← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

Ch-139

သူမသည် ဆေးပညာပါရမီရှင်တစ်ဦးဖြစ်ပြီး ပိုအရေးကြီးသည်မှာ သေနတ်ပစ်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူမအရည်အချင်းများဖြင့်ဆိုလျှင် အထူးချွင်းချက်အနေဖြင့် သေချာပေါက် အလုပ်ခန့်အပ်ခံရမည်ဟု သူမခံစားနေရ၏။

သူမကိုယ်တိုင် အထက်လူကြီးများထံသို့ အသနားခံစာတင်မည်။ သူမသည် ရှန်ဟွိုင်နျန်အား ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးချင်ပြီး သူမ တစ်ချိန်ကအားကျလေးစားခဲ့ရသော အမျိုးသားအား သူ့နတ်ဘုရားပလ္လင်ပေါ်မှ ဆွဲချပစ်ချင်နေသည်။

“သူ ရူးနေတာလား မသိဘူးနော်၊ ဒါက ကိုယ်မရနိုင်တဲ့အရာကို ဖျက်ဆီးပစ်ချင်တဲ့သဘောမျိုးပဲ”

မရီးတစ်စုသည် ပေါ့ပလာပင်အောက်တွင်ထိုင်ကာ စကားစမြည်ပြောဆိုနေကြ၏။ သူတို့သည် ဝတ္ထုတစ်ပုဒ်၏ အကြောင်းအရာများအား ဆွေးနွေးနေကြပြီး ရှဲ့လီသည်လည်း သူတို့ကြားတွင်ထိုင်ကာ စိတ်ဝင်တစားနားထောင်နေသည်။

ရှင်းလင်းရန်ကျန်ရှိနေသေးသော ရန်သူ့သူလျှိုများ ရှိနေသေးသောကြောင့် ဆက်လက်ပုန်းအောင်းနေရန်နှင့် အမိန့်ကို စောင့်ဆိုင်းရန် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

ရှဲ့လီသည် သတင်းအချက်အလက်များ စုဆောင်းရန်အတွက် စစ်တပ်ဝင်းထဲတွင် ဆက်လက်ရုပ်ဖျက်နေထိုင်နေ၏။

သူမ၏အထက်လူကြီးဖြစ်သော ထိုဝံပုလွေအိုကြီးသည် မကြာသေးမီက လူပုံစံပေါက်လာပြီး သူမအား ဟိုဟာလုပ်ရန် ဒီဟာလုပ်ရန် အစီအစဉ်များမချမှတ်ပေးတော့ပေ။

လတ်တလောတွင် ရှန်ဟွိုင်နျန်သည် စုံစမ်းစစ်ဆေးရန် တာဝန်ရပ်နားခံထားရသော်လည်း အလွန်ပင်အလုပ်များနေသည်။

သူသည် ဇနီးဖြစ်သူ၏အိမ်မှုကိစ္စများအားလုံးကို တာဝန်ယူလုပ်ဆောင်ပေးနေရသည်။ နံနက်မှ ညအထိ အလုပ်များနေပြီး အလုပ်လုပ်နေစဉ်အတွင်း၌ပင် ရှဲ့လီအတွက် သူ စိတ်မကောင်းဖြစ်နေမိ၏။ အဖိုးတန်ဇနီးလေးသာ ဤလုပ်ငန်းများအားလုံးကို လုပ်ဆောင်ရလျှင် မည်မျှပင်ပန်းလိုက်မည်နည်း။

ကံကောင်း၍ သူရှိနေ၍သာတော်တော့သည်။ ရထားပေါ်တွင် ရှဲ့လီ သူအားပေးခဲ့သော သတင်းအချက်အလက်များထဲ၌ မစင်များထုပ်ပိုးထားခဲ့ပြီး သူ့မျက်နှာနှင့် ပါးစပ်ထဲသို့ပင် ဆီးသွားခဲ့သည့်အချိန်များကို ပြန်လည်တွေးတောမိရင်း ရှန်ဟွိုင်နျန် အနည်းငယ် ပြုံးလိုက်မိသည်။

သူ့ဇနီးလေးသည် ဤမျှလောက်အထိ ထူးခြားနေလေ၏။ အရင်က ဒေါသတကြီးဖြစ်နေခဲ့သူမှာ မည်သူမည်ဝါဖြစ်ကြောင်း မည်သူသိနိုင်မည်နည်း။

ဤကာလအတွင်း ရှဲ့လီသည် ချန်ကျွေ့အား စုံစမ်းစစ်ဆေးရန်မလိုအပ်တော့သဖြင့် သူမဘက်မှ စတင်ဆက်သွယ်မှုများကို သဘာဝကျကျပင်ရပ်တန့်လိုက်သည်။

သို့သော်ငြား ချန်ကျွေ့သည် ပလာစတာတစ်ခုအလား သူမထံသို့ကပ်ပါလာတော့သည်။ သူသည် ရှန်ဟွိုင်နျန်အား ရန်သူ့သူလျှိုအဖြစ် သံသယရှိနေပြီး သူ့အား စုံစမ်းစစ်ဆေးချင်နေ၏။

“ရှောင်လီ ရှန်ဟွိုင်နျန်က အရမ်းထူးဆန်းနေတယ်လို့ မထင်ဘူးလား”

ချန်ကျွေ့သည် ရှဲ့လီနောက်သို့လိုက်ကာ မရပ်မနား ပြောဆိုနေသည်။

“နင်ကသာ ထူးဆန်းနေတယ်လို့ထင်တယ်၊ ဘာလို့ ငါ့ယောကျ်ားနောက်ကိုချည်းပဲ လိုက်နေရတာလဲ၊ နင်က လိင်တူကြိုက်နေတာလား”

ချန်ကျွေ့ : “.....”

“မင်း မသိလို့ပါ၊ ငါတို့ တာဝန်အတူတူ ထမ်းဆောင်တုန်းက ရှန်ဟွိုင်နျန် တကယ်ကို ထူးဆန်းနေတာ၊ ရန်သူ့သူလျှိုလို့ သံသယရှိရတဲ့လူတစ်ယောက်ကိုတောင် သူတမင်တကာ လွှတ်ပေးလိုက်သေးတယ်”

ချန်ကျွေ့ သူ့အသံကိုနှိမ့်လိုက်သည်။

ရှဲ့လီ သီးသွား၏။

‘ကျေးဇူးပါ၊ အဲ့အမျိုးသားက ငါလေ’

“ငါကတော့ ရှန်ဟွိုင်နျန်ကိုယုံတယ်၊ သူ့ဆီမှာ သေချာပေါက် ဘာပြဿနာမှမရှိဘူး၊ ဒါကြောင့် စိတ်မပူပါနဲ့”

ရှဲ့လီ လှည့်ထွက်သွားရန်ပြင်လိုက်သော်လည်း ချန်ကျွေ့က သူမလက်ကောက်ဝတ်အား လှမ်းဖမ်းလိုက်ပြီး သူ့မျက်နှာထားမှာလည်း တည်ကြည်လေးနက်နေသည်။

“ရှဲ့လီ တကယ်လို့ ရှန်ဟွိုင်နျန်ကသာ ရန်သူ့သူလျှိုဖြစ်ခဲ့ရင် မင်းအတွက် ဘာကောင်းကျိုးမှရှိလာမှာမဟုတ်ဘူး၊ သူ မင်းအတွက် ဖန်တီးပေးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နစ်မွန်းမနေပါနဲ့”

“တပ်မှူးချန်”

ရှန်ဟွိုင်နျန် ပြန်ရောက်လာပြီဖြစ်သည်။ သူ ရှေ့တိုးလာပြီး ရှဲ့လီအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ချန်ကျွေ့လက်အား ရိုက်ချလိုက်သည်။ သို့ပေမယ့် ဖယ်ချ၍မရခဲ့ပေ။

ချန်ကျွေ့သည် ရှဲ့လီ၏လက်ကောက်ဝတ်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။ ရှန်ဟွိုင်နျန်သည် လက်ညှိုးနှင့် လက်မကို အသုံးပြုကာ ချန်ကျွေ့လက်ဖမိုးပေါ်မှ အသားစလေးတစ်ခုအား ဆွဲလိမ်လိုက်သည်။

“အားးးး”

ချန်ကျွေ့ လက်လွှတ်လိုက်ရသည်။

“တပ်မှူးချန် ကျွန်တော့်ဇနီးကို အမြဲတမ်း လာမနှောင့်ယှက်ပါနဲ့၊ အဲဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားပုံစံအတိုင်း ကျွန်တော်သွားတိုင်ရလိမ့်မယ်”

ရှန်ဟွိုင်နျန်၏စကားများမှာ လှောင်ပြောင်နေခြင်းပင်။ ချန်ကျွေ့ အံကြိတ်လိုက်သည်။

“ငါ သတင်းပို့ခဲ့တာတွေက အမှန်တရားတွေချည်းပဲ၊ ဖြောင့်မတ်တဲ့သူက ကောက်ကွေ့နေတဲ့အရိပ်ကို မကြောက်ဘူး”

ထိုသို့ပြောပြီးနောက် သူသည် ရှဲ့လီအား စူးရှရှတစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားတော့၏။

“အားနျန် ရှင့်ကို ဒုက္ခပေးမိပြီ၊ အကုန်လုံး ကျွန်မအမှားတွေပါ”

ရှဲ့လီ စက္ကန့်အနည်းငယ်မျှအပြစ်ရှိသကဲ့သို့ ဟန်ဆောင်နေပြီး ရှန်ဟွိုင်နျန်သည်လည်း သူမသရုပ်ဆောင်မှုအား ပြုံး၍ ကြည့်နေသည်။

သူသည် လုံးဝကိုထိုသို့ပြုလုပ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

“ကိုယ် အရင်ကလည်းပြောခဲ့ပြီးပြီပဲ၊ မင်း ပြဿနာရှာချင်ရင် ကိုယ်အနောက်ကနေ ပံ့ပိုးပေးမယ်၊ ကိုယ်မတတ်နိုင်ခဲ့ရင်တောင် မင်းအတွက် အပြစ်တွေကို ခံယူပေးမယ်လို့”

ထို့အပြင် သူမဇာစ်မြစ်ပေါ်သွား၍မရကြောင်း သူ သိထား၏။ ယဲ့ရှုဟွာသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကိုသွားကာ ထိုနေရာသို့ ပြောင်းရွှေ့ချင်ကြောင်းသွားရောက်ပြောဆိုခဲ့သည်။

ရလဒ်အနေဖြင့်မူ သူမမောင်းထုတ်ခံခဲ့ရပြီး သူတို့သည် စစ်တပ်သို့ပင်ဖုန်းဆက်ကာ သူမအကြောင်းအား တိုင်ကြားခဲ့ကြသည်။

ဆေးဘက်ဆိုင်ရာဌာန၏ အထက်လူကြီးများသည် ယဲ့ရှုဟွာအား အပြင်းအထန် ဆူပူကြိမ်းမောင်းတော့၏။

“မင်းက အခုတာဝန်ရပ်နားခံထားရတာကို ဒီလိုအလုပ်မျိုးသွားလုပ်ရသလား၊ မင်း နေမကောင်းဘူးလား၊ မင်းရဲ့ဦးနှောက်က အလုပ်မလုပ်တော့ဘူးလား၊ မင်းရဲ့ဦးနှောက်တွေကို မစင်နဲ့အတူတူ စွန့်ပစ်လိုက်ပြီလား”

ယဲ့ရှုဟွာ လက်သီးများအားတင်းတင်းဆုပ်ကာ ခေါင်းဆောင်ဖြစ်သူအား ခေါင်းမာစွာဖြင့် မော့ကြည့်လိုက်သည်။

“ဟုတ်တယ် ကျွန်မရဲ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး၊ ကျွန်မက အရူးတစ်ယောက်ပဲ”

ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး ကွယ်လွန်သွားပြီဖြစ်သော ယဲ့ကျန့်ကျွင်းမျက်နှာကြောင့် သူမအား ဝေဖန်ခြင်းကို ရပ်တန့်လိုက်သည်။

ယဲ့ရှုဟွာ အိမ်သို့ပြန်ရောက်သောအခါ လျူရှို့အော်သည် တစ်စုံတစ်ရာကို ကြည့်နေပြီး သူမအားမြင်သည်နှင့် စာအိတ်အား အိတ်ကပ်ထဲသို့ ကမန်းကတန်းထိုးထည့်လိုက်၏။

လျူရှို့အော် ဆိုဖာပေါ်တွင် အချိန်အတော်ကြာငေးကြောင်နေပြီး နောက်ဆုံးတွင် ယဲ့ရှုဟွာအားအပြစ်ရှိသကဲ့သို့ အရိပ်အယောင်ဖြင့်ကြည့်လိုက်သည်။

“ဟွာဟွာ ရှန်ဟွိုင်နျန်နဲ့ ရှဲ့လီတို့က သမီးကို အများကြီးနာကျင်အောင်လုပ်ခဲ့တာ၊ သူတို့ကို ခါးသီးမှုတချို့မြည်းစမ်းခိုင်းချင်လား”

All Chapters