← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

Ch-33

ရှဲ့မိသားစုအဖမ်းခံရပြီးနောက် ရှန်ဟိုင်းမြို့ စီးပွားရေးအသိုင်းအဝိုင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

လူအများအပြားက ရှဲ့ချင်စုန့်ကို စတင်ဆဲဆိုကြတော့သည်။

“အရင်တုန်းက သူ့ရဲ့တည်ငြိမ်နေတဲ့ပုံကိုကြည့်ပြီး သူ့အဘိုးကြီး သေသွားလို့ နောက်ဆုံးတော့ ကျောရိုးလေးဘာလေးများ ထွက်လာပြီလား (တည်ငြိမ်ရင့်ကျက်လာပြီလား)လို့ ငါထင်ခဲ့တာ၊ တကယ်တော့ သူကဟန်လုပ်နေခဲ့တာကိုး၊ ကိုယ့်ကိုကိုယ်တောင် အချုပ်ထဲရောက်အောင်လုပ်လိုက်သေးတယ်”

စီးပွားရေးအသိုင်းအဝိုင်းမှ အရင်းရှင်အများအပြားက သူ့တွင်ထွက်ပေါက်တစ်ခုနှင့် အစီအစဉ်တစ်ခုရှိမည်ဟု ထင်မှတ်ထားခဲ့ကြ၏။ အချိန်တန်လျှင် ရှဲ့ချင်စုန့်ထံမှ အကူအညီတောင်းရန်ပင် သူတို့အားလုံး တွေးထားခဲ့ကြသည်။

‘ဒီငတုံးက ကိုယ့်ကိုကိုယ်အချုပ်ထဲရောက်အောင်လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ'

သို့သော် ရှဲ့ချင်စုန့်မှာ ရှဲ့မိသားစုဝင်တစ်ဦးဖြစ်သည်နှင့်အညီ သူ့တွင်မာနအနည်းငယ်တော့ ရှိနေသေးသည်။ ထိုလင်မယားနှစ်ယောက်က ‘ပိုင်ဆိုင်မှုတွေ ဘယ်မှာလဲဆိုတာကို ဘယ်လိုနည်းနဲ့မှ မပြောဘူး’ဆိုသည့်သတင်းကို သူတို့ ကြားခဲ့ရသေးသည်။

‘သူတို့ တော်တော်လေးခေါင်းမာကြတာပဲ'

‘တော်လှန်ရေးကော်မတီထဲကို ရောက်သွားရင် ဘယ်အရာမှ ကောင်းကောင်းမွန်မွန်ပြီးဆုံးလေ့မရှိဘူး'

‘အဲဒီမှာ မင်းကိုယဉ်ယဉ်ကျေးကျေး စစ်ဆေးမေးမြန်းမှာ မဟုတ်ဘူး၊ မင်းကို မရိုက်ရင်တောင်မှ လူတွေကို နှိပ်စက်ဖို့ သူတို့ဆီမှာ နည်းလမ်းပေါင်းစုံရှိတယ်'

‘လေယာဉ်ပျံငယ်လေး ပျံသန်းခြင်း’ သို့မဟုတ် ‘လင်းယုန်ကို မောပန်းစေခြင်း’စတဲ့အရာတွေက အခြေခံလေးတွေပဲ ရှိသေးတယ်’

‘လေယာဉ်ပျံငယ်လေး ပျံသန်းခြင်း’ ဆိုသည်မှာ လက်များကို အနောက်ဘက်ဆီ ဆန့်တန်းထားရပြီး ခါးကိုကိုင်းကာ တစ်ပိုင်းဆောင့်ကြောင့်ထိုင်လျက် အမြဲတမ်းပြေးနေရခြင်းကို ဆိုလို၏။

‘လင်းယုန်ကို မောပန်းစေခြင်း’ ဆိုသည်မှာ အိပ်ခွင့်မပေးဘဲ သေတဲ့အထိ ပင်ပန်းနွမ်းနယ်အောင်လုပ်ခြင်းကို ဆိုလိုသည်။

‘ရက်တွေ အကြာကြီးကုန်ဆုံးသွားတာတောင် အဲဒီနှစ်ယောက်က စကားတစ်ခွန်းမှမဟကြဘူးတဲ့'

ထိုလူများက သူတို့ကိုဆဲဆိုနေကြသော်ငြာယ တစ်ဖက်ကလည်း သူတို့၏ခေါင်းမာမှုကို အသိအမှတ်ပြုနေကြလေသည်။

သို့သော်ငြား သူတို့တကယ်ပဲ မာကျောသလား၊ မမာကျောဘူးလား ဆိုသည်ကိုတော့ ကာယကံရှင်တွေသာ သိကြပေလိမ့်မည်။

“အား ငါ သေချင်နေပြီ၊ ငါ့ကိုသေခွင့်ပေးပါ ငါ့ကိုသေခွင့်ပေးပါ၊ ငါ လေယာဉ်ပျံငယ်လေးလို ဆက်မပျံချင်တော့ဘူး အား အား အား”

ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မှာ အသိစိတ်များ လွတ်လုမတတ်ဖြစ်နေကြပြီး နှိပ်စက်မှုများကြောင့် နှစ်ယောက်လုံး ပြိုလဲလုမတတ် အခြေအနေသို့ ရောက်နေကြသည်။

‘ခေါင်းမာတယ်တဲ့လား သောက်ရူးပဲ၊ ငါတို့ တကယ်ကိုမသိတာပါ'

“ကျွန်တော်တို့ တကယ်ကိုမသိတာပါဗျာ၊ ပိုင်ဆိုင်မှုတွေအားလုံးကို အဲဒီကောင်မလေးရှဲ့စီလင်းက ယူသွားတာပါ၊ ကျွန်တော်တို့ဆီမှာသာရှိရင် ဒီပိုက်ဆံနည်းနည်းလေးနဲ့ ထွက်ပြေးဖို့ ဘယ်ကြိုးစားပါ့မလဲ”

ရှဲ့ချင်စုန်က ငိုယိုတော့သည်။ အဘိုးရှဲ့ သက်ရှိထင်ရှားရှိစဉ်က သူ့အပေါ်တင်းကြပ်ခဲ့သည်ဆိုသော်လည်း သူ့ကိုတစ်စက်ကလေးမျှ အနိုင်မကျင့်ခဲ့ဖူးချေ။

‘ဒီထဲမှာ သူတို့က ငါ့ကိုဂျပန်တွေလို ဆက်ဆံနေတာပဲ၊ ဘယ်သူက ဒါကို ခံနိုင်ရည်ရှိမှာလဲ'

ရှဲ့စီလင်းကမူ နှုတ်ဆိတ်နေဆဲဖြစ်သည်။ လက်ကောက်မှ နေရာလွတ်ကို အသက်သွင်းလိုက်သည်နှင့် သူမ ပြန်လည်ထူထောင်လာလိမ့်မည်ဟု စိတ်ကူးယဉ်နေဆဲပင်။

ဝမ်သဲချန်မှာ စိုးရိမ်လာသည်။

‘ငါ့နယ်မြေ၊ ငါ့မျက်စိရှေ့မှာတင် အနံ့ဆိုးထွက်နေတဲ့ အရင်းရှင်တွေ ပိုင်ဆိုင်မှုတွေယူပြီး ထွက်ပြေးတဲ့ဖြစ်ရပ်က နှစ်ခုဆက်တိုက်ဖြစ်သွားတယ်၊ ပြီးတော့ အဓိကအချက်က ပိုက်ဆံတွေအကုန်လုံး ပျောက်သွားတာပဲ'

‘အထက်ကသာ စုံစမ်းစစ်ဆေးလာရင် အခြေအနေမှန်ကို မသိတဲ့သူတွေက သူများတစ်ခုခုလုပ်ပြီး အဲဒါတွေအကုန်လုံးကို အလွဲသုံးစားလုပ်သွားတယ်လို့ ထင်သွားနိုင်တယ်'

သူက အတော်လေးအလွဲသုံးစားလုပ်ထားခဲ့သည်ဆိုသော်ငြား ဖေ့မိသားစုနှင့် ရှဲ့မိသားစုကဲ့သို့ အရင်းရှင်မိသားစုကြီးနှစ်ခုလုံး၏ပိုင်ဆိုင်မှုများကို တစ်ပြိုင်နက်တည်း အကုန်မျိုချဖို့ဆိုသည်မှာ သူ့အတွက်မဖြစ်နိုင်ချေ။

ထိုမိသားစုနှစ်ခုက ဘာမှမပြောကြရာ အထက်မှလူလွှတ်ပြီး စုံစမ်းစစ်ဆေးလာလျှင် သူ့အရင်ကလုပ်ရပ်များပါ ပေါ်သွားမည်ကို သူကြောက်နေမိသည်။

ဝမ်သဲချန်က သေချာစဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင် ရှဲ့လီကိုခေါ်လိုက်သည်။

“ရဲဘော်ရှောင်ရှဲ့ မင်းရဲ့အရင်က စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်၊ အခု အဖွဲ့အစည်းက အခက်အခဲတွေနဲ့ ထပ်ကြုံနေရပြန်ပြီ၊ မင်း ကူညီပေးနိုင်မလား”

ဝမ်သဲချန်က အလွန်ချောမွေ့သော ရုံးသုံးလေသံဖြင့် ပြောလိုက်၏။

ရှဲ့လီက ချက်ချင်းပင်မတ်မတ်ရပ်ကာ အလေးပြုလိုက်ပြီး ခွန်အားအပြည့်ဖြင့် ပြန်ဖြေလာသည်။

“အဖွဲ့အစည်းရဲ့အခက်အခဲက ကျွန်မရဲ့ အခက်အခဲပါပဲ၊ အတွင်းရေးမှူးဝမ် ညွှန်ကြားပါ၊ ကျွန်မ သေချာပေါက် အစွမ်းကုန်ကြိုးစားပါ့မယ်”

ထိုသို့ပြောပြီးနောက် ရှဲ့လီက သူမထောက်ခံစာနှင့် လက်ထပ်ခွင့်အစီရင်ခံစာကို ထုတ်ယူလိုက်၏။

“အတွင်းရေးမှူးဝမ် ကျွန်မစစ်တပ်ထဲဝင်ဖို့ နောက်ရက်အနည်းငယ်နေရင် ရှန်ဟိုင်းမြို့ကနေ ထွက်သွားတော့မှာပါ၊ မသွားခင် ကျွန်မမှာတောင်းဆိုစရာလေးတစ်ခုရှိလို့ အတွင်းရေးမှူးဝမ် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဟိုလေ…”

ဝမ်သဲချန်က လက်ထပ်ခွင့်အစီရင်ခံစာပေါ်ရှိ လိပ်စာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

“မင်းရဲ့အသိဉာဏ်က ဒီလောက်မြင့်မားနေတာ အံ့သြစရာမရှိပါဘူး၊ မင်းက စစ်သည်ဇနီးတစ်ယောက်ဖြစ်သွားပြီကိုး၊ ကောင်းပါပြီ ရဲဘော်ရှောင်ရှဲ့၊ ငါတို့အားလုံးက မိသားစုတွေချည်းပါပဲ၊ မင်း ဘာလိုချင်လဲဆိုတာကိုသာ ပြောပါ၊ အဖွဲ့အစည်းက ကူညီဖို့ သေချာပေါက် အစွမ်းကုန်ကြိုးစားပေးပါ့မယ်”

သူ့အဖြေမှာ တိကျလှပေသည်။ ရှဲ့လီက ပြုံးစိစိလုပ်လိုက်၏။

“ကျွန်မက ရှဲ့မိသားစုနဲ့အဆက်အသွယ်ဖြတ်တောက်ကြောင်း သတင်းစာထဲမှာ ကြေညာချက်တစ်ခုထည့်ပေးဖို့ အတွင်းရေးမှူးဝမ်ကို ကူညီခိုင်းချင်လို့ပါ”

ဤခေတ်ကာလတွင် အရင်းရှင်များ၊ အနံ့ဆိုးထွက်နေသောသူများနှင့် အဆက်အသွယ်ဖြတ်တောက်ခြင်းသည် အသိဉာဏ်မြင့်မားခြင်း လက္ခဏာတစ်ခုဖြစ်ရာ သူ သဘာဝကျကျပင် သဘောတူလိုက်သည်။

ဝမ်သဲချန်က လက်ဝှေ့ယမ်းကာပြောလိုက်သည်။

“ပြဿနာမရှိဘူး၊ ငါ့ကိုသာ အားကိုးလိုက်”

သူမအတွက် ငွေမကုန်ဘဲ မျက်နှာရမည့်ကိစ္စတစ်ခုကို သူကူညီပေးနေခြင်းဖြစ်၏။

ရှဲ့လီကလည်း လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။

“အတွင်းရေးမှူးဝမ်၊ စောစောက ရှင် ဘာလိုအပ်လို့လဲဆိုတာ အားမနာဘဲပြောပါ၊ ကျွန်မကိုသာ အားကိုးလိုက်”

ဝမ်သဲချန် မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။

‘ဒီကောင်မလေးက ငါ့ကိုကစားသွားတယ်လို့ ငါဘာလို့ခံစားနေရတာလဲ၊ ငါ့အတွက် အလုပ်တစ်ခုလုပ်ပေးဖို့ သူမကို ငါကခေါ်လာတာ အသိသာကြီးကို၊ အခုကျတော့ ဘယ်လိုဖြစ်လို့ သူမရဲ့ တောင်းဆိုချက်ကို ငါက အရင်သဘောတူလိုက်ရတာလဲ'

ရှဲ့လီ၏တောက်ပလှသော မက်မွန်ပွင့်ကဲ့သို့ မျက်ဝန်းများကိုကြည့်ရင်း ဝမ်သဲချန်မှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူ့ကျောကို လေတိုက်နေသလိုပင် ခံစားလိုက်ရ၏။

‘ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်လဲ၊ ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ၊ ဒီရှဲ့လီက တကယ်တန်းကျဘယ်သူများလဲ’

“အိုး အတွင်းရေးမှူးဝမ်၊ ရှင့်အင်္ကျီက ဘာလို့ စုတ်ပြဲနေတာလဲ”

All Chapters