← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

Ch-121

ရှဲ့လီသည် မျက်နှာတစ်ခုလုံး ရုတ်တရက်ပူထူသွားသလို ခံစားလိုက်ရပြီးနောက် အဓိပ္ပာယ်မရှိသောစကားများကို ယောင်ယောင်ယမ်းယမ်း ပြောဆိုလိုက်လေတော့သည်။

“အဲဒါက ကျွန်မ ငယ်ငယ်တုန်းက ရောဂါတစ်ခု ဖြစ်ဖူးတယ်၊ ပျောက်သွားပေမယ့် ဘေးထွက်ဆိုးကျိုးတချို့ကျန်ခဲ့တာ၊ ကျွန်မ ငေးနေတဲ့အချိန်တိုင်း သွားရည်ကျတတ်တယ် ဟားဟားဟား...”

သူမစကားများမဆုံးမီမှာပင် ရှန်ဟွိုင်နျန်သည် သူမခေါင်းကို အနောက်မှကိုင်ကာ ခေါင်းငုံ့၍ သူမနှုတ်ခမ်းဖူးဖူးလေးကို နမ်းရှိုက်လိုက်လေတော့သည်။

ဖန်းတာဖုနှင့် လျူကျောက်တိတို့မှာမူ ဒယ်အိုးထဲတွင် လှန်နေသောပန်ကိတ်များပမာ ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်ဖြင့် အိပ်မပျော်နိုင်အောင် ဖြစ်နေကြလေ၏။ ဤအခန်း၏ အသံလုံစနစ်မှာ အလွန်တရာညံ့ဖျင်းလှပေသည်။

ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့ဘက်မှ အနည်းငယ်ကျယ်လောင်သော လှုပ်ရှားမှုလေးများကိုပင် ဤဘက်မှ ရှင်းလင်းပြတ်သားစွာကြားနေရလေသည်။ ပထမဆုံးအနေဖြင့် သူတို့နှစ်ဦးသည် ရှဲ့လီ၏အော်သံကို ကြားလိုက်ရလေ၏။

“အား ကြီးလိုက်တာ”

ဖန်းတာဖုနှင့် လျူကျောက်တိတို့မှာ ဆွံ့အသွားကြလေတော့သည်။ သူတို့နှစ်ဦးလုံး တည်းခိုခန်းသို့မသွားခဲ့မိသည်ကို နောင်တရနေမိကြသည်။ ထို့နောက် နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်၏။

“အား အရမ်းကြီးနေတယ် အားနျန်”

ထိုအသံ၏နောက်တွင် ချက်ချင်းဆိုသလို ထူးဆန်းသောအသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့တော့သည်။

*ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း*

ဖန်းတာဖုနှင့် လျူကျောက်တိတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေ၏။

‘ဘုရားရေ ဒီ...ဒီရှောင်ရှန်က တကယ်ကြမ်းတမ်းတာပဲ'

‘ဒီအသံတွေ၊ ဒီလှုပ်ရှားမှုတွေအရဆိုရင် သူ့ခါးက ဘယ်လောက်တောင်သန်မာလိုက်မလဲ'

ဖန်းတာဖုသည် လည်ချောင်းရှင်းကာ တိုးတိုးလေးပြောလိုက်လေသည်။

“ဘုရားရေ ဒီလူငယ်တွေကတော့”

သူ အသက်အငယ်ဆုံးနှင့် ခွန်အားအရှိဆုံးအချိန်များကို ပြန်တွေးကြည့်မိသော်လည်း ထိုပမာဏ၏တစ်ဝက်ကိုပင် သူမစွမ်းဆောင်နိုင်ခဲ့ချေ။

ပြင်းထန်သော အသက်ရှူသံများနှင့်အတူ ရှန်ဟွိုင်နျန်၏ညင်သာယုယစွာ ချော့မော့နေသော အသံကိုပါ ကြားလိုက်ကြရလေသည်။

“ရှောင်လီ စိတ်မပူနဲ့၊ ခဏနေရင် ပြီးသွားမှာပါ”

ထို့နောက် နောက်ထပ် ‘ဖြန်း၊ ဖြန်း၊ ဖြန်း၊ ဖြန်း’ဟူသော အသံများ ထွက်ပေါ်လာပြန်သည်။ လျူကျောက်တိ မျက်ခုံးတစ်ဖက်ပင့်လိုက်လေ၏။

“ငါတော့သည်းမခံနိုင်တော့ဘူး၊ ဒီလူငယ်လေးက သိပ်ကြမ်းတာပဲ”

မိနစ်အနည်းငယ် ထပ်မံကြာမြင့်သွားပြီးနောက် ရှဲ့လီ၏ညည်းတွားသံအနည်းငယ်နှင့်အတူ ရှန်ဟွိုင်နျန်က တိုးတိုးလေး နှစ်သိမ့်ပေးနေသောအသံများကို ကြားလိုက်ရလေသည်။

သက်ကြီးရွယ်အိုဇနီးမောင်နှံသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ ကုတင်ပေါ်တွင် ပက်လက်လှန်လျက် မျက်နှာကျက်ကိုသာ ညလုံးပေါက်ငေးကြည့်နေခဲ့ကြရလေတော့၏။

နောက်တစ်နေ့ နံနက်စောစောတွင် သူတို့နှစ်ဦးလုံးပန်ဒါမျက်လုံးများဖြင့် နိုးထလာကြပြီးနောက် အနည်းငယ်ပင်ပန်းနွမ်းနယ်နေဟန်ရှိသော ရှန်ဟွိုင်နျန်နှင့် တွေ့လိုက်ရလေသည်။

“အိုး ရှောင်ရှန် မင်း အစောကြီးထနေပါလား ဟားဟား”

ဖန်းတာဖု ခြောက်ကပ်ကပ်ရယ်မောလိုက်လေသည်။ ရှန်ဟွိုင်နျန် ခေါင်းညိတ်ပြလိုက်လေ၏။

“ကျွန်တော် အကျင့်ပါနေလို့ပါ၊ ရှောင်လီအတွက် နံနက်စာသွားလုပ်ပေးမလို့၊ အဖေတို့ အမေတို့မစားတဲ့ဟာတွေရှိလား”

ဖန်းတာဖုနှင့် လျူကျောက်တိတို့လက်ခါပြလိုက်ကြလေသည်။

“မရှိပါဘူး မရှိပါဘူး”

မီးဖိုချောင်ထဲတွင် အလုပ်များနေသော ရှန်ဟွိုင်နျန်၏ကျောပြင်ကိုကြည့်ရင်း သူတို့နှစ်ဦး အပြန်အလှန်ပြုံးပြလိုက်ကြလေသည်။

‘ဒီကောင်လေးက တကယ်တော့ တော်တော်လေး ဂရုစိုက်တတ်တာပဲ၊ သူတို့ရှောင်လီလေးအပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်'

“ဒါပေမယ့် သူကအိပ်ရာပေါ်မှာ နည်းနည်းလေးကြမ်းလွန်းတယ်၊ ရှောင်လီလေးကိုတောင် ငိုအောင်လုပ်လိုက်သေးတယ်”

လျူကျောက်တိက တိုးတိုးလေးပြောလိုက်လေ၏။ ဖန်းတာဖုက သူမအား လက်ဖြင့် တွတ်လိုက်လေသည်။

“မင်းက ဘာသိလို့လဲ၊ အဲဒါကိုလူငယ်တွေရဲ့ စိတ်အားထက်သန်မှုလို့ခေါ်တယ်၊ ပါးစပ်ပိတ်ထားစမ်းပါ”

ရှန်ဟွိုင်နျန်က ကြက်ဥများခေါက်နေရင်းမှ သမ်းဝေလိုက်လေသည်။

မနေ့ညက သူ ကောင်းကောင်းအိပ်မပျော်ခဲ့ချေ။ သူတို့နှစ်ဦး အနမ်းများ ဖလှယ်ရန် စတင်နေစဉ်မှာပင် ပိုးဟပ်ကြီးတစ်ကောင်၏ဝင်ရောက်နှောင့်ယှက်မှုကို ခံလိုက်ရလေသည်။

ထိုသောက်ကျိုးနည်း ပိုးဟပ်ကောင်မှာ အလွန်တရာ လျင်မြန်ဖြတ်လတ်လှသည်။ ရှဲ့လီသည် ပိုးဟပ်များကို ကြောက်လန့်တတ်သူဖြစ်ရာ ကြောက်လန့်လွန်းသဖြင့် ငိုပင်ငိုချင်လာခဲ့၏။

သူသည် ညဉ့်ဝက်ခန့် ဖိနပ်ဖြင့်ရိုက်ရန် လိုက်လံဖမ်းဆီးနေခဲ့ရသည်။ ထိုအကောင်အားသတ်ပြီးနောက် ရှဲ့လီအား အိပ်ပျော်စေရန် အချိန်အတော်ကြာအောင် ချော့သိပ်ခဲ့ရသေးသည်။

နံနက်စာစားပြီးနောက် ရှန်ဟွိုင်နျန်သည် စစ်တပ်စခန်းသို့ထွက်ခွာသွားခဲ့၏။ ရှဲ့လီမှာမူ နံနက်ဆယ့်တစ်နာရီအထိ နိုးမလာခဲ့ချေ။ ထုံးစံအတိုင်း သူမ၏နံနက်စာမှာ စားပွဲပေါ်တွင် အဆင်သင့်ပြင်ဆင်ထားလျက် ရှိနေလေသည်။

လျူကျောက်တိသည် မီးဖိုချောင်ထဲတွင် ကြက်သားစွပ်ပြုတ်ချက်ပြုတ်နေခဲ့သည်။ ရှဲ့လီ ထွက်လာသည်ကိုမြင်သောအခါ သူမအား အလျင်အမြန် တွဲ၍ ထိုင်ခိုင်းလိုက်လေ၏။

“သမီး တော်တော်လေးပင်ပန်းနေမှာပဲ ဟုတ်တယ်မလား ဘယ်မှမသွားနဲ့ဦး၊ အမေ အခုလေးတင်ကြက်တစ်ကောင်သတ်ပြီး သမီးခန္ဓာကိုယ် အားရှိအောင် စွပ်ပြုတ်လုပ်ထားပေးတယ်”

လျူကျောက်တိသည် ဟင်းချက်ကောင်းသူတစ်ဦးပင်။ ရှဲ့လီသည် ကြက်သားစွပ်ပြုတ်ကို အားရပါးရ သောက်လိုက်လေသည်။

“အမေနဲ့ အဖေ၊ အဖေတို့လည်း နည်းနည်းသောက်ကြဦးလေ”

သူမ စားသောက်နေစဉ်မှာပင် ချန်ကျွေ့ ရောက်ရှိလာခဲ့လေသည်။ သူသည် ညတွင်းချင်း သူ့အိမ်ကိုရှင်းလင်းပြင်ဆင်ပြီးနောက် ဖန်းတာဖုနှင့် လျူကျောက်တိတို့ကို လာကြိုခြင်းဖြစ်သည်။ သူသည် ရှန်ဟွိုင်နျန်အား မျက်နှာလိုမျက်နှာရလုပ်ရန် နောက်ထပ်အခွင့်အရေးပေးတော့မည်မဟုတ်ချေ။

ချန်ကျွေ့က သီချင်းလေးညည်းကာ စိတ်ချမ်းသာနေခဲ့သည်။ လျူကျောက်တိသည် သူ့အား အထက်အောက် စုန်ဆန်ကြည့်ရှုရင်း သနားစဖွယ် မျက်နှာထားဖြင့် စုတ်သပ်လိုက်လေသည်။

“ကျွတ် ကျွတ် ကျွတ်”

သူမသည် ချန်ကျွေ့အဝတ်မပါဘဲ ပြေးလွှားဆော့ကစားနေသည့်အရွယ်ကတည်းကနေ ကြီးပြင်းလာသည်အထိ မြင်တွေ့ခဲ့ရသူဖြစ်၏။ မနေ့ညက ရှဲ့လီ၏အော်သံများကို ပြန်တွေးကြည့်လိုက်သောအခါ ချန်ကျွေ့အနေဖြင့် ထိုကိစ္စတွင် ရှန်ဟွိုင်နျန်အား သေချာပေါက် ယှဉ်နိုင်မည်မဟုတ်ပေ။

စစ်တပ်ဝင်းထဲသို့ လူသစ်တစ်ဦး ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကလည်း ချန်ကျွေ့အား စုံစမ်းစစ်ဆေးရန်အမိန့်ထုတ်ပြန်လိုက်လေသည်။

လူသစ်များရောက်ရှိလာပါက လုံခြုံရေးအရ ခြိမ်းခြောက်မှုများမရှိစေရန်အတွက် သေချာပေါက်စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်သည်။

ရှဲ့လီ စားသောက်နေစဉ် ဝံပုလွေအိုထံမှ သတင်းစကားတစ်ခု လက်ခံရရှိလိုက်လေ၏။ စာရွက်ပေါ်တွင် စာအုပ်များမှ ဖြတ်တောက်ထားသော စာလုံးများကို ကပ်ထားပြီး ကောက်ကွေးနေသော စာကြောင်းတစ်ကြောင်းကို ဖန်တီးထားလေသည်။

‘ချန်ကျွေ့နဲ့ ရင်းနှီးအောင်လုပ်၊ ချန်ကျွေ့ကို စုံစမ်းစစ်ဆေး'

All Chapters