← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

Ch-37

မိမိ၏အပေါင်းအပါကို ကယ်တင်ရန် တွေးတောလိုက်မိသောကြောင့် ထိုအမျိုးသားသည် ဒေါသများကိုမျိုသိပ်လိုက်ကာ ရှဲ့လီအားအကာအကွယ်အဖြစ် ဖမ်းဆွဲလိုက်ပြီး သူမလည်ပင်းဆီသို့ ဓားမြှောင်ဖြင့် ဖိထောက်ထားလိုက်၏။

ရုန်းကန်နေသော ရှဲ့လီအား လှေခန်းအတွင်းသို့တွန်းပို့လိုက်ပြီးနောက် သူမနှင့် နေရာချင်းလဲလှယ်ခဲ့သော အမျိုးသားအား စူးစူးရဲရဲစိုက်ကြည့်လိုက်လေသည်။ ထို့နောက် အပေါ်ထပ်အိပ်စင်ရှိကိုယ်ဝန်ဆောင်အမျိုးသမီးကို တစ်ချက်အကဲခတ်လိုက်ကာ အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်၏။

“ငါတို့လူမိသွားပြီ ဆင်းခဲ့၊ ဆုတ်ခွာမယ်”

ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ခုန်ချလိုက်ရာ သူမဗိုက်တုကြီးမှာ အပေါ်အောက် အပြင်းအထန် တုန်ခါသွားလေသည်။

ထိုအမျိုးသားသည် ရှဲ့လီ၏လက်မောင်းကို လိမ်ချိုးထားရင်း ဆက်လက်ခြိမ်းခြောက်နေခဲ့၏။

“မင်းရဲ့လူတွေကို ဆုတ်ခွာခိုင်းလိုက်၊ ပြီးရင် ငါတို့အတွက် လှေငယ်တစ်စင်းချပေး၊ မဟုတ်ရင် သူ့ကိုသတ်ပစ်မယ်”

“ငါပြောတာကြားလား”

ရှဲ့လီနှင့် နေရာချင်းလဲခဲ့သော ငါးအရေခွံအိတ်ကိုင်ဆောင်ထားသည့် အမျိုးသားမှာ မှင်သက်သွားပြီးနောက် မသိနားမလည်ဟန် ဟန်ဆောင်လိုက်လေသည်။

“ရဲဘော်၊ ခင်ဗျားဘာတွေပြောနေတာလဲ”

ရှဲ့လီအား ဓားစာခံအဖြစ်ဖမ်းဆီးထားသော လူကြမ်းကြီးက ဒေါသတကြီးအော်ဟစ်လိုက်၏။

“မင်းက နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ကဆိုတာ ငါသိတယ်၊ မင်းရဲ့လူတွေကို ဆုတ်ခွာဖို့ပြောလိုက်၊ မဟုတ်ရင် သူ့ကိုသတ်ပစ်မယ်”

ရှဲ့လီ မျက်လုံးများကိုမှိတ်ထားလိုက်လေသည်။

‘ကောင်လေး၊ ဆက်ပြီးဟန်ဆောင်မနေနဲ့တော့၊ နင့်ကို သူတို့ရိပ်မိနေတာကြာပြီ'

မြွေအရေခွံအိတ်နှင့် အမျိုးသားသည် မျက်နှာအမူအရာ ပြောင်းလဲသွားကာ တည်ကြည်လေးနက်သွားခဲ့၏။

“ကောင်းပြီ၊ သူ့ကို အနာတရမဖြစ်စေနဲ့၊ ငါ့လူတွေကို အခုချက်ချင်းဆုတ်ခွာဖို့ အကြောင်းကြားလိုက်မယ်”

ထိုမြွေအရေခွံအိတ်နှင့် အမျိုးသား၏ အမည်မှာ လီချယ်ဖြစ်လေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ရှဲ့လီအား ဖမ်းဆီးထားသော အမျိုးသားတို့မှာ ရန်သူ့သူလျှိုနှစ်ဦးဖြစ်ပြီး အမျိုးသမီး၏လျှို့ဝှက်အမည်မှာ ဒါလီယာဖြစ်ကာ အမျိုးသား၏အမည်မှာ ခွေးမြီးကောက်ဖြစ်၏။

နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့သည် ၎င်းတို့အား ရှာဖွေနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယနေ့တွင်မှ ပိုက်ကွန်ချဖမ်းဆီးရန် အခွင့်အရေးရရှိခဲ့ခြင်းဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် သူတို့နှစ်ဦးမှာ အလွန်ကောက်ကျစ်စဉ်းလဲသော ကောင်များဖြစ်နေခဲ့၏။

လီချယ်သည် ရှဲ့လီကိုတစ်ချက်လှမ်းကြည့်လိုက်လေသည်။ ဤအမျိုးသမီးမှာ အယုအယခံထားရပြီး နူးညံ့သိမ်မွေ့ပုံပေါ်နေ၏။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်မှာ သူတို့တာဝန်ဖြစ်သောကြောင့် သူမလုံခြုံရေးကို သေချာစေရန်အတွက် အခြားအစီအစဉ်တစ်ခုကို ချက်ချင်းစဉ်းစားရပေမည်။

ထို့အပြင် ခွေးမြီးကောက် ဤမျှရဲတင်းစွာပေါ်လာရဲသည်ဆိုခြင်းက ဤသင်္ဘောပေါ်တွင် သူတို့နှစ်ဦးတည်းသာ ရှိနေခြင်းမဟုတ်ကြောင်းကို သက်သေပြနေပြီး အခြားအပေါင်းအပါများလည်း သေချာပေါက်ရှိနေဦးမည် ဖြစ်သည်။

သင်္ဘောပေါ်ရှိ ပြည်သူများ၏ လုံခြုံရေးမှာ သူ့လက်ထဲတွင်သာ ရှိနေလေပြီ။ လီချယ် မျက်ဝန်းများ အနည်းငယ် မှောင်မိုက်သွားပြီးနောက် လှေခန်းအတွင်းမှထွက်ခွာရန် ခြေလှမ်းလိုက်လေသည်။

အခြေအနေများ ချောမွေ့နေသည်ကို မြင်သောအခါ ခွေးမြီးကောက်သည် လက်မြှောက်ကာ အမြဲတစေလှုပ်ရမ်းနေသော ရှဲ့လီ၏နောက်စေ့ကို ပြင်းထန်စွာ နှစ်ချက်ရိုက်ချလိုက်လေသည်။

*ဖြောင်း ဖြောင်း*

“မိန်းမယုတ် ငြိမ်ငြိမ်နေလို့ ပြောထားတယ်လေ၊ ဆက်ပြီးလှုပ်မနေနဲ့”

လီချယ်သည် ထိုလုပ်ရပ်ကိုဟန့်တားရန် အလျင်အမြန်ပင် အော်ဟစ်လိုက်၏။

“ဟေး သူ့ကို မရိုက်နဲ့”

ထိုရိုက်ချက်နှစ်ချက်ကြောင့် ရှဲ့လီတစ်ယောက် ခွေးမြီးကောက်၏ရိုက်နှက်မှုအောက်တွင် ဦးနှောက်များပျက်စီးသွားတော့မည်ဟု လီချယ် ခံစားလိုက်ရသည်။

ခွေးမြီးကောက်သည် ဒေါသများမပြေပျောက်သေးသည့်အလား နှာမှုတ်လိုက်လေသည်။ ဤကျိန်ဆဲချင်စရာကောင်းသောမိန်းမသည် သူ့ကို တမင်သက်သက် ဆန့်ကျင်နေခြင်းဖြစ်၏။ မလှုပ်ရန် ပြောထားသော်လည်း သူမသည် ကြမ်းပိုးများကိုက်ခံနေရသည့်အလား ဆက်တိုက်ဆိုသလို လိမ်ဖယ်လိမ်ဖယ်လုပ်နေခဲ့သည်။ ခွေးမြီးကောက်သည် ရှဲ့လီအား နောက်ထပ် နှစ်ချက်ခန့် ထပ်မံရိုက်နှက်ရန် လက်ကို မြှောက်လိုက်လေသည်။

*ဘုတ်*

ရှဲ့လီလက်ထဲမှ သားရေလက်ဆွဲအိတ်လေးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ လွန်ခဲ့သော တစ်စက္ကန့်ခန့်ကမှ နူးညံ့သိမ်မွေ့ပုံပေါ်သော အမျိုးသမီးသည် ရုတ်တရက်ဆိုသလို သူမအနောက်ရှိ ရန်သူ့သူလျှိုအား စကားတစ်ခွန်းမျှမဆိုဘဲ လက်ဆွဲအိတ်ဖြင့် အဆက်မပြတ်ရိုက်နှက်ကာ ဆဲရေးတိုင်းထွာနေခဲ့လေသည်။

“နင့်အဖွားရဲ့ဖရဲသီးကြီးကိုလဲ ရိုက်ခွဲပစ်မယ်၊ နင့်အဖေရဲ့မိုင်းဗုံးကိုလဲ ဖောက်ခွဲပစ်မယ်၊ နင့်အဘိုးရဲ့လန်ချားကိုလည်း ဖျက်ဆီးပစ်မယ်၊ ငါ့ကိုယ်ပေါ်မှာ ကြမ်းပိုးတွေရှိနေလို့ စိတ်ညစ်နေရတဲ့ကြားထဲ နင်က ငါ့ခေါင်းကိုရိုက်ရဲတယ်ပေါ့လေ”

*ဒုန်း ဒုန်း ဘုန်း ဝုန်း*

လီချယ်မှာ အလွန်တရာအံ့အားသင့်သွားခဲ့ရသဖြင့် သောက်လက်စရေများပင် သီးထွက်လုမတတ်ဖြစ်သွားခဲ့ရလေသည်။ သူမသည် ခွေးမြီးကောက်တစ်ယောက် အမေတကာအော်ဟစ်ရသည်အထိ အချက်ပေါင်းရှစ်ဆယ့်တစ်ချက်တိတိ ရိုက်နှက်ခဲ့၏။ ခြောက်ပေခန့် အရပ်ရှိသောလူကြမ်းကြီးမှာ မထနိုင်လောက်အောင်ပင် အရိုက်ခံလိုက်ရလေသည်။

အနီးတွင် ရပ်နေသော ဒါလီယာမှာ အချိန်အတန်ကြာမှသာ အသိဝင်လာခဲ့၏။ သူမလှုပ်ရှားရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှဲ့လီသည် အနောက်သို့လှမ်းကာ ဒါလီယာ၏ဗိုက်တုကြီးကို ဆွဲလှန်ပစ်လိုက်လေသည်။

*ဘုတ် ခလွက်*

ဗိုက်တုအတွင်းမှ ပစ္စည်းများအားလုံး ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့၏။ လက်ပစ်ဗုံးများ၊ ပစ္စတိုသေနတ်များ၊ ဓားမြှောင်များ စသည်တို့ဖြစ်လေသည်။

ဒါလီယာက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရင်း ကြမ်းပြင်ပေါ်မှ လက်ပစ်ဗုံးတစ်လုံးကို အလျင်အမြန်ကောက်ယူကာ စနက်တံကိုဆွဲဖြုတ်ရန် ပြင်လိုက်လေသည်။

“ငါတို့ အတူတူသေကြတာပေါ့”

ရှဲ့လီသည် လက်တစ်ဖက်တည်းဖြင့် ဒါလီယာအား ပြတင်းပေါက်မှတစ်ဆင့် ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်လေသည်။

“ကောင်းကောင်းသွားပါ၊ လိုက်မပို့တော့ဘူးနော်”

*ဝုန်း*

ရေလှိုင်းကြီးတစ်လုံးပေါက်ကွဲထွက်လာပြီး ထိုပေါက်ကွဲမှု အရှိန်ကြောင့် သင်္ဘောကြီးမှာ ယိမ်းထိုးသွားလေသည်။ ဒါလီယာမှာမူ အစအနပင်မကျန်အောင် ပေါက်ကွဲသေဆုံးသွားခဲ့၏။

ရှဲ့လီသည် ပစ္စတိုကိုလှမ်းယူရန် ကြိုးစားနေသော ခွေးမြီးကောက်၏လက်ကို နင်းထားလိုက်ပြီး လီချယ်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

“အခန်းနံပါတ်ခြောက်မှာ မျက်ခုံးပေါ်က အမာရွတ်နဲ့လူတစ်ယောက်ရှိတယ်၊ သူ့ကိုသွားဖမ်း မြန်မြန်”

သင်္ဘောပေါ်သို့တက်စဉ်က ထိုအမာရွတ်နှင့်အမျိုးသား ခွေးမြီးကောက်နှင့် စကားပြောနေသည်ကို သူမ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

သူမတွင် ဓာတ်ပုံရိုက်ကူးထားသကဲ့သို့သောမှတ်ဉာဏ်မျိုး ရှိလေသည်။ ထိုစကားကိုကြားသောအခါ ခွေးမြီးကောက်တစ်ယောက် ရုန်းကန်လာခဲ့ခြင်းက ရှဲ့လီ၏စကား မှန်ကန်ကြောင်း သက်သေပြနေလေသည်။

All Chapters