← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

Ch-92

‘ရှန်ဟွိုင်နျန် ဒီမှာရှိနေတာလား'

‘ဘယ်လိုတိုက်ဆိုင်မှုကြီးလဲ၊ သူ ဒီကို ဘာလာလုပ်တာလဲ'

သူတို့နှစ်ဦးမှာ စဉ်းစားနေရန်အချိန်မရှိတော့ပေ။ ချက်ချင်းပုန်းအောင်းရမည်။ သူတို့ကိုမြင်သွားလျှင် ရှင်းပြရန်မဖြစ်နိုင်တော့ချေ။ အလွန်တရာထိတ်လန့်သွားသောကြောင့် လီချယ်သည် အရောင်းစာရေးသုံးဦးကို လှမ်းအော်လိုက်သည်။

“ဟိုမှာကြည့်၊ ခင်ဗျားတို့အနောက်မှာ မိစ္ဆာကောင်ကြီးတစ်ကောင်”

အရောင်းစာရေးများ “……”

“ရှင်ကိုယ်တိုင်က မိစ္ဆာကောင်နဲ့ပိုတူနေတယ်လို့ ထင်တယ်”

လီချယ် : “...…”

ရှဲ့လီလည်း အရောင်းစာရေးများ၏ အနောက်ဘက်သို့ အမြန်လက်ညှိုးထိုးပြလိုက်၏။

“အဲဒီမိစ္ဆာကောင်ကြီးရဲ့ ခေါင်းပေါ်မှာ တင်ပါကြီး ပေါက်နေတယ်ဟ”

အရောင်းစာရေးများ : “……”

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့လှည့်ကြည့်မှ ဖြစ်တော့မည်။ သူတို့ခေါင်းလှည့်လိုက်သည့် အခိုက်အတန့်တွင် ရှန်ဟွိုင်နျန်သည် ကျန်းချင်းလျန်နှင့်အတူ ဝင်လာလေသည်။ အရောင်းစာရေးများ ပြန်လှည့်လာ၏။

‘ဟမ် ဟမ် ဟမ်'

‘ဟိုလူနှစ်ယောက် ဘယ်ရောက်သွားတာလဲ၊ အရမ်းမြန်တာပဲ'

ရှဲ့လီနှင့် လီချယ်တို့မှာ လေထဲပျောက်ကွယ်သွားသကဲ့သို့ အရိပ်အယောင်မျှပင် မမြင်ရတော့ချေ။

“တပ်မှူး ဒီစည်သွတ်ငါးသေတ္တာပဲ၊ သူတို့ဆီမှာ ခရမ်းချဉ်သီးအရသာလည်းရှိတယ်၊ အရမ်းစားကောင်းတာ”

ရှန်ဟွိုင်နျန်သည် အရသာတစ်မျိုးစီကို ဆယ်ဗူးစီဝယ်ယူလိုက်ပြီး ကောင်တာအတွင်းမှ မာရှဲလိုးများကိုမြင်သောအခါ မာရှဲလိုးအချို့ကိုပါ ထပ်မံဝယ်ယူလိုက်သည်။ ဤမာရှဲလိုးများကို ကုန်ပစ္စည်းဖြန့်ဖြူးရေးသမဝါယမတိုင်းလိုလိုတွင် ရောင်းချလေ့ရှိသော်လည်းမြင်လိုက်သည်နှင့် ဝယ်ယူချင်စိတ်များ ပေါ်ပေါက်လာမိသည်။ ရှဲ့လီသည် ဤအချိုမုန့်များကိုစားရသည့်အခါတိုင်း ဝမ်းသာအားရပြုံးရွှင်နေတတ်၏။

သူမအပြုံးလေးများကို သူ သဘောကျသည်။ သူတို့နှစ်ဦးသည် ဝယ်ယူမှုများ ပြီးစီးသွားသဖြင့် ထွက်ခွာသွားကြသည်။

*ခွမ်း*

စည်သွတ်ငါးသေတ္တာတစ်ဗူးက မိုးပေါ်မှ ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ကျကွဲသွားလေ၏။ အရောင်းစာရေး သုံးဦးလုံး အပေါ်သို့မော့ကြည့်လိုက်မိကြသည်။

“ဝါးးးးးးးးး”

ရှဲ့လီနှင့် လီချယ်တို့မှာ မျက်နှာကျက်ရှိ ပန်ကာရွက်များကို တစ်ယောက်တစ်ဖက်စီ ဖက်တွယ်ထားကြပြီး ဧရာမ ပင့်ကူကြီးနှစ်ကောင်ကဲ့သို့ တွဲလောင်းကျနေကြသည်။

အရောင်းစာရေးသုံးဦးလုံးမှာ ကြောက်လန့်တကြားဖြစ်ကာ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ပါးစပ်မှအမြှုပ်များထွက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးသည် အားနာပါးနာဖြင့် ပြုံးပြလိုက်ကြ၏။

ထို့နောက် စည်သွတ်ဗူးများကိုအမြန်ကောက်ယူကာ ထွက်ပြေးကြတော့သည်။ ဤမျှလောက် တိုက်ဆိုင်လိမ့်မည်ဟု လီချယ် လုံးဝထင်မှတ်မထားခဲ့ပေ။ သူသည် အဘိုးဖြစ်သူထံမှ အကူအညီတောင်းခဲ့၏။ သူ့အဘိုးမှာ တပ်ချုပ်မှူးကျိုး၏ဆရာဖြစ်သည်။

တပ်ချုပ်မှူးကျိုးက ရှန်ဟွိုင်နျန်ကို ဤနေရာသို့စေလွှတ်လိမ့်မည်ဟု မည်သူထင်မည်နည်း။

“စိတ်မပူပါနဲ့၊ ရှန်ဟွိုင်နျန်ရဲ့ စစ်သင်္ဘောက ဖြတ်သွားရုံသက်သက်ပါ၊ သူတို့ ဒီကိုပြန်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး”

လီချယ်သည် ရှဲ့လီပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ထိုနေ့ညနေတွင် ရှဲ့လီနှင့် လီချယ်တို့သည် ကျန်းရှောင်ဖန်းအိမ်သို့ ညစာစားရန် သွားရောက်ခဲ့ကြ၏။ ကျန်းရှောင်ဖန်း၏ မိဘများမှာ သူမငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ကြောင်း သူတို့သိရှိခဲ့ရသည်။

သူမသည် ဦးလေးအကြီးဆုံးအိမ်တွင် ကြီးပြင်းခဲ့ပြီး အရွယ်ရောက်၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှသာ သူမမိဘအိမ်ဟောင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းပင်။

“အစ်မရှောင်ယန်နဲ့ ကျွန်မက အတူတူ ကြီးပြင်းလာခဲ့ကြတာ၊ ဒါပေမယ့် တစ်နေ့ကျတော့ အစ်မပျောက်သွားတယ်၊ ဘယ်လောက်ပဲရှာရှာ ရှာမတွေ့ခဲ့ဘူး၊ မိသားစုကတော့ မတော်တဆမှုတစ်ခုခုကြောင့်သေသွားပြီလို့ပဲထင်ခဲ့ကြတာ၊ ဒါပေမယ့် သုံးနှစ်ကြာတော့ ဒီနေရာနဲ့ သိပ်မဝေးတဲ့သီလရှင်ကျောင်းတစ်ခုမှာ အစ်မကိုတွေ့တယ်ဆိုပြီး လူတစ်ယောက်က လာအကြောင်းကြားတယ်၊ အဲဒီကို ကျွန်မတို့သွားကြည့်တော့ အစ်မက တကယ်ကြီးသီလရှင်ဖြစ်နေတာကို တွေ့လိုက်ရတယ်၊ ဘာမေးမေး ဘာမှပြန်မဖြေဘူး၊ အစ်မပြန်ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ယောက်ဖနဲ့ လက်ထပ်လိုက်တယ်၊ ပြီးတော့ စစ်တပ်ထဲလိုက်သွားပြီး ဘယ်တော့မှပြန်မလာတော့ဘူး”

ဤအတိတ်အကြောင်းကိုပြောပြနေစဉ် ကျန်းရှောင်ဖန်းမှာ အလွန်ဝမ်းနည်းနေပုံရသည်။ သူမမျက်လုံးများ နီရဲလာပြီး ဆက်ပြော၏။

“အခု အစ်မရှောင်ယန်က အရင်တုန်းက အစ်မရှောင်ယန်မဟုတ်တော့ဘူးလို့ ကျွန်မ ဦးလေးကိုအကြိမ်ကြိမ် ပြောပြခဲ့တယ်၊ ဒါပေမယ့် ကျွန်မပြောလိုက်တိုင်း ဦးလေးကအရမ်းထူးဆန်းသွားပြီး ထပ်မမေးဖို့တားတယ်၊ ဒါပေမယ့် တကယ့် အစ်မရှောင်ယန်က သေသွားတာကြာပြီလို့ ကျွန်မခံစားနေရတယ်”

ရှဲ့လီနှင့် လီချယ်တို့သည် အဓိပ္ပာယ်ပါပါအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရှဲ့လီ သံသယရှိနေသူမှာ စစ်တပ်ဝင်း အတွင်းမှ စစ်သည်ဇနီးသည် ကျန်းရှောင်ယန်ပင်။ ကျန်းရှောင်ဖန်းသည် ကျန်းရှောင်ယန်၏ဓာတ်ပုံဟောင်းလေးတစ်ခုကိုပင် ထုတ်ပြခဲ့သည်။ သူတို့နှစ်ဦးမှာ အလွန်တူညီကြသော်လည်း သူတို့သည် တစ်ယောက်တည်းမဟုတ်ကြောင်းကို ရှဲ့လီတစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်ပေ၏။ တကယ့်ကျန်းရှောင်ယန်မှာ သေဆုံးသွားဖို့များသည်။

လက်ရှိကျန်းရှောင်ယန်မှာ ရန်သူ့သူလျှိုများက အစားထိုးထည့်သွင်းထားသူသာဖြစ်သည်။ ကျန်းရှောင်ဖန်း သတိမထားမိချိန်တွင် ရှဲ့လီသည် ကင်မရာထုတ်ကာဓာတ်ပုံရိုက်လိုက်၏။

သူတို့စုဆောင်းရရှိထားသော အထောက်အထားများမှာ စစ်တပ်ဝင်းအတွင်းရှိ ကျန်းရှောင်ယန်သည် အတုအယောင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။

“ရှဲ့လီ မင်းက တကယ်တော်တာပဲ၊ ကျန်းရှောင်ယန်ကို မင်းဘယ်လိုများ သံသယဝင်သွားရတာလဲ”

ဤဖြစ်ရပ်ပြီးနောက် လီချယ်သည် ရှဲ့လီ၏စွမ်းရည်များကို ပို၍ပင် အထင်ကြီးလေးစားသွားတော့သည်။

ရှဲ့လီက လှောင်ပြုံးပြုံးကာ လက်ကာပြရင်း စတင်ကြွားလုံးထုတ်လေ၏။

“ဘလာ ဘလာ ဟိုဟာက ဒီဟာ ဒီဟာက ဟိုဟာ ကွိစိကွစ”

ရှဲ့လီသည် တံတွေးများလွင့်စင်ထွက်လာသည်အထိပြောဆိုနေပြီး သူတို့နှစ်ဦးမှာ တံငါရွာလေး၏လမ်းသွယ်လေးထဲတွင် ပခုံးချင်းဖက်ကာလျှောက်လာကြသည်။

“မင်းက တကယ့်ကိုအံ့သြစရာပဲ”

လီချယ်က ရိုးရိုးသားသားချီးကျူးလိုက်သည်။ ရှဲ့လီသည် ခေါင်းကိုမော့ကာ မာနတခွဲသားဖြင့်ပြောလိုက်၏။

“သေချာတာပေါ့၊ ငါက ဘယ်သူလဲဆိုတာကို ကြည့်ဦးလေ”

“ရှောင်လီ”

“…..”

“…...”

All Chapters