← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

Ch-18

ဖေ့ရှူချန်၏ တူဝမ်းကွဲနှစ်ဦးအမည်မှာ ဝမ်တ နှင့် ဝမ်အာ့ဟုခေါ်သည်။ သူတို့အဒေါ်ဖြစ်သူ ချီယွဲ့ဟွာမှာ ဖေ့မိသားစုသို့ လက်ထပ်ဝင်ရောက်သွားသည့်အချက်ကိုအားကိုးကာ ဤနှစ်ဦးမှာ အတော်လေး အကျိုးခံစားခဲ့ရပြီး ချီယွဲ့ဟွာအတွက် လျှို့ဝှက်အလုပ်များစွာကိုလည်း လုပ်ပေးခဲ့ကြ၏။

ဖေ့ကျန်းမင်တွင် အရင်ကရည်းစားဟောင်းတစ်ယောက်ရှိခဲ့ပြီး လွန်ခဲ့သော အချိန်အတန်ကြာက ကိုယ်ဝန်ရသွားခဲ့ရာ ချီယွဲ့ဟွာက ဤတူနှစ်ဦးကို ထိုအမျိုးသမီးကိုယ်ဝန်ပျက်ကျစေရန် စေခိုင်းခဲ့သည်။

ထိုကိစ္စများပြီးစီးပြီးနောက် သူမက တူနှစ်ဦးကို ငွေကြေးအမြောက်အမြားပေးကာ သူတို့ဇနီးနှင့် ကလေးများကိုခေါ်၍ တောတွင်ပုန်းအောင်းနေရန် စေခိုင်းခဲ့သည်။

ဤတစ်ကြိမ်တွင် သူတို့ကိုပြန်ခေါ်ရန် သူမ မရည်ရွယ်ခဲ့သော်လည်း သူမသားဖြစ်သူမှာ ရူးတော့မည့်အခြေအနေဖြစ်နေသဖြင့် သူမလည်း ဘာကိုမှဂရုမစိုက်နိုင်တော့ချေ။

“သား၊ သားက ရှဲ့လီရဲ့အပျိုစင်ဘဝကို ဖျက်ဆီးချင်တယ်ဆိုရင် အမေ မတားပါဘူး၊ ဒါပေမဲ့ သား ဘယ်လိုစလုပ်မှာလဲ၊ သားက ရှဲ့လီနဲ့ အဆင်မပြေဖြစ်ပြီးသွားပြီ၊ အခု ငါတို့မိသားစုကလည်း ရှဲ့မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီလေ၊ သားက သူ့ကိုဆေးခတ်ချင်ရင်တောင် အခွင့်အရေးရမှာမဟုတ်ဘူး”

ချီယွဲ့ဟွာမှာ အလွန်တရာစိုးရိမ်ပူပန်နေသည်။ သူမသားဖြစ်သူ ဒုက္ခရောက်မည်ကို စိုးရိမ်နေခြင်းဖြစ်၏။

ဖေ့ရှူချန် လှောင်ပြုံးပြုံးလိုက်ပြီး အရာအားလုံး သူ့ထိန်းချုပ်မှုအောက်တွင်ရှိနေသကဲ့သို့ ယုံကြည်ချက်အပြည့်ရှိနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သားက တူဝမ်းကွဲတွေကို ဒီကိုခေါ်ရဲမှတော့ သားမှာနည်းလမ်းရှိလို့ပေါ့”

ချီယွဲ့ဟွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤကလေးမှာ နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီဟု ထင်ရလေ၏။ ဆုံးရှုံးမှုများမှတစ်ဆင့် ကြီးထွားလာခြင်းဆိုသည်မှာ ဤသို့ဖြစ်ပေမည်။

ပြည်သူ့ဆေးရုံကြီး လူနာခန်းအတွင်း၌

“ကျေးဇူးပြုပြီး ကိုယ့်ကိုကူညီပါ”

ဖေ့ရှူချန်က ရှဲ့စီလင်း၏ဆေးရုံကုတင်ဘေးတွင် ဒူးထောက်ကာကျိန်ဆိုလိုက်သည်။

“စီလင်း ဒီတစ်ကြိမ်မှာတော့ ကိုယ်ရှဲ့လီကို သေချာပေါက်ဒုက္ခပေးနိုင်ပါပြီ၊ ကိုယ့်ကို ယုံပါ၊ မင်းအတွက် သေချာပေါက် ကိုယ်လက်စားချေပေးပါ့မယ်”

ထိုသို့ပြောပြီးနောက် သူက ရှဲ့စီလင်းကို ကြမ်းပြင်နှင့် ခေါင်းဆောင့်ကာ အကြိမ်ကြိမ် ဦးညွှတ်တော့သည်။

လူနာခန်းတံခါးဝတွင်ရပ်နေသော ချီယွဲ့ဟွာမှာ မျက်တောင်များပုတ်ခတ်ပုတ်ခတ်ဖြစ်သွား၏။

‘ဒါက ငါ့ရဲ့သား အများကြီးစဉ်းစားပြီးမှရလာတဲ့ နည်းလမ်းဆိုတာလား'

သူမ ငယ်ရွယ်စဉ်က အလျင်စလိုလုပ်ကာ စောစောစီးစီးသားကြောဖြတ်ခဲ့မိသည်ကို ရုတ်တရက် နောင်တရမိသွားသည်။ သို့မဟုတ်ပါက နောက်ထပ်ကလေးတစ်ယောက်လောက် ထပ်မွေးကြည့်ဖို့ ကြိုးစား၍ရသေး၏။

လူနာခန်းအတွင်း၌ ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့ခေါင်းများမှာ မမ်မီရုပ်များကဲ့သို့ ပတ်တီးများစည်းထားရသည်။

ဖေ့ရှူချန်က သူတို့ကိုလုံးဝမမှတ်မိချေ။ သူက အသံကိုနှိမ့်ကာ သူ့အစီအစဉ်ကို ရှဲ့စီလင်းအား ပြောပြလိုက်၏။

“အရမ်းရိုးရှင်းပါတယ်၊ မင်းက ဒီဆေးထုပ်ကို ရှဲ့လီရဲ့အစားအသောက် ဒါမှမဟုတ် သောက်စရာတစ်ခုခုထဲရောထည့်နိုင်မယ့် နည်းလမ်းတစ်ခုရှာရုံပဲ၊ ပြီးရင် တံခါးကိုဖွင့်ပြီး ကိုယ့်အမေရဲ့တူဝမ်းကွဲနှစ်ယောက်ကို အိမ်ထဲပေးဝင်လိုက်၊ အဲဒီနောက်ပိုင်း ဘာကိုမှစိတ်ပူစရာမလိုတော့ဘူး၊ အချိန်ကျရင် သူမင်းကို ခံစားရအောင်လုပ်ခဲ့တဲ့ နာကြည်းမှုတွေအားလုံးအတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းပါ့မယ်”

ဖေ့ရှူချန် ဟိုဟိုဒီဒီမလုံမလဲကြည့်ကာ ဆက်ပြောလေသည်။

“စီလင်း ပြီးခဲ့တဲ့တစ်ခါက ဖြစ်ခဲ့တဲ့ကိစ္စအတွက် ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်တကယ်ပဲ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခဲ့လို့ပါ၊ အဲဒီစကားလုံးတွေကို ကြားလိုက်ရတော့ ကိုယ်လဲဒေါသထွက်တာကို မထိန်းနိုင်တော့ဘူး၊ ဒါပေမဲ့ မငိးကိုရိုက်ဖို့တကယ် မရည်ရွယ်ခဲ့ပါဘူး၊ တမင်လုပ်တာမဟုတ်ပါဘူး၊ ကိုယ်တို့ရဲ့ဆက်ဆံရေးကို ပြန်စဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ စဉ်းစားကြည့်လေ ရှဲ့ချင်စုန့်နဲ့ ဝူဖုန်းရောင်တို့က အသုံးမကျဘူး၊ သူတို့က မင်းရဲ့သွေးသားရင်းမိဘတွေမှမဟုတ်တာ၊ သူတို့က ဘယ်လိုလုပ်မင်းအပေါ် စေတနာမှန်နိုင်မှာလဲ၊ ကိုယ်တို့မိသားစုဆီကို သတင်းတွေရောက်လာပြီ၊ ဒီလာမယ့်လှုပ်ရှားမှုကြီးကို တားလို့ရမှာ မဟုတ်ဘူး၊ ကိုယ့်အဖေက အဆက်အသွယ်တွေရှာပြီး သင်္ဘောတစ်စင်းကြိုငှားထားပြီ၊ ကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စပြီးလွှဲပြောင်းနေပြီ၊ အချိန်ကျရင် ကိုယ့်နောက်သာလိုက်ခဲ့ပါ၊ မင်းကို ကိုယ်ခေါ်သွားမယ်၊ ရှဲ့မိသားစုနဲ့ဆက်နေရင် သူတို့ဒုက္ခပေးတာကိုခံရနိုင်တယ်”

သူက ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့ရှေ့တည့်တည့်တွင် အသံကျယ်ကျယ်ဖြင့် အတင်းအဖျင်းများပြောဆိုနေခဲ့ရာ နောက်ဆုံးတွင် ဒေါသပေါက်ကွဲသွားသော ရှဲချင်စုန့်၏မောင်းထုတ်ခြင်းကို ခံလိုက်ရ၏။

ရှဲ့စီလင်းမှာမူ ဤစကားများကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။ ရှဲ့လီမှာ ပြီးခဲ့သောတစ်ခေါက်က သူမကိုအလွန်ဆိုးရွားစွာ ဒုက္ခပေးခဲ့သည်။ အရာအားလုံးကို ပြန်လည်လက်စားချေနိုင်မည်ဟု တွေးလိုက်ရုံဖြင့် သူမ အလွန်တရာစိတ်လှုပ်ရှားလာခဲ့၏။ ရှဲ့လီ၏ခုတင်ပေါ်မှဓာတ်ပုံများကို လူတိုင်းမြင်တွေ့ရမည်ဟု စိတ်ကူးကြည့်ရုံဖြင့် သူမအလွန်ကျေနပ်သွားမိသည်။

သူမ သဘောတူလိုက်လေ၏။

ဤအကြံအောင်မြင်ပါက ရှဲ့လီပြီးဆုံးသွားပြီဖြစ်သည်။ အကယ်၍ မအောင်မြင်ဘဲ ပေါ်ပေါက်သွားခဲ့လျှင်တောင်မှ သူမက အပြစ်အားလုံးကို ဖေ့ရှူချန်ခေါင်းပေါ်သို့ ပုံချလိုက်နိုင်ပေသည်။

ရှဲ့စီလင်းက သူမလက်ထဲရှိ ဆေးမှုန့်ထုပ်လေးကိုဆုပ်ကိုင်ကာ အခြားကုတင်နှစ်လုံးရှိ မမ်မီရုပ်များထံလှည့်ကြည့်လိုက်၏။

“အဖေနဲ့ အမေ၊ သမီး အဖေတို့အတွက် လက်စားချေပေးတာကိုသာ စောင့်ကြည့်နေလိုက်ပါ”

ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အနည်းငယ်စိုးရိမ်သွားမိကြသည်။ သူတို့၏စီလင်းမှာ သူတို့ထင်ထားသလောက် သဘောမကောင်းလှချေ။

ရှဲ့မိသားစု အနောက်တိုင်းစတိုင် အိမ်ငယ်လေးအတွင်း၌

ရှဲ့စီလင်းက အစေခံဝမ်ကိုကြိုတင်လွှတ်လိုက်ပြီးနောက် နွားနို့နှစ်ခွက်ကို အပူပေးလိုက်သည်။ ဖေ့ရှူချန်ပေးလိုက်သောဆေးမှုန့်များကို တစ်ခွက်ထဲသို့ လောင်းထည့်ကာ ညီညာအောင်မွှေလိုက်၏။

ခဏနေလျှင် ဆေးခတ်ထားသော နွားနို့ခွက်ကို ရှဲ့လီအားပေးမည်ဖြစ်ပြီး သံသယမဖြစ်စေရန် သူမနှင့်အတူ တစ်ခွက်သောက်ပြမည်ဖြစ်သည်။

ယုတ်မာသောအပြုံးတစ်ခုက သူမနှုတ်ခမ်းထောင့်များထက် တွန့်ကွေးသွားသည်။

“ရှဲ့လီ ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့နော်၊ ဒါက ငါ နင့်ကိုအကြွေးပြန်‌ဆပ်တာပဲ”

“ငါ့ကို ဘာပြန်ဆပ်မှာလဲ၊ ဘာတွေဖြစ်နေတာလဲ”

All Chapters