← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

Ch-107

ယဲ့ရှုဟွာရင်ထဲတွင် အရှက်ရမှုနှင့် ဒေါသတရားတို့သည် မုန်တိုင်းတစ်ခုနှယ် ပြင်းထန်စွာရိုက်ခတ်လာခဲ့သည်။ မူလက သူမသည် ဆေးဘက်ဆိုင်ရာ ပါရမီရှင်တစ်ဦးဖြစ်ပြီး နတ်မိမယ်လေးတစ်ပါးကဲ့သို့ လူတိုင်း၏ချီးကျူးမှုနှင့် အားကျမှုကို ခံခဲ့ရသူဖြစ်သည်။ သူမရည်မှန်းချက်များမှာလည်း မြင့်မားခဲ့၏။

သို့သော် ယခုအခါတွင်မူ ရှဲ့လီကြောင့် သူမသည် အောက်ခြေအထိထိုးကျသွားခဲ့ရပြီး လူရယ်စရာတစ်ခုဖြစ်လာခဲ့ရသည်။ ဤတောသူမများပင်လျှင် သူမကို ရဲရဲဝံ့ဝံ့လှောင်ပြောင်ရဲနေကြပြီဖြစ်သည်။

“ရှဲ့လီ”

ယဲ့ရှုဟွာသည် မျက်ဝန်းများမှ မီးတောက်များထွက်လာမတတ် စူးစူးရဲရဲစိုက်ကြည့်နေလေသည်။

“နင် အပြင်ထွက်ရင် ကားကြိတ်ခံရပါစေ၊ အစာစားရင် နင်ပြီးသေပါစေ၊ အိပ်နေရင်းနဲ့လည်း အသက်ထွက်ပါစေ”

ရှဲ့လီသည် တည်ငြိမ်စွာပင်ခေါင်းညိတ်ပြလိုက်ပြီး လှောင်ပြုံးတစ်ခုကိုဖန်တီးလိုက်လေ၏။

“နင့်ရဲ့ မကောင်းတဲ့ဆန္ဒတွေကို ငါ လက်ခံရရှိပါတယ်၊ အဲ့ဒီအတွက် လက်ဆောင်ပြန်ပေးတဲ့အနေနဲ့ နင်အကြိုက်ဆုံးဖြစ်မယ့် ပါးရိုက်ဒဏ်ကို ငါပြန်ကျွေးမွေးလိုက်ပါ့မယ်”

*ဖြောင်း ဖြောင်း ဖြောင်း*

ပြင်းထန်လှသော လက်ဝါးရိုက်သံသုံးချက် အဆက်မပြတ်ထွက်ပေါ်လာပြီး ရှဲ့လီသည် ယဲ့ရှုဟွာ၏ပါးပြင်ပေါ်သို့ အားရပါးရရိုက်ချလိုက်လေသည်။ ပူထူသွားသောခံစားချက်က ယဲ့ရှုဟွာ၏ ပါးပြင်ထက်တွင် ကျန်ရစ်ခဲ့၏။

*ဝီ ဝီ ဝီ*

ယဲ့ရှုဟွာသည် ပိုးတောင်မာတစ်ကောင်ကဲ့သို့ အသံထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ သူမသည် ရှဲ့လီကို သေချာပေါက်ကလဲ့စားချေမည်ဟု စိတ်ထဲမှတေးမှတ်ထားလိုက်သည်။ မဖြစ်မနေကို ကလဲ့စားချေရပေမည်။

“တပ်မှူး ဒါတပ်မှူးလိုချင်တဲ့ စာရွက်စာတမ်းတွေပါ၊ ကျွန်တော် ဒီမှာတင်ထားခဲ့မယ်”

ရှောင်ချီသည် စက္ကူဖိုင်များကိုကိုင်ဆောင်ကာ ရှန်ဟွိုင်နျန်လိုချင်သော စာရွက်စာတမ်းများကို စားပွဲပေါ်သို့ ဂရုတစိုက်တင်ထားလိုက်လေသည်။ စက္ကူများ ပွတ်တိုက်သံတိတ်ဆိတ်နေသော အခန်းတွင်း၌ ပေါ်လွင်နေ၏။

ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့သည် အိမ်အသစ်သို့ ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်ပြီး အိမ်ထဲရှိ ပစ္စည်းများအားလုံးကို ရှဲ့လီစိတ်တိုင်းကျ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားလေသည်။

ရှောင်ချီသည် အိမ်အတွင်းသို့ဝေ့ဝဲကြည့်လိုက်ပြီးနောက် အလွန်အရေးကြီးသော အချက်တစ်ချက်ကို သတိထားမိသွားလေသည်။ သူ့မျက်လုံးများ ပြူးကျယ်သွား၏။

“တပ်မှူး၊ တပ်မှူးက ဘာလို့ မရီးနဲ့ အခန်းခွဲအိပ်နေတာလဲ၊ တပ်မှူးက တော်တော်လေး အရည်အချင်းမရှိတာပဲ၊ တကယ့် ယောက်ျားစစ်စစ်ရော ဟုတ်ရဲ့လား”

ထိုစကားများ ပါးစပ်မှထွက်သွားပြီး‌နောက် ရှောင်ချီသည် လက်မြှောက်ကာ ပါးစပ်ကိုအမြန်ပိတ်တ်ထားလိုက်လေသည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် မပြောသင့်သည်များကို လွှတ်ခနဲပြောမိသွားခြင်းပင်။

ရှန်ဟွိုင်နျန်၏မျက်နှာ မည်းမှောင်သွားပြီး သူ့မြေခွေးမျက်လုံးများထဲမှ လူသတ်ချင်စိတ်ပေါက်နေသော အေးစက်စက်အလင်းတန်းများ ဖြာထွက်လာလေသည်။

“တပ်....တပ်မှူး စိတ်မဆိုးပါနဲ့၊ ကျွန်တော့်စကားကို နားထောင်ပါဦး၊ ကျွန်တော့်ဆီမှာ နည်းလမ်းရှိတယ်၊ တပ်မှုူးကို ကျွန်တော်သင်ပေးမယ်၊”

ရှောင်ချီသည် ကြောက်လန့်တကြား နောက်ဆုတ်လိုက်ရင်း ကမန်းကတန်း ရှင်းပြလေသည်။

*ရှပ်*

ရှန်ဟွိုင်နျန်သည် စူးရှသောသူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်လေသည်။

“အဟမ်း ဆက်ပြော၊ ငါ နားထောင်နေတယ်”

ရှောင်ချီ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် အဓိပ္ပါယ်မရှိသောစကားများကို စတင်ပြောဆိုလေတော့၏။

“တပ်မှူး ကျွန်တော့်အမြင်ကိုပြောရရင် မရီးက ရုပ်ရည်သွင်ပြင်ကို သီးသန့်ကြည့်တဲ့သူပဲ”

ရှန်ဟွိုင်နျန်သည် သူ့ကို စူးစူးရဲရဲတစ်ချက် ထပ်မံစိုက်ကြည့်လိုက်ပြန်သည်။

“ကျစ် ကျွန်တော်ပြောတာဆုံးအောင် နားထောင်ပါဦး၊ ဒါပေမဲ့ ကံကောင်းတာ တပ်မှူးက ရုပ်ချောတယ်လေ တပ်မှူး၊ ခင်ဗျားက မရီးသဘောကျမယ့်ပုံစံမျိုးပဲ”

ထိုအခါမှသာ ရှန်ဟွိုင်နျန်သည် သူ့အကြည့်ကို ပြန်ရုတ်သွားလေ၏။

“တပ်မှူး မိန်းကလေးတွေအားလုံးက သူတို့ကို ကာကွယ်ပေးနိုင်တဲ့ သန်မာတဲ့ ယောက်ျားတွေကို သဘောကျကြတယ် မဟုတ်လား”

ရှန်ဟွိုင်နျန်သည် ထိုစကားကိုလေးလေးနက်နက် တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ ဟုတ်လောက်မည်ဟု သူယူဆလိုက်၏။

ရှောင်ချီသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ကာ ရှန်ဟွိုင်နျန်၏လက်မောင်းမှ ပတ်တီးကို အတင်းဆွဲခွာပစ်လိုက်လေသည်။

“ဒါဆို တပ်မှူးက ဘာလို့အလိုလိုက်ခံချင်နေတဲ့ ကလေးလေးတစ်ယောက်လို ဟန်ဆောင်နေရတာလဲ၊ တပ်မှူးရဲ့ လက်မောင်းက ကောင်းသွားတာကြာလှပြီပဲကို”

ရှန်ဟွိုင်နျန်သည် အနည်းငယ်ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူ့လက်မောင်းမှာ တကယ်ပင်ကောင်းမွန်နေသည်မှာကြာပြီဖြစ်ပြီး သူက ဟန်ဆောင်နေခြင်းသာ။

ရှောင်ချီသည် မျက်လုံးများကိုမှေးလိုက်ကာ မတ်တတ်ထရပ်ပြီး နဂါးနက်လက်သည်းတစ်ဆယ့်ရှစ်ကွက်ကို တစ်ဆက်တည်းထုတ်ပြလေတော့သည်။ လေကိုခွင်းသွားသော သူ့လက်သီးသံများက အခန်းတွင်း၌ ပဲ့တင်ထပ်သွား၏။

“တပ်မှူး ကြည့်လိုက်၊ ကျွန်တော့်ရဲ့ သိုင်းကွက်က ဘယ်လိုနေလဲ”

ရှန်ဟွိုင်နျန်ကလည်း လေးနက်တည်ကြည်စွာဖြင့် အကဲဖြတ်ပေးလေသည်။

“မဆိုးဘူး စံချိန်မီတယ်”

“အားး ကျွန်တော် အဲ့ဒါကိုပြောနေတာမဟုတ်ဘူး၊ ကျွန်တော်ဆိုလိုတာက ကြည့်ရတာ အားပါရဲ့လား၊ လုံခြုံမှုပေးနိုင်တဲ့ခံစားချက်မျိုးရော ရရဲ့လားလို့ မေးတာ”

ရှန်ဟွိုင်နျန်သည် ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလိုက်သည်။

“တပ်မှူး ပြီးခဲ့တဲ့ စစ်ဆင်ရေးတုန်းက မရီးက တပ်မှူးကိုလမ်းတစ်လျှောက်လုံး ကျောပေါ်ကုန်းပိုးပြီးခေါ်လာခဲ့တာလေ စဉ်းစားကြည့်စမ်းပါ၊ အဲ့ဒီအလုပ်က ယောက်ျားတစ်ယောက်ရဲ့တာဝန် ဖြစ်သင့်တာမဟုတ်ဘူးလား”

ရှန်ဟွိုင်နျန်အသံမှာ အနည်းငယ် တုန်ယင်သွား၏။

“ငါ.....ငါလည်း အဲ့ဒီလိုမဖြစ်ချင်ပါဘူး၊ ဒါပေမဲ့”

“အိုက်ယား ဒါပေမဲ့တွေ ဘာတွေလုပ်မနေနဲ့တော့၊ အခုအရေးကြီးဆုံးက မရီးရဲ့ရှေ့မှာ တပ်မှူးရဲ့ကြမ်းတမ်းပြတ်သားတဲ့ပုံစံကို ချပြဖို့ပဲ၊ တပ်မှုး ကျွန်တော်တို့ကို ပုံမှန်ဆိုဘယ်လိုဆုံးမလေ့ရှိလဲဆိုတာ မှတ်မိသေးရဲ့လား”

ရှောင်ချီသည် မတ်တတ်ရပ်လိုက်ကာ ရှန်ဟွိုင်နျန်၏ပုံမှန်ဟန်ပန်အတိုင်း အတုခိုးလိုက်ပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ဆူပူလေတော့သည်။

“မင်းကယောက်ျားပဲ မိန်းမလျာလိုမလုပ်စမ်းနဲ့၊ ငါပြောတာကြားလား”

ရှန်ဟွိုင်နျန် ဒေါသပေါက်ကွဲတော့မည့် ဆဲဆဲတွင် ရှောင်ချီက ဒူးထောက်ချလိုက်ကာ သူ့အမှားကိုချက်ချင်းဝန်ခံလေတော့၏။

“တပ်မှူး ဒေါသမထွက်ပါနဲ့ဦး၊ ကျွန်တော်ကတပ်မှူးမုဝင်သွားအောင်လို့ တပ်မှူးပုံစံကို အတုခိုးပြတာပါ ဟဲဟဲဟဲ”

‘ဒီလိုလုပ်ရတာ တကယ့်ကိုအရသာရှိတာပဲ' ရှောင်ချီသည် ကွေးတက်သွားသော သူ့နှုတ်ခမ်းထောင့်များကို အစွမ်းကုန် ထိန်းချုပ်ထားရလေသည်။

“နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ခေါင်းဆောင်လီနဲ့မရီးက ဘာလို့ ရင်းနှီးနေလဲ တပ်မှူးသိလား၊ အဲ့ဒီကောင်က ရုပ်ရည်သိပ်မရှိပေမဲ့ သူ့ဆီမှာ ယောက်ျားတစ်ယောက်ရဲ့လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါမျိုးရှိနေလို့ပဲ”

ရှန်ဟွိုင်နျန်စိတ်ထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ခံစားလိုက်ရသည်။ တစ်ယောက်ကလည်း ရဲရဲတင်းတင်းသင်ပေးရဲသလို နောက်တစ်ယောက်ကလည်း ရဲရဲဝံ့ဝံ့နားထောင်ရဲလေ၏။

သူ့ရင်ထဲတွင် မိမိချစ်ရသူကိုကာကွယ်ပေးနိုင်စွမ်းရှိသော ယောက်ျားကောင်းတစ်ယောက်အဖြစ် သက်သေပြလိုသည့်ဆန္ဒများ ပြင်းပြစွာဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။ ရှဲ့လီသည် ကုန်ပစ္စည်းဖြန့်ဖြူးရေးသမဝါယမမှ ခြင်းတောင်းလေးဆွဲကာပြန်လာခဲ့သည်။ အိမ်ထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ထွက်ပေါ်လာသော ကျယ်လောင်သည့်အော်သံကြီးကြောင့် သူမ လန့်ဖျပ်သွားခဲ့ရလေ၏။

ရှန်ဟွိုင်နျန်၏လက်မောင်းပေါ်ရှိ ပတ်တီးမှာ မည်သည့်အချိန်ကတည်းကမရှိတော့သည်မသိ သူမ မြင်တွေ့လိုက်ရသည်မှာ စစ်ဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားပြီး ထူးကဲသောအရှိန်အဝါတို့ဖြင့် မတ်မတ်ရပ်နေသော ရှန်ဟွိုင်နျန်၏ပုံစံပင်။

“ဟား.....ယား...”

ကျယ်လောင်သောဟစ်ကြွေးသံနှင့်အတူ သူသည် ရှဲ့လီရှေ့တွင် နဂါးနက်လက်သည်းတစ်ဆယ့်ရှစ်ကွက်ကို အားပါပါထုတ်သုံးပြလေတော့သည်။ သူ့လှုပ်ရှားမှုတိုင်းတွင် သန်မာတက်ကြွမှုတို့ အပြည့်အဝပါဝင်နေ၏။ ရှဲ့လီ မျက်ဝန်းများပြူးကျယ်သွားကာ နားလည်ရခက်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။

‘သူ တကယ်ပဲ ခေါင်းကောင်းသေးရဲ့လား’

All Chapters