← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

Ch-66

အမေလင်သည် တည်ငြိမ်မှုဆုံးရှုံးသွားပြီး တောရွာများမှ ဆဲရေးတိုင်းထွာတတ်သော မိန်းမကြမ်းကြီးတစ်ဦးအလား ခုန်ပေါက်ကာ ကျိန်ဆဲနေလေတော့သည်။

လင်ကျိယွင်သည် အမေလင်၏နောက်မှလိုက်ကာ မြင်ရသူတိုင်း ရှန်မိသားစုမှအပြစ်ရှိသည်ဟု ထင်မှတ်သွားစေလောက်သည်ထိ သနားစရာကောင်းအောင် ငိုကြွေးနေခဲ့သည်။

လင်မိသားစုက အိမ်ရှေ့အထိလာရောက်ရဲတင်းနေသည်ကို မြင်သောအခါ ရှန်ဟွိုင်ချွမ်သည် ဒေါသတကြီးထွက်လာပြီး သူတို့အား ရင်ဆိုင်ရန် ပြင်လိုက်လေ၏။ သူ စကားမပြောနိုင်သေးမီမှာပင် အဖေလင်ကဖြတ်ပြောလိုက်လေသည်။

“ဟွိုင်ချွမ် ငါ့ရဲ့ရှောင်ယွင်က မင်းနဲ့အတူရှိနေခဲ့တာ ဒီလောက်နှစ်တွေကြာနေပြီ၊ သူ့မှာ ဘာကျေးဇူးမှမရှိရင်တောင် ပင်ပန်းဆင်းရဲမှုတွေတော့ရှိခဲ့တာပဲ၊ မင်းက ကွာရှင်းချင်တယ်ဆိုရင်လည်း ငါတို့မိဘတွေအနေနဲ့ တားဆီးမှာမဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက လူငယ်တွေရဲ့ကိစ္စလေ၊ ဒါပေမဲ့ မင်းတို့ သေချာတိုင်တိုင်ပင်ပင်လုပ်သင့်တာပေါ့၊ မင်းက ရှောင်ယွင်ကိုရိုက်တယ်ဆိုတာ ဘာသဘောလဲ”

အဖေလင်သည် မူလကသုတေသနအင်စတီကျုမှ ဌာနမှူးတစ်ဦးဖြစ်ပြီး ပညာတတ်တစ်ဦးလည်းဖြစ်၏။ စစ်တပ်ဝင်းအတွင်းရှိ အိမ်နီးနားချင်းများအားလုံးက လင်ကျိယွင်၏မိဘများ မည်သည့်အလုပ်လုပ်ကိုင်သည်ကို သိရှိထားကြရာ လူတိုင်းက ရှန်ဟွိုင်ချွမ်ဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။

ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့သည် ဒုတိယထပ်လသာဆောင်မှနေ၍ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် နောက်ဖေးပေါက်မှနေ၍ တိတ်တဆိတ်ထွက်သွားကြလေသည်။

“ရှန်ဟွိုင်ချွမ် ငါ့သမီးကိုရိုက်တဲ့အတွက် မင်း ရှင်းလင်းချက်ပေးရမယ်၊ မင်းတို့ မိသားစုက အဆင့်အတန်းမြင့်ပြီး အာဏာရှိတိုင်း လူတွေကိုလိုက်ရိုက်လို့မရဘူးလေ”

အမေလင်က ခုန်ပေါက်အော်ဟစ်လိုက်ပြန်သည်။ သူတို့သည် အချိန်ကိုက် ရောက်လာခဲ့ခြင်းပင်။ အဖေရှန်နှင့် အမေရှန်တို့အိမ်တွင်မရှိချိန်ဖြစ်ပြီး ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့မှာလည်း ယခုလေးတင်ထွက်သွားကြရာ ရှန်ဟွိုင်ချွမ်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။

ထို့အပြင် ရှန်ဟွိုင်ချွမ်မှာ အပြင်ပန်းကြည့်ကောင်းရုံသာရှိပြီး အသုံးမကျသူတစ်ဦးဖြစ်သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီရဲလာကာ လင်ကျိယွင်အား လက်ညှိုးထိုးပြီး အထစ်ထစ်အငေါ့ငေါ့ ပြောဆိုလိုက်လေ၏။

“သူ... သူ... သူပဲ...”

အမေလင်သည် လှောင်ပြုံးပြုံးလိုက်ပြီး သူ့လက်ကို ပုတ်ချလိုက်လေသည်။

“ငါ့ရှောင်ယွင်က မင်းကိုရိုက်တယ်လို့ ပြောချင်တာလား ချေးသာသွားစားတော့၊ နင်က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ”

ရှန်ဟွိုင်ချွမ်မှာ အလွန်ဒေါသထွက်နေသော်ငြား အိမ်နီးနားချင်းများအားလုံးရှေ့တွင် သူနှစ်ပေါင်းများစွာကြာအောင် ဦးထုပ်စိမ်းဆောင်းခဲ့ရကြောင်းကို ဝန်မခံလိုသဖြင့် သူ့လေသံကို လျှော့ချလိုက်လေသည်။

“ပြောစရာရှိရင် အထဲဝင်ခဲ့ကြ၊ တံခါးဝမှာ လာမပိတ်ထားကြနဲ့”

လူပုံအလယ်တွင်ရန်ဖြစ်ရခြင်းမှာ လူတိုင်းအတွက် ရှက်စရာကောင်းသော ကိစ္စဖြစ်သဖြင့် ရှန်ဟွိုင်ချွမ်က နောက်ဆုတ်ပေးလိုက်ခြင်းပင်။

လင်မိသားစုသည် သူမျက်နှာပျက်မည်အားစိုးရိမ်တတ်သော အကျင့်ရှိသည်ကို ကောင်းကောင်းသိထားကြသည်။

အမေလင်သည် အစွမ်းကုန်ပေါက်ကွဲကာ သူမပေါင်ကိုရိုက်ရင်း အမြင့်ကြီး ခုန်ပေါက်နေပြီး ရှန်ဟွိုင်ချွမ်အား လုံးဝ ဖြေရှင်း၍မရနိုင်သော အရှုပ်အထွေးတစ်ခု ဖန်တီးပေးနေလေတော့သည်။

ရှန်ဟွိုင်ချွမ်မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းမှ နှပ်ချေးများပင်ထွက်ပေါ်လာခဲ့လေ၏။ သူသည် အလွန်အသုံးမကျသူဖြစ်ပြီး ကြီးမားသော ဦးထုပ်စိမ်းကြီးကိုပါ ဆောင်းထားရသူဖြစ်သည်။

သူဘက်က မှန်နေသော်လည်း အိမ်နီးနားချင်းများရှေ့တွင် ထုတ်ဖော်မပြောလိုပေ။ သူ ကလေးမရနိုင်ကြောင်းနှင့် ဇနီးဖြစ်သူမှာ ဖောက်ပြန်နေကာ ကလေးမှာလည်း သူ့ကလေးမဟုတ်ကြောင်းကို သူ မည်သို့အော်ဟစ်ပြောဆိုနိုင်မည်နည်း။

သူ သေသာသေလိုက်ချင်တော့သည်။

အမေလင်မှာမူ နောက်ဆုတ်ရန် ငြင်းဆန်နေခဲ့လေသည်။

“ရှန်ဟွိုင်ချွမ် ဒီနေ့ မင်း ငါ့ရှောင်ယွင်ကို တောင်းပန်ရမယ်၊ ပြီးတော့ သတင်းစာထဲမှာလည်း တောင်းပန်စာထည့်ရမယ်”

ကွာရှင်းရန်မှာ သေချာနေပြီဖြစ်ပြီး လင်မိသားစုသည် အဓိကပြဿနာက သူတို့ဘက်မှ မှားယွင်းနေကြောင်းကိုသိရှိထားကြ၏။ သို့သော် ရှန်မိသားစုက သူတို့သမီးကို ရိုက်နှက်ခဲ့သောကြောင့် သူတို့က ရှင်းလင်းချက်တောင်းဆိုရပေမည်။

ရှန်ဟွိုင်ချွမ်မှာ မျက်နှာကိုဂရုစိုက်တတ်သူဖြစ်ရာ အဖေရှန်နှင့် အမေရှန်တို့သည် သူကလေးမရနိုင်ခြင်း သို့မဟုတ် ဦးထုပ်စိမ်းဆောင်းထားရခြင်းကိစ္စများကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ကြောင်းကို သူတို့ သေချာပေါက် ယုံကြည်ထားကြ၏။

ရှန်ဟွိုင်ချွမ်၏မိသားစုသည် ဤစော်ကားမှုကို မျိုချရမည်သာပင်။ အိမ်နီးနားချင်းများမှာ နှစ်ဖက်လုံးကို ဖြန်ဖြေပေးရန် ကြိုးစားနေကြသော်လည်း သူတို့ရင်ထဲတွင်မူ ရှန်မိသားစု၏ကံဆိုးမှုကို စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုလိုနေကြလေသည်။

ရှဲ့လီပြန်ရောက်လာချိန်တွင် ရှန်ဟွိုင်ချွမ်မှာ ဒေါသကြောင့် ငိုကြွေးနေလေပြီ။ သူမအနောက်တွင် အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ဦး လိုက်ပါလာခဲ့သည်။

ရှဲ့လီသည် လူအုပ်ကြားထဲမှတိုးထွက်လာပြီး ရှန်ဟွိုင်ချွမ်ကို လက်ညှိုးထိုးကာ အော်ဟစ်နေသော အမေလင်အား ဘေးသို့တွန်းဖယ်လိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

“ဘာတွေလုပ်နေကြတာလဲ၊ အိမ်ပေါက်ဝအထိလာပြီး အနိုင်ကျင့်နေကြတာလား”

ရှဲ့လီ၏အော်သံမှာ အရှိန်အဝါအပြည့်ရှိနေလေသည်။ လင်ကျိယွင်မှာ ရှဲ့လီ၏ရိုက်နှက်မှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးသဖြင့် လည်ပင်းကိုပုထားပြီး စကားမပြောရဲတော့ပေ။ အဖေလင်နှင့် အမေလင်တို့မှာ ရှဲ့လီ၏နောက်ခံကို အကဲမဖြတ်နိုင်သောကြောင့် ယာယီ တိတ်ဆိတ်သွားကြလေသည်။

ရှန်ဟွိုင်ချွမ်သည် ကယ်တင်ရှင်တစ်ဦးကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။ ရှဲ့လီသည် နတ်ဘုရားမတစ်ပါးအလား တန်ခိုးကြီးနေလိမ့်မည်ဟု သူ တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

ယခုအချိန်တွင် သူမသည် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ဗုဒ္ဓမြတ်စွာဘုရားနှင့်ပင် တူနေလေသည်။

ရှန်ဟွိုင်ချွမ်သည် ဝမ်းသာလွန်းသဖြင့် ငိုကြွေးလိုက်လေသည်။

“ဝူးဝူးဝူး မရီး”

ရှဲ့လီသည် နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး ပြုံးလိုက်လေ၏။

“မငိုနဲ့ မရီးက နင့်အတွက်ဖြေရှင်းပေးမယ်”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှဲ့လီအနောက်မှလိုက်ပါလာသော အသက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးက ရှေ့သို့ပြေးထွက်သွားလေသည်။

သူမသည် ပတ်ဝန်းကျင်ကို ဦးစွာဝေ့ဝဲကြည့်လိုက်ပြီးနောက် သူမအကြည့်များသည် လင်ကျိယွင်ထံသို့ ကျရောက်သွားလေသည်။ ထိုအမျိုးသမီးက ရှေ့လျှောက်သွားကာ မေးလိုက်လေ၏။

“နင်က လင်ကျိယွင်လား”

လင်ကျိယွင်သည် မသိမသာ ခေါင်းညိတ်ပြလိုက်လေသည်။ ထိုအမျိုးသမီးသည် အခြားစကားတစ်ခွန်းမျှမပြောတော့ဘဲ လင်ကျိယွင်အား ဆံပင်ဆွဲကာ သူမမျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။

“ဖာသည်မလေး နင်ကငါ့ယောကျ်ားကို မြှူဆွယ်ရဲတယ်ပေါ့လေ၊ ငါ့ယောကျ်ားအတွက် ကလေးတောင်မွေးပေးထားသေးတယ်ဆို အရှက်မရှိတဲ့ကောင်မ၊ ဟယ်ကျင်းဖုန်းရဲ့ယောကျ်ားကို နင်က ထိရဲတယ်ပေါ့၊ ငါ့ယောကျ်ားကို လာရှုပ်တဲ့အကျိုးဆက်က ဘာလဲဆိုတာ ဒီနေ့ နင့်ကို ငါသိအောင်လုပ်ပေးမယ်”

All Chapters