← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

Ch-23

ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ရှဲ့လီက ဝူဖုန်းရောင်ကို အသံတိတ် လက်မထောင်ပြလိုက်၏။

“ဟုတ်တယ်၊ နင့်သားက မပုပ်အက်နေပါဘူး၊ နင့်သားက ဘယ်ပုပ်အက်နိုင်ပါ့မလဲ၊ ဘယ်လိုမိန်းကလေးကောင်းက နင့်သားရဲ့ ‘အပ်စိုက်ကုထုံးအပ်’လေးကို သည်းခံနိုင်မှာလဲ၊ နင် သူ့ကိုမွေးတုန်းက **ကို ချက်ကြိုးမှတ်ပြီး ဖြတ်ပစ်လိုက်မိလို့လား”

ဝူဖုန်းရောင်မှာ ရက်စက်လာပြီဆိုပါက သင်တုန်းဓားထက်ပင် ပိုမိုထက်မြက်လေ၏။ ဖေ့ရှူချန်ထံမှ အသက်ရှူမဝသကဲ့သို့ အသံတစ်ခုထွက်ပေါ်လာပြီး မေ့လဲလုမတတ် ဖြစ်သွားရသည်။

“နင်”

ချီယွဲ့ဟွာသည်လည်း အလွန်အမင်း ဒေါသထွက်နေပြီး ဝူဖုန်းရောင်ကို လက်ညှိုးထိုးကာ တုန်ယင်နေသော အသံဖြင့်….

“ဘာဖြစ်လဲ ဘာဖြစ်လဲ၊ အနည်းဆုံးတော့ ငါ့သားက ယောက်ျားစစ်စစ်ပဲ၊ နင့်ရဲ့သမီး ပုပ်အက်နေတဲ့ မက်မွန်သီးကိုတော့ မြို့တော်ရဲ့လမ်းမတွေပေါ် ပစ်ချထားရင်တောင် ဘယ်သူကမှ လိုချင်မှာမဟုတ်ဘူး”

ဝူဖုန်းရောင်က ချီယွဲ့ဟွာ၏လက်ညှိုးကို ပုတ်ထုတ်လိုက်သည်။

“နင့်သားက ဘာကောင်မို့လို့လဲ၊ သူက ရှဲ့လီကိုလက်ထပ်ပြီး ငါ့စီလင်းကို မြှူဆွယ်ခဲ့တာလေ၊ အခု ရှန်ဟိုင်းမြို့မှာ သူ့နာမည်ကောင်းနေသေးလို့လား၊ သူက လမ်းပေါ်ကကြွက်တစ်ကောင်ပဲ”

“ဒါဆို နင့်သမီးက ခိုးစားတဲ့ကြောင်မပေါ့ အားးး”

ချီယွဲ့ဟွာမှာ သည်းမခံနိုင်တော့ချေ။

သူမ ဘာအတွက်လာခဲ့သည်ဆိုသည်ကို လုံးဝ မေ့သွားခဲ့ချေပြီ။

ဝမ်တနှင့် ဝမ်အာတို့ကို သူမစိတ်ထဲမှ လုံးဝ ထုတ်ပစ်လိုက်ပြီဖြစ်သည်။

သူမက ကြောက်မက်ဖွယ်ကောင်းသော လက်သည်းများဖြင့် ဝူဖုန်းရောင်ကို ခုန်အုပ်လိုက်ပြီး ဝူဖုန်းရောင်၏မျက်နှာကို သွေးများဖြင့် ပြည့်နှက်သွားစေသည်အထိ ကုတ်ခြစ်ပစ်လိုက်သည်။

ရှဲ့လီက လှေကားလက်ရန်းကြားမှတစ်ဆင့် စိတ်လှုပ်ရှားစွာကြည့်ရှုနေ၏။

‘ဒီနှစ်ယောက်လုံးက ဘယ်သူကမှ လူကောင်းမဟုတ်ဘူး’

‘ချကြ၊ ချကြ'

‘မျက်နှာတွေကို ကုတ်ခြစ်ပစ်၊ သွားတွေကျွတ်ထွက်သွားအောင်လုပ်၊ နှာခေါင်းတွေကျိုးသွားအောင် လုပ်ပစ်လိုက်။’

ဝူဖုန်းရောင်က ရှောင်တိမ်းရင်း ဆဲဆိုသည်။

“မိန်းမယုတ်ကြီး၊ အရှက်မရှိတဲ့ကောင်မ၊ နင်က ငါ့ကိုရိုက်ရဲတယ်ပေါ့လေ၊ နင့်ရဲ့ အရှက်မရှိတဲ့ အတိတ်အကြောင်း ငါမသိဘူးလို့မထင်နဲ့၊ နင် ဖေ့ကျန်းမင်ကို မလက်ထပ်ခင် လူအများကြီးနဲ့ အိပ်ခဲ့တာလေ၊ အဲဒီမျက်နှာပြောင်တိုက်တဲ့ကောင်ပဲ နင့်ကိုလက်ထပ်ဖို့ သဘောတူခဲ့တာ၊ သူ့ကိုမြင်တိုင်း ငါရယ်ချင်တယ်အေ၊ သူ့ခေါင်းပေါ်မှာ ရေညှိတွေတောင်ပေါက်နေပြီလို့ ငါခံစားနေရတယ်”

ပြေးလာရသဖြင့် အသက်ရှုမ၀ဖြစ်နေသော ဖေ့ကျန်းမင်မှာ အကြောင်းပြချက်မရှိဘဲ ဆဲဆိုမှုများကိုခံလိုက်ရ၏။

ချီယွဲ့ဟွာမှာ အပြစ်မကင်းသလို ခံစားလိုက်ရပြီး ဝူဖုန်းရောင်အား ကုတ်ခြစ်နေခြင်းကို ရပ်တန့်ကာ ဖေ့ကျန်းမင်ကို အမြန် ရှင်းပြလိုက်သည်။

“ကျန်းမင်၊ ကျွန်မ အဲဒီလို”

*ဘိုင်း ဘုန်း ဘုန်း*

ထိုအခွင့်အရေးကို အသုံးချကာ ဝူဖုန်းရောင်က ရှေ့သို့တိုးလာပြီး မီးအိမ်ဖြင့် ချီယွဲ့ဟွာကို နောက်ထပ်ပြင်းထန်သော ရိုက်ချက်သုံးချက် ပေးလိုက်ပြန်၏။

ချီယွဲ့ဟွာ သတိလစ်သွားလေသည်။

ပြုံးစိစိဖြင့် ပြဇာတ်ကြည့်နေသော ရှဲ့လီကတော့ စုပ်သပ်လိုက်မိသည်။

‘ဘယ်လောက်ပဲ မာကျောတဲ့ခေါင်းဖြစ်နေပါစေ၊ အဲဒီလိုအထုခံရရင်တော့ ဘယ်ခံနိုင်ပါ့မလဲ'

မိမိဇနီးဖြစ်သူက ဝူဖုန်းရောင်၏ရိုက်နှက်မှုကြောင့် မေ့လဲသွားသည်ကိုမြင်သောအခါ ဖေ့ကျန်းမင်က ရှေ့သို့တိုးလာပြီး ဖေ့ရှူချန်ကို ပါးရိုက်ချလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလေ၏။

“ဒီအသုံးမကျတဲ့ကောင်၊ မင်းအမေ အရိုက်ခံနေရတာကို ထိုင်ကြည့်နေတယ်ပေါ့လေ”

ထိုသို့ပြောပြီးနောက် သူက ဝူဖုန်းရောင်ကို ပြင်းထန်သောပါးရိုက်ချက်တစ်ခုဖြင့် နောက်ပြန်ရိုက်ချလိုက်ရာ ဝူဖုန်းရောင်မှာ သုံးပတ်ခန့်လည်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ဖုန်းရောင်”

ရှဲ့ချင်စုန့်ကလည်း အပြင်မှပြေးဝင်လာခဲ့ပြီး ဝင်ဝင်ချင်းမှာပင် သူ့ဇနီးဖြစ်သူ အရိုက်ခံရသည်ကို မြင်လိုက်ရလေသည်။

“ခွေးသူတောင်းစား ဖေ့ကျန်းမင်၊ ငါ မင်းကို သတ်ပစ်မယ်ကွ”

အသက်လေးဆယ်ကျော်အရွယ် အမျိုးသားနှစ်ဦး စတင်ထိုးကြိတ်ကြတော့သည်။

ဖေ့ကျန်းမင်က အရပ်ရှည်ပြီး တောင့်တင်းကာ ပိန်ပါးပြီး နူးညံ့သိမ်မွေ့သော ရှဲ့ချင်စုန့်ထက် အရွယ်အစားရော ခွန်အားပါ ပိုမိုကြီးမားလေ၏။

ရှဲ့ချင်စုန့်က ခုန်တက်ကာ ဖေ့ကျန်းမင်ကို ပါးရိုက်ရန်ကြိုးစားသော်လည်း ဖေ့ကျန်းမင်က သူ့ကော်လံကို ဆွဲကိုင်ထားသည်။ ရှဲ့ချင်စုန့်လက်များက လေထဲတွင်ရမ်းနေသော်လည်း ဖေ့ကျန်းမင်ကို လုံးဝမထိနိုင်ချေ။

သူ ဘာမှမလုပ်နိုင်ခဲ့ပေ။ သူ့လက်များက တိုလွန်းနေလေသည်။

ဖေ့ကျန်းမင်က လက်ဆန့်တန်းကာ ရှဲ့ချင်စုန့်ဆံပင်တုကို ဆွဲချွတ်လိုက်၏။

ရှဲ့ချင်စုန် အလွန်အမင်းဒေါသထွက်သွားချေပြီ။ သူက ဖေ့ကျန်းမင်၏လက်ကောက်ဝတ်ကို ပြင်းထန်စွာ ကိုက်ချလိုက်သည်။

ချီယွဲ့ဟွာကလည်း ဖြည်းညင်းစွာသတိပြန်လည်လာသည်။ သူမယောက်ျားဖြစ်သူပါ ပါဝင်ပတ်သက်နေသည်ကို မြင်သောအခါ သူမက နောက်ထပ်အော်ဟစ်သံတစ်ခုပြုလုပ်ကာ ဝူဖုန်းရောင်နှင့် ထပ်မံရန်ဖြစ်ရန် ပြေး၀င်သွားတော့၏။

ရှဲ့လီကမူ လက်ခုပ်တီးကာ အားပေးနေလေသည်။

“စိတ်လှုပ်ရှားစရာပဲ”

နောက်ဆုံးတွင် ရှဲ့ချင်စုန့်မှာ သေးငယ်သောသူ့ခန္ဓာကိုယ်ကြောင့် အရေးနိမ့်နေခဲ့ပြီး ဖေ့ကျန်းမင်၏ရိုက်ချက်ဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဖေ့ကျန်းမင်က တစ်ချက်တွင် အရေးနိမ့်နေသောချီယွဲ့ဟွာကို ကူညီရန်လှည့်လိုက်သည်။

*ဒုတ်*

ရှဲ့ချင်စုန်က သူ့ခြေထောက်ကို ဆွဲကိုင်လိုက်သဖြင့် သူ ခလုတ်တိုက်သွား၏။ ထိုအချိန်တွင် ရှဲ့ချင်စုန့်အော်ဟစ်သံကို သူ ကြားလိုက်ရသည်။

“ဖုန်းရောင်၊ ငါ သူ့ကိုမနိုင်ဘူး၊ ပြေးတော့၊ သွား ရဲကိုဖုန်းဆက်လိုက်”

‘ရဲကို ဖုန်းဆက်ဦးမယ်တဲ့လား လခွမ်းပဲ'

ဖေ့ကျန်းမင်က ရှဲ့ချင်စုန့်ကိုကန်ထုတ်လိုက်သည်။

*ဒုတ်*

သူ ထပ်မံ ခလုတ်တိုက်သွားပြန်သည်။

ရှဲ့ချင်စုန့်က သူ့ကို ထပ်မံခုန်အုပ်လိုက်ပြီး အော်ဟစ်လေသည်။

“မြန်မြန်၊ ရဲကို ဖုန်းဆက်လိုက်”

“မင်းမေကြီးတော်ကိုပဲ ဖုန်းဆက်လိုက်၊ မင်းအဖေက ရဲအရာရှိနဲ့တူနေလို့လား”

ဖေ့ကျန်းမင်က ခြေထောက်ကိုမြှောက်ကာ ရှဲ့ချင်စုန့်ခေါင်းပေါ်သို့ နင်းချလိုက်၏။

“ဟားဟားဟား”

ဖေ့ကျန်းမင်က ရုတ်တရက်ကြိုတင်သတိပေးမှုမရှိဘဲ အရူးတစ်ယောက်လို စတင်ရယ်မောတော့သည်။ ရှဲ့ချင်စုန့်က သူ့သားရေဖိနပ်တစ်ဖက်ကို ဆွဲချွတ်ကာ ခြေဖဝါးကို ကလိထိုးနေခြင်းဖြစ်၏။

လူတိုင်းအမြင်တွင်‌တော့ ဖေ့ကျန်းမင်က ရှဲ့ချင်စုန့်ခေါင်းကို နင်းထားရင်း ရယ်မောနေသည်ဟုပင်။

“ကျစ် လွှတ်စမ်း၊ ငါ့ခြေထောက်တွေကို ကလိမထိုးနဲ့၊ ငါယားတယ်ကွ”

ရှဲ့ချင်စုန်မှာ ဖေ့ကျန်းမင်၏ခြေနံ့ကြောင့် ပျို့အန်ချင်စိတ်များပင်ဖြစ်ပေါ်နေသည်။ သူက ပျို့နေရင်းမှ အော်ဟစ်လိုက်ပြန်၏။

“ဝေါ့ ဖုန်းရောင်၊ သွား ရဲကိုဖုန်းဆက်လိုက် ဝေါ့”

All Chapters