အခန်း ၂၀
Vol. 2 Ch. 20
Ch-20
အောက်ထပ်မှ လူသုံးဦးမှာ ကာမအာရုံ၌ အလွန်အမင်း နစ်မွန်းနေကြပြီး ရှဲ့လီက သူမကင်မရာကိုထုတ်ကာ ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ အဆက်မပြတ် ရိုက်ယူနေတော့သည်။
သူမက ၃၆၀ ဒီဂရီပတ်လည်ရိုက်ယူလိုက်သည်။
ထို့နောက် သူမရဲစခန်းသို့ဖုန်းခေါ်ဆိုလိုက်၏။
“ဟယ်လို ရဲစခန်းကလားရှင်၊ ကျွန်မအိမ်ကို သူခိုးတွေဝင်လာလို့ပါ”
ရဲများရောက်လာချိန်တွင် ဧည့်ခန်းထဲရှိ လူသုံးဦးမှာ သူတို့လှုပ်ရှားမှုများထဲတွင်သာ အလွန်အမင်းနစ်မွန်းနေကြသဖြင့် မည်သည့်ကမ္ဘာသို့ ရောက်နေမှန်းပင်မသိကြတော့ချေ။
“မလှုပ်နဲ့”
စူးရှသောအော်ဟစ်သံနှင့်အတူ ဝမ်တနှင့် ဝမ်အာတို့မှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး ခွေယိုင်ကျသွားကာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသော ရှဲ့စီလင်းသာ ကျန်ရစ်တော့သည်။ ရဲစခန်းမှ ဖုန်းဆက်ခေါ်သဖြင့် ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့လည်း အိမ်သို့ပြန်ရောက်လာကြ၏။
ထိုနှစ်ယောက် အိမ်ထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။
ရဲအရာရှိများက လူသန်ကြီးနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားသည်။ ရှဲ့စီလင်းက ကြမ်းပြင်ပေါ်တွင် ကိုယ်လုံးတီးဖြင့် လူးလှိမ့်နေပြီး ပြောမပြတတ်သော အသံများကို ပြုလုပ်နေဆဲဖြစ်သည်။ ရှဲ့လီကတော့ ဆိုဖာပေါ်တွင်ထိုင်ကာ ရှိုက်ကြီးတငင်ငိုယိုနေ၏။
ကောင်းကင်ကြီး ပြိုကျသွားလေပြီ။
မြေကြီးများလည်း အက်ကွဲသွားလေပြီ။
“အဖေနဲ့ အမေ၊ အဖေတို့ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ ကျွန်မတို့အိမ်ကို သူခိုးတွေဝင်လာတယ်၊ သူတို့က ကျွန်မရဲ့ ညီမလေးကိုတောင် အီးဟီးဟီးဟီး”
ရှဲ့လီက အသက်ရှူမဝသည်အထိ ငိုယိုနေပြီး တစ်ခါတစ်ရံ သူမလက်များက ကုတ်ခြစ်မည့်ဟန် တောင့်တင်းသွားကာ မျက်ဖြူလန်သွားလေ့ရှိသည်။
ရဲများ : သူဘာတွေဖြစ်နေတာလဲ
ရှဲ့ချင်စုန့် ရှေ့သို့တိုးလာပြီးရှင်းပြလိုက်၏။
“ရဲဘော်တို့ ဒါကျွန်တော့်သမီးပါ၊ သူ ငယ်ငယ်က အဖျားကြီးပြီးတက်ခဲ့ဖူးတယ်၊ အဲဒီနောက်ဆက်တွဲဆိုးကျိုးတွေ ကျန်နေခဲ့တာပါ၊ အခု သူအရမ်းစိတ်လှုပ်ရှားသွားလို့ ရောဂါဖောက်လာတာဖြစ်မယ်”
ရဲအရာရှိက ဘယ်လက်ဖြင့် ‘ခြောက်’ ဟုပြကာ ညာလက်ဖြင့် ‘ခုနစ်’ ဟုပြနေသော ရှဲ့လီကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
‘ဒီမိန်းကလေးက အရမ်းနူးညံ့ပြီး ကျိုးပဲ့လွယ်မယ့်ပုံလေး၊ ဒါပေမဲ့ ဒီလိုရောဂါမျိုးခံစားနေရရှာတာ သနားစရာပဲ'
ဝမ်တနှင့် ဝမ်အာတို့ကမူ လုံးဝလက်မခံနိုင်ချေ။
‘ဒီမိန်းမက ပြဿနာတစ်ခုခုဖြစ်တာနဲ့ တာဝန်ယူမှု တာ၀န်ခံမှုမရှိ ချက်ချင်းရှောင်လွှဲတော့တာလား၊ စောစောက ငါတို့ကို တံခါးပေါက်ကနေ အထဲခေါ်လာတာ သူပဲလေ'
သို့သော် ထိုနှစ်ဦးမှာ သည်းခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။
သူတို့သည် ဝူဖုန်းရောင်အတွက် မကောင်းမှုများစွာ လုပ်ခဲ့ဖူးသဖြင့် အကယ်၍ ဖမ်းဆီးခံရပါက မည်သည့်စကားမှမပြောဘဲ ဝူဖုန်းရောင်လာရောက်အာမခံပေးမည့်အချိန်ကိုသာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြသည်။
*ဘိုင်း ဝုန်း*
ဖမ်းဆီးမှုပြုလုပ်နေသော လူငယ်ရဲအရာရှိလေးက ရှေ့သို့တိုးလာပြီး ဝမ်တနှင့် ဝမ်အာတို့အား ပြင်းထန်သောကန်ချက်နှစ်ချက်နှင့် မိတ်ဆက်ပေးလိုက်ရာ သူတို့နှစ်ဦးမှာ ပျို့အန်သွားကြတော့သည်။
“ဒီအရှက်မရှိတဲ့ လူယုတ်မာတွေ၊ မင်းတို့ရဲ့ဘောင်းဘီထဲကဟာကို မထိန်းနိုင်ရင် ငါဖြတ်ပစ်မယ်”
လူငယ်အရာရှိက ဆဲဆိုရင်း ဝမ်တနှင့် ဝမ်အာတို့ကို အပြင်သို့ဆွဲခေါ်သွားတော့၏။
ရှဲ့ချင်စုန့်ခေါင်းထဲတွင် အူနေပြီး ဝူဖုန်းရောင်၏စိတ်အာရုံများ လုံးဝ ဗလာကျင်းသွားတော့သည်။
‘ဒါက လုံးဝကို ကပ်ဘေးဆိုက်သွားတာ မဟုတ်ဘူးလား၊ အဲဒီငတုံးနှစ်ကောင်က လူမှားပြီး ငါတို့ရဲ့စီလင်းလေးနဲ့ သွားအိပ်ကြတယ်တဲ့လား'
ကင်မရာတစ်လုံးက ရှဲ့စီလင်းဘေးတွင် ကျနေသည်။ ရဲအရာရှိတစ်ဦးက ၎င်းကို ကောက်ယူကာ စစ်ဆေးကြည့်လိုက်၏။
“အိုး ဒုက္ခပါပဲ”
‘ဒီဓာတ်ပုံတွေက နည်းနည်းတော့ လွန်လွန်းနေပြီ'
ရှဲ့ချင်စုန့် အလောတကြီးရှေ့သို့တိုးလာပြီး ရဲအရာရှိ၏ပခုံးပေါ်မှနေ၍ ချောင်းကြည့်လိုက်သည်။
“အား”
ထို့နောက် သူကမြေခွေးတစ်ကောင်လို အော်ဟစ်လိုက်တော့သည်။ လန့်သွားသော ရဲအရာရှိက အလိုအလျောက် လက်ကိုနောက်သို့လွှဲကာ ထိုးချလိုက်၏။
“လခွမ်းပဲ”
ထိုးပြီးနောက် ရဲအရာရှိက အနည်းငယ်အားနာသွားသည်။
“အကျင့်ပါသွားလို့ပါဗျာ၊ အကျင့်ပါသွားလို့ပါ၊ ဘာလို့ ခင်ဗျားကကျွန်တော့်နား,နားကပ်ပြီး အော်ရတာလဲ”
ရှဲ့ချင်စုန့်မှာ နှာခေါင်းကိုကိုင်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်နေရသည်။ ဝူဖုန်းရောင်က သူ့ကိုထူပေးရန် အမြန်ရောက်လာ၏။
“ချင်စုန့် ဘာဖြစ်တာလဲ”
ရှဲ့ချင်စုန့်မျက်လုံးများမှာ သွေးလွှမ်းနေပြီး လက်ကိုဝှေ့ယမ်းကာ ခေါင်းခါပြလိုက်သည်။
“ဘာ ဘာမှမဖြစ်ပါဘူး”
‘တော်သေးတာပေါ့၊ ဒီကင်မရာထဲက အကြောင်းအရာတွေ ပေါက်ကြားမသွားတာ တော်သေးတာပေါ့၊ ပြီးတော့ ငါတို့ အချိန်မီပြန်ရောက်လာတာလည်း ကံကောင်းတာပဲ၊ တခြားသူတစ်ယောက်ယောက်သာ ဒါကိုမြင်သွားခဲ့ရင် စီလင်း ဘယ်လိုဆက်အသက်ရှင်တော့မလဲ၊ ရှဲ့မိသားစုရဲ့ ဂုဏ်သိက္ခာလည်း လုံးဝပျက်စီးသွားတော့မှာပဲ'
“အရာရှိမင်း၊ ဒီပစ္စည်းကို လုံးဝ…”
ရှဲ့ချင်စုန့်အသံများ ဆို့နင့်သွားသည်။ ရဲအရာရှိက ခေါင်းညိတ်ပြလိုက်၏။
“စိတ်မပူပါနဲ့၊ အထဲက အကြောင်းအရာတွေ လုံးဝပေါက်ကြားမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကင်မရာကိုတော့ သက်သေခံပစ္စည်းအဖြစ် ကျွန်တော်တို့ ယူသွားရလိမ့်မယ်”
ဆိုဖာပေါ်တွင်ထိုင်ကာ အေးစက်စက်ဖြင့်စောင့်ကြည့်နေသော ရှဲ့လီကမူ နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
‘ဒါ အစက ငါ့အတွက်ထောင်ထားတဲ့ ကျော့ကွင်းပဲ၊ အခြေအနေကိုကြည့်ရတာ ရှဲ့ချင်စုန့်နဲ့ ဝူဖုန်းရောင်တို့ကလည်း ဒါကိုသိထားပုံရတယ်၊ သူတို့က ရှဲ့စီလင်းကို အဲဒီလောက်မြတ်နိုးနေတာတောင် သူမကိုချောက်ကမ်းပါးထဲတွန်းချဖို့ ဝန်မလေးကြဘူးပဲ'
“ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ ချင်စုန့် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ယခုအချိန်တွင် ဝူဖုန်းရောင်သည်လည်း ထိုနှစ်ဦးက လူမှားသွားကြောင်းကို သဘောပေါက်သွားပြီဖြစ်သည်။ သူတို့က ရှဲ့လီကိုပစ်မှတ်ထားရမည့်အစား ရှဲ့စီလင်းကို ပစ်မှတ်ထားခဲ့လေ၏။
ရှဲ့ချင်စုန့် မျက်လုံးများကိုမှိတ်ကာ စိတ်ငြိမ်အောင် အတင်းကြိုးစားလိုက်သည်။
“အရာရှိမင်း၊ ဒီအမှုအတွက် တိုင်ချက်မဖွင့်ဘဲ နေလို့ရမလား”
အကယ်၍ ဤကိစ္စသာလူသိရှင်ကြားဖြစ်သွားပါက ရှဲ့စီလင်းနှင့် ရှဲ့မိသားစု၏ဂုဏ်သိက္ခာများပြီးဆုံးသွားမည်ဖြစ်သည်။ အကယ်၍ ပုဂ္ဂလိကအနေဖြင့် ဖြေရှင်းလိုက်ပါက အနည်းဆုံးတော့ သူတို့မျက်နှာကို ကယ်တင်နိုင်မည်မဟုတ်ပါလား။
ထို့အပြင် ထိုနှစ်ယောက်ကို ရဲစခန်းသို့ တကယ်ခေါ်သွားပါက စစ်ဆေးမေးမြန်းမှုများမှ တစ်ခုခုပေါ်လာလျှင် မည်သို့လုပ်မည်နည်း။ ရှဲ့စီလင်းသည်လည်း ပါဝင်ပတ်သက်သူတစ်ဦးဖြစ်ရာ သူမလည်း ကင်းလွတ်နိုင်မည်မဟုတ်ချေ။
ယခုအချိန်က ရှုပ်ထွေးနေသောအချိန်ကာလဖြစ်ပြီး သူတို့ဟောင်ကောင်သို့ ထွက်ပြေးရမည့်အချိန်လည်း နီးကပ်နေပြီဖြစ်သည်။