← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

Ch-127

သူမ လက်မြှောက်ကာ သူ့မျက်လုံးများကို ထိတွေ့လိုက်လေ၏။ ဤမျက်လုံးများသည် တကယ်ကိုလှပလွန်းလှပေသည်။

ရှန်ဟွိုင်နျန်သည် သူမ၏လက်သေးသေးလေးများက သူ့မျက်နှာပေါ်တွင် ဆော့ကစားနေသည်ကို ခွင့်ပြုထားလိုက်လေသည်။

ဆေးရုံသို့ရောက်သောအခါ ရှဲ့လီသည် စစ်ဆေးမှုခံယူရန် ဘေးတွင်ထိုင်စောင့်နေခဲ့လေသည်။ ထိုစဉ် ဗိုက်ကြီးသည် ရှန်ဟွိုင်နျန်အား ဆရာဝန်တစ်ဦးက ခွဲစိတ်ခန်းထဲသို့တွန်းသွားသည်ကို သူမ ရုတ်တရက် မြင်တွေ့လိုက်ရလေ၏။

“ဘာ...ဘာလုပ်နေတာလဲ”

ရှဲ့လီသည် အလျင်အမြန်သွားရောက်တားဆီးရန် ကြိုးစားသော်လည်း ဆရာဝန်ဖြစ်သူက သူမအားစိတ်မရှည်စွာဖြင့် တွန်းထုတ်လိုက်လေသည်။

“ကလေးမွေးဖို့သွားတာလေ”

ရှဲ့လီမှာ ဆွံ့အသွားခဲ့ရလေသည်။

ရှန်ဟွိုင်နျန် နောက်သို့လှည့်ကြည့်လိုက်သောအခါ ရှဲ့လီသည် ခွဲစိတ်ခန်းထဲသို့ သွားရတော့မည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဖမ်းဆွဲထားသည်ကိုမြင်တွေ့လိုက်ရလေ၏။ သူသည် အလျင်အမြန်သွားရောက်ကာ ရှဲ့လီ၏လက်များကို ဆွဲဖြုတ်လိုက်လေသည်။

‘ဗိုက်အကြီးကြီးနှင့် ရှန်ဟွိုင်နျန်’ အား အထဲသို့ တွန်းသွားသည်ကိုကြည့်ရင်း ရှဲ့လီမှာ လုံးဝကြက်သေသေသွားခဲ့ရလေသည်။ နှစ်မိနစ်မျှပင် မကြာလိုက်မီ ဓာတ်ခွဲခန်းဝတ်စုံဖြူကို ဝတ်ဆင်ထားသော ကလေးငယ်တစ်ဦးထွက်လာပြီး သူမအားလေးလေးနက်နက်ဖြင့် မေးခွန်းထုတ်လာသည်ကိုပါ မြင်တွေ့လိုက်ရလေ၏။

“ကလေးကို ကယ်ရမလား၊ သူနာပြုကို ကယ်ရမလား”

ဤဖြစ်ရပ်က ထူးဆန်းလွန်းလှပေသည်။ ရှဲ့လီ မျက်လုံးများ လန်တက်သွားပြီး သတိမလစ်မီလေးတွင် ရေရွတ်လိုက်လေသည်။

“နင့်အမေကို ကယ်မယ်”

ရှဲ့လီသည် မှိုဆိပ်သင့်သွားခဲ့ပြီး ပြန်လည်ကျန်းမာလာရန် ဆေးရုံတွင် သုံးရက်ကြာနေထိုင်ခဲ့ရလေ၏။ ဝူချန်ကျွင်းအနေဖြင့် သူ့ကံဆိုးမှုကိုလက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ချေ။

ရှဲ့လီမှ သူ့သင်္ဘောအုပ်စုကြီးကို ဖျက်ဆီးပစ်ခဲ့ခြင်းမှာ မှိုဆိပ်သင့်မှုကြောင့် ကယောင်ကတမ်းဖြစ်နေခဲ့ခြင်းသာပင်။ သူသည် အပြင်ပန်းအားဖြင့် မည်သည့်စိတ်ဆင်းရဲမှုအရိပ်အယောင်မျှမပြသဘဲ စစ်တပ်စခန်းနှင့် စစ်တပ်ဝင်းကြားတွင် ပုံမှန်အတိုင်းပင် ဆက်လက်သွားလာနေခဲ့လေသည်။

လူအများက သူသည်စိတ်ဓာတ်ခိုင်မာသူတစ်ဦးဟုပြောဆိုကြသော်လည်း တကယ်တမ်းတွင်မူ သူ့၌အခြားရွေးချယ်စရာမရှိသောကြောင့်သာပင်။ ဤသည်မှာ အရွယ်ရောက်ပြီးသူတစ်ဦး၏ နောက်ဆုံးလက်ကျန်ခေါင်းမာမှုတစ်ခုသာ ဖြစ်ပေသည်။

ရှဲ့လီမှာ အဆိပ်သင့်မှုကြောင့် ဆေးရုံတက်နေရသဖြင့် ရှန်ဟွိုင်နျန်သည် သူမဘေးတွင် သုံးရက်တိတိအနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့လေသည်။

သူမ နိုးလာသောအခါ ရှန်ဟွိုင်နျန်သည် ထိုနေ့ကဖြစ်ပျက်ခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ သူမအား မေးခွန်းထုတ်ရန်အထိ မရက်စက်နိုင်ခဲ့ချေ။ သူ့နှလုံးသားမှာ သူမအတွက် နာကျင်နေခဲ့ရသည်။

ဝူချန်ကျွင်းသည် ရှန်ဟွိုင်နျန်၏သတ္တိကြောင်သော အပြုအမူကို အလွန်တရာစိတ်ပျက်စွာဖြင့် စောင့်ကြည့်နေခဲ့လေသည်။ သူမသည် မိန်းမတစ်ယောက်မျှသာဖြစ်၏။ ထို့အပြင် အကြောင်းပြချက်မရှိဘဲ သူ့ခေါင်းပေါ်တက် သေးပေါက်ချသွားသောမိန်းမတစ်ယောက်ပင်။

“ရှောင်လီ မင်း အခုထိနေလို့မကောင်းသေးဘူးလား”

ရှန်ဟွိုင်နျန်သည် ဆန်ပြုတ်ကို ရှဲ့လီအားတစ်ဇွန်းချင်းခွံ့ကျွေးနေခဲ့လေသည်။

“နေလို့မကောင်းဘူး၊ တစ်ကိုယ်လုံးနေလို့မကောင်းဘူး”

ရှဲ့လီသည် အစားစားနေရင်းချွဲနွဲ့လိုက်လေသည်။ ဖန်းတာဖုနှင့် လျူကျောက်တိတို့ရောက်ရှိလာသောအခါ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလေ၏။ သူတို့နှစ်ဦး အပြန်အလှန်ပြုံးပြလိုက်ကြပြီးနောက် တံခါးခေါက်လိုက်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးသည် ဆေးရုံနှင့် စစ်တပ်ဝင်းကြားတွင် တစ်နေ့လျှင်ဆယ်ကြိမ်ခန့် သွားလာနေခဲ့ကြရလေသည်။

လျူကျောက်တိသည် ကြက်သားစွပ်ပြုတ်ကို ယူဆောင်လာခဲ့၏။ ရှဲ့လီ နိုးနေသည်ကိုမြင်သောအခါ သူမသည် နောက်ဆုံးတော့ သက်ပြင်းချနိုင်ခဲ့ပြီး မျက်ရည်များ ချက်ချင်းဝဲတက်လာခဲ့လေတော့သည်။

“သမီးက အမေ့ကို သေမတတ်လန့်သွားအောင်လုပ်တာပဲ”

ရှဲ့လီသည် လျူကျောက်တိအားဆွဲလိုက်ပြီး အချိန်အတော်ကြာအောင် ချော့မော့နှစ်သိမ့်ပေးနေခဲ့လေသည်။

နှစ်ရက်အကြာတွင် ရှဲ့လီဆေးရုံမှ ဆင်းခွင့်ရခဲ့၏။ သူမသည် ပထမဆုံးအနေဖြင့် ဝံပုလွေအိုထံသို့ သတင်းစကားတစ်ခုပေးပို့လိုက်ပြီး ပြီးခဲ့သည့်အကြိမ်က ချန်ကျွေ့ထံမှ ညှစ်ထုတ်ရယူခဲ့သော သတင်းအချက်အလက်များအားလုံးကို လွှဲပြောင်းပေးလိုက်လေသည်။ သူမ ပေးပို့ပြီး၍ နှစ်ရက်မျှပင်မကြာလိုက်မီ ဝံပုလွေအိုထံမှ အကြောင်းပြန်စာ ရောက်ရှိလာခဲ့လေသည်။

‘ဆက်ပြီး စောင့်ကြည့်စုံစမ်းပါ'

‘နင့်အဖေရဲ့ အနံ့ဆိုးထွက်နေတဲ့ **ကိုပဲ သွားစောင့်ကြည့်စုံစမ်းလိုက်'

ရှဲ့လီမှာ ဒေါသထွက်လွန်း၍ သေချင်စော်ပင်နံသွားခဲ့ရလေ၏။ သူမသည် အထက်လူကြီးအသစ်တစ်ဦး ပြောင်းလဲလိုစိတ်ပြင်းပြနေခဲ့ပြီး လီချယ်ကိုပင် လွမ်းဆွတ်လာမိလေတော့သည်။

သူမသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသို့ သွားရောက်ကာ အထက်လူကြီးပြောင်းလဲပေးရန်အတွက် ပြဿနာရှာလေတော့သည်။ ခေါင်းဆောင်ဖြစ်သူက နက်နဲသော အကြည့်ဖြင့် ပြုံးကာပြန်ဖြေလိုက်လေ၏။

“ပြောင်းပေးလို့ မရပါဘူး”

ရှဲ့လီသည် မချိတင်ကဲဖြင့် အပြင်သို့ ထွက်လာခဲ့ရလေသည်။ သူမမျက်လုံးများမှာ ဟိုဟိုဒီဒီကစားနေခဲ့ပြီးနောက် ဝံပုလွေအိုထံသို့ နောက်ထပ်သတင်းစကားတစ်ခု ပေးပို့လိုက်လေသည်။

ရှန်ဟွိုင်နျန်အနေဖြင့် တလီခွေ့မှာ ဤမျှလောက် မြန်ဆန်ထိရောက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူ ညွှန်ကြားချက်ပေးပြီးပြီးချင်းပင် သူမက သတင်းစကားပြန်လည်ပေးပို့လာခဲ့ခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင် သတင်းအချက်အလက်များကို သတင်းစာစက္ကူဖြင့် ထုပ်ပိုးထားလေသည်။ ယင်းမှာ အနည်းငယ်လေးလံပြီး ပျော့အိအိဖြစ်နေလေ၏။ အထဲတွင် တစ်စုံတစ်ရာ ရှိနေပုံရလေသည်။

ရှန်ဟွိုင်နျန်သည် သတင်းစာကိုဖွင့်ကြည့်ရန် မစောင့်နိုင်တော့ဘဲ ဖွင့်လိုက်ရာ အလွန်ဆိုးရွားလှသော အနံ့အသက်ကြီးက သူ့မျက်နှာကိုဟပ်လာလေတော့သည်။

အထဲတွင် မစင်တုံးတစ်တုံးကို ထုပ်ပိုးထားခြင်းပင်။ သူသည် မစင်များကို လက်တစ်ဆုပ်စာအပြည့် ကိုင်မိသွားခဲ့လေသည်။ ထိုအမျိုးသား၏မျက်နှာမှာ ချက်ချင်းဆိုသလိုပင် နီရဲသွားခဲ့လေသည်။ သူ တစ်ခါမျှ ဤကဲ့သို့နောက်ပြောင်ခံရခြင်းမျိုး မကြုံဖူးခဲ့ချေ။ သူသည် ပျို့အန်မတတ်ဖြစ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေတော့သည်။

“တ လီ ခွေ့”

“နင်က ဘယ်သူလဲ၊ ငါက ဘယ်သူလဲ၊ ငါက အဲဒီရှန်တုန်းပြည်နယ်က တလီခွေ့ပဲ၊ ရှောင်ခွေ့ခွေ့ အိုးး ရှောင်ခွေ့ခွေ့က တစ်ညတည်းနဲ့ အကြိမ်ပေါင်းများစွာ စွမ်းဆောင်နိုင်တယ်ဟေ့”

ရှဲ့လီသည် ပစ္စည်းများကိုသိမ်းဆည်းနေရင်း ညစ်ညမ်းသောသီချင်းလေးတစ်ပုဒ်ကို ညည်းဆိုနေခဲ့လေသည်။

မစင်ကိုကိုင်မိသွားချိန်တွင် ဖြစ်ပေါ်လာမည့် ဝံပုလွေအို၏မျက်နှာအမူအရာကို တွေးကြည့်မိတိုင်း သူမရယ်ချင်နေမိတော့၏။

“ဟိ ဟိ ဟိ”

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန....

ရှန်ဟွိုင်နျန်သည် သူ့လက်ကို ခေါင်းဆောင်ဖြစ်သူရှေ့သို့ ထုတ်ပြလိုက်လေသည်။ ခေါင်းဆောင်ဖြစ်သူသည် နောက်သို့ခုန်ဆုတ်သွားခဲ့လေ၏။

“ဘာလဲ၊ မင်း မစင်တွေနဲ့ဆော့နေတာလား”

ရှန်ဟွိုင်နျန်၏နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး သူ့မြေခွေးမျက်လုံးအစုံမှာ အေးစက်ခက်ထန်နေခဲ့လေသည်။

“ရဲဘော်တလီခွေ့ လုပ်တာပါ”

All Chapters