခံပေးပါဦး၊ မင်းတို့နှစ်ယောက် သက်လုံးရှည်ကြာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နိုင်ကြပါစေ၊ အား အာ့ အား နာလိုက်တာ”

ထိုသူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖေ့ရှူချန်မှာ ရူးသွပ်သွားပြီး သူ့လက်သီးကြီးများကို မြှောက်ကာ ထိုလူ့ခေါင်းကို ထုထောင်းရင်းဆဲဆိုတော့သည်။

“သေးတယ်ဟုတ်လား၊ ဘာကသေးတာလဲ၊ မင်းကသာ သေးတဲ့ကောင်ကွ၊ မင်းရဲ့ ဦးနှောက်လေးက ကျုံ့နေလို့လား”

သူက ‘သေးသည်’ ဟူသော စကားလုံးကို လုံးဝသည်းမခံနိုင်တော့ချေ။

ထိုသူမှာ တုံ့ပြန်ရန်ပင်အချိန်မရလိုက်ဘဲ ရုတ်တရက် စိတ်ရူးဖောက်လာသော ဖေ့ရှူချန်၏ရိုက်နှက်မှုကို ခံလိုက်ရသည်။ သူ့ခေါင်းကို ခပ်ပြင်းပြင်းထုထောင်းခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်သို့ သတိလစ်လဲကျသွားတော့၏။

ပွဲလာပရိသတ်အားလုံး ကြက်သေသေသွားကြသည်။ ရှဲ့လီမှာ ကောင်းကင်ဘုံသို့ပင် ရောက်သွားမတတ်ရယ်မောနေမိသည်။

ဖေ့ရှူချန်က မင်္ဂလာပွဲကိုဖျက်ဆီးပစ်လိုက်ပြီး ရှဲ့စီလင်းမှာ မျက်ရည်များဖြင့် ထွက်ခွာသွားရသည်။ သူမ ဖေ့ရှူချန်ကို မလက်ထပ်ချင်တော့ချေ။

ယခင်က ရှဲ့လီ ရှဲ့မိသားစုထံသို့လာရောက်ကာ မျက်နှာသာပေးခံရမှုကို အပြိုင်အဆိုင်မလုပ်နိုင်စေရန် ဖေ့ရှူချန်ကို အသုံးပြု၍ ချည်နှောင်ထားရန်သာ သူမ တွေးခဲ့သည်။

နောက်ပိုင်းတွင် သူနှင့်အတူအိပ်ခဲ့ခြင်းမှာလည်း သူ့ကိုတည်ငြိမ်နေစေရန် အချိုကျွေးထားခြင်းသာဖြစ်ပြီး သူမစကားကို နားထောင်သောခွေးလေးတစ်ကောင်အဖြစ် ပြုလုပ်ထားခြင်းသာဖြစ်သည်။

သူမ ဖေ့ရှူချန်ကို တကယ်ချစ်ခဲ့သလားဆိုလျှင် လုံးဝမချစ်ခဲ့ပေ။ ဖေ့ရှူချန်က ရုပ်ရည်ချောမောပြီး မိသားစုကောင်းမှ ဆင်းသက်လာသူဆိုသော်လည်း ‘ထို’ နေရာတွင်မူ အမှန်တကယ်ပင်ချို့တဲ့နေခဲ့သည်။

ရှဲ့စီလင်း သူနှင့် ခုတင်ပေါ်တွင် လူးလှိမ့်ရသည့်အကြိမ်တိုင်းမှာ သူမ၏သရုပ်ဆောင်စွမ်းရည်ကို ပြသရသည့်အချိန်ပင်။ ဖေ့ရှူချန် ဘယ်အချိန်မှာ ပြီးသွားမှန်းပင် သူမ မသိလိုက်ချေ။

သူ စတင်လှုပ်ရှားသည်နှင့်တစ်ပြိုင်နက် ရှဲ့စီလင်းက အလိုက်သင့်ဟန်ဆောင်ကာ အသံကုန်ဟစ်အော်ပေးရသည်။ သူမကိုယ်သူမ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုရှင်တစ်ဦးနှင့်ပင် တူနေသည်ဟုခံစားရ၏။

သူက အစွမ်းအစမရှိတဲ့အပြင် အခုတော့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုပါရနေပြီပဲ။ ယခုတော့ သူ တကယ်ကို ပြီးဆုံးသွားခဲ့လေပြီ။

ရှဲ့လီမှာ ရှိုက်ကြီးတငင်ငိုယိုနေပြီး သတိလစ်မတတ်တုန်ရီနေသော ရှဲ့စီလင်းကို ညီအစ်မမေတ္တာအပြည့်ဖြင့် စိုးရိမ်ပူပန်နေသော မျက်နှာထားမျိုး ဖန်တီးကာရှေ့သို့တိုး၍ ထိန်းကိုင်ပေးလိုက်သည်။

“အိုး သနားစရာ ငါ့ညီမလေး မငိုပါနဲ့တော့ကွယ်၊ ဖေ့ရှူချန်က နေမကောင်းဘူးလို့ ငါနင့်ကိုပြောသားပဲ၊ ဒါပေမဲ့ နင်ကမှမယုံခဲ့တာ”

ကြည့်နေသူတိုင်းမှာ သူမကို မချီးကျူးဘဲ မနေနိုင်ကြတော့ချေ။

‘ဒီရှဲ့လီက တကယ်ကို ကြင်နာတတ်တာပဲ၊ အရမ်းကို သဘောကောင်းလွန်းတယ်၊သူမမွေးကတည်းက လူစားလဲခံရပြီး တောရွာမှာကြီးပြင်းခဲ့ရတယ်၊ ပြန်တွေ့ပြီးတဲ့နောက်မှာ ဖေ့မိသားစုကို လက်ထပ်ခဲ့တယ်၊ ဖေ့မိသားစုက သူ့အပေါ် ဆိုးဆိုးရွားရွားဆက်ဆံခဲ့သလို ရှဲ့မိသားစုကလည်း သူ့အပေါ် ကောင်းကောင်းမဆက်ဆံခဲ့ဘူး၊ နောက်ဆုံးမှာ အတုအယောင်သမီးနဲ့ သူမရဲ့ကိုယ်ပိုင်ယောက်ျားကတောင် ဖောက်ပြန်တာကို ခံလိုက်ရသေးတယ်'

‘ဒီလိုတွေဖြစ်ခဲ့တာတောင် ရှဲ့စီလင်းနဲ့ ဖေ့ရှူချန်တို့ရဲ့ မင်္ဂလာပွဲမှာပြဿနာမရှာခဲ့တဲ့အပြင် ရှဲ့စီလင်းကိုတောင် လာပြီးနှစ်သိမ့်ပေးနေသေးတယ်လေ၊ ထင်တဲ့အတိုင်း သမီးအရင်းက သမီးအရင်းပါပဲ၊ အရိုးထဲက စိမ့်ထွက်နေတဲ့ကြင်နာမှုကတော့ ပြောင်းလဲလို့မရပါဘူး'

ရှဲ့လီက ရှဲ့စီလင်းကျောကို ညင်သာစွာပုတ်ပေးရင်း တမင်ရေရွတ်လိုက်သည်။

“ဖေ့ရှူချန်က ရူးသွားပြီ၊ စောစောက ‘သေးတယ်’ဆိုတာ ဘာကိုပြောတာလဲ၊ ဘာကသေးတာလဲ၊ ဟိုဟာက သေးတယ်၊ ဒီဟာက သေးတယ်၊ သေးတယ်ပေါ့‌လေ တစ်ကယ်သေးတာလား တစ်ကယ်သေးမှာပါ သေးသေးလေး သေးသေးလေး”

ဖေ့ရှူချန် : .....

ရှဲ့လီ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖေ့ရှူချန်က ရှေ့သို့ပြေးလာပြီး သူ့လက်သီးကြီးများကိုမြှောက်ကာ သူတို့ဆီသို့ ဒေါသတကြီးတိုးဝင်လာတော့သည်။

All Chapters