← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

Ch-103

ရှောင်ချီက အံတင်းတင်းကြိတ်ကာ ရှေ့သို့ထွက်လာခဲ့သည်။

“တပ်မှူး၊ ကျွန်တော် ညီအစ်ကိုတချို့ကို ခေါ်ပြီး ရှေ့ကနေဝင်တိုက်ပါ့မယ်၊ တပ်မှူးက ဒီမှာပဲနေပြီးအမိန့်ပေးပါ”

ကျန်းချင်းလျန်ကလည်း လှည့်ကြည့်ကာ ဝင်ပြောသည်။

“တပ်မှူးသွားလို့မဖြစ်ဘူး၊ တပ်မှူးတစ်ခုခုဖြစ်သွားရင် တစ်တပ်လုံးကို ဘယ်သူကွပ်ကဲမလဲ”

ရှန်ဟွိုင်နျန်၏အကြည့်များ အနည်းငယ် မှောင်မိုက်သွား၏။

“ဒီစစ်ဆင်ရေးက အရေးကြီးနေပြီ၊ ဒါတွေကို စဉ်းစားနေလို့မရတော့ဘူး၊ ချင်းလျန် မြန်မြန်သွား၊ အချိန်မဆွဲနဲ့”

ကျန်းချင်းလျန်၏မျက်လုံးများ နီရဲလာပြီး ခြေဆောင့်ကာပြန်ပြောလိုက်သည်။

“တပ်မှူး၊ တပ်မှူးက ဘေးလမ်းကနေသွား၊ ကျွန်တော်နဲ့ရှောင်ချီက ရှေ့ကနေ တက်မယ်၊ ကျွန်တော်တို့နှစ်ယောက်ကို မယုံသေးတာလား”

ရှောင်ချီကလည်း အလျင်စလို ခေါင်းညိတ်ထောက်ခံသည်။

“ဟုတ်တယ်၊ ကျွန်တော်တို့နှစ်ယောက်သွားမယ်၊ တပ်မှူး မရီးကိုလည်း စဉ်းစားပါဦး၊ သူက တပ်မှူးအိမ်ပြန်လာမယ့်အချိန်ကို စောင့်နေတာ”

ရှန်ဟွိုင်နျန်၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမပေါ်လွင်ဘဲ သူ့အသံမှာ တည်ငြိမ်ပြတ်သားနေဆဲဖြစ်၏။

“ဒါ စစ်မိန့်ပဲ”

စစ်မိန့်ဟူသည်မှာ တောင်တန်းကြီးတစ်ခုကဲ့သို့ လေးလံလှပေသည်။ နီရဲနေသော မျက်ဝန်းများနှင့်အတူ ကျန်းချင်းလျန်သည် သူ့လူများကိုဦးဆောင်ကာ ထွက်ခွာသွားတော့သည်။ ရှန်ဟွိုင်နျန်၏စိတ်နေသဘောထားကို ရှောင်ချီ အသိဆုံးပင်။ ဆက်လက်ဖျောင်းဖျနေ၍လည်း အလကားပင်ဖြစ်ပေလိမ့်မည်။

အကယ်၍ အန္တရာယ်နှင့် တကယ်ကြုံတွေ့လာရပါက တပ်မှူးရှေ့မှ မားမားမတ်မတ် ကာကွယ်ပေးမည်ဟုသာ သူ ဆုံးဖြတ်ထားလိုက်သည်။

သူ့တပ်မှူးမှာ ယခုမှသာအိမ်ထောင်တစ်ခုတည်ဆောက်ပြီး ချစ်ရသော မိန်းကလေးတစ်ဦးရှိလာခြင်းဖြစ်သည်။ ယခုလောက် အသက်ဝင်နေသော တပ်မှူး၏ပုံစံမျိုးကို သူတစ်ခါမျှ မမြင်ဖူးခဲ့ချေ။

လူတိုင်း သူတို့၏သက်ဆိုင်ရာပြင်ဆင်မှုများကို လုပ်ဆောင်ရန် ထွက်ခွာသွားကြသည်။ ရှန်ဟွိုင်နျန်က တုန်ယင်နေသော သူ့လက်ချောင်းများကို ငြိမ်သက်သွားစေရန် ကြိုးစားလိုက်သည်။ သူ ရှဲ့လီကို သတိရနေမိ၏။ အရမ်း လွမ်းဆွတ်တမ်းတနေမိသည်။

ယခုတစ်ကြိမ် ထွက်လာခဲ့ရသည်မှာ အလွန်အလျင်လိုလွန်းသဖြင့် သူမကို ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ရန်သာပြောနိုင်ခဲ့ပြီး နွေးနွေးထွေးထွေး ဖက်ထားခွင့်ပင်မရခဲ့ပေ။

ဤစစ်ဆင်ရေးသည် အသက်အန္တရာယ်နှင့် နီးစပ်လှသည်။ သူတို့က လက်နက်ငယ်များဖြင့် ကျွန်းကိုဝင်ရောက်စီးနင်းခဲ့ရသော်လည်း ကျွန်းပေါ်တွင် တပ်စွဲထားသော ရန်သူများ၌ လက်နက်ကြီးများရှိနေသည်။

ဤကျွန်း၏မြေပြင်အနေအထားမှာလည်း ထူးခြားဆန်းကြယ်လှပြီး ကာကွယ်ရန် လွယ်ကူသလောက် တိုက်ခိုက်ရန် အလွန်ခက်ခဲလှ၏။ ရှန်ဟွိုင်နျန်က မျက်လုံးများကိုမှိတ်ကာ တစ်မိနစ်ခန့် စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်။ သူ မျက်လုံးများပြန်ဖွင့်လိုက်သောအခါ မြေခွေးတစ်ကောင်ကဲ့သို့ စူးရှသောထိုမျက်ဝန်းများထဲတွင် မည်သည့်တွေဝေမှုမျိုးမျှမရှိတော့ဘဲ ခိုင်မာသော ဆုံးဖြတ်ချက်များသာ အပြည့်အဝနေရာယူထားတော့သည်။

တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးနောက် ရန်သူများတွင် လက်နက်ကြီးများရှိနေပြီး မြေပြင်အနေအထား၏ အကာအကွယ်ကိုလည်းရရှိထားသဖြင့် သူတို့ဘက်မှ တပ်သားများ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြ၏။

ယဲ့ရှုဟွာနှင့် ရှဲ့လီတို့သည်လည်း တပ်ဖွဲ့များကြားတွင် အပြေးအလွှားသွားလာကာ အရေးပေါ် ကုသမှုများကို မနားတမ်း လုပ်ဆောင်ပေးနေရသည်။

ရန်သူများသည် ရူးသွပ်နေသူများပမာ သူတို့အသက်ကိုပင် ပဓာနမထားဘဲ အသေခံ ပိတ်ဆို့နေကြသည်။ ကောင်းကင်ယံတစ်ခုလုံးတွင် လက်နက်ကြီးကျည်များ၊ မီးခိုးငွေ့များ ဖုံးလွှမ်းနေ၏။

ရှဲ့လီ၏မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဒဏ်ရာများကို အာရုံစူးစိုက်ကာကုသပေးနေသည်။

ရှန်ဟွိုင်နျန်က ရှောင်ချီနှင့် လျူကျန့်ချန်တို့ကိုဦးဆောင်ကာ ရှေ့မှနေ၍ တက်လာပြီး ကျန်းချင်းလျန်နှင့် ပူးပေါင်းကာ စာရွက်စာတမ်းသယ်ဆောင်သူကို ညှပ်ပိတ်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ရန်သူများထံတွင် မီးမောင်းကြီးများရှိနေပြီး အရပ်မျက်နှာအနှံ့အရူးအမူး ရှာဖွေနေကြသည်။ ထိုမီးမောင်းများအောက်တွင် ရှန်ဟွိုင်နျန်အပါအဝင် သူတို့သုံးဦးလုံး ပုန်းကွယ်ရာမှပေါ်ထွက်သွားခဲ့၏။ သူတို့သုံးဦးလုံး အကာအကွယ်ရှာရန် လူစုခွဲလိုက်ကြသည်နှင့် ရန်သူများက တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ပြင်းပြင်းထန်ထန် ပစ်ခတ်တော့သည်။

ရှောင်ချီက အချိန်မီမရှောင်တိမ်းနိုင်ခဲ့သော်လည်း ရှန်ဟွိုင်နျန်က အတင်းဝင်ရောက်ကာ သူ့ကိုဘေးသို့ ဆွဲချလိုက်သည်။

*ဖောက်... ဖောက်... ဖောက်...*

ကျည်ဆန်အချို့ အသားထဲသို့ထိုးဖောက်ဝင်ရောက်သွားသည့်အသံများကို ရှင်းလင်းစွာကြားလိုက်ရရာ ရှောင်ချီက အသံကိုနှိမ့်ကာစိုးရိမ်တကြီး ရှာဖွေလိုက်၏။

“တပ်မှူး တပ်မှူး တပ်မှူးဘယ်မှာလဲ”

မလှမ်းမကမ်းမှ ရှန်ဟွိုင်နျန်အသံ ထွက်ပေါ်လာသည်။

“ဘာပဲဖြစ်ဖြစ် ငါ့ကိုဂရုမစိုက်နဲ့၊ ရှေ့ဆက်တက်ပြီး စာရွက်စာတမ်းကို ရအောင်ယူ”

သူ့အသံ အနည်းငယ်တုန်ယင်နေသည်ကို ရှောင်ချီရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ တပ်မှူးဒဏ်ရာရသွားလေပြီ။ ရှောင်ချီက အံတင်းတင်းကြိတ်ကာ နီရဲနေသောမျက်ဝန်းများနှင့်အတူ ရှေ့သို့ပြေးထွက်သွားတော့သည်။

“ဒါ စစ်မိန့်ပဲ”

တစ်စုံတစ်ရာကို အာရုံစိုက်ပစ်ခတ်နေသကဲ့သို့ အလွန်ပြင်းထန်သိပ်သည်းလှသော လက်နက်ကြီးကျည်များ ဆက်တိုက်ကျရောက်လာသည်။

ရှန်ဟွိုင်နျန်နှင့် ရှောင်ချီတို့လှည့်ကြည့်လိုက်ကြ၏။ မီးတောက်များနှင့် ကျည်ခွံများ နေရာအနှံ့လွင့်စဉ်နေပြီး မြေပြင်ပေါ်တွင် ကျင်းချိုင့်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကျောပေါ်တွင် သေတ္တာတစ်လုံးကို လွယ်ထားသောတက်ကြွဖျတ်လတ်သည့် ပုံရိပ်တစ်ခုက မီးလျှံများကြားတွင် မျောက်တစ်ကောင်ပမာခုန်ပေါက်ပြေးလွှားနေသည်။ သူမလှုပ်ရှားမှုများမှာ သွက်လက်ပေါ့ပါးလွန်းလှပြီး မြန်ဆန်မှုက လျှပ်စီးလက်သကဲ့သို့ အံ့မခန်းပင်။

သူမသည် မီးမောင်းကြီးများနှင့် မိုးသီးများကဲ့သို့ရွာကျနေသော ကျည်ဆန်များကိုပင် ကျွမ်းကျင်စွာရှောင်တိမ်းနိုင်ခဲ့သည်။ သူမ၏ရုတ်တရက်ပေါ်ထွက်လာမှုက ရန်သူများအကြား ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်မှာသေချာ၏။

ရန်သူများက သူမကိုမဖမ်းနိုင်သလို ရှင်းရှင်းလင်းလင်းမမြင်ရသည့်အပြင် သူမလှုပ်ရှားမှုများကိုလည်း လုံးဝနားမလည်နိုင်အောင်ဖြစ်နေကြသည်။ ထိုသူသည် ရပ်နေရာမှ ရုတ်တရက် သုံးပေခန့် အမြင့်သို့ခုန်တက်လိုက်သည်။ ထို့နောက် လက်ပစ်ဗုံးတစ်လုံးကို ဆွဲထုတ်ကာ မီးမောင်းကြီးတစ်ခုဆီသို့ ပစ်သွင်းလိုက်သည်ကို အထင်းသားမြင်လိုက်ရ၏။

အချိန်လေးအတွင်းမှာပင် ရှောင်ချီနှင့် ရှန်ဟွိုင်နျန်တို့နှစ်ဦးလုံး ထိုသေးသွယ်နုနယ်သော မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ရှောင်ချီ၏ပါးစပ်မှာ အံ့ဩလွန်း၍ အိုပုံစံဖြစ်သွားတော့သည်။

“ဟို ဟိုဟာ မရီးမဟုတ်လား”

သူ အိမ်မက်မက်နေခြင်းများလားဟု ထင်မှတ်ကာ ရှောင်ချီက သူ့လက်ကို မြှောက်၍ လျူကျန့်ချန်မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

“နာလား”

“နာတာပေါ့ကွ”

ရှောင်ချီက အလွန်တရာစိတ်လှုပ်ရှားစွာဖြင့် အော်လိုက်၏။

“မရီး”

သူ့မရီးမှာ ကောင်းကင်ဘုံမှဆင်းသက်လာသော နတ်ဘုရားမတစ်ပါးနှင့်ပင် တူနေတော့သည်။ ရှန်ဟွိုင်နျန်မှာတော့ သွေးထွက်လွန်၍ သတိလစ်သွားချေပြီ။ ရှောင်ချီသည် စိတ်လှုပ်ရှားလွန်း၍ ကျလာသော မျက်ရည်တစ်စက်ကို သုတ်လိုက်သည်။ ရှဲ့လီကတုံ့ပြန်သည့်အနေဖြင့် ပြုံးစိစိလုပ်ပြလိုက်၏။

“အိုး ဟိုး”

မီးမောင်းကြီးပေါက်ကွဲမသွားမီ တစ်စက္ကန့်အလိုတွင် သူမသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး နောက်ဆုံးတွင် ရှန်ဟွိုင်နျန်ရှိနေသော နေရာကို တွေ့ရှိသွားတော့သည်။

ဘေးတိုက်တစ်ပတ်လှိမ့်လိုက်ပြီးနောက် သူမသည် ရှန်ဟွိုင်နျန်ဘေးသို့ရောက်ရှိသွားကာ သွေးသံတရဲရဲဖြင့် သတိလစ်နေသော ထိုအမျိုးသားကို ဆွဲယူဖက်တွယ်လိုက်လေတော့၏။

All Chapters