← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

Ch-131

ရှဲ့လီသည် စောင်ကို တင်းကျပ်စွာပတ်ထားပြီး ကုတင်ပေါ်မှ ဆင်းရန်ပြင်လေတော့သည်။ ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့မှာ နားမလည်နိုင်ဖြစ်သွားကြလေသည်။

ရှဲ့လီသည် သူမတစ်ကိုယ်လုံးကို စောင်ဖြင့် ဖုံးအုပ်ထားကာ ကြမ်းပြင်ပေါ်သို့ လောက်ကောင်တစ်ကောင်ပမာ တရွတ်တိုက် ဆင်းလာခဲ့လေ၏။

သူမသည် ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့အားကျောခိုင်းလျက် ရထားတွဲတာဝန်ခံဆီသို့ လျှောက်သွားလိုက်သည်။ ဧရာမငှက်ကြီးတစ်ကောင် တောင်ပံဖြန့်လိုက်သကဲ့သို့ သူမသည် စောင်ကို ရုတ်တရက် ဖြတ်ကနဲဟလိုက်လေသည်။ ရထားတွဲတာဝန်ခံမှာ အံ့အားသင့်သွားပြီး အသက်ရှူမှားသွားခဲ့ရလေ၏။

သူမသည် ပါးစပ်ရွဲ့ကာ မျက်လုံးများ စွေနေပြီး သွားရည်များကျဆင်းနေလျက် သွားများကြားတွင် စာရွက်ပိုင်းလေးတစ်ခုကိုကိုက်ထားသော ရှဲ့လီအား မြင်တွေ့လိုက်ရလေသည်။ ထိုစာရွက်ပေါ်တွင် ဤသို့ ရေးသားထားလေသည်။

‘ကျွန်မ ဦးနှောက်သေနေလို့ပါ၊ ထမင်းစားချင်တယ်'

*ဖြတ်*

ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့ရှေ့သို့ လှမ်းလာချိန်မှာပင် သူမသည် စောင်ကို ချက်ချင်းပြန်ပိတ်ချလိုက်လေ၏။

ချန်ကျွေ့သည် အလိုအလျောက်ပင် လက်လှမ်းကာ သူမအားဖမ်းဆွဲရန် ကြိုးစားလိုက်လေသည်။ ဖြူဝင်းသော လက်တစ်ဖက်က သူ့အား တားဆီးလိုက်လေသည်။

စောစောက ကြက်သေသေနေဟန်ရှိသော ရထားတွဲတာဝန်ခံသည် ချန်ကျွေ့၏လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။

“အရာရှိကြီး ကျေးဇူးပြုပြီး ယဉ်ယဉ်ကျေးကျေးနေပေးပါရှင်”

သူမသည် တရားမျှတမှုအပြည့်ဖြင့် ပြောဆိုလိုက်လေ၏။ ဦးနှောက်သေနေသောလူတစ်ဦးသည် ဤကဲ့သို့သော ရထားတွဲမျိုးတွင် စီးနင်းနိုင်သည်ဆိုပါက သူတို့သည် နိုင်ငံတော်အတွက် အကျိုးပြုခဲ့သူများ သို့မဟုတ် နိုင်ငံတော်အတွက် ဦးနှောက်သေသွားခဲ့ရသူများသာဖြစ်ရမည်။

သူမသည် ထိုသူအားကာကွယ်ပေးရမည်ဖြစ်သည်။ အမျိုးသမီးရဲဘော်များသည် အမျိုးသမီးရဲဘော်အချင်းချင်း ကူညီရမည်သာ။

“အရာရှိကြီး သူက မျက်နှာကိုမပြချင်ဘူးဆိုမှတော့ ရှင်ကဘာလို့ အတင်းအကျပ်လုပ်နေရတာလဲ”

ရှဲ့လီသည် နိုင်ငံတော်အတွက် အနစ်နာခံရင်း ဤကဲ့သို့ဖြစ်သွားခဲ့ရခြင်းဖြစ်ကာ သူမကိုယ်သူမရှက်ရွံ့နေပြီး မျက်နှာကိုမပြလိုခြင်းဖြစ်မည်ဟု ရထားတွဲတာဝန်ခံက ယူဆလိုက်လေသည်။ သူမ ကာကွယ်ပေးရမည်။

ရထားတွဲတာဝန်ခံသည် ရှဲ့လီအား ထမင်းဘူးကြီးတစ်ခုကို ပေးအပ်လိုက်ပြီး စောင်အဟကြားမှနေ၍အထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်လေသည်။

ချန်ကျွေ့မှာ ဆွံ့အသွားခဲ့ရသည်။

‘မဟုတ်ဘူးလေ၊ လူတိုင်း ရူးနေကြတာလား'

ထိုလောက်ကောင်ကြီး အပေါ်ထပ်အိပ်စင်သို့ တရွတ်တိုက်ပြန်တက်သွားသည်ကို သူအကူအညီမဲ့စွာဖြင့် ကြည့်နေလိုက်ရလေတော့၏။

ရှဲ့လီသည် သူမနေ့လယ်စာကို ရရှိသွားပြီးနောက် စောင်အောက်တွင် အားရပါးရစားသောက်နေကာ ကျယ်လောင်သောအသံများ ပြုလုပ်နေခဲ့လေသည်။

အခြားတစ်ဖက်တွင်မူ ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့သည် အစားအသောက်ပျက်သွားကြလေသည်။

‘ဒီရန်သူ့သူလျှိုက တော်တော်လေးကို သတ္တိကောင်းတာပဲ၊ ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် အဲဒီလောက် ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ရတာလဲ'

စောင်အောက်မှ စားသောက်နေသော အသံများကို နားထောင်ရင်း ချန်ကျွေ့သည် လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီးနောက် လျင်မြန်စွာပင်ပြန်ဖြေလျော့လိုက်၏။

စောစောက ထိုသူ့လက်သီးဖြင့်ထိုးခြင်းခံလိုက်ရသော သူ့လက်သန်းမှာ ယခုတိုင်အောင် နာကျင်နေဆဲဖြစ်လေသည်။ ချန်ကျွေ့သည် သူ့အားစိုက်ကြည့်နေသော ရှန်ဟွိုင်နျန်အားပြန်ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် အပြန်အလှန်ပြုံးပြလိုက်ကြလေ၏။

‘ဒီလူ စောင်ခြုံထားလျက်သားနဲ့တော့ အိမ်သာသွားလို့ မရနိုင်ဘူး၊ သူ သွားမယ်ဆိုရင်တောင်မှ ငါတို့သူ့နောက်ကို လိုက်သွားလို့ရတာပဲ'

‘အစားစားပြီး အိမ်သာသွားစရာမလိုဘူးဆိုတာ မဖြစ်နိုင်ဘူး'

သူတို့နှစ်ဦးသည် အချိန်အကြာကြီး စောင့်ဆိုင်းရန် စတင်ပြင်ဆင်ကြလေတော့သည်။

ရထားတွဲတာဝန်ခံသည် အလွန်ကူညီလိုစိတ်ရှိကာ ရှဲ့လီအတွက် ရေနှင့် သရေစာများကို မကြာခဏလာရောက်ပို့ဆောင်ပေးလေသည်။

စောင်အောက်တွင် ပုန်းအောင်းနေသော ရှဲ့လီမှာလည်း အဆက်မပြတ်လှုပ်ရှားနေခဲ့လေ၏။ တစ်ခဏတွင် ရေသောက်လိုက်၊ နောက်တစ်ခဏတွင် ဖရဲစေ့များကို ခွာစားလိုက်ဖြင့် အလုပ်များနေခဲ့လေသည်။

“တိတ်တိတ်နေစမ်း”

ချန်ကျွေ့မှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့လေပြီ။ သူသည် ဤမျှလောက် အရှက်မရှိသော ရန်သူ့သူလျှိုမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

‘စား စား စား မင်းက စားဖို့လောက်ပဲသိတာလား၊ မင်းရဲ့တာဝန်ပြီးသွားပြီလား၊ မင်းသွားဖုံးတွေ ပြားသွားတဲ့အထိ ဖရဲစေ့တွေကို ခွာစားလိုက်စမ်းပါ'

ဖရဲစေ့ခွာစားသောအသံသည် နှစ်စက္ကန့်ခန့် ရပ်တန့်သွားပြီးနောက် ပြန်လည်ထွက်ပေါ်လာခဲ့ပြန်သည်။ ရှဲ့လီ၏အောင်ပွဲမှာ နာရီဝက်မျှပင်မခံလိုက်ချေ။ သူမ ဒုက္ခရောက်နေလေပြီ။ သူမ ရေအများကြီးသောက်ထားမိသဖြင့် သေးပေါက်ချင်လာခဲ့လေပြီ။

အပေါ်ထပ်အိပ်စင်မှ ဖရဲစေ့ခွာစားသော အသံများ ရပ်တန့်သွားခဲ့လေသည်။ ချန်ကျွေ့သည် ရှန်ဟွိုင်နျန်အားမျက်ခုံးတစ်ဖက် ပင့်ပြလိုက်လေ၏။

ရှန်ဟွိုင်နျန်သည် မတ်တတ်ရပ်ကြည့်လိုက်ရာ အပေါ်ထပ်အိပ်စင်ရှိလူမှာ ဒယ်အိုးပေါ်တွင် လှန်နေသောပန်ကိတ်တစ်ချပ်ပမာ ဟိုဘက်ဒီဘက် လှိမ့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုသူသည် သေးပေါက်ချင်နေသည်ကို အောင့်ထားပုံရလေသည်။ သူသည် အိပ်စင်ပေါ်တွင် ပြန်လည်လှဲလျောင်းလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်တွင်ပိုက်ကာ အပေါ်ထပ်အိပ်စင်၏အောက်ခြေကို စိုက်ကြည့်နေခဲ့လေ၏။

အပေါ်မှလူသည် ထူးထူးဆန်းဆန်းပြုမူနေခဲ့သည်။ ထိုသူ့ကိုယ်ပိုင်အမှတ်အသားကို မသေချာမချင်း သူနှင့် ချန်ကျွေ့သည်ဖြစ်သလို ပြုမူ၍မရနိုင်ပေ။ လူတစ်ဦးတစ်ယောက်အနေဖြင့် မိမိမျက်နှာအစစ်အမှန်ကို ပြသရန် ငြင်းဆန်ရသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာရှိလေသည်။

ထိုသူသည် သူ့ကို သို့မဟုတ် ချန်ကျွေ့ကို သိနေခြင်းပင်။ ထိုသူသည် သူတို့ပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသော ရန်သူ့သူလျှိုတစ်ဦးဖြစ်နိုင်ချေ အလွန်များလေသည်။

သူ့တွင် စိတ်ရှည်သည်းခံနိုင်စွမ်း အလုံအလောက်ရှိလေသည်။ သူ စောင့်ဆိုင်းနိုင်ပေ၏။ ရှဲ့လီသည် သူမဗိုက်ကိုဖိထားကာ ဟိုဘက်ဒီဘက်လှိမ့်နေခဲ့လေသည်။ သူမ ရုတ်တရက် အကြံကောင်းတစ်ခုရသွားခဲ့လေသည်။

သူမမှာ နေရာလွတ်လေးရှိနေသည်ပင်။ ဤမျှလောက် ကြီးမားလှသော အကူအညီကို သူမအဘယ်ကြောင့်မေ့လျော့နေရသနည်း။ သူမသည် အိမ်သာသွားရန်အတွက် နေရာလွတ်ထဲသို့ ဝင်ရောက်နိုင်လေသည်။

ရှဲ့ပုယိုတစ်ယောက် သူ့ဘဝတွင် ဤမိသားစုအမွေအနှစ်နေရာလွတ်ကို ရှဲ့လီက အိမ်သာအဖြစ်အသုံးပြုလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးယဉ်ကြည့်ဖူးမည်မဟုတ်ချေ။

ရှဲ့လီသည် မျက်လုံးမှိတ်လိုက်ပြီး သူမစိတ်အာရုံထဲသို့ ဝင်ရောက်သွားခဲ့လေသည်။ သူမသည် နေရာလွတ်ထဲမှ လက်ကောက်ငယ်လေးတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သောအခါ ထိုလက်ကောက်သည် သူမလက်ထဲတွင် အမှန်တကယ် ရှိနေခဲ့လေသည်။ သူမသည် မျက်လုံးထပ်မှိတ်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်လေ၏။

‘တောင်းပန်ပါတယ်၊ နောက်မှ သေချာပေါက် သန့်ရှင်းရေးပြန်လုပ်ပေးပါ့မယ်'

သူမသည် နေရာလွတ်ထဲသို့ဝင်ရောက်သွားပြီး ဘောင်းဘီချွတ်ကာ သေးပေါက်ချလိုက်လေတော့သည်။

*တောက်...*

အပေါ်ထပ်အိပ်စင်မှ ရေများစတင်ယိုစိမ့်လာခဲ့လေသည်။ ရေစက်များသည် ရှန်ဟွိုင်နျန်၏မျက်နှာ၊ နဖူးနှင့် ပါးစပ်ထဲသို့ပင် တစ်စက်ပြီးတစ်စက် ကျဆင်းလာခဲ့လေ၏။ သူ့ပါးစပ်ထဲတွင် သေးနံ့သင်းသင်းလေးတစ်ခုပျံ့နှံ့သွားခဲ့လေသည်။

‘နေပါဦး’

‘ဒါက ရေမဟုတ်ဘူး'

ရှန်ဟွိုင်နျန် ချက်ချင်းမတ်တတ်ထရပ်လိုက်လေသည်။ သူ့မြေခွေးမျက်လုံးအစုံမှာ ဒေါသများဖြင့်ပြည့်နှက်နေခဲ့လေပြီ။ သူသည် ရှဲ့လီ၏စောင်ကို ဆွဲကိုင်လိုက်သည်။

“မင်း ငါ့မျက်နှာပေါ်ကို သေးပေါက်ချရဲတယ်ပေါ့‌လေ”

All Chapters