← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

Ch-141

ယဲ့ရှုဟွာ၏သေနတ်ထဲမှ ကျည်ဆန်များကို ဖယ်ရှားပြီးနောက် ရှဲ့လီသည် အဖမ်းခံထားရရာမှ လွတ်မြောက်ရန် နောက်ပြန်ပစ်ပေါက်သည့် ကိုယ်ခံပညာအကွက်ကို အသုံးပြုရန်ပြင်ဆင်နေသည်။

ယဲ့ရှုဟွာစကားများကို ကြားလိုက်ရသောအခါ သူမသည် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး နောက်ဆက်တွဲ မည်သို့ဖြစ်လာမည်ကို စောင့်ဆိုင်းကာ ဓားစာခံအဖြစ် လိမ်လိမ်မာမာနေပေးလိုက်၏။

လျူရှို့အော်သည် တကယ်ပင် ဥကြီးဖြစ်နေသည်လား။

“ငါ့အမေက ဥကြီးပဲ၊ သူက ရန်သူ့သူလျှိုပဲ ဟဲဟဲဟဲ”

ယဲ့ရှုဟွာ ရူးသွပ်သွားပြီဖြစ်သည်။

သူမသည် လျူရှို့အော်တိုက်ကျွေးသော အာရုံကြောပျက်စီးစေသည့်ဆေးများကို အချိန်ကြာမြင့်စွာ သောက်သုံးခဲ့ရသောကြောင့် သူမစိတ်အာရုံမှာ မတည်မငြိမ်ဖြစ်နေခဲ့ပြီဖြစ်၏။

ထို့အပြင် နောက်ပိုင်းတွင် လျူရှို့အော်သည် သူမအိပ်ပျော်နေစဉ် ညတိုင်း သူမနား,နားသို့ကပ်ကာ ထိုကြောက်မက်ဖွယ်ကောင်းသော ‘ဟဲဟဲဟဲ’ဟူသည့် ရယ်သံဖြင့် တိုးတိုးလေးပြောဆိုနေခဲ့သည်။

လျူရှို့အော်၏ရယ်သံသည် ယဲ့ရှုဟွာအာရုံကြောများ ပြတ်တောက်သွားစေရန်အတွက် နောက်ဆုံးတွန်းအားဖြစ်သွားတော့သည်။

“သူမကို လွှတ်ပေးလိုက်”

အေးစက်စက် အမျိုးသားအသံတစ်သံ ထွက်ပေါ်လာ၏။ ရှန်ဟွိုင်နျန်သည် လူအုပ်ကြားမှလျှောက်လာပြီး သူ့နောက်တွင် ရှောင်ချီလိုက်ပါလာသည်။

“မင်း သူမကို နာကျင်အောင်လုပ်လိုက်တာလား”

ရှန်ဟွိုင်နျန်၏မြေခွေးမျက်လုံးများသည် အလွန်အေးစက်နေပြီး ရှဲ့လီ၏ဘယ်ဘက်လက်မောင်းမှ ဒဏ်ရာအား စူးစိုက်ကြည့်နေသည်။

သူသည် ရုတ်တရက် ရှေ့သို့ခြေလှမ်းကျဲကြီးလှမ်းကာ ခုန်အုပ်လိုက်ပြီး ယဲ့ရှုဟွာထံမှ လက်နက်ကိုဖယ်ရှားကာ သူမအား ဘေးသို့ရိုက်ထုတ်လိုက်ပြီးနောက် ရှဲ့လီအား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်၏။

ဤလှုပ်ရှားမှုအဆင့်ဆင့်သည် စီးဆင်းနေသော ရေကဲ့သို့ချောမွေ့နေပြီး တစ်ချက်တည်းဖြင့် ပြီးမြောက်သွားခြင်းဖြစ်သည်။ မည်သူမျှ တုံ့ပြန်ရန် အချိန်ပင်မရလိုက်မီ မျက်စိတစ်မှိတ်အတွင်း ရှဲ့လီသည် ရှန်ဟွိုင်နျန်ရင်ခွင်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

လျူရှို့အော် : “….”

သူမ မည်သို့ယှဉ်တိုက်ရမည်နည်း။ သူမ သူ့အား မည်သို့အတူတကွသေတွင်းသို့ ခေါ်ဆောင်သွားနိုင်မည်နည်း။ ထိုစွမ်းရည်များဖြင့်ဆိုလျှင် သူမအနားသို့ပင် ကပ်နိုင်မည်မဟုတ်ပေ။

“ရှောင်လီ”

ရှဲ့လီ သူ့ရင်ခွင်ထဲသို့မှီချလိုက်သောအခါ ရှန်ဟွိုင်နျန်အသံမှာ အနည်းငယ် တုန်ယင်နေသည်။

စာအုပ်ထဲသို့ ကူးပြောင်းမလာမီက သူမသည် ဒဏ်ရာများမရေမတွက်နိုင်အောင်ရခဲ့ဖူးသည်။ ဤကဲ့သို့ ကျည်ရှပ်မှန်သောဒဏ်ရာမျိုးသည် သူမအတွက် ဘာမှမဟုတ်ပေ။

၎င်းသည် သွေးများထွက်ပြီးကြောက်စရာကောင်းပုံရသော အပေါ်ယံဒဏ်ရာတစ်ခုသာဖြစ်သည်။ သို့သော် ယနေ့တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမသည် ပုံမှန်မဟုတ်ဘဲအားငယ်လွယ်နေသည်ဟု ခံစားရသည်။ သူမငိုချင်နေသည်။ ဆိုးနွဲ့ချင်နေပြီး ဖက်ထားခံချင်နေမိ၏။

အလေ့အကျင့်ဆိုသည်မှာ တကယ်ပင် ကောင်းသောအရာမဟုတ်ပေ။ ၎င်းသည် သံမဏိကဲ့သို့ ခိုင်မာသော အမျိုးသမီးတစ်ဦးကိုပင် အခြားသူတစ်ဦးအပေါ် မှီခိုချင်စိတ်များဖြစ်ပေါ်လာစေသည်။

“မကြောက်နဲ့နော်၊ ကိုယ် ဒီမှာရှိတယ်”

ရှန်ဟွိုင်နျန်သည် သူ့အင်္ကျီမှအဝတ်စကို ဆွဲဖြဲကာ ရှဲ့လီအား ပတ်တီးစည်းပေးလိုက်၏။

“အားနျန် ကျွန်မအဆင်ပြေပါတယ်”

ရှဲ့လီသည် ရှန်ဟွိုင်နျန်အားနှစ်သိမ့်ပေးရန် ရည်ရွယ်ခဲ့သော်လည်း သူမ စကားပြောလိုက်သောအခါ သူမအသံထဲတွင် မထင်မှတ်ဘဲရှိုက်သံတစ်ခု ပါဝင်နေပြီး နူးညံ့ကာတွယ်ကပ်နေပုံပေါက်နေသည်။

ယဲ့ရှုဟွာ အဖမ်းခံလိုက်ရသည်။ ရှောင်ချီသည် ဘေးမှနေ၍ ယဲ့ရှုဟွာအား နာကြည်းဟန်ဖြင့်စိုက်ကြည့်နေ၏။

သူ့မရီးအား ဒဏ်ရာရစေခြင်းမှာ ဤအမျိုးသမီး၏အပြစ်ဖြစ်သည်။ တပ်မှူးမှာမူ သေမတတ်စိုးရိမ်နေလောက်ချေပြီ။ လျှို့ဝှက်ချက် ပေါ်ပေါက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ လျူရှို့အော်သည် ဆက်မစောင့်နိုင်တော့ပေ။

အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ရှန်ဟွိုင်နျန် ရှဲ့လီအားဖက်ထားသဖြင့် အာရုံလွင့်ပါးနေသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လေထဲသို့ခုန်တက်လိုက်သည်။

“သေလိုက်ကြတော့”

သူမသည် ခါးကြားမှလက်ပစ်ဗုံးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး အားလုံးကို သူမနှင့်အတူ သေတွင်းသို့ခေါ်ဆောင်သွားရန် ရည်ရွယ်လိုက်၏။

“ဒီကနေ ထွက်သွားစမ်း”

ရှောင်ချီသည် ဝါးလုံးကြီးတစ်လုံးကို ဆွဲယူကာ လေထဲတွင်ရှိနေသော လျူရှို့အော်တင်ပါးကို တည့်တည့်ထိုးချလိုက်သည်။ သူမ ခုန်တက်လိုက်သောအရှိန်နှင့် ပေါင်းစပ်သွားသောအခါ ထိုရိုက်ခတ်မှုကြောင့် လျူရှို့အော်သည် အော်သံကြီးတစ်ခုထွက်ပေါ်လာပြီး လေထဲသို့ ပိုမြင့်မြင့်လွင့်စင်သွားတော့သည်။

“အာဝူး”

လက်တစ်ဖက်တွင်ဖြုတ်ထားသော လက်ပစ်ဗုံးကိုကိုင်ထားပြီး အခြားလက်တစ်ဖက်က တင်ပါးကိုကိုင်ကာ သူမသည် မီးရှူးဒုံးပျံတစ်စင်းကဲ့သို့ ထိုးတက်သွားတော့၏။

*ဝုန်း*

သူမသည် လေထဲတွင် မီးရှူးမီးပန်းတစ်ခုကဲ့သို့ ပေါက်ကွဲသွားတော့သည်။

“မကောင်းတော့ဘူး မီးရှူးဒုံးပျံကြီးပဲ”

လူအုပ်ထဲရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ရှောင်ချီသည် အေးစက်စက်ဟန်ဖြင့်နှာမှုတ်လိုက်ပြီး ဝါးလုံးအား ဘေးသို့လွှင့်ပစ်လိုက်၏။

မည်သူမျှ သူ့တပ်မှူးနှင့် မရီးအား လာရောက်နှောင့်ယှက်နိုင်မည်မဟုတ်ပေ။

အမည်ဝှက်ဥကြီးပေါ်ထွက်လာပြီး ယဲ့ရှုဟွာသည်လည်း ရူးသွပ်သွားခဲ့သည်။

လျူရှို့အော်၏သေဆုံးမှုမှာ သူမကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူမသည် ယဲ့ရှုဟွာအားအသုံးချခဲ့ပြီး အချိန်ကြာမြင့်စွာ အဆိပ်ခတ်ခံရမှုကြောင့် ယဲ့ရှုဟွာသည် အရေးကြီးသော အခိုက်အတန့်တွင် ရူးသွပ်သွားကာ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်၏။

ဥကြီး သေဆုံးသွားပြီး ရန်သူ့သူလျှိုကွန်ရက်တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း လျူရှို့အော်ပစ္စည်းများကို ရှင်းလင်းစဉ်တွင် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနဝန်ထမ်းများသည် သဲလွန်စတစ်ခုကိုရှာတွေ့ခဲ့သည်။

ဥကြီးသည် ဤကွန်ရက်၏အမြင့်ဆုံးခေါင်းဆောင်မဟုတ်ပေ။ ထိပ်ပိုင်းခေါင်းဆောင်များမှာ အထုပ်ကြီးနှင့် အမြစ်ကြီးတို့ပင်။

ဤ ဥကြီး၊ အထုပ်ကြီးနှင့် အမြစ်ကြီးတို့ပေါင်းစပ်မှုကြောင့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် နောက်တစ်ကြိမ် တင်းမာမှုများဖြစ်ပေါ်လာရပြန်သည်။

ယခု ဥကြီးပေါ်သွားပြီဖြစ်ရာ အထုပ်ကြီးနှင့် အမြစ်ကြီးတို့က သေချာပေါက် နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေကြမည်ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ မည်သည့်လှုပ်ရှားမှုကိုမျှ လုပ်ဆောင်ကြမည်မဟုတ်ပေ။

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် ဝံပုလွေအိုနှင့် တလီခွေ့တို့အား လတ်တလောတွင်အငြိမ်နေပြီး သတင်းအချက်အလက်များ စုဆောင်းရန် အကြောင်းကြားခဲ့သည်။

ထိုစဉ်အတွင်း ရှဲ့လီဒဏ်ရာရရှိခဲ့ရာ ရှန်ဟွိုင်နျန်သည် သူမအားပြုစုစောင့်ရှောက်ရန် သူမအနား၌သာ နေထိုင်ခဲ့သည်။

ချန်ကျွေ့၊ ဖန်တာဖုနှင့် လျူကျောက်တိတို့သည် တစ်နေ့လျှင်အကြိမ်ပေါင်းရှစ်ရာမျှ လာရောက်ကြည့်ရှုကြ၏။ နောက်ဆုံးတွင် ဖန်တာဖုနှင့် လျူကျောက်တိတို့သည် ရှဲ့လီအိမ်သို့ပင် ပြောင်းရွှေ့နေထိုင်လာကြတော့သည်။

ရှဲ့လီ ဒဏ်ရာရထားသောကြောင့် ဤလူငယ်နှစ်ဦးသည် မည်မျှပင်ရမ္မက်ပြင်းပြနေစေကာမူ ညဥ့်နက်ချိန်တွင် အင်အားကုန်ခမ်းမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ကြမည်မဟုတ်ဟု သူတို့ ယူဆထားခဲ့ကြ၏။

ချန်ကျွေ့သည်လည်း အထုပ်အပိုးများ ဆွဲကာ ရောက်လာခဲ့သည်။

“တပ်မှူးရှန်၊ ကျွန်တော် ခင်ဗျားတို့ ဧည့်ခန်းထဲမှာ အိပ်လို့ရတယ်”

“ထွက်သွားစမ်း”

ချန်ကျွေ့ မောင်းထုတ်ခံလိုက်ရသည်။

ရှဲ့လီလက်မောင်းမှာ ကျည်ရှပ်မှန်ရုံသာ။ ထိုအချိန်က သွေးများစွာထွက်ပြီး ကြောက်စရာကောင်းပုံရသော်လည်း တကယ်တမ်းတွင်မူ မပြင်းထန်လှပေ။

သို့ပေမယ့် ရှန်ဟွိုင်နျန်သည် သူမအား မည်သည့်အရာကိုမျှ လုပ်ခွင့်မပေးပေ။ ထမင်းစားချိန်များတွင်ပင် သူမအားခွံ့ကျွေးရန် တင်းခံနေသည်။

“အားနျန် ကျွန်မဒဏ်ရာရတာ ဘယ်ဘက်လက်မောင်းပါ ညာဘက် မဟုတ်ဘူး၊ ကျွန်မဘာသာကျွန်မစားလို့ရတယ်”

All Chapters