← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

Ch-73

မည်သို့ပင်ဆိုစေ ရှဲ့လီ၏အကျင့်စရိုက်မှာ အမှန်တကယ်ပင် ချစ်ခင်စရာကောင်းလှသည်။ သဘောထားကြီးသည် ပွင့်လင်းသည် ဟန်ဆောင်မှုကင်းမဲ့၏။

မကြာမီမှာပင် သူမသည်ခြံဝင်းအတွင်းရှိ စစ်သည်ဇနီးများနှင့် အသားကျသွားခဲ့လေသည်။ သူတို့ ပျော်ရွှင်စွာ စကားပြောဆိုနေကြစဉ် စစ်တပ်ဝင်းအတွင်းသို့ မရင်းနှီးသောမျက်နှာစိမ်းအချို့ရောက်ရှိလာကြသည်။

သူတို့သည် ယူနီဖောင်းများကိုဝတ်ဆင်ထားပြီး လူအုပ်ကြီးဆီသို့ တိုက်ရိုက် လျှောက်လာကြ၏။ ခေါင်းဆောင်ဖြစ်သူမှာ မက်မွန်စေ့ကဲ့သို့ရှည်လျားပါးလျသော မျက်နှာရှိလေသည်။ သူသည် သက်သေခံကတ်ပြားကိုပြသလိုက်လေ၏။

“ကျွန်တော်တို့က နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ကပါ ရှဲ့လီရှိပါသလား”

စစ်သည်ဇနီးများမှာ အံ့အားသင့်သွားကြပြီး အားလုံးက ရှဲ့လီအားဝိုင်းကြည့်လိုက်ကြလေသည်။ မက်မွန်စေ့မျက်နှာနှင့်လူက ရှဲ့လီအားကြည့်လိုက်လေ၏။

“ခင်ဗျားက ရှဲ့လီလား”

ရှဲ့လီ ခေါင်းညိတ်ပြလိုက်လေသည်။

“ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ”

ရှဲ့လီခေါင်းခါပြလိုက်လေသည်။

မက်မွန်စေ့မျက်နှာနှင့်လူမှာ ဆွံ့အသွားရ၏။

‘တပ်မှူးပြောတာ မှန်တယ်၊ ဒီအမျိုးသမီးက တကယ်ကို ကိုင်တွယ်ရ ခက်ခဲတဲ့သူပဲ'

“လွန်ခဲ့တဲ့တစ်လက ခင်ဗျား ရှန်ဟိုင်းမြို့ကနေ သင်္ဘောတစ်စင်းပေါ်တက်ခဲ့တယ်၊ အဲဒီသင်္ဘောပေါ်မှာ ရန်သူ့သူလျှိုသုံးယောက် အဖမ်းခံခဲ့ရတယ်၊ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ခင်ဗျားရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်”

လျှို့ဝှက်ချက်များကို သူဖွင့်ဟပြောဆို၍မရသောကြောင့် မက်မွန်စေ့မျက်နှာနှင့်လူက ဤမျှသာပြောနိုင်တော့သည်။

လူအုပ်ကြီး၏အနောက်ဘက်မှနေ၍ ရှဲ့လီအား တိတ်တဆိတ်စောင့်ကြည့်နေသော ယဲ့ရှုဟွာမှာယိမ်းထိုးသွားခဲ့လေ၏။ သူမဖခင်သည် လွန်ခဲ့သောနှစ်လခန့်က ရန်သူ့သူလျှိုများ၏လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ လွန်ခဲ့သော တစ်လခန့်က တိုးတက်မှုများရှိလာပြီး ဖခင်၏လူသတ်မှုနှင့် ပတ်သက်သူများကို ဖမ်းမိထားကြောင်းသိရသော်လည်း လျှို့ဝှက်အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

ရှန်ဟိုင်းမြို့မှထွက်ခွာလာသော သင်္ဘောတစ်စင်းပေါ်တွင် သူတို့ကို ဖမ်းမိခဲ့ကြောင်းကိုသာ သူမသိရှိခဲ့ရသည်။

‘ဒီရှဲ့လီဆိုတဲ့မိန်းမက ဘယ်သူလဲ'

ယဲ့ရှုဟွာသည် မိုးမခပင်ကြီး၏ပင်စည်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည်။ ရှဲ့လီနှင့် ပတ်သက်သော ကောလာဟလများကို သူမကြားသိထားပြီးဖြစ်သည်။ ရှန်ဟွိုင်နျန်က ပင်လယ်ထဲမှ ဆယ်ယူလာသော အမျိုးသမီးဟု ဆိုကြသည်မဟုတ်လော။

‘သူမက ရန်သူ့သူလျှိုမဟုတ်ရင် ဘာဖြစ်နိုင်မလဲ'

ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့မှ လူများနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။ ယဲ့ရှုဟွာသည် သူမအား အေးစက်စက်အကြည့်များဖြင့် စိုက်ကြည့်နေခဲ့၏။

‘ရှဲ့လီ၊ နင်က ဒီအမှုနဲ့ ဘာမှမပတ်သက်ဖို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် ငါ အသက်ရှင်နေသရွေ့ နင့်ကိုဘယ်တော့မှ အလွတ်မပေးဘူး'

ထိုအချိန်တွင် ရေတပ်ဝန်ကြီးဌာန တပ်စုမှူး၏ ရုံးခန်း......

“ဟွိုင်နျန် ငါ့ကိုရက်စက်တယ်လို့မပြောနဲ့၊ ပြီးတော့ လက်ရှိသာယာတဲ့ဘ၀မှာပဲ နစ်မြုပ်မနေနဲ့၊ ဒီစစ်ဆင်ရေးကို သွားလုပ်ချေ”

ဝူချန်ကျွင်းက ရှန်ဟွိုင်နျန်အား စစ်ဆင်ရေးတာဝန်တစ်ခု ပေးအပ်လိုက်လေသည်။

ဒီရက်ပိုင်းအတွင်း သူ ပိုတွေးလေလေ ပိုပြီးမှားယွင်းနေသလို ခံစားလာရလေလေ ဖြစ်သည်။

‘အရင်းရှင်သခင်မလေးတစ်ယောက်ကို လက်ထပ်ဖို့အတွက် တောက်ပတဲ့အနာဂတ်ကို စွန့်လွှတ်လိုက်တာက အဖွဲ့အစည်းကို အရှက်ခွဲတာမဟုတ်ဘူးလား'

ထိုအမျိုးသမီးသည် ရှဲ့မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားပြီး ဖေ့မိသားစုနှင့် ရှဲ့မိသားစုအကြောင်းကို သတင်းပေးတိုင်ကြားခဲ့သည်ကို စုံစမ်းစစ်ဆေးမှုများအရသိရသော်ငြား ထိုကဲ့သို့သော ယုတ်မာသောစိတ်နှလုံးမျိုးကို ပို၍ပင်လက်မခံသင့်ပေ။

ရှန်ဟွိုင်နျန်၏မျက်နှာမှာ အေးစက်ခက်ထန်နေပြီး သူ့မြေခွေးမျက်ဝန်းများမှာလည်း မည်းမှောင်နေခဲ့လေသည်။ သူအလေးပြုလိုက်လေ၏။

“စစ်ဆင်ရေးအောင်မြင်ဖို့ အာမခံပါတယ်”

ထို့နောက် သူသည် ဝူချန်ကျွင်းအား တစ်ချက်ကြည့်လိုက်လေ၏။

“တပ်စုမှူးဝူ၊ ခင်ဗျားမှာ ကလေးဘယ်နှစ်ယောက်ရှိလဲ”

ဝူချန်ကျွင်း ခေတ္တမျှစဉ်းစားလိုက်လေသည်။

“လေးယောက် ဘာဖြစ်လို့လဲ”

ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများထဲတွင် လှောင်ပြောင်မှုများပြည့်နှက်လာခဲ့၏။

“ဒါဆို တပ်စုမှူးဝူလည်း သာယာတဲ့ဘဝထဲမှာ အချိန်တော်တော်ကြာကြာ နစ်မြုပ်နေခဲ့တာပဲ”

ဝူချန်ကျွင်း : “……”

‘မင်းအမေ’

‘တရားဥပဒေမရှိဘူး၊ စည်းကမ်းမရှိဘူး'

ဝူချန်ကျွင်းမှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် တုန်ခါသွားပြီး မျက်လုံးများပြူးကျယ်သွားရလေသည်။

ကောင်းပြီလေ ကောင်းပြီလေ

ဒီကောင်လေးကို သူပြဿနာသွားမရှာနိုင်ဘူးလေ

ရှန်ဟွိုင်နျန်၏ဖခင်မှာ သူ့အထက်လူကြီးဟောင်းဖြစ်နေသည်ကို အသာထား။ ရှန်ဟွိုင်နျန်ကိုယ်တိုင်ကပင် သူပြဿနာသွားရှာနိုင်မည့်သူ မဟုတ်ပေ။

ရေတပ်ဝန်ကြီးဌာန၏ စစ်နတ်ဘုရား

ဝါဟာဆိုင်းပင်လယ်ပြင်၏ရဲရင့်သော စစ်သူကြီး

သူသည် လျောင်းနင်ပြည်နယ် ရေတပ်ဝန်ကြီးဌာန၏မဏ္ဍိုင်ကြီးတစ်ခု ဖြစ်သည်။ ရှန်ဟွိုင်နျန်ရှိနေသရွေ့ လူနှင့် သင်္ဘောတစ်သားတည်း ဖြစ်နေပေမည်။

သူသည် ရေတပ်ဝန်ကြီးဌာန၏ အလံတော်ဖြစ်ပြီး ရန်သူ့နိုင်ငံများကို ထိတ်လန့်တုန်လှုပ်စေသောဖြစ်တည်မှုတစ်ခုဖြစ်ကာ ရန်သူ့သူလျှိုများ၏ အဓိကပစ်မှတ်လည်း ဖြစ်လေသည်။

ချောမောသော သူ့မျက်နှာလေးကို ကြည့်ပြီး အထင်မလွဲသင့်ပေ။ စစ်မြေပြင်တွင်မူ သူသည် လုံးဝ ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်လေသည်။

အထက်မှ ခေါင်းဆောင်ကြီးကိုယ်တိုင်ပင် သူ့အား ဆုတံဆိပ်များချီးမြှင့်ခဲ့သေးသည်။ အသက် နှစ်ဆယ့်ငါးနှစ်ဟူသော ကန့်သတ်ချက်သာမရှိပါက စစ်ရေးစွမ်းဆောင်မှုများအရ ရှန်ဟွိုင်နျန်၏ရာထူးမှာ သူ့ထက်ပင်မြင့်မားနေမည်ဖြစ်သည်။

*ဒေါက်၊ ဒေါက်၊ ဒေါက်*

ရုံးခန်းတံခါးကို အလောတကြီးခေါက်သံများ ထွက်ပေါ်လာလေသည်။

“ဝင်ခဲ့”

ဝူချန်ကျွင်း စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ချီသည် စိုးရိမ်ပူပန်နေသောမျက်နှာဖြင့် ပြေးဝင်လာခဲ့လေ၏။ ပထမဆုံးအနေဖြင့် သူသည် ဝူချန်ကျွင်းအား အလေးပြုလိုက်လေသည်။

“မင်္ဂလာပါ တပ်စုမှူး”

ထို့နောက် သူသည် လေသံကိုလျှော့ကာ ရှန်ဟွိုင်နျန်နားကပ်ပြီး တီးတိုးပြောဆိုလိုက်လေသည်။

“တပ်မှူး ပြဿနာတက်ပြီ၊ မရီးကို နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့က ခေါ်သွားတယ်၊ ကျွန်တော် ခုနကသွားတောင်းသေးတယ်၊ ဒါပေမဲ့ သူတို့ကလွှတ်လည်းမပေးဘူး၊ ဘာဖြစ်တာလဲဆိုတာလည်း မပြောပြဘူး”

ရှန်ဟွိုင်နျန် ချက်ချင်းပင်လှည့်ထွက်သွားလေတော့သည်။ ဝူချန်ကျွင်းသည် စားပွဲကိုရိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

“ဒီစစ်ဆင်ရေးကို မင်း လုံးဝနောက်ကျလို့မရဘူးနော်”

ပြန်လည်ဖြေကြားလာသည်မှာ ရှောင်ချီ၏အနည်းငယ် အားနာနေသော အသံပင်ဖြစ်လေသည်။

“ဟုတ်ကဲ့ပါ တပ်စုမှူး၊ တပ်မှူးကို သေချာပေါက် ပြောပြလိုက်ပါ့မယ်”

All Chapters