← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

Ch-69

ရှန်ဟွိုင်ချွမ်သည် ကျယ်လောင်စွာ ငိုကြွေးအော်ဟစ်လေတော့သည်။ ရှန်မိသားစုအိမ်ရှေ့တွင် ဆူညံပွက်လောရိုက်နေချေပြီ။ ဟယ်ကျင်းဖုန်းသည် လင်ကျိယွင်အား ရိုက်နှက်ပြီးနောက် လျူကော်ကျန်းကို ဆက်လက်ရိုက်နှက်လေသည်။

လူများက လင်မိသားစုအား လက်ညှိုးထိုးကာ ပြောဆိုဝေဖန်နေကြလေသည်။ လင်မိသားစုမှာ ပြီးဆုံးသွားချေပြီ။ သူတို့ဂုဏ်သိက္ခာအားလုံး လုံးဝပျက်စီးသွားခဲ့လေပြီ။

ရှန်ဟွိုင်ချွမ်၏အခြေအနေမှာလည်း သိပ်မကောင်းလှပေ။ လူများက သူ့အားသနားကြသော်လည်း အများစုမှာ လှောင်ပြောင်နေကြခြင်းဖြစ်သည်။ ရှန်ဟွိုင်ချွမ်သည် ရုတ်တရက်ရယ်မောလိုက်လေ၏။

“ဟီးဟီးဟီး ဟားဟားဟား”

ပွဲကြည့်ပုရိတ်သတ်များ : “……”

‘သူ ရူးသွားပြီလား'

“လင်ကျိယွင် ငါကသုက်ရည်အားနည်းတဲ့ကောင် ဟုတ်တယ်၊ ဒါပေမဲ့ မင်းကရော၊ မင်းက ငါနဲ့မတွဲခင်ကတည်းက အသုံးပြုပြီးသားပစ္စည်းဟောင်းကြီးပဲ၊ ငါ မင်းကိုအပြစ်မတင်ခဲ့ဘူး၊ မင်းအပေါ် ငါအရမ်းကောင်းခဲ့တာပဲ၊ ငါက မင်းအပေါ် ဘယ်လိုလိုအပ်ချက်တွေများရှိခဲ့လို့လဲ”

ရှန်ဟွိုင်ချွမ်သည် သတိလွတ်သွားသူတစ်ဦးအလားဖြစ်နေပြီး လင်ကျိယွင်သည်လည်း ဆက်လက်ဟန်ဆောင်မနေတော့ဘဲ သူမ၏ယုတ်မာသောစရိုက်ကို လုံးဝဖော်ထုတ်လိုက်လေသည်။

“နင်က ငါ့အပေါ်ဘယ်လိုကောင်းခဲ့တာလဲ၊ နင်က သတ္တိကြောင်တဲ့ကောင်ပဲ၊ နင့်အစ်ကိုကြီးကိုဆို နင်သေမတတ်ကြောက်တာလေ၊ တခြားသူတွေက ကလေးတွေကို ခြောက်ချင်ရင် မျောက်အိုကြီးလာနေပြီလို့ပြောကြပေမဲ့ နင့်ကို ခြောက်ချင်ရင် ရှန်ဟွိုင်နျန်လာနေပြီလို့ ပြောရုံပဲလေ၊ တစ်ခါတုန်းက နင်လန့်လွန်းလို့ ဒုတိယထပ်လသာဆောင်ကနေ ခုန်ချသွားတာ ဖိနပ်တွေတောင်လွင့်သွားတယ် သတ္တိကြောင်တဲ့ကောင်”

“ဖူး”

လူအုပ်ထဲမှ တစ်စုံတစ်ဦးက ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ အသံထွက်၍ ရယ်မောလိုက်လေ၏။ ဤပြဇာတ်မှာ တကယ့်ကို ပြီးပြည့်စုံလွန်းလှသည်။

ရှန်ဟွိုင်ချွမ် အရာအားလုံးကိုဖွင့်ချလိုက်ပြီဖြစ်ရာ ကြည့်စရာတစ်ခုမျှမရှိတော့ဟု လူတိုင်းထင်မှတ်ခဲ့ကြသော်လည်း သူတို့လှည့်ထွက်သွားရန် ပြင်လိုက်ချိန်တွင် သူကထပ်မံဖွင့်ချလိုက်ပြန်ရာ တကယ့်ကိုမျက်စိပွင့်သွားစေခဲ့သည်။

လင်မိသားစုသည် လက်ညှိုးထိုးဝေဖန်မှုများကြားတွင် ထွက်ခွာသွားခဲ့ပြီး ရှန်ဟွိုင်ချွမ်မှာမူ လှောင်ပြောင်မှုများဖြင့်ပြည့်နှက်နေသောအကြည့်များအောက်တွင် အိမ်ထဲသို့ဆွဲခေါ်ခံရလေသည်။ သူသည် ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေခဲ့၏။ ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့သည် သူ့ရှေ့တွင် ချစ်ကြည်နူးနေကြလေသည်။

“အားနျန် ရှင်က အရမ်းတော်တာပဲ၊ ကျန်းချန်နဲ့ လျူကော်ကျန်းကို ဒီကိုခေါ်လာတာ တကယ့်ကောင်းတယ်”

ရှဲ့လီက ခန္ဓာကိုယ်ကိုကနွဲ့ကလျလုပ်ရင်း ချွဲပစ်ပစ်လေသံဖြင့်ဆိုလိုက်လေ၏။

“ဟမ့်”

ရှန်ဟွိုင်ချွမ် လှောင်ပြုံးပြုံးလိုက်လေသည်။

‘ခုနက မရီး ပေါင်ကိုရိုက်ပြီး ခုန်ပေါက်ကျိန်ဆဲနေတာကို ကျွန်တော်သေချာမြင်လိုက်တယ်နော်'

‘သူမက ဟန်ဆောင်နေတာပဲ၊ တကယ့် သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ'

သို့သော် သူ့အစ်ကိုကြီးအားလှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ရဲစွမ်းသတ္တိများ ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့လေသည်။

ဩဇာတိက္ကမအပြည့်ရှိကာ ကြမ်းတမ်းပြီး သေမင်းတမန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သူ့အစ်ကိုကြီးသည် ယခုအခါတွင်မူ မယားကြောက်တစ်ဦးအလားပြုံးရွှင်နေခဲ့လေ၏။

“ရှောင်လီ မင်းကမှတော်တာပါ”

သူသည် ဖြူစင်ရိုးသားစွာဖြင့် ချီးကျူးစကားဆိုလိုက်လေသည်။

“ဟင်းဟင်း”

ရှန်ဟွိုင်ချွမ် နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်သည်။ သူ့အစ်ကိုကြီးသည် သူ့အား ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှမချီးကျူးခဲ့ဖူးပေ။

သူတို့နှစ်ဦးမှာ ရှက်သွေးဖြာကာ ယဉ်ကျေးသိမ်မွေ့ဟန် ဟန်ဆောင်နေကြပြီး ရှန်ဟွိုင်ချွမ်မှာမူ ပြိုလဲသွားခဲ့လေပြီ။ သူသည် ခုန်ထရန်ကြိုးစားသော်လည်း မတ်တတ်မရပ်နိုင်မီမှာပင် ရှောင်ချီ၏လက်သီးတစ်ချက်ကြောင့် သတိလစ်သွားခဲ့ရသည်။ ထို့နောက် ရှောင်ချီ့ပခုံးပေါ်တွင် သယ်ဆောင်သွားခြင်းခံလိုက်ရလေသည်။

“ဟမ့်”

ရှောင်ချီ လှောင်ပြုံးပြုံးလိုက်လေသည်။

ငါ့တပ်မှူး သူ့ဇနီးသူချော့နေတာကို လာမနှောင့်ယှက်နဲ့။ နှောင့်ယှက်ဖို့ တွေးတောင်မတွေးနဲ့'

လင်တာ့ကျီးသည် စုံစမ်းစစ်ဆေးမှုခံယူရန် ရာထူးမှဆိုင်းငံ့ခံခဲ့ရပြီး အမေလင်မှာလည်း ရာထူးမှဆိုင်းငံ့ခံခဲ့ရလေသည်။ ဤဖြစ်ရပ်မှာ လင်မိသားစုအပေါ် အလွန်ဆိုးရွားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့၏။

အဖေရှန်နှင့် အမေရှန်တို့မှာ ရက်အနည်းငယ်ခန့် ဝမ်းနည်းနေခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့သည် အနာဂတ်တွင် မြေးများရရှိနိုင်ဦးမည်ပင်။

“ဟွိုင်ချွမ်က ဇနီးနဲ့ ကလေးကိုဆုံးရှုံးသွားပေမဲ့ မိသားစုပိုင်ဆိုင်မှုတွေကိုတော့ ခွဲဝေရဦးမှာပဲ”

အဖေရှန်သည် ဩဇာတိက္ကမအပြည့်ရှိသောအမူအရာဖြင့် ဆိုဖာပေါ်တွင်ထိုင်နေခဲ့၏။

“အရင်ကပြောခဲ့တဲ့အတိုင်းပဲ လုပ်မယ်၊ မင်းတို့ညီအစ်ကိုနှစ်ယောက် တစ်ဝက်စီယူကြ၊ ဟွိုင်ချွမ်ရဲ့ဝေစုကိုတော့ ငါတို့ဆီမှာ အရင်သိမ်းထားမယ်၊ သူ နောက်မိန်းမတစ်ယောက်ထပ်ယူပြီးမှ သူ့ကိုပေးမယ်”

ရှန်ဟွိုင်ချွမ်သည် လျှော်ထည်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့လက်ထဲရှိပုတီးစိပ်ကို ကစားနေခဲ့၏။

“လေနဲ့ နှင်းတွေက အရင်ကတည်းက ကျွန်တော့်ကို နှစ်နှစ်၊ သုံးနှစ်လောက် ဖိစီးနေခဲ့တာ အခုဆိုငါးနှစ်တောင် ပြည့်သွားပြီ၊ ဟင်းးး ဘာမှအရေးမကြီးတော့ပါဘူး၊ ကျွန်တော် ဗုဒ္ဓဘာသာလမ်းစဥ်ကိုဝင်ဖို့ စီစဉ်ထားတယ်”

“လူနားလည်တဲ့စကား ပြောစမ်းပါ”

“ကျွန်တော် ဘုန်းကြီးဝတ်ချင်တယ်”

အဖေရှန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှန်ဟွိုင်နျန်အားလှမ်းကြည့်လိုက်လေသည်။

“ဟွိုင်နျန် မင်းညီ ရောဂါပြန်ထလာပြန်ပြီထင်တယ်၊ သူ့ကို အခန်းထဲခေါ်သွားပြီး ဆေးကုပေးလိုက်ပါဦး”

ရှန်ဟွိုင်နျန်သည် ခေါင်းညိတ်ပြလိုက်သော်လည်း သူမတ်တတ်မရပ်နိုင်မီမှာပင် တရှပ်ရှပ်မြည်သံကိုကြားလိုက်ရလေသည်။

ရှန်ဟွိုင်ချွမ်သည် လျှော်ထည်အင်္ကျီကို ချွတ်ချလိုက်ပြီး ပုတီးကိုလည်းလွှင့်ပစ်လိုက်လေသည်။

“အဖေ သား ရောဂါပျောက်သွားပြီ၊ လိမ္မာပါ့မယ် မိန်းမယူပြီး ကလေးယူပါ့မယ်”

အဖေရှန် စိတ်သက်သာရာရသွားကာ ခေါင်းညိတ်ပြလိုက်လေ၏။ ရှဲ့လီသည် ရှန်ဟွိုင်နျန်အား လက်ဟန်ခြေဟန်ဖြင့် ချီးကျူးလိုက်လေသည်။

“အိုး သမားတော်ကြီးရှန်ပါလား”

ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး ခေါင်းငုံ့သွားကာ သူ့နားရွက်များ နောက်တစ်ကြိမ်နီရဲလာခဲ့လေတော့သည်။

All Chapters