အခန်း ၁၉
Vol. 2 Ch. 19
Ch-19
ရှဲ့လီက သူမနောက်ကွယ်မှ အသံတိတ် ပေါ်လာသည်။
သရဲတစ်ကောင်အတိုင်းပင်။
“အား”
ရှဲ့စီလင်းမှာ ဓာတ်လိုက်သွားသကဲ့သို့ ခုန်ပေါက်သွားပြီး သူမခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားတော့၏။
သူမက ပူနေသောနွားနို့ခွက်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်ငြိမ်အောင်ထားပြီး ပြုံးပြလိုက်သည်။
“အစ်မ၊ ငါ့ကို လန့်သွားအောင်လုပ်လိုက်တာပဲ၊ အရင်ရက်တုန်းက အစ်မ ရောဂါဖောက်တယ်လို့ အဖေနဲ့အမေဆီက ကြားတယ်၊ အတက်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ အာဟာရချို့တဲ့တာ ပါတယ်လေ၊ ဒါကြောင့် အစ်မ အာဟာရများတဲ့ အစားအစာတွေ ပိုစားဖို့လိုတယ်၊ ရော့ နွားနို့ပူပူလေးတစ်ခွက် သောက်လိုက်ဦး”
ရှဲ့စီလင်းက သဘာဝကျကျပင် နွားနို့ခွက်ကို ရှဲ့လီထံသို့ ကမ်းပေးလိုက်သည်။
သူမက ဖေ့ရှူချန်နှင့် ဖုန်းပြောပြီးပြီဖြစ်၏။ ဝမ်တနှင့် ဝမ်အာတို့ရောက်နေသည်မှာကြာပြီဖြစ်ပြီး အိမ်၏ပတ်ပတ်လည်တွင် ချောင်းမြောင်းနေကြသည်။
သူမအနေဖြင့် ရှဲ့လီအပေါ် ဆေးအာနိသင်ပြမည့်အချိန်ကို စောင့်ဆိုင်းရန် ထို့နောက် လသာဆောင်သို့သွားကာ ဝီစီသုံးချက်မှုတ်ပြီး တံခါးကိုဖွင့်ပေးရန်သာ လိုအပ်သည်။
ရှဲ့လီ၏ဘ၀ပြီးဆုံးတော့မည်ဖြစ်ပြီး လူများမျက်လုံးထဲတွင် ဖာသည်မတစ်ယောက်လိုဖြစ်လာတော့မည်ဟု တွေးလိုက်မိသဖြင့် သူမသေလုမတတ်ပျော်ရွှင်နေမိ၏။
ရှဲ့စီလင်းက သူမမျက်ဝန်းများထဲရှိ ပျော်ရွှင်မှုနှင့် ယုတ်မာမှုများကို ဖိနှိပ်ထားကာ ဂရုစိုက်သည့်မျက်နှာအမူအရာကို အစွမ်းကုန်ဟန်ဆောင်ဖန်တီးထားလိုက်သည်။
ရှဲ့လီက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
‘သရုပ်ဆောင်တာ အရမ်းညံ့လွန်းတယ်'
ပထမဆုံးအနေဖြင့် ဂရုစိုက်သည့် မျက်နှာထားက အပေါ်ယံဆန်လွန်း၏။ သူမမျက်ဝန်းများထဲရှိ ပျော်ရွှင်မှုနှင့် ယုတ်မာမှုများက အရမ်းကိုသိသာနေပြီး နှုတ်ခမ်းထောင့်များကလည်း ဆီးလျှောကစားသလို အပေါ်အောက် လှုပ်ရှားနေကာ ဖိနှိပ်ထား၍မရနိုင်လောက်အောင် ဖြစ်နေသည်။
“အရမ်းအေးတာပဲ၊ တံခါးသွားပိတ်လိုက်”
ရှဲ့လီက ရှဲ့စီလင်းထံမှ နွားနို့ခွက်ကိုယူရင်း ပြောလိုက်၏။
ရှဲ့စီလင်းမှာ ရှဲ့လီမြန်မြန်သောက်ရန်သာ လိုလားနေသဖြင့် တံခါးပိတ်ရန် အပြေးအလွှားသွားလိုက်သည်။ သူမ တံခါးပိတ်နေစဉ် ရှဲ့လီက နွားနို့နှစ်ခွက်ကို နေရာချင်းလဲလိုက်၏။
ရှဲ့စီလင်းပြန်လာသောအခါ ရှဲ့လီက နွားနို့ခွက်ဝက်ခန့် သောက်ပြီးနေလေပြီ။
“ညီမလေး၊ နင်လည်းသောက်လေ”
ရှဲ့လီက အခြားနွားနို့ခွက်ကို လက်ညှိုးထိုးပြလိုက်သည်။
ယခု ရှဲ့စီလင်းအတွက် လူတစ်ယောက်ကို ပထမဆုံးအကြိမ် ဆေးခတ်ဖူးခြင်းဖြစ်ရာ သူမ မစိုးရိမ်ဘူးဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
ဤအချိန်တွင် သူမပါးစပ်မှာလည်း အနည်းငယ် ခြောက်သွေ့နေသဖြင့် စားပွဲပေါ်ရှိနွားနို့ခွက်ကိုယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
‘လန်းဆန်းသွားတာပဲ’
“မပူဘူးလား”
ရှဲ့လီက သိချင်စိတ်ဖြင့်မေးလိုက်၏။
ရှဲ့စီလင်း ခေါင်းခါပြလိုက်သည်။
သူမ ဘာကိုမှမခံစားရတော့ချေ။ သူမ၏အက်ဒရီနယ်လင်း ဟော်မုန်းများ ပေါက်ကွဲထွက်လာပြီး အလွန်အမင်းပျော်ရွှင်နေသဖြင့် ဒုတိယထပ်သို့ပြေးတက်ကာ အောက်သို့ခုန်ချချင်စိတ်ပင် ပေါက်လာသည်။
‘အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ၊ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတာပဲ'
‘အရမ်းရင်ခုန်ဖို့ကောင်းတာပဲ၊ အရမ်းကို ရင်ခုန်ဖို့ကောင်းတာပဲ'
‘အရမ်းပူတာပဲ၊ အရမ်းပူတာပဲ'
ရှဲ့စီလင်း ဧည့်ခန်းထဲတွင်ပင် သူမအဝတ်အစားများကို စတင်ချွတ်ပစ်တော့သည်။ ရှဲ့လီက ကျန်နေသောနွားနို့တစ်၀က်ကို ဖြည်းညှင်းစွာမော့သောက်လိုက်သည်။
‘ဆေးအာနိသင် ပြလာပြီပေါ့လေ’
ရှဲ့စီလင်းမှာ စိတ်လွတ်သွားလေပြီ။ သူမမျက်နှာမှာ နီရဲနေပြီး ငါးရှဉ့်တစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေတော့သည်။ ရှဲ့လီ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
‘ပြင်းထန်တဲ့ ကာမဆန္ဒကြွဆေးပဲ'
သူမက ဒုတိယထပ်သို့ပြေးတက်သွားပြီး လသာဆောင်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။
‘ထင်တဲ့အတိုင်းပဲ ဟို မသင်္ကာစရာလူနှစ်ယောက်က မသွားကြသေးဘူး'
ရှဲ့မိသားစု အိမ်ငယ်လေးအောက်ရှိ ချုံပုတ်များကြားတွင် မသင်္ကာစရာလူနှစ်ယောက် ပုန်းအောင်းနေသည်ကို သူမ အစောပိုင်းကတည်းက သတိထားမိခဲ့၏။ တစ်ယောက်က ခေါင်းကိုဖွက်မထားနိုင်ဘဲ အခြားတစ်ယောက်က တင်ပါးကို ဖွက်မထားနိုင်ပေ။
သူတို့နှစ်ဦးမှာ တစ်ခုခုကိုစောင့်ဆိုင်းနေသကဲ့သို့ ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်နေကြသည်။
'သဘောပေါက်ပြီ၊ ဒီလိုကိုး'
ရှဲ့လီက အဖြစ်အပျက်များကို ချက်ချင်းပင် ဆက်စပ်တွေးတောမိလိုက်သည်။
‘ဒီရှဲ့စီလင်းက ငါ့ကိုဆေးခတ်ပြီး ငါ့ရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးပစ်ဖို့ စဉ်းစားနေတာပဲ'
သူမ အောက်ထပ်သို့ပြန်ပြေးဆင်းသွားသည်။
“ဟေး နင်တို့နှစ်ယောက်”
ဝမ်တနှင့် ဝမ်အာတို့မှာလန့်ဖျပ်သွားကြသည်။
‘ပေါ်သွားပြီလား'
သူတို့နှစ်ဦးက ခါးနောက်တွင်ထိုးထားသောဓားများကို လှမ်းကိုင်လိုက်ကြ၏။
“အထဲဝင်ခဲ့ကြလေ”
ရှဲ့လီ ဆက်ပြောလာသည်။ ထိုနှစ်ယောက်မှာ ကြက်သေသေသွားကြသည်။
‘ဝီစီသုံးချက်မှုတ်တာကို စောင့်ရမှာမဟုတ်ဘူးလား'
ဝမ်တက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ရန်လိုဟန်ဖြင့်ပြောလာ၏။
“ဝီစီသုံးချက်မှုတ်တာကို စောင့်ရမှာမဟုတ်ဘူးလား”
ရှဲ့လီက သူမခါးကိုထောက်ကာ သူတို့ထက်ပင် ပို၍ရန်လိုသောဟန်ဖြင့်
“နင့်အဘွားဝီစီကို သွားမှုတ်၊ ဝီစီကပျောက်သွားပြီ၊ အချိန်နှောင့်နှေးသွားမှာစိုးလို့ ငါက အောက်ဆင်းပြီးလာခေါ်တာမဟုတ်ဘူးလား”
သူမ ဤမျှယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ ဝမ်တနှင့် ဝမ်အာတို့ကလည်း သဘာဝကျသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
ထိုနှစ်ယောက်က ရှဲ့လီနောက်မှလိုက်ကာ အိမ်ငယ်လေးထဲသို့ မောက်မာဝင့်ကြွားစွာဖြင့် ဝင်ရောက်လာကြ၏။
အထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် အမျိုးသမီးတစ်ဦး ကိုယ်လုံးတီးဖြင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးမှာ အရေခွံနှင့် အရိုးသာရှိပြီး ရင်ဘတ်ပေါ်တွင်လည်း ဒဏ်ရာများရှိနေသည်။
“နင်တို့ဘာသာ အစီအစဉ်အတိုင်းဆက်လုပ်ကြ၊ ငါ အပေါ်ထပ်ကိုသွားတော့မယ်”
ရှဲ့လီကလှည့်ကာ အပေါ်ထပ်သို့တက်သွားပြီး လှေကားလက်ရန်းကြားမှနေ၍ ပြဇာတ်ကို ကြည့်ရှုနေလိုက်သည်။
“အစ်ကို ဒီကောင်မက ပိန်လွန်းတယ်ကွာ”
ဝမ်အာ အနည်းငယ် ရွံရှာသွားရ၏။ ဝမ်တက ချက်ချင်းပင် သူ့ပါးကိုဖြတ်ရိုက်လိုက်ပြီး ဆဲဆိုတော့သည်။
“မင်းက ပြည့်တန်ဆာအိမ်လာလည်တယ်လို့ ထင်နေတာလား ရွေးတောင်ရွေးနေသေးတယ်၊ မြန်မြန်အလုပ်လုပ်စမ်းပါ၊ ဓာတ်ပုံရိုက်ပြီးရင် ပြီးတာပဲ၊ မြန်မြန်ထွက်မယ်”
သူတို့နှစ်ဦးမှာ ရှဲ့လီကို ယခင်က တစ်ခါမျှမမြင်ဖူးခဲ့ရာ ကြမ်းပြင်ပေါ်ရှိ အမျိုးသမီးမှာ သူမဖြစ်သည်ဟုသာ ထင်မှတ်နေကြသည်။
ညီအစ်ကိုနှစ်ဦးမှာ သူတို့အလုပ်ကို အမြန်ဆုံး စတင်ကြတော့၏။