← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

Ch-82

ရေ၊ ကြည်း၊ လေ ဘက်စုံတော်ပြီး လူတစ်ယောက်တည်း၏တိုက်ခိုက်ရေးစွမ်းရည်မှာ တပ်စုတစ်စုနှင့်ပင် ညီမျှလေ၏။

သူသည် ရေတပ်ဝန်ကြီးဌာနတွင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူသည် အံ့ဖွယ်လုပ်ရပ်များ စွမ်းဆောင်နိုင်ခဲ့ပြီး ခေါင်းဆောင်ကြီးများက သူ့ကိုအထူးတန်ဖိုးထားကြသည်။

ဤကောင်လေးတွင် တောက်ပသော အနာဂတ်ရှိနေကြောင်းကို မည်သူမဆို သိမြင်နိုင်ကြ၏။ သူသည် တပ်မှူးအဆင့်နှင့်သာ ရပ်တန့်နေမည့်သူမျိုး လုံးဝမဟုတ်ပေ။

ပါရမီရှင်များတွင် ထူးခြားသောကိုယ်ရည်ကိုယ်သွေးများရှိတတ်ကြသောကြောင့်လောမသိ။ သူသည် တကယ့်ကိုပြဿနာရှာတတ်သူတစ်ဦး ဖြစ်လေသည်။

သူသည် စစ်မြေပြင်တွင် အမိန့်ဖီဆန်မှုကြောင့် ပစ်သတ်ခံရနိုင်လောက်သည့် ပြစ်မှုမျိုးကို ငါးကြိမ်တိုင်တိုင် ကျူးလွန်ခဲ့ဖူးသော်လည်း ပြစ်ဒဏ်က ပြစ်ဒဏ်သာဖြစ်ပြီး သူ့ကိုအမှန်တကယ် ဖယ်ရှားပစ်ရန်အထိ မည်သူမျှ မရက်စက်နိုင်ခဲ့ကြပေ။

ဝူချန်ကျွင်း သက်ပြင်းတစ်ချက်ချလိုက်လေသည်။ သူသည် တပ်စုမှူးတစ်ဦးဖြစ်နေသော်လည်း ထိုရာထူးက ရှန်ဟွိုင်နျန်အပေါ်တွင်တော့ အသုံးမဝင်ခဲ့ပေ။ ရှန်ဟွိုင်နျန်သည် သူနာခံချင်သည်ကိုသာနာခံရှိပြီး အဆင့်မြင့်သူက အဆင့်နိမ့်သူကို ဖိနှိပ်သည်ဆိုသော အယူအဆမှာ သူ့အတွက်လုံးဝအကျုံးမဝင်ပေ။

“ဟွိုင်နျန် ရှဲ့လီကိုလည်း ငဲ့ပါဦး၊ သူမက မင်းကိုရှာဖို့အတွက် မိုင်ပေါင်းထောင်ချီခရီးနှင်လာခဲ့တာလေ၊ သူ့မိဘတွေက အလုပ်ကြမ်းနဲ့ ပညာပေးစခန်းမှာ ရောက်နေတယ်၊ သူမရဲ့ဈာပနကိုတောင်မစီစဉ်ရသေးဘူး၊ မင်းသာ တစ်ခုခုဖြစ်သွားရင် သူမဘယ်လိုလုပ်မလဲ”

ဝူချန်ကျွင်းသည် သူ့နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်လေသည်။

‘မင်းကို ငါမထိန်းချုပ်နိုင်ဘူးဆိုတာ မယုံဘူးကွာ'

ထင်ထားသည့်အတိုင်းပင်

ရှန်ဟွိုင်နျန် ရပ်တန့်သွားခဲ့လေသည်။

‘ဟုတ်တယ်၊ ရှောင်လီ ဘယ်လိုလုပ်မလဲ'

ဝူချန်ကျွင်းသည် အခွင့်အရေးကိုအရယူကာ ရှန်ဟွိုင်နျန်၏လက်မောင်းကို ဆွဲကိုင်ပြီး အနောက်သို့ဆွဲခေါ်သွားလေ၏။

“ရှဲ့လီက ဆေးရုံဧည့်ခန်းမှာလှဲနေတုန်းပဲ၊ သွားပြီးနှုတ်ဆက်လိုက်ဦး”

ရှန်ဟွိုင်နျန် စိတ်လျှော့သွားခဲ့လေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆူးများအားလုံးပျောက်ကွယ်သွားပြီး လူသတ်ချင်နေသော မြေခွေးမျက်ဝန်းများထဲတွင်လည်း လှိုင်းများရိုက်ခတ်လာခဲ့၏။

လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်အလား တောင့်တင်းနေသော သူသည် ဝူချန်ကျွင်း၏ဆွဲခေါ်မှုဖြင့် ဆေးရုံဧည့်ခန်းဆီသို့ ရောက်ရှိလာခဲ့သည်။

‘ဟင် ရှဲ့လီဘယ်မှာလဲ'

ဝူချန်ကျွင်း၏ခေါင်းတစ်ခုလုံး ချာချာလည်သွားခဲ့သည်။

‘ရှဲ့လီ ဘယ်မှာလဲ၊ ရှဲ့လီ ဘယ်မှာလဲ၊ ရှဲ့လီ ဘယ်မှာလဲ'

‘ရှဲ့လီအလောင်းကို ဘယ်သူခိုးသွားတာလဲ'

‘ဟမ် ဟမ် ဟမ်'

သူသည် ရှန်ဟွိုင်နျန်ကိုဆွဲကာ ထောင့်တစ်ခုသို့ တွန်းပို့လိုက်လေ၏။

“ဟွိုင်နျန် ဒီမှာအရင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားလိုက်ဦး၊ ရှဲ့လီကို မနှုတ်ဆက်ခင် မင်းစိတ်ကိုမင်းအရင်ပြင်ဆင်ထားသင့်တယ်၊ လူတစ်ယောက်သေသွားတဲ့အခါ သူ့ရဲ့အရင်းနှီးဆုံးဆွေမျိုးက ငိုယိုတာ ဒါမှမဟုတ် ဝမ်းနည်းတာမျိုးဖြစ်ရင် သူတို့ကမထွက်ခွာချင်တော့ဘဲ ဒီလောကကြီးမှာပဲကျန်ရစ်နေပြီး ဝင်စားလို့မရတော့ဘူးလို့ ငါကြားဖူးတယ်”

ဝူချန်ကျွင်းသည် စိတ်တင်းကာ အဓိပ္ပာယ်မရှိသော အယူသည်းမှု အကြောင်းများကို လျှောက်ပြောနေလေတော့သည်။

ရှန်ဟွိုင်နျန်မသိမီ ရှဲ့လီ၏အလောင်းကို သူအရင်ရှာတွေ့မှဖြစ်မည်။ သို့မဟုတ်ပါက ရှန်ဟွိုင်နျန်သည် ရေတပ်ဌာနချုပ်ဆေးရုံကြီးကို ဖောက်ခွဲပစ်ပေလိမ့်မည်။

‘အဲ့လူ ရူးနေတာလား'

‘သူများဇနီးအလောင်းကို ဘာလို့ခိုးသွားရတာလဲ'

ရှန်ဟွိုင်နျန်က ထောင့်နားတွင်ရပ်နေပြီး ရှေ့ဆက်မတိုးရဲတော့ပေ။ သူသည် ဘာသာမဲ့တစ်ဦးဖြစ်သော်ငြား ကြောက်လန့်နေမိသည်။ အခွင့်အရေး တစ်သောင်းပုံတစ်ပုံသာရှိနေမည်ဆိုလျှင်တောင် ရှဲ့လီ အေးချမ်းစွာထွက်ခွာနိုင်ဖို့ရာကိုပဲ သူလိုလားမိလေ၏။

ဝူချန်ကျွင်းသည် သူနာပြုကောင်တာဆီသို့ပြေးသွားကာ မေးမြန်းလေတော့သည်။ ရှန်ဟွိုင်နျန်က နံရံကိုမှီကာ သူ့မျက်နှာကိုသူ အားပြင်းပြင်းဖြင့် ပွတ်သပ်လိုက်လေသည်။

‘ငါက တကယ့်ကိုခွေးကောင်ပဲ၊ ရှောင်လီကိုထားခဲ့ပြီး အဲဒီလူတွေကိုသွားသတ်ချင်နေတယ်ဆိုတော့လေ'

သူ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ငိုသည်ထက်ပင် ပို၍ဆိုးရွားသော အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်လေသည်။

‘ရှောင်လီ ပြန်မ၀င်စားနိုင်တာမျိုး ငါ လုံးဝအဖြစ်မခံနိုင်ဘူး'

ရှန်ဟွိုင်နျန်လှည့်ကာ ဧည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

‘ဟင် ရှဲ့လီဘယ်မှာလဲ'

ရှန်ဟွိုင်နျန်၏မျက်လုံးများ ပြူးထွက်မတတ်ဖြစ်သွားခဲ့ရလေသည်။

….

ဝူချန်ကျွင်းလှည့်ကြည့်လာသောအခါ မျက်လုံးများနီရဲနေသော ရှန်ဟွိုင်နျန်က ရှဲ့လီ၏အလောင်းအား နေရာအနှံ့ လိုက်လံရှာဖွေနေသည်ကို မြင်တွေ့လိုက်ရလေသည်။

‘အိုး ဘုရားရေ၊ ဘာလို့ အရာအားလုံးက တစ်ပြိုင်နက်တည်း ဖြစ်လာရတာလဲ'

“တပ်စုမှူးဝူ ဒီမှာဘာလုပ်နေတာလဲ၊”

ရှောင်ချီက ဆေးမှတ်တမ်းကိုကိုင်ကာ လျှောက်လာခဲ့လေသည်။ ဝူချန်ကျွင်းသည် သူ့အားကယ်တင်ရှင်တစ်ဦးကို မြင်လိုက်ရသည့်အလား အလျင်အမြန် ဆွဲကိုင်လိုက်လေသည်။

“မြန်မြန် မြန်မြန်၊ ရှဲ့လီ သေသွားပြီဆိုတာကိုကြားတော့ ဟွိုင်နျန်ကရူးသွားပြီး အဲဒီလူတွေကိုဖောက်ခွဲပစ်ချင်နေတာ၊ အခု ရှဲ့လီရဲ့အလောင်းလည်း ပျောက်နေပြီ”

ရှောင်ချီ : “……”

“မရီးလား၊ ဘယ်တုန်းက သေသွားတာလဲ၊”

ဝူချန်ကျွင်း : “……”

“အားနျန်”

ထိုအခိုက် နူးညံ့သောအသံလေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ဝူချန်ကျွင်း လှည့်ကြည့်လိုက်သောအခါ ဤအသံလေးမှာ နတ်ပြည်မှဂီတသံစဉ်တစ်ခုအလား ခံစားလိုက်ရ၏။

‘ဘုရားရေ ရှဲ့လီပါလား'

ယခုအချိန်တွင် ဝူချန်ကျွင်းအတွက်မူ ရှဲ့လီသည် ရွှေချထားသော ကွမ်ယင်မယ်တော်ကြီးတစ်ပါးအလားဖြစ်နေပြီး ကြီးမားလှသော မေတ္တာ၊ ကရုဏာများဖြင့် ရှန်ဟွိုင်နျန်ထံသို့ လျှောက်လာနေသည်။

ရှန်ဟွိုင်နျန် အေးခဲသွားခဲ့၏။ တောင့်တင်းနေသော သူ့ခန္ဓာကိုယ်မှာ ချက်ချင်းပင်ပြေလျော့သွားပြီး သူ့လက်များလည်း လျှောကျသွားခဲ့လေ၏။

နောက်တစ်စက္ကန့်တွင် သူသည် ရှဲ့လီထံသို့ပြေးသွားကာ သူမအား တင်းကြပ်စွာ ဖက်ထားလိုက်လေတော့သည်။

*ဒေါက်*

ရှန်ဟွိုင်နျန် ရှဲ့လီကိုဖက်လိုက်ချိန်တွင် အနက်ရောင်အရာဝတ္ထုတစ်ခု ပြုတ်ကျသွားခဲ့သည်။ ထိုအရာမှာ စောစောက သူဆွဲထုတ်ထားသော လက်ပစ်ဗုံးကြီးပင်။

ယခုအခါ စနက်တံမှာ သူ့တိုက်ခိုက်ရေးဝတ်စုံတွင်ငြိနေပြီး လက်ပစ်ဗုံးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေပြီ။

‘ဟမ် ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာ ဘာကြီးလဲ'

‘သောက်ကျိုးနည်းကြီးဟေ့’

ဝူချန်ကျွင်းသည် သုံးပေအမြင့်သို့ခုန်တက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေတော့သည်။

“အားလုံး ဝပ်နေကြ”

All Chapters