← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

Ch-74

“ရဲဘော်ရှဲ့လီ၊ ကျွန်တော်တို့ ခင်ဗျားရဲ့ အကူအညီလိုအပ်နေပါတယ်”

မျက်နှာဝိုင်းဝိုင်းနှင့် အနက်ရောင် မျက်မှန်ကိုင်းကို တပ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာခဲ့လေသည်။ ရှဲ့လီသည် သူ့ကိုမှတ်မိလိုက်၏။ သူသည် သူမ မြို့တော်မှသင်္ဘောဖြင့် ပြန်လာစဉ် ရန်သူ့သူလျှိုများကို ဖမ်းဆီးခဲ့သော နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့မှတပ်မှူးဖြစ်သည်။

လီချယ်သည် ရှေ့တိုးလာကာ ရှဲ့လီ၏မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး ပြောဆိုလိုက်လေသည်။

“ရဲဘော်ရှဲ့လီ ပြီးခဲ့တဲ့အကြိမ် သင်္ဘောပေါ် အခန်းနံပါတ် ၆ထဲမှာ နောက်ထပ် ရန်သူ့သူလျှိုတစ်ယောက်ရှိနေသေးတယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိခဲ့တာလဲ”

ရှဲ့လီက တိုက်ရိုက်ပင်ဖြေကြားလိုက်လေသည်။

“ကျွန်မ သင်္ဘောပေါ်တက်တုန်းက ကျွန်မရိုက်နှက်ခဲ့တဲ့လူက အခန်းနံပါတ် ၆ ကလူနဲ့ စကားပြောနေတာကို မြင်လိုက်တယ်၊ ပြီးတော့ အဲဒီလူကိုစာရွက်လေးတစ်ရွက်ပေးလိုက်တာကိုလည်း တွေ့လိုက်ရတယ်”

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖုံးကွယ်ထားခြင်းက လီချယ်၏သံသယကို ပိုမိုကြီးထွားစေရုံသာရှိမည်။ ကူးပြောင်းမလာမီက ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးရာ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့မှ လူများ၏အမြင်အာရုံမှာ မည်မျှစူးရှထက်မြက်ကြောင်းကို သူမသဘာဝကျစွာပင် သိရှိထားလေသည်။

လီချယ် ခေါင်းညိတ်လိုက်ပြီး ဆက်လက်ပြောဆိုလေသည်။

“တစ်ဖက်လူက ဘယ်သူလဲဆိုတာကို မသိဘဲနဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီလောက်ရှင်းရှင်းလင်းလင်း မှတ်မိနေနိုင်တယ်ဆိုတော့ ရဲဘော်ရှဲ့လီ ကျွန်တော်တို့ ခင်ဗျားရဲ့အကူအညီ လိုအပ်နေပါတယ်”

လီချယ်သည် ရှဲ့လီ၏မျက်လုံးများကို စူးစိုက်ကြည့်နေခဲ့၏။ ထိုမက်မွန်ပွင့် မျက်ဝန်းများမှာ ပင်လယ်ပြင်အလား နက်ရှိုင်းပြီး အောက်ခြေကို ခန့်မှန်း၍မရနိုင်လောက်အောင် ဖြစ်နေလေသည်။

သူ့ခန့်မှန်းမှု မှားယွင်းခြင်းမရှိခဲ့ပေ။ ရှဲ့လီသည် အမှန်တကယ်ပင် ထူးကဲသော မှတ်ဉာဏ်စွမ်းအားကို ပိုင်ဆိုင်ထားသူပင်။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတွင် သာမန်ထက်သာလွန်သော အရည်အချင်းများ ပိုင်ဆိုင်ထားသည့် အရည်အချင်းရှိသူများစွာရှိပြီး ၎င်းတို့အားလုံးမှာ သီးခြားနယ်ပယ်များတွင် ပါရမီရှင်များဖြစ်ကြသည်ဟု ဆိုနိုင်ပေသည်။

ထိုအထဲတွင် ဓာတ်ပုံရိုက်ကူးထားသကဲ့သို့သော ထူးကဲသည့်မှတ်ဉာဏ်စွမ်းအားကို ပိုင်ဆိုင်ထားခြင်းမှာလည်း ထိုအရည်အချင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်လေသည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် ရှဲ့လီက ဤကဲ့သို့သောအရည်အချင်းမျိုးကို ပိုင်ဆိုင်ထားသူဖြစ်လေ၏။

ပြီးခဲ့သည့်အကြိမ်ဖမ်းဆီးမှုမှာ အလွန်အလောတကြီးဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် သူသည် ထိုကိစ္စကို အကြိမ်ကြိမ်ပြန်လည်စဉ်းစားခဲ့ပြီး ရှဲ့လီမှာ သာမန်ထက်များစွာသာလွန်သော မှတ်ဉာဏ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်းနှင့် သူမသည် တည်ငြိမ်ပြီး ပေါက်ကွဲထွက်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်များလည်းရှိကြောင်း ခန့်မှန်းမိခဲ့သည်။

သူသည် အဖွဲ့အစည်းသို့သတင်းပို့ခဲ့ပြီးနောက် ရှဲ့လီ၏နောက်ခံအခြေအနေကို အမြန်ဆုံးစုံစမ်းသိရှိခဲ့လေ၏။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် ရှဲ့လီအား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ပြီး သူမ၏နောက်ခံအခြေအနေတွင် မည်သည့်သံသယဖြစ်ဖွယ်အချက်မျှ မရှိခဲ့ပေ။

သူမသည် ငယ်စဉ်ကတည်းက ကျေးလက်ဒေသတွင် နေထိုင်ခဲ့ပြီး မွေးစားမိဘများမှာ တောင်သူလယ်သမားများဖြစ်ကြသည်။ သူမအစ်ကိုဖြစ်သူက ငယ်စဉ်ကတည်းက သိုင်းပညာကိုလေ့ကျင့်ခဲ့သူဖြစ်ရာ ရှဲ့လီ၏မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည်များမှာလည်း ယုတ္တိတန်နေလေသည်။ သူမ၏ထူးကဲသော မှတ်ဉာဏ်စွမ်းအားမှာမူ မွေးရာပါ ပါရမီတစ်ခုဖြစ်လေ၏။

“ကျွန်မ ငြင်းလို့ရမလား”

ရှဲ့လီ မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။ လီချယ်ခေါင်းခါပြလိုက်၏။

“ရဲဘော်ရှဲ့လီ ဒါအထက်က ညွှန်ကြားချက်ပါ၊ ကျေးဇူးပြုပြီး သေချာပေါက် ပူးပေါင်းဆောင်ရွက်ပေးပါ”

လီချယ်က လေသံကိုလျှော့ကာဆက်ပြောလေသည်။

“ပြီးခဲ့တဲ့အကြိမ် သင်္ဘောပေါ်မှာ ဖမ်းမိခဲ့တဲ့ လူသုံးယောက်မှာ အထက်လူကြီး တစ်ယောက်ရှိတယ်၊ ဒါပေမဲ့ သူတို့သုံးယောက်လုံးက အဲဒီအထက်လူကြီး ဘယ်သူလဲဆိုတာကို တကယ်မသိကြဘူး၊ ယောကျ်ားလား မိန်းမလား အသက်ကြီးလားငယ်လား ဘာမှမသိဘူး၊ ဒီလူရဲ့လျှို့ဝှက်အမည်က ‘ပုစွန်ဆိတ်’ ဆိုတာနဲ့ သူကတပ်စုမှူးယဲ့ရဲ့မိသားစု အနီးတစ်ဝိုက်မှာ ပုန်းအောင်းနေတယ်ဆိုတာကိုပဲ သိထားကြတာ၊ အဲဒီသုံးယောက်က တပ်စုမှူးယဲ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရန်သူ့သူလျှိုတွေပဲ၊ အဲဒီတုန်းက သူတို့အောင်မြင်ခဲ့ပြီး ရှန်ဟိုင်းမြို့ကိုပြန်သွားဖို့ ရည်ရွယ်ခဲ့ကြတာ၊ အဲဒီကနေမှ ရှန်ဟိုင်းကနေ လျောင်းနင်ပြည်နယ်ကိုသွားမယ့် သင်္ဘောကနေတစ်ဆင့် လှေငယ်တစ်စင်းနဲ့ ပင်လယ်ထဲထွက်ပြီး သူတို့ကို လာကြိုမယ့်သူနဲ့ သွားတွေ့ဖို့ပေါ့၊ ဒါပေမဲ့ သူတို့မလွတ်မြောက်ခင်မှာတင် ဖမ်းမိသွားခဲ့တာ၊ တပ်စုမှူးယဲ့ကတော့ တိုင်းပြည်အတွက် အသက်ပေးဆပ်သွားခဲ့ပြီ၊ ဒါပေမဲ့ သူ့မှာသမီးတစ်ယောက်နဲ့ ဇနီးတစ်ယောက်ကျန်ရစ်ခဲ့တယ်၊ ကျွန်တော်တို့ရေတပ်ဝန်ကြီးဌာနထဲမှာလူတွေ နေရာချထားပြီးပြီ၊ ဒါပေမဲ့ တပ်စုမှူးယဲ့ရဲ့သမီးနဲ့ ဇနီးအတွက် ခင်ဗျားကအသင့်တော်ဆုံးပါပဲ”

ရှဲ့လီ တိတ်ဆိတ်နေခဲ့၏။ လီချယ်၏ အကြည့်များမှာလည်း လေးနက်နေခဲ့လေသည်။

“ရဲဘော်ရှဲ့လီ အဖွဲ့အစည်းက ခင်ဗျားရဲ့အကူအညီလိုအပ်နေတယ်”

ရှဲ့လီ ခေါင်းခါပြလိုက်ပြီး မတ်တတ်ရပ်ကာ ထွက်ခွာရန်ပြင်လိုက်လေသည်။

လီချယ်သည် အလျင်အမြန် မတ်တတ်ရပ်ကာ သူမအား တားဆီးလိုက်လေ၏။

“အခြေအနေ ခင်ဗျားလိုချင်တဲ့အခြေအနေကို ပြောပါ”

ရှဲ့လီ၏နှုတ်ခမ်းထောင့်စွန်းများမှာ လှောင်ပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားခဲ့လေသည်။

“ကျွန်မ အလုပ်တစ်ခုလိုချင်တယ်”

လီချယ် : “...…”

“ကောင်းပြီ၊ ခင်ဗျား ဘယ်လိုအလုပ်မျိုး လိုချင်တာလဲ”

ရှဲ့လီ ပြန်ဖြေလိုက်လေသည်။

“ရေတပ်ဝန်ကြီးဌာနရဲ့ ဆေးဘက်ဆိုင်ရာဌာနကိုဝင်ချင်တယ်၊ စစ်တပ်နဲ့အတူ စစ်ဆင်ရေးတွေထွက်ရတဲ့ အလုပ်မျိုးပေါ့”

ကူးပြောင်းမလာမီက သူမသည်နိုင်ငံအသီးသီးမှလုယူလိုကြသော အသန်မာဆုံးဦးနှောက်၊ ထိပ်တန်းအကဲဖြတ်စစ်ဆေးသူ၊ ကမ္ဘာ့ဆန်ဒါသိုင်းချန်ပီယံနှင့် ကယ်ဆယ်ရေးကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့၏။

သူမသည် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့က အခြားသူများလုယူသွားမည်ကို စိုးရိမ်သဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထားရသောသူတစ်ဦးလည်း ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတွင် သူမသည် ထိပ်တန်းခေါင်းဆောင်၏ ခေါင်းပေါ်တွင်ပင် ကခုန်နိုင်လောက်အောင် အခွင့်အရေးရှိသူတစ်ဦး ဖြစ်သည်။

မတတ်နိုင်ပေ။ သူမသည် နှစ်ထောင်ပေါင်းများစွာတွင် တစ်ဦးသာ ပေါ်ထွက်လာနိုင်သော ပါရမီရှင်တစ်ဦး ဖြစ်နေသည်မဟုတ်လော။ လီချယ်၏မျက်နှာတွင် အခက်တွေ့နေဟန် ပေါ်လာခဲ့၏။

“ရဲဘော်ရှဲ့လီ ကျွန်တော်တို့က အရာရာကို လုပ်နိုင်စွမ်းရှိသူတွေမဟုတ်ဘူးဆိုတာကို ခင်ဗျားနားလည်ပေးရမယ်၊ သတင်းစာတိုက်တစ်ခုခုမှာ စာရေး ဒါမှမဟုတ် စစ်တပ်ရဲ့ထောက်ပံ့ရေးဌာနမှာ ခင်ဗျားအတွက် အလုပ်တစ်ခုစီစဉ်ပေးလို့တော့ ရပါတယ်၊ ဒါပေမဲ့ စစ်ဆင်ရေးထွက်ရမယ့် ဆေးဘက်ဆိုင်ရာဌာနက ဝန်ထမ်းတွေအတွက်တော့ တင်းကြပ်တဲ့ သတ်မှတ်ချက်တွေရှိတယ်လေ၊ ပြီးတော့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အချင်းအရ ခင်ဗျားကမပြည့်မီဘူး”

All Chapters