← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

Ch-96

“ရှောင်လီ”

ရှန်ဟွိုင်နျန်က စကားစပြောလိုက်သည်။ ရှဲ့လီသည် အလွန်အမင်း ပိန်ချုံးနွမ်းနယ်နေသော ထိုမျက်နှာကိုကြည့်ကာ တံတွေးတစ်ချက်မြိုချလိုက်မိသည်။

ဤအမျိုးသားသည် ဒုက္ခများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီးနောက် အမှန်တရားကိုသိမြင်သွားကာ ကွာရှင်းချင်နေခြင်းဖြစ်နိုင်၏။

‘ငါက ဒုက္ခပေးလို့မဝသေးဘူးလေ'

‘ငါ အဲဒီကိုလိုက်သွားရတဲ့ အကြောင်းရင်းက ဟိုကစည်သွတ်ငါးသေတ္တာတွေက အရမ်းစားကောင်းလို့ဆိုတာကို လီချယ်က ရှန်ဟွိုင်နျန်ကို သေချာရှင်းပြခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား၊ ဟုတ်တယ် အစားအသောက်ကြောင့်ပဲ'

ရှဲ့လီ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ အကယ်၍ ရှန်ဟွိုင်နျန်သာ ကွာရှင်းဖို့အကြောင်း ပြောလာလျှင် သူမသည် အရှက်မရှိဘဲ သူ့ကို တင်းကျပ်စွာဖက်တွယ်ထားပြီး လုံးဝလွှတ်ပေးမည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။

‘ငါက သူ့ကိုနှောက်ယှက်လို့မဝသေးတဲ့အတွက် ကွာရှင်းဖို့လုံးဝမဖြစ်နိုင်ဘူး'

ရှဲ့လီ စကားမပြောနိုင်မီမှာပင် ရှန်ဟွိုင်နျန်က အရင်မတ်တတ်ရပ်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်၏။

ရှဲ့လီ : “……”

“ရှောင်လီ ကိုယ့်ကို မထားခဲ့ပါနဲ့၊ မင်းက အစားမက်ပြီး စည်သွတ်ငါးသေတ္တာစားချင်လို့ အဲဒီကိုလီချယ်နဲ့အတူ သွားပြီးလည်ပတ်တယ်ဆိုတာ ကိုယ်သိပါတယ် တောင်းပန်ပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်းနောက်ကို ကိုယ်လိုက်လာတော့ မင်း လန့်သွားခဲ့တယ်မလား၊ ကိုယ့်ကို ထားမသွားပါနဲ့နော် ဟုတ်ပြီလား”

ရှန်ဟွိုင်နျန်၏အသံမှာ နူးညံ့နေပြီး ရှိုက်သံအနည်းငယ်ရောယှက်နေသည်။

ရှဲ့လီ၏ပါးစပ်လေး ပွင့်ဟသွားသည်။

‘သူ...သူငိုနေတာတော့ မဟုတ်ပါဘူးနော်၊ ဒါဆိုရင်တော့ အရမ်းကိုရင်ခုန်စရာကောင်းသွားပြီ'

ရှဲ့လီသည် ရှန်ဟွိုင်နျန်ကိုအသာတွန်းဖယ်လိုက်၏။ ထင်သည့်အတိုင်းပင် ထိုအမျိုးသား၏မျက်လုံးထောင့်များမှာ နီရဲနေပြီး မျက်တောင်များတွင်လည်း မျက်ရည်များ စိုစွတ်နေလေသည်။

‘လှလိုက်တာ၊ သူက အရမ်းကိုလှတာပဲ'

ရှဲ့လီမှာ မှင်တက်သွားပြီးစိုက်ကြည့်နေမိသည်။ ပုံမှန်အားဖြင့် အေးစက်နေတတ်သော ထိုမြေခွေးမျက်လုံးများတွင် ယခုအခါ တောင်းပန်တိုးလျှိုးမှုများ၊ နှိမ့်ချမှုများနှင့် အကြောက်တရားများဖြင့်ပြည့်နှက်နေလေ၏။ ရှဲ့လီ၏နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပျောင်းသွားရတော့သည်။

‘ဒီအမျိုးသားက ဒီလိုလုပ်ရတာကို အရမ်းကျွမ်းကျင်လွန်းတယ်၊ သူက ငါ့နှလုံးသားရဲ့အချိုမြိန်ဆုံးနေရာကို ကွက်တိ ထိမှန်သွားအောင်လုပ်နိုင်တယ်'

“ဟုတ်ပြီလား”

သူ့အသံမှာ တိုးညှင်းပြီးတောင်းပန်တိုးလျှိုးမှုများ ပါဝင်နေသည်။ ပင်ပန်းနွမ်းနယ်မှုများထင်ဟပ်နေသော ချောမောလှပသည့် သူ့မျက်နှာလေးမှာ ယခုအခါ အလွန်အားနည်းနေပုံရပြီး ရင်နာစရာပင်ကောင်းလှ၏။

“မိန်းကလေးတိုင်းက အစားအသောက်ကို ကြိုက်ကြတာပဲလေ၊ စည်သွတ်ငါးသေတ္တာကြောင့် မင်း အဲဒီကိုပါသွားတာ ပုံမှန်ပါပဲ၊ ဒါက ကိုယ့်အမှားပါ၊ ပုံမှန်ဆိုရင် ကိုယ်ကမင်းအတွက် အရသာရှိတာတွေ ပိုဝယ်ပေးသင့်တာ”

‘ငါ့အတွက် ဒီလိုယုတ္တိမတန်တဲ့ အကြောင်းပြချက်ကိုတောင် ရှာပေးထားသေးတယ်'

‘အပြစ်အားလုံးကို သူချည်းပဲခံယူထားတာပဲ’

‘ဒီလိုမျိုး ရှန်ဟွိုင်နျန်ကို ဘယ်သူမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူး၊ အဲဒီအထဲမှာ ငါလည်းပါတယ်’

ရှဲ့လီသည် ရှန်ဟွိုင်နျန်၏ကျစ်လစ်သန်မာသောခါးကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်လိုက်ပြီး ချွဲနွဲ့လိုက်၏။

“အားနျန် ကျွန်မက ရှင့်ကိုပဲ သဘောကျတာပါ”

ရှန်ဟွိုင်နျန်သည် မျက်နှာများနီရဲသွားကာ သူမကိုပြန်လည်ဖက်တွယ်လိုက်သည်။

*ဒေါက် ဒေါက် ဒေါက်*

ရုတ်တရက် အချိန်အခါမဟုတ် တံခါးခေါက်သံထွက်ပေါ်လာသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းကမှခံစားချက်များဖြင့် ပြည့်နှက်နေသော မြေခွေးမျက်လုံးများသည် ချက်ချင်းဆိုသလို ရေခဲတမျှအေးစက်သွားပြီး တံခါးဆီသို့ စူးစိုက်ကြည့်လိုက်၏။

တံခါးအပြင်ဘက်တွင်ရပ်နေသော ကျန်းချင်းလျန်သည် ကျောရိုးတစ်လျှောက် အေးစက်မှုများစိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။

‘နွေလယ်ခေါင်ကြီးမှာ ဘာတွေဖြစ်နေတာလဲ’

ရှန်ဟွိုင်နျန် တံခါးထဖွင့်လိုက်သည်။

ကျန်းချင်းလျန်မှာ စည်သွတ်ငါးသေတ္တာတစ်ဖာကို ကိုင်ထား၏။ ရှန်ဟွိုင်နျန်၏နီရဲနေသောမျက်လုံးထောင့်များနှင့် စိုစွတ်နေသော မျက်တောင်များကို မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် ထိတ်လန့်သွားတော့သည်။

‘ငါ့တပ်မှူးက အိမ်မှာခင်ပွန်းငယ်လေးအဖြစ် ပြန်သရုပ်ဆောင်နေပြန်ပြီလား'

‘ဇနီးဖြစ်သူ အိမ်မှာဆက်နေဖို့ အချိုသတ်တဲ့နေရာမှာ တပ်မှူးက တကယ်ကို အစွမ်းကုန်ကြိုးစားနေတာပဲ’ သူက အိမ်မပြန်ခင် ငါးရက်လောက်ကတည်းက မုတ်ဆိတ်မရိတ်ခဲ့ဘူး၊ အခုကြည့်ရတာ နည်းနည်းတော့ပိန်ချုံးနွမ်းနယ်နေသလိုပဲ၊ တကယ့်ကို ငါ့ရဲ့ တပ်မှူးပီသပါပေတယ်၊ မိန်းမကို အချိုသတ်တဲ့နေရာမှာတောင် သရုပ်ဆောင်အရမ်းကောင်းတယ်'

စစ်နတ်ဘုရားရှန်ဟွိုင်နျန်က ကိုယ့်ကိုကိုယ်နှိမ့်ချကာ မိန်းမအား အချိုသတ်ရန် နှာတရှုံ့ရှုံ့နှင့် ငိုယိုနေသည့် မြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် ကျန်းချင်းလျန်မှာ ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့ချေ။

“ဟဲ ဟဲ”

*ရွှစ်*

အေးစက်စူးရှသော အကြည့်တစ်ချက် ပျံဝဲလာသည်။ ကျန်းချင်းလျန် တစ်ကိုယ်လုံးတုန်တက်သွားပြီး ရှန်ဟွိုင်နျန်၏မျက်လုံးများကို ဆက်မကြည့်ရဲတော့ချေ။ သူသည် အသံကိုတမင်တကာမြှင့်ကာ ပြောလိုက်သည်။

“တပ်မှူး ဒါမရီးအတွက် တပ်မှူး အထူးတလည်ဝယ်လာခဲ့တဲ့ စည်သွတ်ငါးသေတ္တာတွေပါ၊ ကျွန်တော် လာပို့ပေးတာ”

ထိုသို့ပြောပြီးသည်နှင့် သူသည် စည်သွတ်ငါးသေတ္တာများကို ချထားခဲ့ကာအမြန်ထွက်ပြေးသွားတော့သည်။ ရှန်ဟွိုင်နျန်သည် စည်သွတ်ငါးသေတ္တာများကိုကိုင်ကာ ရှဲ့လီအနားသို့တိုးသွား၏။

“ရှောင်လီ မင်းအတွက် ကိုယ်ဝယ်လာတာ”

ရှဲ့လီသည် ရှက်သွေးဖြာဟန်ဖြင့် ကိုယ်လေးကိုယိမ်းကာ ချွဲနွဲ့လိုက်သည်။

“ကျွန်မ မဖွင့်တတ်ဘူး၊ ကူဖွင့်ပေးပါဦးနော်”

ပြောဖို့မေ့ကျန်ခဲ့သည့် အကြောင်းအရာတစ်ခုကိုသတိရသွားသဖြင့် နောက်သို့ ပြန်လှည့်လာသော ကျန်းချင်းလျန်သည် တစ်ကိုယ်လုံးကြက်သီးမွှေးညင်းများပင် ထသွားလေ၏။

‘ဟမ့် မိန်းမတွေများ ဧရာမကျောက်တုံးကြီးကို လက်ဗလာနဲ့ မ,တင်နိုင်တဲ့ မရီးက စည်သွတ်ငါးသေတ္တာကို မဖွင့်တတ်ဘူးတဲ့လား၊ သူမက စည်သွတ်ဗူးကို လက်ဗလာနဲ့ ချေမွပစ်နိုင်တယ်ဆိုရင်တောင် သူယုံသေးတယ်၊ အခုကျတော့ မဖွင့်တတ်ဘူးတဲ့'

နောက်စက္ကန့်တွင်မူ

“ကိုယ် ကူဖွင့်ပေးမယ်လေ၊ မင်း လက်နာသွားဦးမယ်”

ထိုအသံမှာ သူ့တပ်မှူးအသံဖြစ်ပြီး အလွန်နူးညံ့နေသည်။ ကျန်းချင်းလျန်တစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သွားတော့သည်။

‘ငါ နားလည်သွားပြီ၊ တပ်မှူးက အရင်တုန်းက လူပျိုကြီးဖြစ်နေတာ မိန်းမမရလို့ မဟုတ်ဘူး၊ သူက အရမ်းကို ကျွမ်းကျင်လွန်းနေလို့ပဲ၊ သူ သဘောကျတဲ့သူနဲ့မတွေ့သေးလို့ အားမထုတ်ချင်သေးတာပဲဖြစ်မယ်၊ ဟမ့် ယောက်ျားတွေများ'

ကျန်းချင်းလျန်သည် ကိုယ့်ကိုကိုယ်အသိစိတ်ဝင်စေရန် နဖူးကိုဖြတ်ခနဲရိုက်ကာ ထွက်ပြေးသွားတော့၏။

All Chapters