← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

Ch-132

“ဟားဟားဟား”

ဘေးတွင်ရှိနေသော ချန်ကျွေ့သည် အသံထွက်သည်အထိ ရယ်မောလိုက်လေတော့သည်။

“အိုး တပ်မှူးရှန် ဘာလို့ အဲဒီလောက် ခုန်ပေါက်နေရတာလဲ၊ ခင်ဗျား ရူးသွားပြီလား၊ ရထားပထမဆုံးအကြိမ် စီးဖူးလို့ အရမ်းစိတ်လှုပ်ရှားနေတာလား၊ ခင်ဗျား ရထားတစ်ခါမှမစီးဖူးဘူးမဟုတ်လား ဟားဟားဟားဟားဟား”

ချန်ကျွေ့သည် ဖီးနစ်မျက်လုံးအစုံကို မှေးစင်းကာ ပေါင်ကိုဖြန်းခနဲရိုက်၍ အားရပါးရရယ်မောနေလေတော့သည်။

ရှန်ဟွိုင်နျန်သည် စောင်ကိုဆွဲယူရန် လက်လှမ်းရင်းအန်ထုတ်ချင်နေခဲ့လေသည်။ သူ့ပါးစပ်ထဲသို့ သေးပေါက်ချခဲ့သော ဤအရူးကို သူသတ်ပစ်ချင်နေလေပြီ။

ရှဲ့လီသည် အပြင်သို့စွန့်ထုတ်လိုက်ရသဖြင့် အလွန်တရာနေလို့ထိုင်လို့ကောင်းသွားချိန်မှာပင် ရှန်ဟွိုင်နျန်၏ဒေါသတကြီး အော်ဟစ်သံနှင့် ချန်ကျွေ့၏လှောင်ပြောင်ရယ်မောသံကို ကြားလိုက်ရလေသည်။

သူမသည် စိတ်အာရုံထဲမှနေ၍ အလျင်အမြန်ထွက်လာခဲ့ရာ သူမအောက်ပိုင်း စိုစွတ်နေသည်ကိုခံစားလိုက်ရလေ၏။

‘ငါ အိပ်ရာထဲ သေးပေါက်ချလိုက်မိပြီပဲ'

“သောက်ကျိုးနည်း နေရာလွတ်အစုတ်၊ ဒါ ဘယ်လိုဦးနှောက်မရှိတဲ့ အကူအညီပေးရေးစနစ်မျိုးလဲ”

သူမ မှားယွင်းသွားခဲ့လေပြီ။ သူမ ကိုယ်တိုင် နေရာလွတ်ထဲသို့ဝင်ရောက်၍မရနိုင်ဘဲ သူမဆန္ဒ သို့မဟုတ် စိတ်အာရုံကိုအသုံးပြု၍ ပစ္စည်းများကိုသာ အထဲသို့ရွှေ့ပြောင်းနိုင်ခြင်းဖြစ်သည်။

ရှဲ့လီတစ်ယောက် လုံးဝကိုပြိုလဲသွားခဲ့ရလေတော့သည်။ သူမ သေးပေါက်နေခဲ့သမျှအချိန်များအားလုံးသည် အိပ်ရာထဲတွင် သေးပေါက်နေခဲ့ခြင်းပင်။

'ဟားဟားဟား ငါတော့ သေတော့မှာပဲ ဟားဟား'

ရှန်ဟွိုင်နျန်တစ်ယောက် ဒေါသထွက်လွန်း၍ မီးခိုးများပင်ထွက်မတတ်ဖြစ်နေသော်လည်း စောင်အားဆွဲမရဖြစ်နေသည်ကိုမြင်သောအခါ ချန်ကျွေ့သည် သတိလစ်မတတ် ရယ်မောနေလေတော့သည်။

ရထားတွဲတာဝန်ခံသည် အခန်းထဲမှ ဆူညံသံများကြားလိုက်ရသဖြင့် အပြေးဝင်လာခဲ့ရာ ရှန်ဟွိုင်နျန်က ရှဲ့လီ၏စောင်ကို ဒေါသတကြီးဆွဲဖယ်ရန် ကြိုးစားနေသည်ကို အချိန်ကိုက်မြင်တွေ့လိုက်ရလေ၏။

“အရာရှိကြီး”

ရထားတွဲတာဝန်ခံသည် ရှဲ့လီအားကာကွယ်ရန် ရှေ့သို့ပြေးဝင်လာခဲ့ပြီး ချန်ကျွေ့ကလည်း ဘေးမှနေ၍ကြင်နာစွာဖြင့် ရှင်းပြလိုက်လေသည်။

“သူ့မျက်နှာပေါ် သေးပြန်ပေါက်ချတာလေ ဟားဟား”

ရထားတွဲတာဝန်ခံသည် လည်ချောင်းထဲတွင် တစ်စုံတစ်ခုဆို့နင့်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ဦးနှောက်ချို့ယွင်းနေသူတစ်ဦးအနေဖြင့် မိမိ၏ခန္ဓာကိုယ် အညစ်အကြေးများကို မထိန်းချုပ်နိုင်ခြင်းမှာ သာမန်ကိစ္စတစ်ခုသာပင်။ သူမသည် ရှဲ့လီအားစောင်ဖြင့် အလျင်အမြန်ပတ်ပေးလိုက်ပြီး ကုတင်ပေါ်မှဆင်းရန် ကူညီပေးလိုက်လေသည်။

“အရာရှိကြီး ဦးနှောက်ချို့ယွင်းနေတဲ့သူတစ်ယောက်နဲ့ ဘာဖြစ်လို့ပြဿနာဖြစ်ချင်နေရတာလဲရှင်”

ရှန်ဟွိုင်နျန်မှာ နားမလည်နိုင်ဖြစ်သွားခဲ့ရလေသည်။

‘သူက ဦးနှောက်သေနေတဲ့သူဖြစ်သွားတာလား'

ရှဲ့လီသည် ရထားတွဲတာဝန်ခံ၏ခေါ်ဆောင်ခြင်းကို ခံလိုက်ရလေ၏။ သူမ မထွက်ခွာမီ သေတ္တာကိုနေရာလွတ်ထဲသို့ထည့်ရန် မမေ့လျော့ခဲ့ချေ။ ရှန်ဟွိုင်နျန်မှာမူ ပြိုလဲလုနီးပါးဖြစ်နေခဲ့လေပြီ။

သူသည် သွားတိုက်တံထုတ်ယူကာ ကပျာကယာသွားတိုက်ပြီး ပလုတ်ကျင်းလေတော့သည်။

သူ ဘာလုပ်သင့်သနည်း။

ယနေ့ သူသေးသောက်လိုက်ရချေပြီ။ နောင်တွင် သူ့ရှောင်လီလေးအား မည်သို့ နမ်းရှိုက်ရမည်နည်း။

“တပ်မှူးရှန် စိတ်မပူပါနဲ့”

ချန်ကျွေ့သည် ခေါင်းကိုဆန့်ထုတ်ကာ အနားသို့ တိုးလာခဲ့လေသည်။

“ကျွန်တော်ပြန်ရောက်ရင် ခင်ဗျားသေးသောက်လိုက်ရတယ်ဆိုတာကို ရှောင်လီ့ကို သေချာပေါက်ပြောပြပေးမယ်”

ရှန်ဟွိုင်နျန်သည် ချန်ကျွေ့လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ရှဲ့လီသေးပေါက်ချထားသော အိပ်ရာခင်းပေါ်သို့ သူ့ခေါင်းကို အတင်းပွတ်ဆွဲလိုက်လေတော့သည်။

“တပ်မှူးချန် ငါလည်း မင်း တစ်ယောက်ယောက် သေးပေါက်ထားတဲ့မွေ့ရာပေါ်မှာအိပ်ပြီး အချိန်အကြာကြီး လျှာနဲ့လျက်နေခဲ့တယ်ဆိုတာကို ရှောင်လီကို ပြောပြပေးမယ်”

ချန်ကျွေ့သည် ရုန်းကန်ရင်းအော်ဟစ်လိုက်လေသည်။

“ဖွီး ဖွီး ငါ**မင်းအဖေရဲ့ ဖရုံသီးကြီးကိုပဲ သွားပြောလိုက် ရှန်ဟွိုင်နျန်”

ရထားစီးသည့်နှစ်ရက်နှင့် တစ်ည ခရီးစဉ်အတွင်း သူတို့နှစ်ဦးသည်လမ်းတစ်လျှောက်လုံး အချင်းချင်း ဆဲရေးတိုင်းထွာနေခဲ့ကြပြီး မည်သူမျှ ကောင်းကောင်းမွန်မွန်အနားမယူခဲ့ရချေ။ ရှဲ့လီအား ရထားတွဲတာဝန်ခံက သူမ၏နားနေခန်းသို့ ခေါ်ဆောင်သွားပြီး သန့်ရှင်းရေးလုပ်ပေးခဲ့လေသည်။

“ရဲဘော် ရှင် ဒီမှာပဲနေပါ၊ ဒါက ကျွန်မရဲ့ နားနေခန်း၊ ဒီမှာ အေးအေးဆေးဆေး နားလို့ရတယ်၊ ဘယ်သူမှနှောင့်ယှက်မှာမဟုတ်ဘူး”

ရှဲ့လီသည် မျက်ရည်ကျမတတ် ဝမ်းသာသွားခဲ့ရလေသည်။ သူမသည် နေရာလွတ်ထဲမှ လက်ကောက်တစ်ကွင်းကိုထုတ်ယူကာ ရထားတွဲတာဝန်ခံ၏လက်ကောက်ဝတ်တွင် စွပ်ပေးလိုက်လေ၏။

“ကျေးဇူးတင်ပါတယ် အာဘား အာဘား”

သူမသည် အရူးတစ်ယောက်ပမာ ဆက်လက် ဟန်ဆောင်နေခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် ရထားတွဲတာဝန်ခံ၏ နားနေခန်းတွင်ရှိနေသဖြင့် ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့သည် သူမအား ထပ်မံလာရောက်မနှောင့်ယှက်ခဲ့ကြချေ။ ရှဲ့လီသည် သက်ပြင်းတစ်ချက် ချနိုင်ခဲ့လေသည်။

သို့သော် ထိုနှစ်ဦး၏ပစ်မှတ်ထားခြင်းကိုခံရပြီဖြစ်ရာ လွတ်မြောက်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။ ရှဲ့လီသည် နှစ်ရက်နှင့် တစ်ညကိုအေးချမ်းစွာ ဖြတ်သန်းခဲ့လေသည်။ ရထားဘူတာရုံသို့ နီးကပ်လာသည်နှင့်အမျှ သူမသည် နောက်ထပ်အခက်အခဲတစ်ခုနှင့် ရင်ဆိုင်လာရလေသည်။

ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့မှာ လှည့်စားရန် လွယ်ကူသူများမဟုတ်ကြချေ။ သူမသည် သူတို့အာရုံစိုက်မှုကို ရရှိထားပြီးဖြစ်ရာ ယခုအခါ သူတို့သည် သူမရထားပေါ်မှဆင်းသည်ကို သေချာပေါက် စောင့်ကြည့်နေကြမည်ဖြစ်ပြီး သူမမျက်နှာအစစ်အမှန်ကို မမြင်ရသရွေ့အရှုံးပေးမည်မဟုတ်ပေ။

ရထားသည် ဘူတာရုံနှင့် ချဉ်းကပ်လာသည်နှင့်အမျှ အရှိန်လျော့လာခဲ့လေသည်။ ရှဲ့လီသည် စိတ်တင်းထားလိုက်ပြီး ပြတင်းပေါက်ဖွင့်ကာ အပြင်သို့ခုန်ချလိုက်လေတော့သည်။

‘အဖွဲ့အစည်းကြီးရှင့်၊ ရှင်တို့ ကျွန်မအပေါ် အကြွေးတွေ အများကြီးတင်နေပြီနော်'

သူမမြေပြင်ပေါ်သို့ ကျသွားပြီးနောက် အကြိမ်ကြိမ် လိမ့်ထွက်သွားခဲ့လေ၏။

“အိုး ဘုရားရေ တစ်ယောက်ယောက် ရထားပေါ်က ခုန်ချသွားတယ်”

အန်တီကြီးတစ်ဦးက ပြတင်းပေါက်မှနေ၍လက်ညှိုးထိုးပြလိုက်ရာ ဖုန်တောထဲတွင် မြည်းတစ်ကောင်ပမာ လိမ့်နေသည့် ရှဲ့လီကိုမြင်တွေ့လိုက်ကြရလေသည်။

ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့သည်လည်း ချက်ချင်းတုံ့ပြန်လိုက်ကြပြီး သူတို့နှစ်ဦးလုံးအပြင်သို့ ခုန်ချလိုက်ကြလေတော့သည်။

‘ဒီလူ့ဆီမှာ သေချာပေါက်ပြဿနာတစ်ခုခု ရှိနေတယ်'

‘သေချာပေါက် လိုက်ဖမ်းရမယ်'

“အမေရေ ငါတော့ တကယ်ကိုမခံနိုင်တော့ဘူး”

All Chapters