← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

Ch-63

လင်ကျိယွင်သည် ဆက်လက်၍ ခေါင်းမာနေဆဲပင်။ သူမက ရှန်ရိအန်းကို ချီထားလိုက်လေသည်။

“တစ်ကယ်လို့ အစ်ကိုကြီးက ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကိုပြဿနာရှာမယ်ဆိုရင် ကျွန်မကွာရှင်းမယ်၊ ကျွန်မ ရိအန်းကိုခေါ်ပြီး မိဘအိမ်ပြန်မယ်”

သူမသည် မိသားစုနောက်ခံကောင်းမွန်သည့် တစ်ဦးတည်းသောသမီးဖြစ်ရာ ဤသည်က သူမအားယုံကြည်မှုများ ပေးစွမ်းနေခြင်းဖြစ်သည်။

အဖေရှန်နှင့် အမေရှန်တို့၏ မျက်နှာထားများ နူးညံ့သွားခဲ့လေသည်။ ရှန်ရိအန်းသည် ငယ်စဉ်ကတည်းက သူတို့နှင့်အတူကြီးပြင်းလာခဲ့သူဖြစ်ရာ....

“ဟွိုင်နျန် မင်း...”

ရှဲ့လီလှောင်ပြုံးပြုံးလိုက်လေသည်။

“ဒီကမ္ဘာပေါ်မှာ နင်တစ်ယောက်တည်း ကြက်မဖြစ်နေလို့လား၊ နင်တစ်ယောက်တည်းပဲ ဥ,ဥနိုင်တာလား၊ နင့်သားကို ခေါ်သွားလိုက်လေ၊ ရှန်ဟွိုင်ချွမ်က တခြားမိန်းမတစ်ယောက်ကိုရှာပြီး တစ်ပုံကြီးထပ်မွေးလို့ရတယ်”

လင်ကျိယွင်မှာ ဒေါသကြောင့်တုန်ရီသွားကာ ရှန်ဟွိုင်ချွမ်အားလှည့်ကြည့်လိုက်လေသည်။ ရှန်ဟွိုင်ချွမ်မှာမူ မျက်တောင်တဖျပ်ဖျပ်ခတ်နေခဲ့၏။

‘ဘာလို့ ငါ့ကိုကြည့်ရတာလဲ။ ငါပြောတာမှမဟုတ်တာ'

အဖေရှန်နှင့် အမေရှန်တို့မှာ နောက်ဆုံးတွင် မျက်နှာလိုက်မိသွားကြပြီး အခြေအနေကို ပြေလည်စေလိုလာကြလေသည်။ အမေရှန်သည် ရှေ့ထွက်လာကာ ရှဲ့လီ၏လက်ကိုဆုပ်ကိုင်လိုက်လေ၏။

“ရှောင်လီ ငါတို့က ဟွိုင်နျန်အပေါ်မကောင်းခဲ့ပါဘူး၊ ဒါပေမဲ့...”

“ဒါပေမဲ့ ဘာဖြစ်လဲ၊ မကောင်းခဲ့မှန်းသိရင် ဘာလို့ပါးစပ်ပိတ်မထားတာလဲ”

ရှဲ့လီက အမေရှန်၏ပါးစပ်ကို ရုတ်တရက် ဖုံးအုပ်လိုက်လေသည်။ ရှောင်ချီသည် ရှဲ့လီအား တိတ်တဆိတ် လက်မထောင်ပြလိုက်၏။ သူ့တပ်မှူးသဘောကျသော အမျိုးသမီးပီပီ တကယ့်ကို ပြတ်သားလွန်းလှသည်။

အဖေရှန်က ရှေ့ထွက်ရန်ပြင်လိုက်စဉ်မှာပင် ရှောင်ချီက လျင်မြန်စွာဖြင့် အဖေရှန်၏ပါးစပ်ကို ဖုံးအုပ်လိုက်လေသည်။ ရှန်ဟွိုင်ချွမ်မှာ ရှန်ဟွိုင်နျန်က ရုတ်တရက်ပေါက်ကွဲပြီး သူ့အား လက်သီးဖြင့်ထိုးမည်ကို စိုးရိမ်သဖြင့် စကားတစ်ခွန်းမျှ မပြောရဲပေ။

လင်ကျိယွင်သည် ရှန်ရိအန်းကိုချီထားရင်း ရှန်ဟွိုင်နျန်အနေဖြင့် ကလေးတစ်ယောက်ကိုရိုက်ရဲမည်မဟုတ်ဟု ယုံကြည်ကာ မားမားမတ်မတ်ရပ်နေခဲ့လေသည်။

“ကောင်စုတ်ကြီး သေနာကောင်ကြီး မေမေက ပြောတယ်၊ ခင်ဗျားက ဘယ်သူမှမလိုချင်တဲ့ အမှိုက်ကောင်ကြီးတဲ့၊ ဘကြီးက ခင်ဗျားကိုကောက်ယူလာတာတဲ့၊ ဘကြီးက အမှိုက်ကောက်တဲ့ သူတောင်းစားစုတ်ကြီးတဲ့”

ရှန်ရိအန်းသည် ရုတ်တရက်ထအော်လာကာ လင်ကျိယွင်မှ ရှန်ဟွိုင်နျန်အကြောင်း မကြာခဏတီးတိုးပြောဆိုလေ့ရှိသည့် ရွံရှာဖွယ်စကားများအားလုံးကို ဖွင့်ချလိုက်လေတော့သည်။

လင်ကျိယွင်မှာ လန့်လွန်းသဖြင့် အသက်ထွက်မတတ်ဖြစ်သွားခဲ့ရလေ၏။

‘သေနာကောင်လေး၊ နင် ဘာတွေလျှောက်ပြောနေတာလဲ၊ နင်က အရိုက်ခံချင်နေတာလား'

သူမမှာစိတ်ပျက်လွန်းသဖြင့် မိမိကိုယ်ကိုပင် ကျိန်ဆဲလိုက်မိလေသည်။ ရှန်ဟွိုင်ချွမ်မှာမူ ထောင့်နားသို့ကျုံ့ဝင်သွားလေသည်။

‘သားလေး၊ အကျိုးဆက်တိုင်းအတွက် ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတာကို မင်းကို ဖေဖေ ငယ်ငယ်ကတည်းက သင်ပေးထားတယ်နော်၊ မင်း ဘာပြဿနာပဲရှာရှာ ငါနဲ့ဘာမှမဆိုင်ဘူး၊ ခဏနေလို့ မင်းအရိုက်ခံရရင် ဖေဖေလို့ မခေါ်နဲ့နော်'

ရှန်ဟွိုင်နျန် ရှေ့သို့ခြေတစ်လှမ်းတိုးလာသောအခါ လင်ကျိယွင်မှာ အကြောက်လွန်ပြီး တုန်ရီသွားလေ၏။

ရှန်ရိအန်းသည်လည်း တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းကို ရိပ်မိသွားပြီး ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလေတော့သည်။

“ဖေဖေ ဖေဖေ”

ရှန်ဟွိုင်ချွမ် : “……”

‘သွားစမ်း၊ ငါက မင်းအဖေမဟုတ်ဘူး၊ မင်းကလည်း ငါ့သားမဟုတ်ဘူး'

ရှန်ဟွိုင်နျန် ခေါင်းညိတ်လိုက်လေသည်။

“သားသမီးရဲ့အမှားက အဖေဖြစ်သူရဲ့အပြစ်ပဲ”

သူက ရှန်ဟွိုင်ချွမ်ကိုအပြင်းအထန် ရိုက်နှက်လေတော့၏။ လင်ကျိယွင် သက်ပြင်းချလိုက်နိုင်သည်။

‘တော်သေးတာပေါ့၊ သူ ငါ့ကိုမရိုက်လို့'

*ဝှစ်*

ရိုက်နှက်ပြီးနောက် ရှန်ဟွိုင်နျန်က အိမ်ထောင်စုစာရင်းစာအုပ်ကို ဆွဲထုတ်လိုက်ပြီး အလျင်အမြန်လှန်လှောကြည့်ရှုနေလေသည်။ အလန့်တကြားဖြစ်သွားသော အဖေရှန်မှာ အမြန်မေးလိုက်၏။

“အဲဒါကို ဘယ်ကနေယူလာတာလဲ”

ရှန်ဟွိုင်နျန်၏မြေခွေးမျက်ခုံးများ တွန့်ကွေးသွားလေသည်။

“အဘိုးဆီက ခိုးလာတာ”

အဖေရှန် : “...”

‘မင်းဘိုး‌အေတဲ့မှကွာ’

ရှန်ဟွိုင်နျန်သည် ရှန်ရိအန်း၏နာမည်ကို ရှာတွေ့သွားလေ၏။ သူသည် လက်ဖြင့် ခပ်ကြမ်းကြမ်းခြစ်ထုတ်လိုက်ကာ ရှန်ရိအန်း၏နာမည်ကို အိမ်ထောင်စုစာရင်းထဲမှ ဖယ်ရှားပစ်လိုက်လေသည်။

“အား”

ဘယ်နေရာမှအသုံးမကြသော ရှန်ဟွိုင်ချွမ်မှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူမဝတော့ဘဲ သတိလစ်သွားလေတော့သည်။ လင်ကျိယွင်မှာမူ ကြောက်လန့်လွန်းသဖြင့် မျက်နှာများ ဖြူလျော်သွားခဲ့၏။

“ဘာလုပ်နေတာလဲ၊ အိမ်ထောင်စုစာရင်းစာအုပ်ဆိုတာ ရှင်အလွယ်တကူ ထိလို့ရတဲ့အရာများ မှတ်နေလား၊ အမေနဲ့ အဖေ ရိအန်းက ဒီမျိုးဆက်မှာရှန်မိသားစုရဲ့ တစ်ဦးတည်းသောဆက်ခံသူ ယောကျ်ားလေးလေ”

အဖေရှန်နှင့် အမေရှန်တို့သည်လည်း အလျင်အမြန် တားဆီးရန်ကြိုးစားကြလေသည်။

“ဟွိုင်နျန် မင်း တော်တော်ကောက်ကျစ်တာပဲ”

ရှန်ဟွိုင်နျန်သည် ရှန်သဲ့ရှန့်နာမည်ကိုပါ ရှာတွေ့သွားပြီး နောက်ထပ်တစ်ကြိမ် ခပ်ကြမ်းကြမ်းခြစ်ထုတ်လိုက်လေသည်။

“ခင်ဗျားကိုလည်း ဖယ်ရှားပစ်မယ်”

‘ကြုံတုန်းလေး လုပ်လိုက်တာပါ'

အဖေရှန်နှင့် အမေရှန်တို့သည် တစ်ဦးကိုတစ်ဦးမှီလိုက်ကြပြီး သူတို့မျက်လုံးများပင် လန်တက်သွားကြလေ၏။

သူတို့သေတော့မည်။ ဒေါသထွက်လွန်းသဖြင့် သေတော့မည်ဖြစ်သည်။

ရှန်ဟွိုင်နျန်သည် ရှန်ဟွိုင်ချွမ်၏နာမည်ကိုပါ စတင်ရှာဖွေလိုက်ပြီး နောက်ထပ်တစ်ကြိမ် ခပ်ကြမ်းကြမ်း ခြစ်ထုတ်လိုက်ပြန်သည်။

‘ဖယ်ရှားပစ်လိုက်ပြန်ပြီဟ’

ရှောင်ချီသည် တံတွေးကိုအတင်းမြိုချလိုက်လေ၏။

‘တကယ့်ကို ရက်စက်တာပဲ’

အိမ်ထောင်စုစာရင်းအား ဆုတ်ဖြဲပြီး နာမည်များကို ဖယ်ရှားပစ်ခြင်းက တပ်မှူးသာလျှင် လုပ်ရဲမည့်အလုပ်မျိုး ဖြစ်ပေလိမ့်မည်။

ရှဲ့လီသည် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးလိုက်လေသည်။ ဤမျှ ရက်စက်သောအမျိုးသားကို သူမ သဘောကျသည်။

ရန်စခံရသောအခါ သူသည် မိဘအရင်းများ၏နာမည်များကိုပင် အိမ်ထောင်စုစာရင်းထဲမှ ဖယ်ရှားပစ်ခဲ့လေသည်။

“အစ်ကိုကြီး သေချာစဉ်းစားပါဦး၊ ရိအန်းက ဒီမျိုးဆက်ရဲ့တစ်ဦးတည်းသော ဆက်ခံသူယောကျ်ားလေးပါနော်”

လင်ကျိယွင်သည်လည်း ကြောက်လန့်နေခဲ့လေပြီ။ ရှန်ဟွိုင်နျန်မှာ လုံးဝအရူးတစ်ယောက်ဖြစ်ပြီး သူ ဘာလုပ်ချင်နေသည်ကို သူမလုံးဝနားမလည်နိုင်တော့ပေ။ ရှန်ဟွိုင်နျန်သည် ခေါင်းညိတ်ပြလိုက်ပြီး သူမအားနှစ်သိမ့်ပေးလိုက်လေသည်။

“အဆင်ပြေပါတယ်၊ အခု ဒီမျိုးဆက်မှာ ယောကျ်ားလေးဆက်ခံသူမရှိတော့ဘူးလေ”

လင်ကျိယွင် : “...”

‘နင့်မေကြီးတော်...’

All Chapters