← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

Ch-142

ရှဲ့လီသည် သူ့အားရိုးသားသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူမသည် အော်မေတောင်မှ အငြိမ်မနေနိုင်သော မျောက်တစ်ကောင်ကဲ့သို့ပင်။

ရှန်ဟွိုင်နျန်သည်တော့ တစ်ခွန်းမှပြန်မပြောဘဲ သူမအားဆက်ခွံ့ကျွေးနေသည်။

နောက်လဝက်အတွင်း ဖန်တာဖုနှင့် လျူကျောက်တိတို့သည် အနီးတစ်ဝိုက်ရှိ ကြက်တိုင်းနီးပါးကိုဝယ်ယူကာ သတ်ဖြတ်ခဲ့ကြသည်။ နေ့စဉ် နံနက်စာ၊ နေ့လယ်စာနှင့် ညစာတိုင်းအတွက် ကြက်ပေါင်းရည်များရှိနေ၏။

ဤအစားအသောက်နှင့် ရှန်ဟွိုင်နျန်၏သေသပ်ကျနသော ဂရုစိုက်မှုများအောက်တွင် ရှဲ့လီသည် နှစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမဒဏ်ရာမှ အမာရွတ်များပင် ပျောက်ကွယ်သွားပြီဖြစ်သည်။

ရှဲ့လီ အပြည့်အဝကျန်းမာသွားလေပြီ။

စစ်တပ်၏ စုံစမ်းစစ်ဆေးမှုပြီးဆုံးသွားပြီး ရှန်ဟွိုင်နျန်၏တာဝန်ရပ်နားမှုလည်း ပြီးဆုံးသွားခဲ့သည်။

ချန်ကျွေ့သည်လည်း စစ်တပ်နှင့် လွှဲပြောင်းမှုများ ပြီးစီးသွားခဲ့သည်။

ဖန်တာဖုနှင့် လျူကျောက်တိတို့သည် သူတို့ဇာတိမြို့သို့ ပြန်ရန်ပြင်ဆင်နေကြ၏။

“ရှောင်လီ၊ သမီး နေကောင်းသွားတာ ကောင်းတယ်၊ သမီးတို့နှစ်ယောက်လုံး ဘေးကင်းနေသရွေ့ အမေတို့စိတ်အေးရပါပြီ”

ဖန်တာဖုသည် ရှဲ့လီလက်တစ်ဖက်ကို ကိုင်ထားပြီး လျူကျောက်တိက အခြားလက်တစ်ဖက်ကို ကိုင်ထားသည်။ သူတို့သည် စကားမပြောနိုင်ဘဲ မျက်ရည်များ စီးကျနေကြ၏။

“မငိုပါနဲ့၊ ငါတို့ နောက်ဘယ်တော့မှမတွေ့ရတော့မှာလည်း မဟုတ်တာ၊ ဒီတစ်ခေါက် ရှောင်လီကို တွေ့ခွင့်ရတာ အကောင်းဆုံးအရာပဲ”

စကားပြောနေစဉ် ဖန်တာဖုမျက်လုံးများ နီရဲလာသည်။ သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့အသံကို နှိမ့်လိုက်သည်။

“ရှောင်လီ၊ သမီးပို့ပေးလိုက်တဲ့ ယွမ်သုံးသောင်းကို အဖေနဲ့ အမေ အကုန်မသုံးသေးပါဘူး၊ သမီး ရှန်ဟိုင်းမြို့ကိုသွားပြီး ခြောက်လလောက်အကြာမှာပဲ အမေ နေမကောင်းဖြစ်ခဲ့သေးတယ်၊ ဒါပေမယ့် အခုတော့ သက်သာသွားပါပြီ၊ သူ အခုအဆင်ပြေနေပါပြီ”

ရှဲ့လီ စိုးရိမ်မည်ကိုကြောက်သောကြောင့် ဖန်တာဖုသည် အလျင်စလို ဖြည့်စွက်ပြောလိုက်သည်။ လျူကျောက်တိသည်လည်း သူမကျန်းမာသန်စွမ်းနေသည်ကို သက်သေပြရန် အမြန်မတ်တတ်ရပ်လိုက်၏။

“ဟိုက် ဟား”

သူမသည် ဝင်ချွန်းသိုင်းကွက်တစ်ခုကိုပင် ကစားပြလိုက်သေးသည်။ ဤအကြောင်းကို ရှဲ့လီ သိထားသည်။ မူရင်းဇာတ်လမ်းထဲတွင် လျူကျောက်တိသည် ကုသရန်ငွေမရှိသောကြောင့် များမကြာမီမှာပင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်၏။

သူမ သူတို့ထံသို့ ယွမ်သုံးသောင်း အချိန်မီပေးပို့နိုင်ခဲ့ခြင်းအတွက် သူမ အလွန်ဝမ်းသာနေမိသည်။

“သမီး ပို့ပေးလိုက်တဲ့ငွေကြောင့် သမီးအမေရဲ့ရောဂါ ပျောက်ကင်းသွားခဲ့တာပါ၊ ကုသစရိတ်က ယွမ်နှစ်ထောင့်သုံးရာကုန်ခဲ့တယ်၊ ကျန်တဲ့ငွေတွေကိုတော့ အဖေတို့ သိမ်းထားလိုက်တယ်၊ အဲဒီသုံးရာကိုဖြည့်ဖို့အတွက် အဖေနဲ့ အမေ အိမ်ကအဖိုးတန်ပစ္စည်းတချို့ကို ရောင်းလိုက်လို့ အခုယွမ်နှစ်သောင်းရှစ်ထောင်ကျန်သေးတယ်၊ နောင်တစ်ချိန်ချိန်မှာ သမီး အရေးကြီးကိစ္စတစ်ခုခုအတွက် ငွေလိုလာခဲ့ရင် သုံးလို့ရအောင် အဲဒီလိုအပ်နေတဲ့ငွေကို တဖြည်းဖြည်း ပြန်ဖြည့်ပြီး ဒီသုံးသောင်းကို သမီးအတွက် စုဆောင်းပေးထားဖို့ အဖေတို့ ရည်ရွယ်ထားတယ်”

“အဖေနဲ့ အမေပြန်ရောက်တာနဲ့ ကျန်တဲ့ငွေတွေကို သမီးအတွက် စုဆောင်းပေးပြီး ဘဏ်စာအုပ်ကို စာတိုက်ကနေပို့ပေးမယ်၊ အဖေနဲ့ အမေတို့ဆီမှာသုံးဖို့ ငွေမရှားပါဘူး၊ ဒါကြောင့် အဖေတို့အတွက် စိတ်မပူပါနဲ့၊ ရှောင်ရှန်နဲ့သာ သင့်မြတ်အောင်နေပါ၊ သူက သမီးကို တကယ်အလိုလိုက်ရှာပါတယ်”

ရှဲ့လီသည် ဖန်ဇနီးမောင်နှံနှင့်ထပ်မံတွေ့ဆုံရမည်ဟု မည်သည့်အခါကမျှ တွေးမထားခဲ့ပေ။ ထိုအချိန်က ငွေများပေးပို့ခဲ့ခြင်းမှာ မူရင်းပိုင်ရှင်အားပြုစုပျိုးထောင်ပေးခဲ့ခြင်းအတွက် ကျေးဇူးဆပ်ရန်သာပင်။

မည်သို့ပင်ဆိုစေကာမူ သူမသည် မူရင်းပိုင်ရှင်၏ခန္ဓာကိုယ်အား ရယူထားခဲ့ပြီး ဖန်ဇနီးမောင်နှံမှာလည်း ရိုးသားကြင်နာတတ်သူများဖြစ်ကြသည်။ သို့ပေသိ ထိုငွေများအားလုံးကို သူမအတွက် စုဆောင်းပေးထားမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

ကူးပြောင်းမလာမီက ရှဲ့လီတွင် မိဘများမရှိဘဲ သူမအဘိုးဖြစ်သူမှ ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ ကူးပြောင်းလာပြီးနောက် သူမကြုံတွေ့ရသော ရှဲ့ဇနီးမောင်နှံမှာလည်း အမှိုက်ကောင်များသာဖြစ်ကြ၏။

သူမသည် မိဘမေတ္တာအား မည်သည့်အခါကမျှ မခံစားခဲ့ရဖူးပေ။ ဖန်ဇနီးမောင်နှံ ပေါ်လာသည့်အချိန်အထိပင်။

“အဖေ အမေ၊ အဲဒီငွေက အဖေတို့အတွက်ပါ၊ အဲဒါကို သိမ်းထားပြီး ဖြည်းဖြည်းသုံးပါ”

ရှဲ့လီအတွက် အသေးအမွှားဆိုသော်ငြား ဤခေတ်တွင် ထိုပမာဏမှာ ကြီးမားလှသောငွေကြေးတစ်ရပ်ဖြစ်သည်။

“အမေတို့ မလိုချင်ပါဘူး ရှောင်လီရယ်၊ အဲဒီလိုနေတဲ့ ယွမ်နှစ်ထောင်ကိုဖြည့်ဖို့အတွက် ပြန်ရောက်ရင် ဆက်စုသွားမှာပါ၊ သမီးက ငယ်သေးတယ်၊ နောက်ဆို ငွေလိုမယ့်နေရာတွေ အများကြီးရှိလာဦးမှာ၊ ရှောင်ရှန်ရဲ့အခြေအနေက ကောင်းတယ်ဆိုပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ပိုင်စုဆောင်းငွေလေးတော့ ရှိထားသင့်တယ်၊ ဒီငွေကို သမီးအတွက်ပဲ သိမ်းထားပါ၊ နောင်တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်လာခဲ့ရင် သမီး မှီခိုစရာတစ်ခုခုရှိနေတာပေါ့”

လျူကျောက်တိသည် ရှဲ့လီလက်အား ပုတ်ကာ အကြံပေးလိုက်သည်။ ဤသည်မှာ ကျေးလက်နေအမျိုးသမီးတစ်ဦးသည် သူမသမီးအတွက်ပြုလုပ်ပေးသော ရေရှည်အစီအစဉ်ပင်။

ရိုးသားဖြောင့်မတ်ပြီး ပွင့်လင်းကာ တစ်ကိုယ်ကောင်းမဆန်ပေ။ ရှဲ့လီ သူတို့အား မလွှတ်ပေးရက်နိုင်အောင်ဖြစ်နေသည်။

“ရှောင်လီ၊ မင်း မခွဲနိုင်ဘူးဆိုရင် ခဏလောက် အဖေ၊ အမေတို့နဲ့အတူပြန်လိုက်သွားပါလား၊ နောက်မှ ကိုယ်လာခေါ်မယ်လေ”

ရှန်ဟွိုင်နျန်သည် ရှဲ့လီဝမ်းနည်းနေသည်ကိုကြည့်၍ မခံစားနိုင်တော့ပေ။ သူသည် စစ်တပ်သို့ပြန်ရောက်သည်နှင့် အလွန်အလုပ်များတော့မည်ဖြစ်ပြီး အိမ်တွင် သူမတစ်ယောက်တည်း အထီးကျန်နေမည်ကို သူ စိုးရိမ်မိ၏။

“ဟုတ်သားပဲ အားနျန်၊ ရှင်က အကောင်းဆုံးပဲ”

သူမ လတ်တလောတွင်ငြိမ်သက်နေရန် လိုအပ်ပြီး တာဝန်များလည်းမရှိသဖြင့် အတော်လေး အားလပ်နေသည်။

ဖန်တာဖုနှင့် လျူကျောက်တိတို့ ဤစကားကိုကြားသောအခါ ဝမ်းသာအားရဖြင့် သူတို့လက်များကို ပွတ်သပ်လိုက်ကြ၏။

“ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်”

သူတို့ သဘာဝကျကျပင်ဝမ်းသာသွားကြသည်။ သူတို့သည်လည်း ရှဲ့လီနှင့် ဤမျှမြန်မြန်ဆန်ဆန် မခွဲခွာရက်နိုင်ကြပေ။

သူတို့သုံးဦး အထုပ်အပိုးများပြင်ဆင်ပြီးနောက် ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့သည် သူတို့အား ရထားဘူတာရုံသို့လိုက်ပို့ပေးကြသည်။

ဤတစ်ကြိမ်တွင် ရှဲ့လီအတွေ့အကြုံရှိနေပြီဖြစ်ရာ အပြည့်အဝပြင်ဆင်ထားသည်။ သူမ၏လျှို့ဝှက်နေရာလွတ်ထဲတွင် အစားအသောက်များကို သူမသိုလှောင်ထားလိုက်သည်။

ထိုကဲ့သို့သော နေရာလွတ်များတွင် အချိန်ရပ်တန့်နေကြောင်းကို ဝတ္ထုများထဲတွင် သူမဖတ်ဖူးထားသဖြင့် လတ်ဆတ်နေသော အစားအသောက်များမှာ ပုပ်သိုးသွားမည်မဟုတ်ပေ။

သူမ ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီးကြီးများအပြင် အသားပေါက်စီ၊ ဆီကြော်မုန့် စသည်တို့ကိုပါ ဝယ်ယူထားလိုက်သည်။

အတော်လေးကို ပြည့်စုံသောရွေးချယ်မှုပင်။

“ဒါနဲ့ ရှောင်လီ၊ သမီး ရှန်ဟိုင်းမြို့ကို ထွက်သွားပြီး ခြောက်လလောက်အကြာမှာ သမီးရဲ့အစ်ကို အိမ်ထောင်ကျသွားတယ်၊ သမီးကို ယောင်းမနဲ့မိတ်ဆက်ပေးဖို့ အချိန်ကိုက်ပဲ”

ရှဲ့လီနှလုံးသား တစ်ချက်ခုန်သွားသည်။

‘ဒုက္ခပါပဲ'

အခက်အခဲများ စတင်လာပြီဖြစ်သည်။

ဤအချိုးအကွေ့တွင် ပေါ်လာသော ဇာတ်ကောင်အသစ်များက သေချာပေါက် လူကောင်းများဖြစ်မည်မဟုတ်ပေ။

All Chapters